may(latest

joenge

uAsm / MAY 2017

- 1 -


ynma&; / MAY 2017

- 2 -


ynma&; / MAY 2017

EIP ကျောင်းမှ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဝင်များအား

ပညာသင်နိုင်ရန် အကူအညီပေးနေ

နယ်လှည့် ဆရာ/မ သင်တန်းပေး (MTT)အဖွဲ့မှ

ဇူလိုင်လတွင် နယ်လှည့်ကွင်းဆင်းမည်

မေ (၂၉)၊ ၂၀၁၇။

ကယန်းမျိုးဆက်သစ်လူငယ်(KNGY)မှ ၂၀၁၇- ၁၈

ပညာသင်နှစ်တွင် ကျောင်းပေါင်း (၈၀) ကျောင်းသို့ စေလွှတ်

ထားသည့် စေတနာ့ ဝန်ထမ်း (၁၀၀)ဦး၏ အခြေအနေကို

သိရှိနိုင်ရန်အတွက် ပညာရေးကော်မတီမှ ဖွဲ့စည်းထားသည့်

နယ်လှည့် ဆရာ/မ သင်တန်းပေး(MTT)အဖွဲ့မှ ဇူလိုင်လတွင်

မေ (၂၇)၊ ၂၀၁၇။

English Immersion Program (EIP)ကျောင်းသည်

၂၀၁၅-၁၆ ပညာသင်နှစ်မှစပြီး ကယန်းမျိုးဆက်သစ်လူငယ်

(KNGY)၏ အဖွဲ့ဝင် (၂)ဦးစီကို နှစ်စဉ် ပညာသင်နိုင်ရန်

အတွက် အကူအညီပေးနေ လျှက်ရှိသည်။ ၂၀၁၅-၁၆

ပညာသင်နှစ်တွင် (၂)ဦး၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင်

(၂)ဦး ပညာသင်ကြားခဲ့ပြီး ယခု၂၀၁၇-၂၀၁၈ ပညာ

သင်နှစ်တွင်လည်း(၂)ဦး၊ အဆိုပါ ကျောင်းတွင်

စတင်ပြီး နယ်လှည့် ကွင်းဆင်းသွားမည် ဖြစ်သည်။ထို့အပြင်

ကျောင်းသား/သူများ၏ အချက်အလက်၊ ဆရာ/မ များ၏

အချက်အလက်၊ ကျောင်းကော်မတီများ၏ အချက်အလက်၊

ကျောင်းအချက်အလက်များနှင့် ကျေးရွာများ ၏ အချက်

အလက်များကိုလည်း ကောက်ယူသွားမည် ဖြစ်သည်။

ရရှိလာသည့် အချက်အလက်များအပေါ် အခြေခံပြီး လိုအပ်

ချက်ရှိသည့် ကျောင်းများအား ထောက်ပံ့နိုင်မည့် အစီအစဉ်

များကို ဆက်လက် အကောင်အထည်ဖော်သွားနိုင်ရန် ဖြစ်

သည်။

ပညာသင်ကြားနေလျှက်ရှိသည်။

နယ်လှည့် ဆရာ/မ သင်တန်းပေး (MTT) အဖွဲ့ကို အဖွဲ့ဝင်

EIP ကျောင်းသည် စာတွေ့ (၁)နှစ်နှင့် အလုပ်သင်

(၁)နှစ်ဖြစ်တာကြောင့် (၂)နှစ် အစီအစဉ်ဖြစ်သည်။ ယခင်က

EIPကျောင်းကို ထိုင်းနိုင်ငံရှိ အုန်းပျံ ဒုက္ခသည်စခန်းတွင်

အခြေစိုက်ခဲ့သည်။ နောက်ပိုင်း မြန်မာနိုင်ငံ၏

(၁၀)ဦးဖြင့် ဖွဲ့စည်းထားပြီး (၃)လ တစ်ကြိမ် နယ်လှည့် ကွင်း

ဆင်းသွားမည်ဖြစ်သည်။ သည့်အပြင် စေတနာ့ဝန်ထမ်း

ဆရာ/မများအတွက် မွမ်းမံသင်တန်းများကိုလည်း ပြုလုပ်

သွားမည်။

နိုင်ငံရေးခြေအနေ ကောင်းမွန် လာသည့်အတွက် ၂၀၁၅

ခုနှစ်မှ စပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် ပြန်လည်

အခြေစိုက်ခဲ့ပါသည်။ English Immersion Program (EIP)

အစီအစဉ်ကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့ပါသည်။

- 3 -


EkdifiHa&;ESihf vlUtcGihfta&; / MAY 2017

- 4 -


EkdifiHa&;ESihf vlUtcGihfta&; / MAY 2017

- 5 -


EkdifiHa&;ESihf vlUtcGihfta&; / MAY 2017

လပတ်အစည်းအဝေးနှင့် ချောင်းသာ ခရီးစဉ်

အပြန်အလှန် လေ့လာသင်ယူမှုများ၊ ရှေ့ဆက်လုပ်

ဆောင်သင့်သည့် လုပ်ငန်းများ နှင့် အဖွဲ့အစည်း တစ်ခုလုံး၏

ရပ်တည်ချက်များကို ပြန်လည်ဆွေးနွေးခြင်း စသည်တို့ကို

အဓိကထား ဆွေးနွေးခဲ့ကြပါ သည်။

အစည်းအဝေးအပြီး ညနေပိုင်းတွင် ကျောက် မောင်နှမနှင့်

သဲဖြူကျွန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ညစာစားပွဲကို

ကမ်းခြေတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လပတ်အ

အစည်းအဝေးနှင့် ခရီးစဉ်တွင် ကော်မတီ အသီးသီးမှ အဖွဲ့ဝင်

(၄၂)ဦးခန့် တက်ရောက်ပါဝင်ခဲ့ ကြပါသည်။

၂၀၁၇ ခုနှစ် ကယန်းမျိုးဆက်သစ်လူငယ် (KNGY)၏ မေလ

လပတ်အစည်းအဝေးကို ချောင်းသာကမ်းခြေရှိ ရွှေယမင်း

ဟိုတယ်တွင် မေလ ၂၅-၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေး အစီအစဉ်များကို ခွန်းဝေလွင်ဦး (KNGY၏

ပညာရေး တာဝန်ခံ) နှင့် ခွန်းအသန်း (ယခင်KNGY

အထွေထွေအတွင်း ရေးမှူး) တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ်

ဆောင်ရွက်ခဲ့ကြပြီး ကော်မတီများအချင်းချင်း အကြံပြုမူနှင့်

လေ့လာ သင်ယူနားလည်မူများ၊ အဖွဲ့ဝင်များ အချင်းချင်း

သိကျိတ်ကျေးရွာအုပ်စုရှိ ကျေးရွာ (၆) ရွာတွင် သင်တန်းပြုလုပ်

-------------------------------------------------------

မေ (၂၈)၊ ၂၀၁၇။

ကယန်းမျိုးဆက်သစ်လူငယ်မှ ဧပြီလ နှင့် မေလအတွင်း ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုရှိ မောင်တိုးရွာသစ်၊

