22.11.2014 Views

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ

SHOW MORE
SHOW LESS

Create successful ePaper yourself

Turn your PDF publications into a flip-book with our unique Google optimized e-Paper software.

မြန်မာနိုင်ငံ

လူဦးရေ စုစုပေါင်း ၅၄ သန်းနေထိုင်ကြသည်ဟု ခန့်မှန်းသော မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှစတင်၍ လူများစု

ဖြစ်သော ဗမာတိုင်းရင်းသားများကကြီးစိုးထားသည့်၊ ဖိနှိပ်ချုပ်ချယ်မှုကြီးမားသော စစ်အစိုးရများ အစဉ်အဆက် အုပ်ချုပ်

နေခဲ့ပါသည်။ လက်ရှိတိုင်းပြည်ကို ထိန်းချုပ်ထားသည့် စစ်အုပ်စုဖြစ်သော၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး

ကောင်စီ (နအဖ) (SPDC) သည် တရားဝင်မဟုတ်သော်လည်း နိုင်ငံကို လက်တွေ့အုပ်ချုပ်နေသော (de facto) အစိုးရ

ဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးဆောင်နေပါသည်။ စစ်တပ်အရာရှိများက အစိုးရလုပ်ငန်းအဆင့်တိုင်းတွင် အာဏာ

အပြည့်အ၀ သုံးစွဲ အုပ်ချုပ်လျှက် ရှိပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပသော ပါလီမန်ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒီမို

ကရေစီလိုလားသော ပါတီများက လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အုပ်စုက

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုနေခဲ့ပါသည်။ စစ်အစိုးရက နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များကို အရပ်သား

ကြီးကြပ်ထိန်းချုပ်မှု မရှိဘဲ လုံးဝထိန်းချုပ်ထားပါသည်။

ဤနှစ်အတွင်း စစ်အစိုးရ၏လူ့အခွင့်အရေးမှတ်တမ်းမှာ ဆိုးရွားလာခဲ့ပါသည်။ စစ်အစိုးရက နိုင်ငံသားများ၏

သူတို့ အစိုးရ ပြောင်းလဲခွင့်၊ အခွင့်အရေးကို ဆက်လက်ချုပ်ချယ်ထားဆဲ ဖြစ်ပါသည်။ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များက

စက်တင်ဘာလ ဒီမိုကရေစီ တောင်းဆိုသည့်ဆန္ဒပြပွဲများကို ဖြိုခွဲနှိမ်နင်းခဲ့ရာတွင် ဆန္ဒပြသူ အနည်းဆုံး ၃၀ ခန့်ကို သတ်

ဖြတ်ခဲ့ပါသည်။ ၎င်းတို့က တရားရုံးတွင် သေဒဏ်အပြစ်ပေးမှုကို ဆက်လက်ခွင့်ပြုထားပြီး၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ပျောက်

ဆုံးစေမှုများ၊ မုဒိမ်းကျင့်ခြင်းနှင့် နှိပ်စက်ညှဉ်းပမ်းခြင်းများကိုလည်း ကျူးလွန်ခဲ့ပါသည်။ ထို့အပြင် အစိုးရက ကျောထောက်

နောက်ခံပြုထားသည့် လူထုအဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) နှင့် စစ်အစိုးရ

ထောက်ပံ့ပေးထားသည့် ပုဂ္ဂလိကသြဇာခံ အုပ်စုများ (private militias) က လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဒီမိုကရေစီ

အရေး တက်ကြွလှုပ်ရှားသူများကို တိုး၍ နှောက်ယှက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ

ဆောင်ရွက်နေကြပါသည်။ အစိုးရက လူမှုအခွင့်အရေးများအတွက် လှုပ်ရှားသူများကို အကန့်အသတ်မရှိ ဆက်လက်ဖမ်း

ဆီးနေပြီး၊ တရားစွဲဆိုခြင်း မရှိဘဲ ဖမ်းဆီးနေပါသည်။ ၎င်းတို့အထဲတွင် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ဒီမို

ကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည်ဟု သင်္ကာမကင်းသူ ၃,၀၀၀ လည်း အပါအ၀င်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် အနည်းဆုံး ၃၀၀ ခန့်နှင့် ဒီမိုကရေစီ လိုလားသည့် ၈၈-မျိုးဆက် ကျောင်းသားများ

အင်အားစု အဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးလည်း အပါအ၀င် ဖြစ်ပါသည်။ အစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့

(ICRC) က ဆောင်ရွက်နေသည့် ပဋိပက္ခဖြစ်ပွားသည့်နေရာများသို့ သွားရောက်ခြင်း၊ အကျဉ်းသားများထံသို့ လွတ်လပ်စွာ

သွားရောက် တွေ့ဆုံခြင်းများကို ဆက်လက်ချုပ်ချယ် ဟန့်တားထားပါသည်။ စစ်တပ်က ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်း

ပြည်နယ်အတွင်း ကျေးရွာများရှိ လူနည်းစုတိုင်းရင်းသားများကိုလည်း ဆက်လက်တိုက်ခိုက်နေပြီး သူတို့အစဉ်အလာ

နေထိုင်ခဲ့ရာ မြေများမှ မောင်းနှင်ထုတ် နေပါသည်။ အကျဉ်းသားများနှင့် ချုပ်နှောင်ထားသူများအပေါ် လူ့အခွင့်အရေး

ချိုးဖောက်မှုများ ကျူးလွန်ခဲ့ပြီး၊ ပြင်းထန် ကြမ်းတမ်းစွာ ဆက်ဆံချုပ်နှောင်ထားခြင်းနှင့် အသက် အန္တရာယ်ထိခိုက်ခြိမ်း

ခြောက်စေနိုင်သော အနေအထားတွင် ထိန်းသိမ်းထားကြပါသည်။ ပြင်ပနှင့်ဆက်သွယ်ခွင့် မပေးဘဲ ဖမ်းဆီးချုပ်နှောင်ထား

ခြင်းမျိုးကို အမြဲတစေဆောင်ရွက်လေ့ ရှိပြီး၊ နိုင်ငံသားများကို နိုင်ငံရေးအရ ရည်ရွယ်ချက်များဖြင့်၊ အတင်းအကျပ်ဖမ်းဆီး

ထောင်ချခြင်းများ ပြုခဲ့ကြပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစု

1

ကြည်နှင့် (NLD) ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့မှာ အိမ်အချုပ်ဖြင့် ဆက်လက်ထားရှိခံရဆဲ ဖြစ်ပါသည်။ အစိုးရအာဏာပိုင်များ

အနေဖြင့် ပုံမှန်ဆိုသလို နိုင်ငံသားများ၏ ပုဂ္ဂလိကလွတ်လပ်စွာ နေထိုင်ခွင့် အခွင့်အရေးကိုထိပါးကြပြီး၊ ၎င်းတို့၏ လွတ်

လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်၊ ပုံနှိပ်ဖြန့်ချိခွင့်၊ စုဝေးခွင့်၊ ဆက်သွယ်ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့်