အောက်ဖူးလော၊ စခန်းကြီးရွာသစ်၊ ဇီးဖြူတောင်၊ ငှက်ကြီးတောင် နှင့် လေဒူခေါင်စသည့် ကျေးရွာ (၆)ရွာတို့တွင်

ကျေးရွာတစ်ရွာကို (၂)ရက်စီ သင်တန်းပေးခဲ့ပါသည်။ ယင်းသင်တန်းတွင် အစိုးရအုပ်ချုပ်ပုံစနစ်၊ လူ့အခွင့်အရေး၊

လယ်ယာမြေဥပဒေနှင့် ဒီမိုကရေစီဘာသာရပ်များကို ပို့ချခဲ့ပြီး သင်တန်းတစ်ခုစီတွင်လည်း အမျိုးသမီး ပါဝင်မှု

အားကောင်းခဲ့ပါသည်။ သိကျိတ်အုပ်စုသည် ရှမ်းပြည်နယ်နှင့် ဖယ်ခုံမြို့နယ်၏ နယ်စွန်နယ်ဖျားဒေသဖြစ်၍ ဖွံ့ဖြိုးမှု

နောက်ကျသော ဒေသဖြစ်သည်။

- 6 -


a'opnf;&kH;a&;(ZkH) / MAY 2017

- 7 -


tifwmAsL; / MAY 2017

ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူငယ်တွေ ဘယ်လိုမြင်သလဲ။

လူငယ်များ၏ ဖြေကြားချက်အတိုင်း ရေးသား ထားခြင်းဖြစ်ပါသည်။ ၄င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်တွေကိုသာ

မေးမြန်းထားပြီး ၄င်းတို့၏ အနာဂတ်မြန်မာနိုင်ငံကို ဖြစ်စေချင်သည့် ပုံစံကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။

အမြင် (၁)

ငြိမ်းချမ်းရေးအတွက်ဆို လူငယ်တွေက ဥပမာ NGO တို့၊

CSO တို့ အဖွဲ့အစည်းတွေမှာ ပါဝင်ပြီးတော့၊ အဲဒီအဖွဲ့အ

စည်းတွေမှာ ငြိမ်းချမ်းရေးကို အတူတူဖော်ဆောင်မယ်ဆိုရင်

ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်မယ်ထင်တယ် လူငယ်အနေနဲ့ပေါ့။

တကယ်ပဲ ငြိမ်းချမ်းရေး ရရှိစေချင်တယ်ပေါ့နော်။ ဘာဖြစ်လို့

လဲဆို ကောင်းမွန်တဲ့ စာသင်ကျောင်းနဲ့ကောင်းမွန်တဲ့

မူအေးသစ် (မြေနီကုန်းကျေးရွာ၊ ဖယ်ခုံမြို့နယ်)

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဆိုရင်တော့ ငြိမ်းချမ်း

ရေးက လူကြီးတွေ ဖော်ဆောင်တုန်းပဲပေါ့နော်။ တကယ်

ငြိမ်းချမ်းလားဆိုတော့ လည်း တစ်ချို့သော ဒေသတွေမှာ

ပေါ့နော်။ မငြိမ်းချမ်းသေးတဲ့ ဒေသတွေလည်း ရှိတာပေါ့နော်။

တချို့သော မြို့ပြမှာ ငြိမ်းချမ်းသလောက်၊ တချို့သော

နယ်စပ်ဒေသတွေမှာ မငြိမ်းချမ်းသေးတဲ့ နေရာ တွေလည်း

ရှိတာပေါ့နော်။

အခု မြောက်ပိုင်းမှာ စစ်တိုက်နေကြတာတို့၊ အဖွဲ့အစည်း

တွေက NCA လက်မှတ်ထိုးမယ်ဆိုပြီးတော့ တစ်ချို့သော

အဖွဲ့တွေက NCA လက်မှတ်ထိုးကြပေမယ့်၊ တစ်ချို့သော

အဖွဲ့တွေက NCA လက်မှတ်မထိုးကြသေးတဲ့ အဖွဲ့တွေ

လည်း ရှိတာပေါ့နော်။ အဲဒါကြောင့်မို့လို့ တချို့သော

နယ်စပ်တွေမှာ အခုချိန်ထိ စစ်တိုက်နေကြတဲ့နေရာမျိုး

ကျန်းမာရေးအတွက် တွေပေါ့နော်။ ဘာဖြစ်လဲဆို အခု ဆိုရင်

ကျန်းမာရေးအတွက် ဆေးရုံဆိုလည်း မရှိသေးဘူးပေါ့နော်

ညီမတို့ ရွာမှာ။ ပြီးတော့ စာသင်ကျောင်းလည်း မရှိသေးဘူး။

မီးတွေလည်း မရသေးဘူးပေါ့နော်။

အဲ့ကြောင့်မို့ မြို့ပြနဲ့ တန်းတူပဲ ဒီဒေသတွေမှာ

နယ်စပ်တွေပဲ ဖြစ်ဖြစ်၊ တိုင်းရင်း သား ကျေးရွာတွေမှာပဲ

ဖြစ်ဖြစ်ပေါ့နော်။ တန်းတူ လျှပ်စစ်မီး ရရှိအောင်၊ ပြီးတော့

ကျန်းမာရေးအတွက်၊ ပြီးတော့ ပညာရေးအတွက် အကုန်လုံး

အဆင်ပြေအောင်ပေါ့နော်။ အောက်ခြေ လူတန်းစား

အားလုံးကို အကုန်လုံး နေရာမရွေး အဆင်ပြေသွားအောင်

ဒီမျိုးနေစချင်ပါတယ်။ ပြီးမှပဲ တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့အတွက်

ဖော်ဆောင် နိုင်မှာပေါ့နော်။”

---------------------------------------------

တွေမှာ မငြိမ်းချမ်းဘူးပေါ့နော်။ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့

အတွက်ဆိုရင်တော့ အစိုးရ ပုဂ္ဂိုလ် တွေနဲ့လည်းဆိုင်သလို၊

ဒီအရပ်ဖက်အဖွဲ့အစည်းတွေ နဲ့လည်း ဆိုင်တယ်လို့ ထင်ပါ

တယ်။

- 8 -


tifwmAsL; / MAY 2017

အမြင် (၂)