သွားလာခွင့်များကို ကန့်သတ် ချုပ်ချယ်ထားပါသည်။ အစိုးရက ပြည်တွင်းတွင် လူ့အခွင့်အရေးအတွက် လှုပ်ရှားသည့်

အစိုးရမဟုတ် သည့်အဖွဲ့ (အဲန်ဂျီအို) များကိုလည်း လွတ်လပ်စွာ လှုပ်ရှားလုပ်ကိုင်ခွင့် မပြုဘဲ၊ နိုင်ငံတကာ အစိုးရ မဟုတ်

သည့်အဖွဲ့ (အဲန်ဂျီအို) များမှာလည်း ခက်ခဲသော ၀န်းကျင် အခြေအနေနှင့် ရင်ဆိုင်နေကြရပါသည်။ အမျိုးသမီးများအပေါ်

အကြမ်းဖက်မှု နှင့် ခွဲခြားဆက်ဆံမှုများမှာ ဆက်လက်ဖြစ်ပေါ်နေပါသည်။ အလားတူ ကလေးစစ်သား အဓမ္မကောက်ယူ

စုဆောင်းမှု၊ တိုင်းရင်းသားလူနည်းစုများ အပေါ် ခွဲခြားဆက်ဆံမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ

အပေါ် ပြုကြသော လူကုန်ကူးရောင်းဝယ်မှုများ ဆက်လက် ဖြစ်ပေါ်နေပါသည်။ အလုပ်သမားအခွင့်အရေးများမှာလည်း

ကန့်သတ်ချုပ်ချယ်ထားဆဲဖြစ်ပြီး၊ ကလေးများအပါအ၀င် လူအများကို အဓမ္မလုပ်အားခိုင်းစေမှုများလည်း ဆက်လက်ဖြစ်

ပေါ်နေပါသည်။ အစိုးရက လူ့အခွင့် အရေးချိုးဖောက် ကျူးလွန်ခဲ့ကြသူများကို အရေးယူ၊ အပြစ်ပေးခြင်းအတွက် သိသာ

ထင်ရှားသည့် လုပ်ဆောင်မှုများ မတွေ့ ရှိရပါ။

လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများသည်လည်း၊ စွပ်စွဲချက်များအရ အဓမ္မလုပ်အားခိုင်းစေမှုများ အပါ

အ၀င်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြပါသည်။ သို့သော်လည်း၊ အစိုးရနှင့်နှိုင်းစာလျှင် များစွာလျော့နည်းပါ

သည်။ အပစ်အခတ်ရပ်စဲထားသောအုပ်စုများသည်လည်း၊ အစီရင်ခံစာများအရ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့

ကြပြီး၊ သူတို့၏ဒေသအတွင်း ကျေးရွာများ အဓမ္မရွှေ့ပြောင်းစေမှုများလည်း ဆောင်ရွက်ခဲ့ကြပါသည်။ လက်နက်ကိုင်သူပုန်

တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲထားသော အုပ်စုများသည် ကလေးစစ်သား အဓမ္မစုဆောင်းခြင်းကိုလည်း ဆက်လက်ကျင့်

သုံးနေကြပါသည်။

လူ့အခွင့်အရေးလေးစားမှု

အခန်း (၁) အောက်ဖော်ပြပါချိုးဖောက်မှုများမှ ကင်းလွတ်ခြင်းအပါအ၀င်၊ လူတစ်ဦး၏ လွတ်လပ်မှုနှင့်

သိက္ခာကို လေးစားမှု

(က) အာဏာသုံး၊ တရားမ၀င်သတ်ဖြတ်မှု

အစိုးရကသော်လည်းကောင်း၊ ၎င်း၏ ကိုယ်စားလှယ်များကသော်လည်းကောင်း အကျဉ်းရုံး၍ သို့မဟုတ် တရား

မ၀င် သတ်ဖြတ်ခဲ့ကြသည်ဆိုသော အစီရင်ခံမှု အများအပြား ရရှိခဲ့ကြပါသည်။ အစိုးရက ဤသို့ သေဆုံးရမှုများ ဖြစ်စေ

သော တာဝန်ရှိသူများကို အရေးယူပြစ်ဒဏ်ပေးခြင်း မရှိပါ။ အထူးသဖြင့် တရားမ၀င် သတ်ဖြတ်ခြင်း၊ ပြစ်ဒဏ်ချမှတ် ထိန်း

သိမ်းထားစဉ်အတွင်း သေဆုံးခြင်း၊ မြေမြုပ်မိုင်းများကို ရှင်းလင်းရန်အတွက် လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများကို

ခိုင်းစေစဉ် သေဆုံးရမှုများ၊ ဒဏ်ရာရမှုများ ဖြစ်ပါသည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ဒု-ရဲအုပ် စိုးမိုးဦးဆောင်သည့် ရဲများက ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နေ မောင်ချန်

ကွမ်ကို နေအိမ်မှ ခေါ်ဆောင်သွားကြပါသည်။ နောက်တနေ့ နံနက်တွင် အာဏာပိုင်များက ၎င်း၏ဇနီးဖြစ်သူကို သူ၏

ယောက်ျားဆေးရုံတွင် ရှိနေကြောင်း လာပြောကြပါသည်။ ဆေးရုံတွင် သူမခင်ပွန်း သေဆုံးကြောင်း သိရှိရပြီး၊ သူ၏ ခေါင်း

2

နှင့် ပခုံးတွင် အညိုအမဲစွဲနေသည့် ဒဏ်ရာအများအပြားတွေ့ရပါသည်။ ခေါင်း၏နောက်ဖက်တွင်လည်း စူးဖြင့်ထိုးထားသည့်

ပေါက်ပြဲနေသည့် ဒဏ်ရာတခုကို တွေ့ရပါသည်။ ပန်းတနော် အာဏာပိုင်များက သတင်းထောက်များကို ပြောရာတွင်

မောင်ချန်ကွမ်သည် သထုံ စစ်တပ်အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလာသူဖြစ်ကြောင်း ပြောသော်လည်း၊ သူ၏ ဇနီးက ၎င်း

စွပ်စွဲချက်ကို ငြင်းပယ်ပါသည်။

ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပဲခူးတိုင်း၊ ဖဒိုရဲစခန်းရှိ အချုပ်ခန်းအတွင်း၌ လင်းလင်းနိုင်ကို ကြိုးဆွဲချသေဆုံးနေ

သည်ကို တွေ့ရှိရပါသည်။ ရဲများက လွန်ခဲ့သည့် ညက သူ့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ အလစ်သုတ်မှုဖြင့် စွပ်စွဲဖမ်း

ဆီးခဲ့ပါသည်။ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် အာဏာပိုင်များက မိသားစုဝင်များကို အသိပေးအကြောင်းကြားခြင်း မရှိဘဲ

၎င်း၏ ရုပ်အလောင်းကို ဖျောက်ဖျက်လိုက်ကြပါသည်။ ယခုနှစ်ကုန်ဆုံးသည့်တိုင် လင်းလင်းနိုင်၏ မိသားစုက ၎င်း၏ ရုပ်

အလောင်း မည်သည့်နေရာတွင် ရှိသည်ကို မသိရှိကြရသေးပါ။

မတ်လ ၁၉ ရက်နေ့တွင် ကိုနိုင်ဦး၏ အစ်ကိုဖြစ်သူက သူ့ညီရုပ်အလောင်းကို ဒဏ်ရာအများအပြားနှင့် ရန်ကုန်မြို့

ရဲစခန်းတွင် ပြန်တွေ့ရှိရပါသည်။ ဦးခေါင်း၊ ခြေထောက်နှင့် ခြေချောင်းလေးများတွင် ဒဏ်ရာ အများအပြား ရထားပါသည်။

ရန်ကုန်တွင် ကိုနိုင်ဦးက အခြား ကြံ့ခိုင်ဖွံ့ဖြိုးရေး (USDA) အဖွဲ့ဝင်တဦးနှင့် မိသားစုကိစ္စ ခိုက်ရန်ဖြစ်ပွားပြီးနောက်၊ ကြံ့ခိုင်

ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက လွန်ခဲ့သည့်နေ့က သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး ရဲလက်သို့ အပ်နှံခဲ့ကြခြင်း ဖြစ်ပါသည်။ သတင်းများ

အရ ရဲစခန်းတွင် သူ့ကို ဒေသခံ ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌ ညီညီလွင်က စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုပါသည်။ မျက်မြင်

သက်သေများ အဆိုအရ ရဲစခန်းမှ ညည်းညူအော်ဟစ်သံများ တညလုံးကြားနေရသည်ဟု ပြောပြကြပါသည်။ ကိုနိုင်ဦး

သေဆုံးရခြင်းအကြောင်းကို အာဏာပိုင်များက မိသားစုဝင်များသို့ ပြောပြရာတွင် ထိုညက အအေးမိသွား၍ သေဆုံးရ

ကြောင်း ပြောပြပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) (AAPP) အဖွဲ့က ခန့်မှန်းဖော်ပြရာတွင် စက်

တင်ဘာလ ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများအတွင်း စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုတွင် လူ ၁၀၀

ခန့် သေဆုံးရကြောင်း ခန့်မှန်းဖော်ပြပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းမှတ်တမ်းပြုစုရေး အရာရှိ

(UN Special Rapporteur on the Situation of Human Rights in Myanmar) ပေါင်လို ဆာဂျီယို ပင်ညဲရိုး (Paulo

Sergio Pinheiro) ၏ ဒီဇင်ဘာလတွင် တင်သွင်းသည့် အစီရင်ခံစာတွင်၊ စက်တင်ဘာလ ၂၆ နှင့် ၂၇ ရက်နေ့များ၌ ဆန္ဒပြ

မှုအပေါ် အစိုးရက ဖြိုခွင်းချေမှုန်း မှုကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ရကြောင်း ဖော်ပြပါသည်။ စစ်အစိုးရ အာဘော်

မြန်မာ့အလင်းသတင်းစာက ဖော်ပြ ရာတွင် စက်တင်ဘာလ ဖြိုခွဲချေမှုန်းမှု၌ ဆန္ဒပြသူ ၁၀ ဦး သေဆုံးရကြောင်း ဖော်ပြပါ

သည်။ ယုံကြည်ရလောက်သည့် သတင်းရင်းမြစ်များက မစ္စတာပင်ညဲရိုးကို ပြောပြကြရာတွင် ရန်ကုန်မြို့ရှိ ရေဝေးသုဿာန်

၌ စက်တင်ဘာလ ၂၇ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အလောင်းများစွာကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်

ဆီးခဲ့ကြကြောင်း ပြောပြပါသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပညာတတ် ဗုဒ္ဓဘာသာ သံဃာတပါးဖြစ်သူ ဦးသီလ၀ံသသည် မြစ်ကြီးနား

ဆေးရုံတွင် ထိန်းသိမ်းထားစဉ်အတွင်း ရရှိသည့် ဒဏ်ရာများကြောင့် ပျံလွန်တော်မူခဲ့ရပါသည်။ စက်တင်ဘာလ ၂၅ ရက်

နေ့တွင် စစ်သားများက ဦးသီလ၀ံသကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ၎င်း၏ ဘုန်းတော်ကြီးကျောင်းတွင်ပင် စစ်သား

များက ဖမ်းဆီးခဲ့ကြပါသည်။ သူ့ကို ထိန်းသိမ်းထားစဉ်အတွင်း စစ်သားများက အပြင်းအထန် ရိုက်နှက်ကြကြောင်း မျက်မြင်

သက်သေများက ပြန်ပြောပြကြပါသည်။ သတင်းများအရ ဦးသီလ၀ံသ သေဆုံးရမှုသည် နှလုံးရောဂါကြောင့် သေဆုံးရ

3

ခြင်းဖြစ်ကြောင်း မှတ်တမ်းရေးသွင်းရန် ဆေးရုံရှိ ရောဂါဗေဒဆရာဝန်ကို အာဏာပိုင်များက ပြောဆိုခဲ့ကြကြောင်း သိရှိရပါ

သည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့လယ်၌ ငြိမ်းချမ်းစွာဒီမိုကရေစီရေးအတွက် ဆန္ဒပြသူများကို အကြမ်း

ဖက် ဖြိုခွဲနှိမ်နင်းမှုအား သတင်းရယူနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက နိုင်ငံခြား ဓါတ်ပုံသတင်းထောက်တဦး ဖြစ်သူ ကင်ဂျီ

နာဂါအိ (Kenji Nagai) ကို ပစ်သတ်ခဲ့ပါသည်။ အာဏာပိုင်များက နာဂါအိသေဆုံးရခြင်းမှာ ဆန္ဒပြသူများက ပစ်လိုက်

သည့် ခဲလုံးကြောင့် သေဆုံးရသည်ဟု ဆိုသော်လည်း၊ နောက်ပိုင်းတွင် ဗီဒီယိုအထောက်အထားများနှင့် ဂျပန်နိုင်ငံ၏

သေမှုသေခင်း စစ်ဆေးမှုရလဒ်များအရ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြန်လည်တင်ပြခဲ့ကြသည့်အခါ ပြန်လည်

ရုပ်သိမ်းခဲ့ပါသည်။ သို့သော်လည်း ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြသည့် သတင်းစာ

ခေါင်းကြီး၌ ဂျပန်အာဏာပိုင်များ၏ သေမှုသေခင်း ရင်ခွဲစစ်ဆေးသည့်ရလဒ်ကို ငြင်းဆိုခဲ့ပြီး၊ နာဂါအိကို အနီးကပ် ပစ်ခတ်

ခံရ၍ သေဆုံးခဲ့ခြင်းမဟုတ်ဘဲ ၃၀ ကိုက်အကွာမှ ပစ်ခတ်ခံရ၍သာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း စောဒကတက် ဖော်ပြခဲ့ပါ

သည်။ နာဂါအိသေဆုံးရခြင်းသည် ၎င်းကိုယ်တိုင်တွင်သာ တာဝန်ရှိကြောင်းနှင့် သူက ခရီးသွားဧည့်သည်တဦးအဖြစ်သာ

နိုင်ငံအတွင်းသို့ ၀င်ရောက်လာပြီး တရားမ၀င် သတင်းယူခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ကိုဝင်းရွှေသည် ပုလိပ်မြို့