ွဲ့ 

“ အခုလက်ရှိတော့ အားရမူ သိပ်မရှိဘူးပေါ့။ ဒါပေမယ့်

အရင်တုန်းကနဲ့ နိုင်းစာရင်တော့ ပိုကောင်းလာတယ်လို့

ယုံကြည်တယ်ပေါ့နော်။ ဘာဖြစ်လဲဆိုတော့ အခုလဲ ပင်လုံ

စာချုပ်အတွက် သူတို့ လုပ်ရှားနေတာ နှစ်ခါရှိပြီပေါ့နော်။

ပထမအကြိမ်မှာတော့ သဘောတူညီချက် သိပ်တော့မရဘူး။

ဒုတိယ အကြိမ်မှာတော့ ပိုပြီးတော့ ရလာပြီလို့ ထင်တာ

ပေါ့နော်။ အများကြီးတော့ လိုအပ်သေးတာပေါ့။ ဒီငြိမ်း

ချမ်းရေးရဖို့အတွက်လေ။ အဲ့လိုပဲ မြင်တာပေါ့နော်။

တိုးတက်မူတော့ ရှိလာတယ်လို့တော့ ခံယူထားတယ်ပေါ့

ကျွန်တော်တစ် ယောက်အနေနဲ့တော့။ အဓိကဘယ်လို

အဖွဲ့ အစည်းနဲ့ သက်ဆိုင်လည်းဆိုတော့ အခုကာချုပ်ပေါ့

နော်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရယ်၊နောက်ပြီးတော့

စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြားက အဖွဲ့အစည်း

ခေါင်းဆောင်တွေ ထိပ်တန်းခေါင်းဆောင်တွေ အဓိက

ဆွေးနွေးရမှာပေါ့။

နောက်ပြီးတော့ ပြည်သူကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်

စားလှယ်တွေ၊ နောက်ပြီးတော့ တတ်သိပညာရှင် တွေပေါ့

နော်။ နိုင်ငံရေးအမြဲသုံးသပ်ပြီး လေ့လာနေတဲ့လူတွေ ပါဝင်

ခိုင်းစေချင်တယ်ပေါ့။ အဲ့မှာ ဆွေးနွေးမယ်ဆိုရင်တော့ ပိုထိ

ရောက်မယ်လို့ ပေါ့နော်။ အဲ့လိုတော့ ယုံကြည်ထားပါတယ်။

အဓိက ကတော့ စစ်တပ်နဲ့ အစိုးရပိုင်းရယ်၊နောက်ပြီး တိုင်း

ရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်တိုက်တွေ့ပြီးတော့

တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တော့ ဖြစ်လာမယ်လို့တော့

ယုံကြည်တယ်ပေါ့။

ဥပမာ ရှမ်းဆိုလည်း ရှမ်းလူငယ်တွေ ရှိပြီးတော့ သူတို့ရဲ့

လ က် န က် ကို င် အ ဖ အ စ ည်းြ ကား နဲ့  စ စ် တ ပ်ြ ကား နဲ့  ဆို

တွန်းအားတစ်ခုခုလောက် မေးနိုင်မယ်ဆိုရင်တော့ ကောင်း

တာပေါ့။ ဘယ်လိုတွန်းအားမျိုးလည်းဆိုတော့ အခု စစ်ပွဲ

ကြောင့် ဒုက္ခရောက်နေတဲ့လူတွေလည်း များနေတယ်ကော။

အိုးပျက် အိမ်ပျက်စာရင်းတွေလည်းများတယ်၊ ပြီးတော့

လူငယ်တွေက လေ့လာပြီး ခါကျတော့ သူတို့ကို တင်ပြမယ်။

ဒီ အစိုးရဖက်ကနေပြီးတော့ ကြားဝင်အနေနဲ့တော့ အဲ့မျိုး

ဘယ်လိုပြောရမှာတုန်း၊ ညှိပေးနိုင်မယ်ဆိုရင်တော့

နည်းနည်း ပိုထိရောက်နိုင်မယ် ထင်တယ်လေ။ လူငယ်ကဏ္ဍ

ကတော့ ကျွန်တော်လည်း သိပ်မသိဘူးပေါ့။ ငြိမ်းငြိမ်း

ချမ်းချမ်းနဲ့ပဲ နေချင်တယ်ပေါ့။ အခုစစ်ဖြစ်နေတဲ့နေရာတွေ

ရှိတဲ့အခါကျတော့ ကိုယ့်ဒေသ မဟုတ်ပေမယ့်၊ ဒါပေမယ့်

မိုးစက်ဂျေဘီသောင်း (ဟန်ဘူးကျေးရွာ၊ ဖယ်ခုံမြို့နယ်)

ဘယ်လိုလဲ၊ ခံစားရတာပေါ့။ တကယ်ခံစားရတယ်။ အထူး

သဖြင့် ကလေးတွေပေါ့နော်။ ကလေးတွေ၊ နောက် သက်ကြီး

ရွယ်အိုတွေ အတွက်ခါကျတော့ သူများသွားနိုင်သလို

သူတို့လည်း မသွားနိုင်ဘူး။ သူတို့ဟာ သူတို့ပဲ ဒုက္ခရောက်

တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖြစ်စေချင်တယ်။ ပြီးတော့

တိုးတက်စေချင်တယ်။ ကိုယ့်ရဲ့ ဒေသ၊ ကိုယ့်ရဲ့ရပ်ရွာတွေ

ကို တိုးတက်စေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်စေ

ချင်တယ်။

ကိုယ့်ရဲ့ စိတ်ထဲမှာ တစ်ပါးသူကို ကြင်နာတတ်မယ်၊

ကိုယ်ချင်းစာတတ်မယ်ဆိုရင်တော့ အဲဒါ ငြိမ်းချမ်းရေးအစပဲ

လို့ ကျွန်တော် ယုံကြည်ထားတယ်။ သူတစ်ပါးရဲ့ ဝေဒနာ

ကို ကိုယ်က ကိုယ့်နှလုံးသားနဲ့ကိုယ်ချင်းစာပြီး ခံစား

တတ်မယ်ဆို ရင်တော့ ငြိမ်းချမ်းရေးကို ကိုယ်လိုချင်မှာပဲ၊

ကိုယ်အကြမ်းဖက်ချင်စိတ်တော့ရှိမှာ မဟုတ်ဘူးပေါ့နော်။

အဲ့လိုတော့ ကျွန်တော်ခံယူထားတယ်ပေါ့နော်။”

-----------------------------------------

- 9 -


ykHjyif / MAY 2017

ကျီးကန်းပုံပြင်

တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ ကမ္ဘာပေါ်တွင်သူသည် အလှဆုံးငှက်ဖြစ်သည်ဟု ဆို၏။ တစ်နေ့ ဗျိုင်းကိုတွေ့သော

အခါ “ကိုရွှေဗျိုင်း ခင်ဗျားတွင် ဖြူဖွေးလှပသောအတောင်ကို ပိုင်ဆိုင်သည့်အတွက် အလှဆုံးငှက်ဖြစ်လိမ့်မည်”ဟု ဆိုလေ

သည်။ ထိုအခါ ကိုရွှေဗျိုင်းက “ကျွန်တော့်ဆီတွင် တစ်ရောင်သာရှိသည်။ ကိုကြက်တူရွေးတွင် နှစ်ရောင်ရှိ သည့်အတွက်