ရဲစခန်း၌ စစ်ဆေးမေးမြန်းခံရစဉ် သေဆုံးခဲ့ပါသည်။ သူ့ကို မန္တလေးမြို့အနီးတွင် ဖြစ်ပွားခဲ့သော စက်တင်ဘာလ ၂၆ ရက်

နေ့ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြောင်း စွပ်စွဲ၍ ဖမ်းဆီးမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ရုပ်အလောင်းကိုလည်း မိသားစုလက်

သို့ ပြန်ပေးအပ်ခဲ့ခြင်း မရှိပါ။

နိုဝင်ဘာလ ၉ ရက်နေ့တွင် အသက် ၂၂ နှစ်အရွယ်ရှိ ကိုကိုဝင်းသည် ရန်ကုန်မြို့ ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒ

ပြပွဲများအတွင်း အာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲနှိမ်နင်းရာမှ ရရှိသည့် ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးခဲ့ရပါသည်။

မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖြစ်ပွားသည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း

သူပါဝင်ခဲ့သောကြောင့် အာဏာပိုင်များက ပြင်းထန်စွာရိုက်နှက်ခဲ့ကြကြောင်း ဖော်ပြကြပါသည်။ မိသားစုဝင်များက ပြောဆို

ကြရာတွင် ဤအဖြစ်အပျက်နောက်ပိုင်း အိမ်ပြန်လာပြီးသည့်ကာလတွင် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အံခြင်း

များ ခံစားခဲ့ရကြောင်း ပြောဆိုကြပါသည်။ အောက်တိုဘာလ ၅ ရက်နေ့တွင် သူတို့က ၎င်းကို အရပ်တွင်းရှိဆေးရုံတခုသို့

ပြသခဲ့ကြပြီး၊ ထိုဆေးရုံတွင်ပင် နိုဝင်ဘာလ ၃ ရက်နေ့၌ သေဆုံးခဲ့ပါသည်။

ရန်ကုန်ရှိ ထိန်းသိမ်းရေးစခန်းများတွင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူများ၏ ဖော်ပြချက်အရ ဆန္ဒပြပွဲများအတွင်း

ထိန်းသိမ်းခံရသူ အနည်းဆုံး ၁၄ ဦး စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း မလျော်ကန် ဆက်ဆံပြုမူခံရမှုနှင့်

ဆိုးရွားညံ့ဖျင်းသည့် ထိန်းသိမ်းရေးစခန်း နေထိုင်မှုအခြေအနေများကြောင့် သေဆုံးခဲ့ရကြောင်း ပြောပြကြပါသည်။ [အခန်း

၁၊ ဂ ကိုကြည့်ပါ။]

အစိုးရက ၂၀၀၆ ခုနှစ်အတွင်း ဤသို့ ဖမ်းဆီးထိန်းသိမ်းခံရစဉ် သေဆုံးမှုဖြစ်စေသော တာဝန်ရှိသူများကို အရေး

ယူ ဆောင်ရွက်ခြင်း မရှိပါ။ ဤသို့သေဆုံးစေမှုများတွင် အောက်ပါဖြစ်ရပ်များ အပါအ၀င် ဖြစ်ပါသည်။

သူ့ကို ရိုက်နှက်ခဲ့သည့် အကျဉ်းထောင်အာဏာပိုင်တဦးကို သတ်ဖြတ်ခဲ့ပြီးသည့်နောက် ထောင်အာဏာပိုင်များ

က ဇန်န၀ါရီလတွင် သေဆုံးအောင်ရိုက်သတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ အလုပ်ကြမ်းစခန်းတခုမှ အကျဉ်းသား

တစ်ဦး၊

4

မတ်လတွင် အစိုးရနှင့် ဆက်စပ်နေသည့်ဌာနတခုဖြစ်သည့် "မီးသတ်တပ်ဖွဲ့" ၀င်များနှင့် ရဲတပ်ကြပ် ၂ ဦးတို့က

သေဆုံးအောင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်သူ ကိုသက်နိုင်ဦး၊

မတ်လတွင် မန္တလေးမြို့ ရဲစခန်း၌ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးခဲ့ရသည့် ကိုဝေဖြိုးနောင်၊ (သေဆုံးပြီးနောက်

ရင်ခွဲစစ်ဆေးမှုတွင် သူ၏ကိုယ်ခန္ဓာပေါ်၌ နှိပ်စက်ညှဉ်းပမ်းခံရသည့်ဒဏ်ရာများနှင့် ရိုက်နှက်ခံရသည့် ဒဏ်ရာများ

တွေ့ရှိရပါသည်။)

ဇွန်လတွင် မြို့လှမြို့ ရဲစခန်းက ဖမ်းဆီးခံရပြီးနောက် ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့ရသည့် မညိုကြည်၊

ဇူလိုင်လတွင် တပ်မတော်ရေးရာ လုံခြုံရေးအဖွဲ့ (MSA) တပ်ဖွဲ့ဝင်များက နှိပ်စက်စစ်ကြောခံရပြီး၊ ပုသိမ်မြို့ရှိ

စစ်ဌာနချုပ်အတွင်း သေဆုံးခဲ့ရသည့် စောစတင်ဖိုး၊ စသည်တို့ ဖြစ်ပါသည်။

အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ၂၀၀၅ ခုနှစ်အတွင်း သတ်ဖြတ်ခံရသည့်ကိစ္စများအပေါ်တွင်လည်း အရေးယူ

ဆောင်ရွက်မှု တိုးတက်ခဲ့ခြင်း မတွေ့ရပါ။ ၎င်းတို့မှာ-

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုအောင်လှိုင်ဝင်း၊

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုမိုးနောင်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုမင်းထူးဝေ၊

ဧရာဝတီတိုင်း၊ တ၀ခိုကျေးရွာမှ စောစတင်းဖို့ဒ်၊

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်မှ ကိုဌေးလွင်၊

ပဲခူးတိုင်းမှ ကိုအောင်မြင့်သိန်းနှင့် ကိုသန်းထိုက်တို့၏ သေဆုံးရမှု ဖြစ်ရပ်များ ဖြစ်ပါသည်။

အစိုးရက ဒီပဲယင်းမြို့အနီးတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ

၏ ယာဉ်တန်းကို အစိုးရနှင့် ဆက်စပ်နေသည့် တပ်ဖွဲ့များက ၂၀၀၃ ခုနှစ်တွင် တိုက်ခိုက်ခဲ့မှုအပေါ်တွင်လည်း တာဝန်ယူ

ဖြေရှင်းပေးရန်၊ စုံစမ်းစစ်ဆေးမှု ပြုပေးရန်ကိုလည်း ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်ပါသည်။ ဤဖြစ်ရပ်တွင် လူအများဆုံး

၇၀ ဦးအထိ သေဆုံးခဲ့ရပါသည်။ ဤယာဉ်တန်းအတွင်း ပါဝင်လိုက်ပါခဲ့သည့် ဒီမိုကရေစီရေး ထောက်ခံသူ ၃၁ ဦး၏ ကံ

ကြမ္မာမှာ ယနေ့တိုင် မည်သို့ရှိသည်ကို မသိရှိကြရပါ။

(ခ) ပျောက်ဆုံးနေမှု

တသီးပုဂ္ဂလအရပ်သားများနှင့် တက်ကြွလှုပ်ရှားသူများမှာ၊ ကာလတစ်စုံတရာ ပျောက်ဆုံးနေမှုများ ဆက်လက်

ဖြစ်ပေါ်နေဆဲ ဖြစ်ပါသည်။ ပျောက်ဆုံးနေသောကာလမှာ နာရီအချို့မှသည်၊ ရက်သတ္တပတ်အချို့ကြာ၊ ထိုထက်ပို၍ ကြာ

ကြာ ပျောက်ဆုံးနေသည်လည်း ရှိခဲ့ပါသည်။ လူအမြောက်အများမှာ ပြန်လည်မတွေ့ကြရတော့ပါ။ ဤသို့ပျောက်ဆုံးနေမှု

များမှာ ယေဘုယျအားဖြင့်၊ အာဏာပိုင်များနှင့်ဆက်စပ်နေပြီး၊ မိသားစုကို အသိပေးခြင်းမရှိဘဲ၊ မေးမြန်းစစ်ဆေးရန်

အတွက် ထိန်းသိမ်းထားခြင်းနှင့် စစ်တပ်က အရပ်သားများကိုဖမ်းဆီး၍ ပေါ်တာထမ်းရန်အတွက်သော်လည်းကောင်း၊

စစ်တပ်နှင့်သက်ဆိုင်သော တာဝန်များအတွက် ခိုင်းစေခြင်းသော်လည်းကောင်း၊ အသုံးပြုခြင်းကြောင့် ဖြစ်ရပါသည်။

စစ်တပ်တာဝန်ရှိမှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို သိရှိနိုင်ရန် တောင်းဆိုကြရာ၌ ပုံမှန်အားဖြင့် ငြင်းပယ်

ခံရသည်ချည်း ဖြစ်ပါသည်။ အချို့အမှုများတွင် မေးမြန်းစစ်ဆေးရန်အတွက် ထိန်းသိမ်းခံရသူများသည်၊ များမကြာမီ ပြန်

လွတ်လာပြီး၊ မိသားစုထံ ပြန်လာနိုင်ကြပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းမှတ်တမ်းပြုစုရေး အရာရှိ

5

ပေါင်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) က အစီရင်ခံခဲ့ရာတွင်၊ အနည်းဆုံး အလားတူ အတင်းအကျပ်

ပျောက်ဆုံးစေမှု ၇၄ ခု ဖြစ်ပွားခဲ့ပြီး၊ အာဏာပိုင်များက ဤပုဂ္ဂိုလ်များကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း စစ်ဆေး

နေကြောင်း မဖော်ပြနိုင်ခဲ့၊ သို့မဟုတ် ဖော်ပြလိုခြင်း မရှိခဲ့ဟု ဆိုပါသည်။

မျက်မြင်သက်သေများ၏ အဆိုအရ စက်တင်ဘာလ ငြိမ်းချမ်းစွာဆန္ဒပြပွဲများ အပြီးတွင် စစ်အစိုးရက ဘုန်းကြီး

ကျောင်းများနှင့် အိမ်များသို့ ညဖက်ဝင်ရောက် စီးနင်းရှာဖွေမှု အများအပြား ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြကြပါသည်။

ရန်ကုန်မြို့တွင် ဒေသခံမျက်မြင်များ၊ သတင်းမီဒီယာများနှင့် နိုင်ငံခြားသံရုံးဝန်ထမ်းများ၏ သတင်းပေးပို့ချက်အရ စက်တင်

ဘာလ ၂၆ ရက်နေ့၊ ဖြိုခွင်းနှိမ်နင်းမှု စတင်ချိန်မှစ၍ လူအများကို ၎င်းတို့၏ အိမ်များမှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ကြရပြီး၊

သံဃာအများမှာလည်း သူတို့၏ ဘုန်းကြီးကျောင်းများမှ ပျောက်ဆုံးနေခဲ့ကြပါသည်။ ယခုနှစ် ကုန်ဆုံးချိန်တိုင် သံဃာ

အများအပြားမှာ ပြန်လာနိုင်ကြခြင်း မရှိဘဲ၊ အများအပြားမှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါသည်။

စစ်တပ်က ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူများ၊ ထို့အပြင် အလုပ်ကြမ်းဒဏ်မှ ပေါ်တာအထမ်းသမား

အဖြစ် တာဝန်ယူရန် ရွှေ့ပြောင်းခံရသောအကျဉ်းသားများမှာ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို အမှုအတော်များ

များတွင် မသိနိုင်ပါ။ မိသားစုဝင်များမှာ ၎င်းတို့၏ကံကြမ္မာကို၊ အသက်ရှင်ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား

ရဲဘက်များက ပြန်လည်ပြောပြမှသာ သိရှိနိုင်ကြပါသည်။

(ဂ) နှိပ်စက်ညှဉ်းပမ်းမှုနှင့် အခြားရက်စက်ကြမ်းကြုတ်၊ လူမဆန်သော နှိမ့်ချဆက်ဆံမှု သို့မဟုတ် အပြစ်ဒဏ်ပေးမှု

နှိပ်စက်ညှဉ်းပမ်းမှုကို တားမြစ်ထားသောဥပဒေ ရှိပါသည်။ သို့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားသော

အစိုးရတပ်ဖွဲ့များသည် မကြာခဏဆိုသလို အကျဉ်းသားများ၊ ထိန်းသိမ်းထားသူများနှင့် နိုင်ငံသားများကို နှိပ်စက်ညှဉ်းပမ်း

ခြင်း၊ ရိုက်နှက်ခြင်း၊ အခြားနည်းဖြင့် ဖိနှိပ်ဆက်ဆံခြင်းများ ရှိတတ်ပါသည်။ ၎င်းတို့အနေဖြင့် ပုံမှန်လုပ်ထုံးလုပ်နည်းသဖွယ်၊

ထိန်းသိမ်းထားသူများကို ခြိမ်းခြောက်ရန်နှင့် ထွေပြားစေရန်အတွက် ပြင်းထန်သော စစ်ကြောရေးနည်းနာများ အသုံးပြုလေ့

ရှိပါသည်။ ယခင်နှစ်က ဖြစ်ခဲ့သည့်အတိုင်း အာဏာပိုင်များက ဤဖြစ်ရပ်များအပေါ် အရေးယူဆောင်ရွက်မှု လုံးဝမရှိ

သလောက်ဖြစ်ပါသည်။ ရှိပါကလည်း အနည်းအကျဉ်းမျှသာ ရှိပါလိမ့်မည်။ ကျူးလွန်ဆောင်ရွက်သူများကိုလည်း အရေးယူ

အပြစ်ပေးခဲ့ခြင်း မရှိပါ။

ဒီဇင်ဘာလတွင် တင်သွင်းသည့် ပင်ညဲရိုး၏ အစီရင်ခံစာတွင်၊ ၎င်းက နှိပ်စက်ညှဉ်းပမ်းမှုများနှင့် ထိန်းသိမ်းထား