ပိုလှသည်”ဟု ဆိုသည်။

ထိုအခါ ကျီးကန်းက ကြက်တူရွေးဆီသွားပြီး ထိုနည်းတူ “ကိုကြက်တူရွေးဆီတွင် အရောင်နှစ်ရောင်ရှိသည့် အတွက်

အလှဆုံးငှက်ဖြစ်လိမ့်မည်”ဟု ဆိုပြန်သည်။ ကြက်တူရွေးက “ကျွန်တော့်တွင် နှစ်ရောင်သာ ရှိသည်။ ဒေါင်းတွင်

အရောင်မျိုးစုံ ရှိသည်”ဟု ပြောလေသည်။ ကိုကျီးကန်းက ဒေါင်းရှိရာ တိရစ္ဆာန်ရုံသို့သွားပြီး ကိုရွှေဒေါင်း၏ လှပသော

အတောင်ကိုတွေ့သောအခါ အားကျပြီး ကျီးကန်းက “ရွှေဒေါင်းမှာ လှပသည့်အတောင်များရှိသည့်အတွက် လူတကာကို

ပြသခွင့်ရှိသည်၊ ကျွန်တော့်တွင်မူ လာသမျှ လူမောင်းထုတ်တာခံရသည်”ဟု ဆိုသည်။ ထိုအခါ ကိုရွှေဒေါင်းက “ကျွန်တော်

သည် ကမ္ဘာပေါ်တွင် အလှ ဆုံးငှက်ဖြစ်လိမ့်မည်ဟူသည်အမှန်ပင်။ သို့သော် ကျွန် တော်တို့လိုလှပသော ငှက်များကို

လှောင်အိမ်ထဲထည့် ထားကြသည်။ ဤတိရစ္ဆာန်ရုံထဲတွင် ကျွန်တော် တွေ့သမျှ ကျီးကန်းကို မထည့်ကြပါ၊ ကျွန်တော်သည်

အဆွေကျီးကန်းလိုမျိုး လွတ်လပ်စွာ ပျံသန်းခွင့်ရှိ သည်ကို အားကျသည်” ဟု ပြန်ပြော လေတော့သည်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ မုဆိုးတစ်ယောက်ရှိ လေသတဲ့။ တစ်နေ့မှာ မုဆိုးက တောထဲသို့သွားပြီး တောကောင်လိုက်ရှာ

ရင်း အဝေးတစ်နေရာကို ရောက်သွားသောအခါ မထင်မှတ်ပဲ လှပသော ငှက်တစ်ကောင်ကို တွေ့လေ၏။ ထိုငှက်

သည် သီချင်းဆိုလိုက်တိုင်း ပုလဲများထွက်ကျလာသည်ကို မုဆိုးက အံ့သြစွာ တွေ့ရလေသည်။ ထိုအခါမုဆိုးက လောဘ

စိတ်ဝင်လာပြီး “ငါဒီငှက်ကိုရရင် ဌေးဖြစ်ပြီ”ဟုဆိုပြီး ငှက်ဖမ်းရန်နည်းလမ်းကို ရှာလေတော့သည်။ တစ်နေ့သောအခါ ငှက်က

အစာရှာထွက်ရင်း မုဆိုးထောင်ထားသော ကျော့ကွင်းထဲ၌ မိပြီး ရုန်းထွက်ဖို့ ကြိုး စားလေတော့သည်။ သို့သော်လည်း

မုဆိုးက ငှက်ကို ဖမ်းမိသွားလေသည်။ ငှက်ကို ရပြီဖြစ်၍ ပျော်ရွှင်စွာအိမ်ကို ပြန်လေ ၏။ အိမ်ရောက်သောအခါ ငှက်ကို

လှောင်အိမ်ထဲထည့်ပြီး မုဆိုးက ထိုငှက်ကို သီချင်းဆိုခိုင်းလေတော့သည်။ မုဆိုးက နည်းမျိုးစုံသုံးပြီး သီချင်းဆိုခိုင်းသော်

လည်း ငှက်ကသီချင်းမဆိုပေ။ ထိုအခါ မုဆိုးက စိတ်ပျက်ပြီး ကုန်သည်တစ်ဦးဆီထံသို့ ငှက်ကို ရောင်းလေ၏။ ထိုငှက်

သည် အလွန်လှပသည့်အတွက် ကုန်သည် ရှင်ဘုရင်ထံ ဆက်သလေသည်။

အလွန်လှပသောထိုငှက်ကို ဘုရင်က သူ၏ သမီးငယ်လေးကို လက်ဆောင်အဖြစ်ပေးလေသည်။ ဘုရင့်သမီးငယ်လေး သည်

ထိုငှက်ကိုတွေ့တွေ့ချင်းမှာပင် သဘောကျသည်ဖြစ်၍ သူ၏ အခန်းထဲခေါ်သွားပြီး ပျံသန်းစေသည်။ ငှက်က လှောင်အိမ်ထဲ

မထည့်ထားသည့်အတွက် ပျော်ရွှင်၍ သီချင်းစဆိုလေသည်။ ထိုငှက် သီချင်းဆိုလိုက်တိုင်း ပုလဲလုံးမြောက်များစွာ ထွက်ကျ

လာသည်။ ထို့ကြောင့် ဘုရင့်သမီးလေးက ထိုပုလဲလုံး မြောက် များစွာကို ရရှိပါတော့သည်။

- 10 -


pum;ykH / MAY 2017

ကယန်းစကားပုံ

Kaya#n Ngao!laiyo`n

1. Mao[ phu nai$ la#, pha# kha# nai$ mo[n.

၁။ အမေက လလိုအေးမြ၊ အဖေက နေလိုတောက်ပ။

2. Yu# do` bla\, kla do` pwai$ co[ cwai$cu#.

၂။ ကြွက်နှင့်လင်းနို့ မတူသကဲ့သို့ ဈေးနှင့်ပွဲလည်းမတူပေ။

3. Ao` hyu^nkau# co[ da do` can, lan laklan co[ da do` khlei.

၃။ ကြမ်းပိုးကြောင့် အိမ်ထဲမနေနိုင်၊ ခွေးသန်းကြောင့် အိမ်အောက်မဆင်းနိုင်။

4. Thei li Kaya#n sein dau do` la#, ca#n li Kala# kha# dau# do` mo[n.

၎။ ကယန်းစာတတ်မြောက်ခြင်းသည် လ ထက်လင်းလက်၍ အင်္ဂလိပ်စာတတ်မြောက်ခြင်းသည် နေထက်တောက်ပ၏။