ရာတွင် လူမဆန်သော နှိမ့်ချဆက်ဆံမှုများကို ကိုးကားဖော်ပြထားပြီး၊ အကျဉ်းသားများကို ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍

နိုင်ငံတကာက လိုက်နာကျင့်သုံးရမည့် စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိကြောင်း၊ နိုင်ငံတကာဥပဒေများအရ

တားမြစ်ထားသော နှိပ်စက်ညှဉ်းပမ်းမှု၊ လူမဆန်သည့် နှိမ့်ချဆက်ဆံသည့် ပြုမှုဆက်ဆံမှုများ ချိုးဖောက်ဆောင်ရွက်ခဲ့

ကြောင်း ဖော်ပြထားပါသည်။ သူ၏ အစီရင်ခံစာက ဖော်ပြထားရာတွင် ဖြိုခွဲနှိမ်နင်းမှုများနောက်ပိုင်းတွင် ထိန်းသိမ်းခံထားရ

စဉ်အတွင်း သေဆုံးမှု သတင်းပေးပို့ချက်များ ပိုမိုများပြားတိုးတက်လာခဲ့ကြောင်း၊ ရိုက်နှက်ခြင်း၊ မဖွယ်မရာ

ဆက်ဆံခြင်းနှင့် လူအများ ပြည့်ကျပ်နေသည့်၊ သန်းရှင်းကျန်းမာမှုနှင့် မလျော်ညီသည့် အခြေအနေအောက်တွင်

ထိန်းသိမ်းထားသူများ အတွက် အစားအသောက်၊ ရေ၊ ဆေးဝါး ကုသစောင့်ရှောက်ပေးမှု လုံလောက်စွာ မရရှိကြောင်း

ဖော်ပြထားပါသည်။

၂၀၀၅ ခုနှစ်တွင် (AAPP) က အစီရင်ခံစာတစ်ခုထုတ်ဝေခဲ့ရာတွင်၊ အစိုးရက နိုင်ငံရေးအကျဉ်းသားများအပေါ်

ကျင့်သုံးသော "ရက်စက်ကြမ်းကြုတ်စွာ စနစ်တကျ ကျင့်သုံးသော" နှိပ်စက်ညှဉ်းပမ်းပုံများကို ဖော်ပြခဲ့ပါသည်။ နိုင်ငံရေး

6

အကျဉ်းသားဟောင်း ၃၅ ဦး၏ သက်သေထွက်ဆိုချက်အရ၊ အစီရင်ခံစာတွင် အစိုးရက သဘောထား ကွဲလွဲသူ များအပေါ်

ကျင့်သုံးသောကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပမ်းပုံများ အသေးစိတ်ကို ဖော်ပြခဲ့

ပါသည်။ ထို့အပြင် ထိုသို့ကျူးလွန်ကြသူများ၏ အမည်များကိုလည်း ဖော်ပြထားပါသည်။ အစီရင်ခံစာက အစိုးရ အသုံးပြု

လေ့ရှိသော နှိပ်စက်ညှဉ်းပမ်းပုံများကို ဖော်ပြခဲ့ရာတွင်၊ ပြင်းထန်စွာ ရိုက်နှက်ခြင်း၊ တစ်ခါတရံ သတိလစ်သည်အထိ၊ သေ

ဆုံးသည်အထိ ဖြစ်အောင် ရိုက်နှက်ခြင်း၊ လိင်အင်္ဂါများအပါအ၀င်၊ ကိုယ်ခန္ဓာနေရာအနှံ့ပြားကို လျှပ်စစ်ဖြင့် ဓါတ်ရိုက်ခြင်း၊

အရေပြားကွာကျသည်အထိ သံလုံးဖြင့် ခြေသလုံးအပေါ်လှိမ့်ခြင်း၊ စီးကရက်မီးဖြင့်ထိုးခြင်း၊ မီးခြစ်ဖြင့် မီးရှို့ခြင်း၊ လည်ပင်း

နှင့် လက်၊ ခြေဆစ်များတွင် ကြိုးဖြင့်သော်လည်းကောင်း၊ ထိပ်ခတ်၍သော်လည်းကောင်း၊ ရံဖန်ရံခါ လပေါင်းများစွာကြာ

အောင် လှုပ်ရှားမှုကို ကန့်သတ်စေခြင်း၊ လူပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ခန္ဓာ တစ်နေရာတည်းကို စက္ကန့်နှင့် အမျှ၊ တစ်ခါတရံ

နာရီများစွာကြာအောင် ရိုက်နှက်နေခြင်း၊ ချွန်ထက်သော ကျောက်ခဲများ၊ သံစများ၊ ဖန်စများရောထားသော မြေပေါ်၌

အကျဉ်းသားများကို လမ်းလျှောက်စေရန်၊ ၀မ်းလျားထိုးသွားစေရန် အဓမ္မခိုင်းစေခြင်း၊ အမျိုးသားအကျဉ်းသားများကို ခွေး

ဖြင့် မုဒိမ်းကျင့်စေခြင်း၊ အမျိုးသမီး အကျဉ်းသူများကို မုဒိမ်းပြုကျင့်မည်ဟု ခြိမ်းခြောက်ခြင်း၊ စသော နည်းစနစ်များ အပါ

အ၀င် ဖြစ်သည်။ လုံခြုံရေးအရာရှိများက နိုင်ငံရေးပြစ်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ၊ သင်္ကာမကင်းဖြစ်ခံရသူများကို ဖမ်းဆီး

ရာ၌ ဦးခေါင်းကိုစွပ်၍ ဖမ်းဆီးလေ့ရှိပါသည်။ အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အပြစ်ပေးရန် အတွက်

ကာလကြာရှည် တိုက်ပိတ်၍ သီးသန့်တဦးတည်းချုပ်နှောင်ထားခြင်းမျိုးလည်း ဆောင်ရွက်လေ့ ရှိပါသည်။

(AAPP) ၏ အစီရင်ခံစာအရ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး

ဝန်ကြီးဌာန ၀န်ကြီးများသည်၊ ၃ ဦးပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့၍၊ နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံတော်လုံခြုံမှု

ကာကွယ်ရေး ဥပဒေအရ အပြစ်ပေးခြင်းများကို ကြီးကြပ်ကြကြောင်း ဖော်ပြထားပါသည်။ ၎င်းအစီရင်ခံစာအရ ကနဦး

နှိပ်စက်ညှဉ်းပမ်း စစ်ကြောမှုကို တပ်မတော်ရေးရာလုံခြုံရေးအဖွဲ့ (MSA) က အဓိကအားဖြင့် စစ်ဆေးပါသည်။ ထို့အပြင်

စစ်ဆေးမေးမြန်း ခြင်းကို ပြည်ထဲရေး ၀န်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာန

(Bureau of Special Investigations) နှင့် အထူးသတင်းတပ်ဖွဲ့ (Special Branch/ SB) တို့ကလည်း ဆောင်ရွက်ကြ