5. Cipra# dau sao@, balao` dau pya#, pica# dau ngau[.

၅။ လူကြီးကဆုံးမ၊ လူရွယ်က ကစား၊ ကလေးသူငယ်ငိုအရွယ်။

6. Cau lalo!n co[ la, pra lapra co[ cau[.

၆။ ထင်းတစ်တုံးတည်းမနွေး၊ လူတစ်စုတည်းမလုံခြုံ။

7. Ba co[ prein niku# co[ hyu[n, ba co[ nyu^n niphu# co[ thei.

၇။ အသံမမြည်လျှင် နားမကြား ၊ အနံ့မရှိနားမသိ။

8. Mo[n laba kha# dau do` sa lamao.

၈။ နေတစ်စင်းက ကောင်းကင်မှာ ကြယ်စင်အားလုံးထက်လင်း။

9. Mo[n li{ co[ li{ na- su[pha#, mo[n ha co[ ha na- su[mao[.

၉။ မိုးလင်းမလင်းသိလိုက ကြက်ဖတွန်သံ၊ မိုးချုပ်မချုပ်သိလိုက ကြက်မကြီးခေါ်သံ။

10. Co[ phi& co[ da, co[ ma co[ htau[.

၁၀။ မပေးသော်မရ၊ မလုပ်လျှင်မပြီး။

11. Co[ bau# ba ca#n, co[ bla#n ba su.

၁၁။ မဖြူလျှင်ဆေး၊ မပြောင်လျှင်လျှော်။

- 11 -


oabmxm;tjrif / MAY 2017

ကယန်းလူထုများ လူ့အခွင့်အရေးကို တကယ် နားလည်နေပြီလား ?

okdif(vlav;)? aqmif;av

ဂလိုဘယ်လိုက်ဇေးရှင်းဟုခေါ်သော ယနေ့ခေတ် တွင်

အင်တာနက်ကို အသုံးပြုခြင်းဖြင့် မြောက်များစွာသော

ဘာသာရပ် ၊ အကြောင်းအရာများကို လေ့လာနိုင်သည့်

အခြေအနေတွင်ရှိနေသည်ကို အားလုံးအသိပင်ဖြစ်သည်။

ယနေ့ခေတ်တွင် လူမှုကွန်ရက်တွင် သော်လည်းကောင်း၊

မီဒီယာများတွင်လည်းကောင်း ရေပန်းစားနေသည်မှာ ဒီမို

ကရေစီဟူသော အသုံးအနှုန်းဖြစ်သည်။ အတွင်းကျကျ

သိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ ဒီမိုကရေစီဟူသော

စကားလုံးသည် လူထု၏ နှုတ်ဖျားတွင် စွဲကပ်နေသည့်

စကားတစ်ခွန်းအဖြစ်လည်း ရှိနေပါသည်။ ဒီမိုကရေစီဟု

ဆိုပါက လူ့အခွင့်အရေး ကဏ္ဍသည်အရေးပါသော အစိတ် သည်။ သို့သော် လက်တွေ့ အသုံးပြုမှုအပိုင်းတွင် အစိုးရ

အပိုင်းတစ်ခုအနေဖြင့် ရှိနေမည် ဖြစ်သည်။

အနေဖြင့် သော်လည်းကောင်း၊ ဒေသအခြေစိုက်အဖွဲ့

အစည်း များ အနေဖြင့် သော်လည်းကောင်း၊ လူထုအနေဖြင့်

မြန်မာ့ယဉ်ကျေးမှုတွင် တစ်ဦးတစ်ယောက်နှင့် ဆိုင်သော သော်လည်းကောင်း လက်တွေ့ဘဝပတ်ဝန်းကျင်တွင်

ကိစ္စရပ်များထက် လူ့အ သိုင်းအဝိုင်း၊ အသင်းအဖွဲ့နှင့် လူ့အခွင့်အရေး လိုက်နာ ကျင့်သုံးမှု အားနည်းနေသေးသည့်

ဆိုင်သော ကိစ္စရပ်များကို ပိုမိုအလေးထားကြသည်။ အခြေအနေတွင် ရှိနေသေးသည်။ ဥပမာအနေဖြင့် ဖော်ပြ

ထိုနည်းတူ လူ့အခွင့်အရေးနှင့်

ရမည်ဆိုပါက အနောက်နိုင်ငံများ

စပ်ဆိုင်သော ကိစ္စရပ်များတွင်

တွင် စွန့်ဦးတီထွင်မှု အတွက်

ဗဟိုအာဏာချုပ်ကိုင်မှုများသော နိုင်ငံများတွင်

လည်းတစ်ဦးချင်းနှင့် ဆိုင်သော

မူပိုင်ခွင့်ကို အပြည့်အဝလေးစား

အခွင့်အရေးထက် အများနှင့် လူ့အခွင့်အရေးအမှန်တကယ်ရရှိရန်အတွက် လိုက်နာသော်လည်း မိမိတို့

ဆိုင်သော အခွင့်အရေးများ

နိုင်ငံတွင် ယနေ့တိုင် လေးစား

တိုက်ပွဲဝင်ရမည်မှာ အမှန်ပင် ဖြစ်သည်။

တောင်းဆိုမှုတွင် ပိုမိုအလေး

လိုက်နာမှု အားနည်းနေဆဲ

ထား ဆောင်ရွက်ကြသည်။

ဖြစ်သည်။ စွန့်ဦးတီထွင်သူများ

မည်သို့ပင်ဆိုစေကာမှု လူ့အခွင့်

မူပိုင်ခွင့် ကို အပြည့်အဝရရှိခြင်းမှာ-

အရေးချိုး ဖောက်ခံရမှုချင်း အတူတူ အားလုံးရပ်တည်ဆောင်

ရွက်ကြရန် လိုအပ်ပေသည်။

၁) နိုင်ငံတော်အစိုးရမှ လူ့အခွင့် အရေးကို ဥပဒေ တစ်ရပ်

ကဲ့သို့ ကာကွယ်ပေးခြင်း၊

မိမိတို့ဒေသအတွင်း ဆုံးရှုံးခံနေသော အခွင့်အရေးများ

၂) နိုင်ငံသားများမှ လေးစားလိုက်နာမှ သာလျှင် “ မူပိုင်ခွင့် “

ကို ရရှိခံစားရမည်ဖြစ်သည်။

အတွက် မိမိတို့အနေဖြင့် စုပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်

ချိတ်ဆက်မှု (Networking)ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ရမည် ဗဟိုအာဏာချုပ်ကိုင်မှုများသော နိုင်ငံများတွင် လူ့အခွင့်

ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်း၏ လုပ်ဆောင်မှုမှသည် အရေးအမှန်တကယ်ရရှိရန် အတွက် တိုက်ပွဲဝင်ရမည်မှာ

စုဖွဲ့မှု ၊ ကွန်ရက်ချိတ်ဆက် လုပ်ဆောင်မှုတို့ဖြင့်အားကောင်း အမှန်ပင်ဖြစ်သည်။ ထို့ပြင် လူ့အခွင့်အရေးကို လေးစား