ကြောင်း ဖော်ပြထားပါသည်။

စစ်တပ်အတွက် ပေါ်တာအထမ်းသမားများ စုဆောင်းရာတွင်လည်း ပုံမှန်အားဖြင့် အဓမ္မနည်း၊ ရက်စက်ကြမ်း

ကြုတ်သော နည်းများကို သုံးကြပါသည်။ ပေါ်တာအထမ်းသမား အဖြစ် ခိုင်းစေခံရသူ၊ အခြားအဓမ္မ လုပ်အားပေးကိစ္စများ

တွင် ခိုင်းစေခံရသူများသည်၊ အလွန်ခက်ခဲသော အခြေအနေနှင့်ကြုံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ အစား

အသောက်များနှင့် သန့်ရှင်းသော သောက်သုံးရေများ လုံလောက်စွာ မရရှိခြင်း၊ မတရားဆက်ဆံခံရခြင်းများ ကြုံကြရပြီး၊

တစ်ခါတရံ အသက်ပင် ဆုံးရှုံးကြရပါသည်။

အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများ အခြေအနေ

အကျဉ်းထောင်များနှင့် အလုပ်ကြမ်းစခန်းများ၏ အခြေအနေမှာ ယေဘုယျအားဖြင့်၊ ပြင်းထန်ကြမ်းတမ်းပြီး၊

အသက်ဆုံးရှုံးရနိုင်သည်အထိ အန္တရာယ်ရှိပါသည်။ အကျဉ်းဦးစီးဌာန၏လက်အောက်တွင် ခန့်မှန်းခြေအားဖြင့် အကျဉ်း

ထောင် ၃၅ ခုရှိပြီး၊ အလုပ်ကြမ်းရဲဘက်စခန်း ၇၀ ခန့် ရှိပါသည်။ အကျဉ်းထောင်အတွင်း ရရှိသော ရိက္ခာ၊ ၀တ်စုံနှင့်

ဆေးဝါးထောက်ပံ့မှုမှာ သတင်းများအရ အလွန်နည်းပါးလှပါသည်။ အချို့သော အကျဉ်းထောင်များတွင် အာဏာပိုင်များက

ထောင်သားများကို သူတို့၏ စားနပ်ရိက္ခာများကို သူတို့ကိုယ်တိုင် အတင်းအကျပ် ပေးဆောင်စေကြောင်း သတင်းများ ရရှိ

7

ပါသည်။ အိပ်ယာမှာလည်း ကြမ်းပေါ်တွင်ခင်းထားသော ဖျာတစ်ချပ်သာ ဖြစ်ပါသည်။ အကျဉ်းသားများမှာ ဤအခြေအနေ

ကြောင့် ၎င်းတို့၏အခြေခံလိုအပ်ချက်များ ရရှိရန် မိသားစုကိုသာ အဓိကမှီခို အားထားနေရပြီး၊ ထောင်ဝင်စာ ဧည့်တွေ့ချိန်

အဖြစ် တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် တွေ့ခွင့်ပြုပါသည်။ အစိုးရက ပုဂ္ဂလိကပြည်သူများထံမှ အကျဉ်းသားများ

အတွက် စားတပ်ရိက္ခာများ၊ အ၀တ်အထည်၊ ဆေးဝါးများနှင့် စာအုပ်များ၊ ရုပ်မြင်သံကြားစက်များအထိ လှူဒါန်းကြရန်

တိုက်တွန်းနှိုးဆော်နေပါသည်။ သို့သော်လည်း ကောင်းသည့်အလှူပစ္စည်းများကို အစိုးရအရာရှိများကသာ ရယူသုံးစွဲနေ

ကြကြောင်း သတင်းများရရှိပါသည်။ အကျဉ်းသားများမှာ အမှုတင်တရားစွဲဆိုအပြစ်ပေးသည့် အချိန်တိုင်အောင် မည်သည့်

အမှုနှင့်မျှ စွဲဆိုခြင်းမရှိဘဲ ရက်သတ္တပတ်များစွာ၊ လများစွာအထိ ချုပ်နှောင်ထားနိုင်ပါသည်။ ဤသို့ အမှုမတင်ဘဲ ချုပ်နှောင်

ထားသောကာလတွင်၊ မိသားစုများအနေဖြင့် လာရောက် ဧည့်တွေ့ခွင့် မရှိဘဲ အခြေခံလိုအပ်သော ဖြည့်စွက်စာများကို

လည်း ထောက်ပံ့ပေးနိုင်ခြင်း မရှိကြပါ။ အကျဉ်းထောင်များ အတွင်း၌ ကိုယ်ခံအားကျရောဂါ (HIV/ AIDS) ကူးစက်ပြန့်ပွား

မှုနှုန်းမှာ သတင်းပေးပို့ချက်များအရ အလွန်များပြားပါသည်။ အကြောင်းမှာ ဆေးထိုးအပ်တစ်ချောင်းတည်းကို လူအများ

အသုံးပြုစေခြင်းနှင့် အကျဉ်းသားများ အချင်းချင်း လိင်မှုဆိုင်ရာ အနိုင်ကျင့်မှုများ ရှိနေသောကြောင့် ဖြစ်ပါသည်။

မျက်မြင်သက်သေများက သတင်းပေးပို့ကြရာတွင် စက်တင်ဘာလတွင်း ဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာ ဒီမိုကရေစီ

တောင်းဆိုသည့် ဆန္ဒပြပွဲများနှင့် ဆက်နွယ်မှုကြောင့် လူထောင်ပေါင်းများစွာကို ယာယီ ဖြစ်သလိုဆောက်ထားသည့် ထိန်း

သိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားခဲ့ကြပါသည်။ ဤယာယီထိန်းသိမ်းရေး စခန်းများတွင် မန္တလေး၊ ပုလိပ်မြို့ရှိ ရဲအချုပ်

ခန်း၊ အစိုးရ စက်မှုသိပ္ပံ (GTI)၊ ကျိုက္ကဆံ စစ်ကြောရေးစခန်း၊ အောင်သပြေရှိ လုံထိန်းရဲတပ်ရင်း အမှတ် ၇ နှင့် ရန်ကုန်

မြို့ရှိ လုံထိန်းရဲတပ်ရင်း အမှတ် ၅ တို့ အပါအ၀င် ဖြစ်ပါသည်။ စစ်အစိုးရက မစ္စတာပင်ညဲရိုးသို့ ပြောကြားရာတွင် အစိုးရ

စက်မှုသိပ္ပံ (GTI) ကျောင်းဝင်းအတွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆန္ဒပြသူ

၁,၉၃၀ ကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရပါသည်။ သို့သော်လည်း (GTI) ကျောင်းရှိ

မျက်မြင်သက်သေများ၏ ပြောပြချက်အရ လူ ၁,၅၀၀ ထက် ပို၍ မဆန့်သည့်နေရာတွင် လူ ၂,၀၀၀ ကျော် ထိန်းသိမ်းချုပ်

နှောင်ထားခဲ့ကြောင်း ပြောပြပါသည်။ (ဂျီတီအိုင်) ကျောင်းမှ ပြန်လည်လွတ်မြောက်လာသူများက သတင်းပေးပို့ကြရာတွင်