သော လူထုအသံ (သို့) တောင်းဆိုချက်များ ပေါ်ထွက်လာ လိုက်နာပြီး အမှန်တကယ်ပင် ကျင့်သုံးကာကွယ်ရန်အတွက်

နိုင်မည်ဖြစ်သည်။ သို့မှသာ စုဖွဲ့မှုအားကောင်းစွာဖြင့် လည်း လိုအပ်ပေသည်။ မိမိအခွင့် အရေးကို ရယူကျင့်သုံးရာ

လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုအပေါ် တရားမျှတမှုရှိရန် တွင်လည်း သူတစ်ပါး၏ အခွင့်အရေး မထိခိုက်ရလေအောင်

ဖိအားပေး တောင်းဆိုမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ အထူးသတိပြုရန်လိုအပ်ပေသည်။

ကယန်းဒေသ အခြေစိုက်အဖွဲ့အစည်းများ အနေဖြင့်လည်း

လူထုများ နိုင်ငံရေးအသိနှိုးကြားလာစေရန်အတွက် နိုင်ငံ ဆိုကြပါစို့ မြေယာအသိမ်းခံနေရသော တောင်သူများအနေ

ရေး အမြင်ဖွင့်သင်တန်းများ၊ လူ့ခွင့်အရေး၊ အမျိုးသမီးနှင့်

ကလေးအခွင့်အရေး စသည့်ခေါင်းစဉ်များဖြင့် လူထုအမြင်

ဖွင့်ခြင်း အစီအစဉ်များကို အကောင်အထည်ဖော်လာခဲ့သည်

မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိလာပြီဖြစ် သည်။

ဖြင့် သိမ်းဆည်းခံရသော မိမိလယ်ယာမြေများ ပြန်လည်ရရှိ

ရန်အတွက် -

အဆင့် ၁) သက်ဆိုင်ရာဌာနတွင် ဥပဒေ(သို့) ရုံးလုပ်ထုံး

နည်းနာ အတိုင်းလုပ်ဆောင်မည် ၊ (အဆင့် (၁)

အတိုင်း ဆောင်ရွက်သော်လည်း အောင်မြင်မှု

တစ်ဘက်လှည့်၍ စဉ်းစားမည်ဆိုပါက လူထုအများစုသည်

လူ့အခွင့်အရေး ဟူသောစကားလုံးကို ရင်းနှီးပြီးသားဖြစ်နေ

မရှိပါက ၂ ၊ ၃ ၊ ၄ ကဲ့သို့သော အဆင့်ကိုဖြတ်ကျော်

ရမည် )

- 12 -


oabmxm;tjrif / MAY 2017

မလိုအပ်ဘဲ လူထုဆန္ဒထုတ်ဖော်မှုများ ၊ လူထုအုံ ကြွမှုများ

ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် အကြမ်းဖက်မှု

များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်လာသည်။

ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် တာဝန်ယူ

မှု၊တာဝန်ခံမှုသည် အရေးကြီး သော အခန်းကဏ္ဍတွင်ရှိ

ကြောင်း သိမှတ်ထားရန် လို အပ်ပေသည်။

အဆင့် ၂) လိုအပ်ပါက အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့်

ချိတ်ဆက်မှု ပြုလုပ်မည် ၊

အဆင့် ၃) မိမိအခြေအနေကို လူအများသိရှိစေရန်(သို့)

သက်ဆိုင်ရာ ဌာနများကို ဖိအားပေးသည့်အနေဖြင့်

လူမှုကွန်ရက် (Social Media) တွင်သော်လည်း

ကောင်း ၊ မီဒီယာများ နှင့် တွေ့ဆုံပြီး သတင်းစာ

ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

အဆင့် ၄) လိုအပ်ပါက စုပေါင်းအားဖြင့် လူထုဆန္ဒထုတ်

ဖော်မှုများ ပြုလုပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ

ဆုံးရှုံးနေသော ရပိုင်ခွင့်၊ အခွင့်အရေးများကို

ပြန်လည် ရရှိရန်အတွက် တိုက်ပွဲတစ်ခုသဖွယ်

အဆင့်လိုက်ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်ရမည်

ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာ တာဝန်ယူမှု၊

တာဝန်ခံမှုဟူသော စကားလုံးသည် တွဲ၍ပါလာမည်

ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများနှင့် မိမိတို့ လူ့အသိုင်းအဝိုင်းများ

အကြားတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိတော့ပါဟု

ဆိုလျှင် သင်ယုံမည်လား။ ထိုသို့ဆိုလျှင် ကလေးငယ်များ

အနေဖြင့် စစ်မှုထမ်းရန် စေခိုင်းခံရခြင်း၊ အမျိုးသမီးများအနေ

ဖြင့် မိသားစုဝင်များအကြား နှင့် လူမှုပတ်ဝန်းကျင်အသိုင်း

အဝိုင်းများအကြား ခွဲခြားဖိနှိပ်မှု ခံနေရခြင်း၊ လိင်လုပ်သား

အဖြစ် စေခိုင်းခံရခြင်းများ စသည်တို့ကို မည်သူတာဝန်ယူ

မည်နည်း။ ပညာသင်ယူခွင့် ဆုံးရှုံးနေရသောသူများ၊အလုပ်

အကိုင် အခွင့်အလမ်း မရှိသောသူများ၊ လူမှုဖူလုံခွင့်မရရှိ

သောသူများ နှင့် သယံဇာတစစ်ပွဲများကြားက သွေးထွက်

သံယိုမှုများအတွက် မည်သူတာဝန်ယူမည်နည်း။

ထိုလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် တာဝန်ယူ၊

တာဝန်ခံမှုမည့်သူမရှိပါက မည်သူကို အပြစ်တင်ရပါမည်

ဆိုသည်ကို မိမိအနေဖြင့် မစဉ်းစားတတ်တော့ပေ။

okdif(vlav;)? aqmif;av

တာဝန်ယူမှု တာဝန်ခံမှုသည် မိမိတို့

ရှင်သန်လာခဲ့သော နိုင်ငံရေးစနစ်အပေါ်

များစွာ မူတည်သည်။

လူ့အခွင့်အရေးကို ထောင်လိုက်ကျင့်သုံးသည်ဖြစ်စေ၊

အလျားလိုက် ကျင့်သုံး သည်ဖြစ်စေ တာဝန်ယူမှု၊တာဝန်ခံမှု

ရှိရမည်ဖြစ်သည်။ ဆုံးရှုံးနေသော မိမိ၏ရပိုင်ခွင့်၊ အခွင့်

အရေးများကို တောင်းဆိုရာတွင်လည်း မိမိ၏ လုပ်ရပ်များ

အတွက် တာဝန်ယူ ၊ တာဝန်ခံရမည်ဖြစ်သည်။ ထိုနည်းတူ

မိမိဖော်ဆောင်လိုက်သော လုပ်ငန်းတစ်ခုသည် အခြားသော

လူများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပါက ၄င်းလုပ်ရပ်

အပေါ် တာဝန်ယူ ၊ တာဝန်ခံရမည်ဖြစ်သည်။ တာဝန်ယူမှု

တာဝန်ခံမှုသည် မိမိတို့ ရှင်သန်လာခဲ့သော နိုင်ငံရေးစနစ်

အပေါ်များစွာ မူတည်သည်ဟု ဆိုပါက မှားမည်မထင်။

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော ပြသာနာအချို့သည်

တာဝန်ယူမှု ၊ တာဝန်ခံမှု အားနည်းသော အုပ်ချုပ်မှု

ယန္တရားများ (Governance institutions) ကြောင့်

- 13 -


A[kokw / MAY 2017

Tataiphlo!n pralau tabanau[ li kau# aklan phyu^n lahan.

လူ့အခွင့်အရေးကြေငြာစာတမ်းတွင် ပါဝင်သောအတိုချုပ်အပိုဒ်များ

1. Pralau pu#pra tadwa#n tathi ba nau[ la# ao`lan lao ha#.

၁။ လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမျှမှုရှိရမည်။

2. Co[baphi lei$nto!n klo!ncu co[ba nyanlan sankla# ngo`n laprapra.

၂။ မည်သူ့ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။

3. Kala#n ao` thamyu[n, kala#n lu#lwa do` tacau[ ta=o#n ba ao` pu#pra.

၃။ လူတိုင်းအသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ရှိသည်။

4. Co[ ba dao^ cwa#n ngo`n, cwa#n ana#nkhu[ pri& sa# pra co[ da.

၎။ မည်သူ့ကိုမှ ကျွန်အဖြစ်ခိုင်းခြင်း ရောင်းဝယ်ခြင်းမပြုစေရ။

5. Phya#nsa#rai ngo`n, phi& ngo`n tadan manai$ taphaotayu^ co[ dako#.

၅။ မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း လူမဆန်စွာ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်းမပြုရ။

6. Do[ tama-lan alanga#, pu#pracu# usu^ pralau ba ido` pralau.

၆။ တရားဥပဒေရှေ့မှောက်တွင် လူတိုင်းအား လူသားအဖြင့် အသိမှတ်ပြုခံပိုင်ခွင့်။

7. Do[ tama-lan langa# tadwa#n tathi ba ao` ba.

၇။ တရားဥပဒေရှေ့တွင် တန်းတူညီမျှခွင့်။

8. Ngo`n ba yaiba na#ntabanau[ nu, phi tama-lan tamacu# ba da.

၈။ မိမိအခွင့်ရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီရယူခွင့်။

9. Taphao` tacyan co[tei$ co[mao!, tanya#n swai$ biphrao` do[ su[ka#nkwan ana#nkhu[ kala#n nau[

taraincu# ba ao`.

၉။ မတရားဖမ်းဆီးခြင်း တိုင်းပြည်မှနှင်ထုတ်ခြင်းအား ကာကွယ်မှုရရှိခွင့်။

10. Ba ciran tamao# do[ pra a\ alanga# htau[ ba phi&dan cwai$ atu# ara#.

၁၀။ လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်။

11. Tai pra la pra takama- ba co[ da badi[bada mo! nu, ido` pra nu pra nga# takama- co[ ao`.

၁၁။ ခိုင်လုံသောအထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူသောသတ်မှတ်ခံပိုင်ခွင့်။

12. Makai$do` pra ka#ru madao` manwa# na#n nga# nihtein tao! ari[kai# kha# co[ da taraincu# ba ao`.

၁၂။ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွပ်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း။

13. Tauhtao! taulan lu#lwa# bada.

၁၃။ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်။

- 14 -


A[kokw / MAY 2017

14. Dan co[tei$ co[mao! batainu, kala#n kwi[ ba swai$ ao`khao^ do[ su[ka#n kwan bada.

၁၄။ မတရားအပြစ်ခံရမည်ဆိုပါက အခြားနိုင်ငံများတွင်ခိုလှုံခွင့်တောင်းခံပိုင်ခွင့်။

15. Kala#n htu#da su[ka#nphao.

၁၅။ နိုင်ငံသားဖြစ်ခွင့်။

16. Balao`ba\ balei$nba\ pu#pracu# ba thayu[ phicudei$n phi da.

၁၆။ အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်။

17. Kala#n ta kro[nkrau bada.

၁၇။ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်။

18. Kala#n nithu^ lu#lwa, tayu[ talan lu#lwa bada.

၁၈။ လွတ်လပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်။

19. Tataihtan danhyu[n lu#lwa bada, phi ngao!thao! bada.

၁၉။ လွတ်လပ်စွာထုတ်ဖော်တင်ပြပြောဆိုခွင့်၊သတင်းများရယူခွင့်။

20. Aphon mwai$ phonhtan do` tatha taya lahan, kala#n aucein lu#lwa bada.

၂၀။ ငြိမ်းချမ်းစွာဖွဲ့စည်းထားသောအဖွဲ့များအား လွတ်လပ်စွာဝင်ရောက်ခွင့်၊စုဝေးခွင့်။

21. Kala#n pacu# do[ aco#ya- ( prapao[su[ka#n ) bada.

၂၁။ အစိုးရတွင်ပါဝင်ခွင့်။

22. Ta=an ta=ao` takwa#n tathao` balein.

၂၂။ လူမှုဖူလုံရေးခံစားခွင့်။

23. Kala#n ma nau[ taphi& tama, kala#n aucu# do[ pramata thame@ka- bada.

၂၃။ အလုပ်လုပ်ခွင့်၊ အလုပ်သမားသမ္မဂများဝင်ရောက်ခွင့်။

24. Kala#n ao` hailu#,ao`ran bada.

၂၄။ အပန်းဖြေအနားယူခွင့်။

25. Kala#n ao`hto^n ao`lain ru#ra do` nau[ba takhwai swi&sa#.

၂၅။ လုံလောက်သောလူမှုအဆင့်အတန်းခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်။

26. Kala#n malu#phi tatheinga# ba ao`.

၂၆။ ပညာသင်ကြားပိုင်ခွင့်။

27. Kala#n pacu# do[ tahto#n do` cwai$do` kya#htan mahtan da nu kala#n nau[ su[dapraka ba ao`.

၂၇။ ယဉ်ကျေးမှုဘဝတွင်ပါဝင်ခွင့်နှင့် မိမိတီထွင်မှုအကျိုးကို မိမိခံစားပိုင်ခွင့်။

- 15 -


A[kokw / MAY 2017

28. Nita ao` ba daoyan pralau tabanau[.

၂၈။ လူ့အခွင့်အရေးကိုလေးစားရန်တာဝန်ရှိသည်။

29. Nita ao` ba daoyan ngo`n aka#ru tabanau[.

၂၉။ အခြားသူများ၏အခွင့်အရေးကိုလေးစားရန်တာဝန်ရှိသည်။

30. Nita ao` co[ba deinba\ ya#kai$ tabanau[ laprapra.

၃၀။ မည်သူမှ အခွင့်အရေးကို မချိုးဖောက်ရန်တာဝန်ရှိသည်။

လူ့အခွင့်အရေး ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်းချုပ်

• ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သော်လည်း မအောင်မြင်ပဲ

ဒုတိယကမ္ဘာစစ် ထပ်မံဖြစ်ပွားခဲ့သည်။

• ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး (၆)သန်းကျော်အပါအဝင် အခြား

လူများအား လူသားချင်းမတရားရက်စက်၊ နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခဲ့သည်။

• စစ်အတွင်း ကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေးအရေးယူမှုသာမက အလားတူ လူသားချင်းမတရား ရက်စက်မှု၊ နှိပ်စက်

ညှင်းပမ်းသတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းရေး ထွန်းကားရေး နှင့် ပဋ္ဋိပက္ခချုပ်ငြိမ်းရေး အတွက်

နိုင်ငံအစိုးရများက ကြိုးပမ်းလုပ်ဆောင်လာခဲ့ကြသည်။

• ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၅ အောက်တိုဘာလ (၂၄)ရက်တွင် ထိုကဲ့သို့သော စစ်ပွဲအနိဌာရုံများ ထပ်မံမပေါ်ပေါက်

စေရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိရန်၊ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူ့အခွင့်အရေး ကာကွယ်

စောင့်ရှောက်ရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ပေါ်ပေါက်လာခဲ့သည်။

• နိုင်ငံတကာမှ စုပေါင်းဆွေးနွေးလာပြီး ကုလသမဂ္ဂပဋ္ဋိညာဉ်စာတမ်းအပိုဒ် (၆၈)အရ လူ့အခွင့်အရေးကော်မရှင် (Human

Rights Commission) ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

• ထိုကော်မရှင်မှ ဦးဆောင်၍ ကုလသမဂ္ဂပဋ္ဋိညာဉ်စာတမ်းတွင် ပါဝင်သော လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုသော

အဓိပ္ပာယ်များကို ဖွင့်ဆိုရှင်းလင်းပြနိုင်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းကို ပြင်ဆင်ရေးဆွဲရန်

တာဝန်ပေးခဲ့သည်။

• အမေရိကန် သမ္မတကတော် အယ်လီနာရုစဗဲ့ (Eleanor Roosevelt) ၏ ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့သော ထိုစာတမ်း အပေါ်

ကမ္ဘာံနိုင်ငံများက အထူးစိတ်ဝင်စားခဲ့ကြသည်။

• အစိုးရကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများ

လုပ်ဆောင်အပြီး ၁၉၄၈ ခု၊ ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အပြီးသတ်ခဲ့သည်။

• ၁၉၄၈ ခု၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ

မှနေ၍ ထိုကြေညာစာတမ်းကို အတည်ပြုပြဌာန်းနိုင်ခဲ့သည်။

• အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် အပိုဒ်ပေါင်း (၃၀) ပါဝင်သည်။

- 16 -


&nf&G,fcsuf / MAY 2017

လူ့အခွင့်အရေး Bulletin ထုတ်ဝေရခြင်း၏အဓိကရည်ရွယ်ချက်

ကယန်းမျိုးဆက်သစ်လူငယ် (KNGY) အဖွဲ့သည် ယခု FHI360 မှ ကူညီပံ့ပိုးသောလူ့အခွင့်အရေးစည်းရုံးလှုံ့ဆော်သည့်

စီမံကိန်းမှ ကရင်နီပြည်အတွင်းလူ့အခွင့်အရေးနှင့်ပတ်သက်ပြီး လစဉ် Bulletin ထုတ်ဝေဖြန့်ချီမည့်အစီအစဉ်တခုဖြစ်သည်။

Bulletin ထုတ်ဝေရခြင်း၏အဓိကရည်ရွယ်ချက်မှာ -

၁) ကရင်နီပြည်အတွင်း လူ့အခွင့်အရေးဖြစ်တည်မှုနှင့်ချိုးဖောက်သည့်အခြေအနေများကို ဒေသအတွင်း ကျယ်ကျယ်

ပြန့်ပြန့်သိရှိလာစေရန်၊

၂) ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၏ ကော်မတီအလိုက် လစဉ်အကောင်အထည်ဖော်ဆောင်သောလုပ် ငန်းစဉ်များ

နှင့် လှုပ်ရှားမှုများကို ဒေသခံလူထုများကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ဟူ၍ဖြစ်သည်။

အထက်ဖော်ပြပါ ရည်ရွယ်ချက်(၁)သည် ကရင်နီပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်သည့်အမျိုးအစားများနှင့်

ဖြစ်တည်မှုအခြေအနေများကို ဒေသခံလူထုများကျယ်ကျယ်ပြန့်သိရှိလာပြီး ယင်းဖြစ်တည်မှုအခြေအနေတွင် ဒေသခံ

လူထုကိုယ်တိုင် မည်သို့သောနည်းလမ်းဖြင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအစီအစဉ်များကို ကိုယ်တိုင်ပါဝင်လုပ်

ဆောင်လာနိုင်ရန်ဖြစ်သည်။

ရည်ရွယ်ချက်(၂)သည် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့၏ လက်ရှိကော်မတီအလိုက် လုပ်ငန်းအကောင်အထည်ဖော်

ဆောင်မှုနှင့် လှုပ်ရှားမှုများကို ဒေသခံလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်လာပြီး ယင်းလုပ်ငန်း အစီအစဉ်

အကောင်အထည်ဖော်ဆောင်မှုနှင့် လှုပ်ရှားမှုများကို ဒေသခံလူထုအနေဖြင့် အကြံပြုမှု၊ ဖြည့်စွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု

မြှင့်တင်ခြင်းလှုပ်ရှားမှုများကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်လာနိုင်ရန်ဖြစ်သည်။

ထို့ကြောင့် ယခုစီမံကိန်းအောက်မှ Bulletin ထုတ်ဝေခြင်းအစီအစဉ်သည် ကရင်နီပြည်အတွင်း လက်ရှိလူ့အခွင့်အရေး

အခြေအနေဖြစ်တည်မှုနှင့် ချိုးဖောက်သည့် အခြေအနေများကို လုထုထံသို့ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပြီး လူ့အခွင့်အရေး

ပြဌာန်းချက်နှင့်အညီ ကရင်နီပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကာကွယ်မှုနှင့်မြှင့်တင်မှု အစီအစဉ်များကို ကိုယ်တိုင်

ပါဝင်ပူးပေါင်းဆောင်ရွက်လာရန်ဖြစ်သည်။

u,ef;rsdK;qufopfvli,f

- 17 -


u,ef;pmayESihf ,Ofaus;rI / MAY 2017

- 18 -

Similar magazines