ထိန်းသိမ်းထားသူများကို လူကျပ်ညှပ်နေသည့်၊ သန့်ရှင်းစင်ကျယ်မှု မရှိသည့်၊ အန္တရာယ်များလွန်းသည့် အခြေအနေ၌

လူသားဂုဏ်သိက္ခာနှင့် မလျော်ညီဘဲ ချိုးနှိမ်ထိန်းသိမ်းထားခဲ့ကြောင်း ပြောပြကြပါသည်။ မျက်မြင်သက်သေအချို့၏ အဆို

အရ ထိန်းသိမ်းထားသည့် အခန်းအနည်းအကျဉ်း၌သာ အိမ်သာများ ရှိပါသည်။ သို့ဖြစ်၌ ထိန်းသိမ်းခံထားရသူများမှာ

အပေါ့အလေးသွားလိုပါက ပလပ်စတစ်အိပ်ဖြင့် ဖြစ်စေ၊ အများအိပ်နေကြသည့် ကြမ်းပြင်၌ဖြစ်စေ သွားကြရကြောင်း

ပြောပြကြပါသည်။ ထိန်းသိမ်းခံရသူ အမျိုးသမီးများအတွက်လည်း ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးမှုမရှိဘဲ၊

ခက်ခဲပင်ပန်းလှသည့် အခြေအနေ၊ လူအများရှေ့မှောက်၌ ဖြစ်သလို ကြံဖန်နေထိုင်ခဲ့ရကြောင်း ပြောပြကြပါသည်။ ကျွေး

မွေးသည့် အစားအစာနှင့် ရေများမှာလည်း သန့်ရှင်းစင်ကြယ်မှု မရှိသောကြောင့် ထိန်းသိမ်းခံရသူ အများစုမှာ ဖျားနာခြင်း

ကြုံကြရသည့်အပြင်၊ ဤအတွက်ကြောင့် သန့်ရှင်းစင်ကြယ်မှုကို ပို၍ ဆိုးရွားလာစေပါသည်။

စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများအတွင်း၌ ဖမ်းဆီးထိန်းသိမ်း

ခံကြရသူအချို့မှာ ဤသို့ဆိုးရွားကျပ်တည်းသည့် အခြေအနေများကြောင့် ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးခဲ့ရ

ကြောင်း အစီရင်ခံချက်များလည်း ရရှိခဲ့ပါသည်။ ထိန်းသိမ်းခံခဲ့ရသူ သံဃာတပါး၏ မျက်မြင်သက်သေထွက်ချက်ကို မစ္စတာ

ပင်ညဲရိုးက ကိုးကားဖော်ပြခဲ့ရာ၌ ဒီမိုကရေစီဆန္ဒပြပွဲများနှင့် ဆက်နွယ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသူ ခန့်မှန်း ၁၄ ဦးမှာ စက်

တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့ကာလ၊ (GTI) ကျောင်းဝင်းအတွင်း ထိန်းသိမ်းခံထားရစဉ်၌ သေ

8

ဆုံးခဲ့ရပါသည်။ ၎င်းသံဃာ၏ ပြောဆိုချက်အရ ထိုသေဆုံးသူများမှာ ဆန္ဒပြပွဲအတွင်းရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေ

ဆုံးရခြင်း မဟုတ်ဘဲ၊ နေထိုင်မှု ဆိုးရွားကျပ်တည်းလွန်းခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ပါသည်။ အောက်တိုဘာလတွင်

အာဏာပိုင်များက ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ကိုဝင်းရွှေ ထိန်းသိမ်း

ခံထားရစဉ်အတွင်း သေဆုံးကြောင်း မိသားစုထံသို့ အကြောင်းကြားခဲ့ပါသည်။ ရဲများက သေဆုံးသူအလောင်းကို သင်္ဂြီုဟ်

ပြီးဖြစ်သည်ဟု မိသားစုဝင်များကို ပြောပြခဲ့သော်လည်း၊ ခန္ဓာကိုယ် အကျွင်းအကျန်များကို ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိပါ။

ကိုဝင်းရွှေကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေး၌ ဒီမိုကရေစီ ဆန္ဒပြပွဲများအတွင်း ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီး

ခဲ့ခြင်း ဖြစ်ပါသည်။ ကိုဝင်းရွှေမိသားစုက ပြောပြရာတွင် ၎င်း၌ နှလုံးရောဂါအခံရှိပြီး၊ ဆေးဝါးကုသမှု လိုအပ်သည်ဟု ဆိုပါ

သည်။ သူထိန်းသိမ်းခံနေရစဉ် ကာလအတွင်းက တွေ့ခွင့်မပြုခဲ့သလို၊ လိုအပ်သည့်ဆေးဝါးများလည်း ပို့ဆောင်ခွင့်မပြုခဲ့ပါ။

အစိုးရက အကျဉ်းသားများအတွက် လုံလောက်သောဆေးဝါးကုသစောင့်ရှောက်မှုကို ဆက်လက်ငြင်းဆန်နေဆဲ

ဖြစ်ပါသည်။ အကျဉ်းထောင်များအတွင်း ဆေးဝါးကုသစောင့်ရှောက်မှုဆိုသည်မှာ၊ တစ်စိတ်တစ်ပိုင်းအားဖြင့် သာမန်ပြည်

သူလူထုများ ခံစားရရှိနိုင်သော ညံ့ဖျင်းလှသည့် ကျန်းမာရေးကုသစောင့်ရှောက်မှု အနေအထားကို ထင်ဟပ်ဖော်ပြနေပါ

သည်။ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ထိန်းသိမ်းခံခဲ့ကြရသူများ၏ မိသားစုဝင်များက ပြောပြကြရာတွင်

၎င်းတို့မိသားစုဝင်များ ခံစားနေကြရသည့် နာတာရှည်ရောဂါများနှင့် ဆိုးရွားသည့် ကျန်းမာရေးအခြေအနေများ ကုသသက်

သာနိုင်ရန်အတွက် ဆေးဝါးများ ထောက်ပံ့ပေးခြင်းမရှိဟုလည်း ဖော်ပြခဲ့ကြပါသည်။ ပြန်လည်လွတ်မြောက်လာသူ ထိန်း

သိမ်းခံရသူ ၂ ဦးက အတည်ပြုပြောကြားကြရာတွင် ထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ၎င်းတို့ကို ဆရာဝန်နှင့် ကုသခံပိုင်

ခွင့်၊ အသက်အန္တရာယ် ခြိမ်းခြောက်စေနိုင်လောက်သည့် ကျန်းမာရေးအခြေအနေများအတွက် ဆေးဝါးကုသပေးခြင်းလည်း

မရှိဟု ပြောဆိုခဲ့ကြပါသည်။

ကျန်းမာရေးအခြေအနေ ဆိုးရွားကျဆင်းလာနေသော ထင်ရှားသည့်နိုင်ငံရေးအကျဉ်းသားများတွင်၊ ရွေးချယ်တင်

မြှောက်ခံထားရသူ လွှတ်တော်အမတ် (NLD) အဖွဲ့ဝင် ဦးသန်းငြိမ်း၊ ဒေါ်မေ၀င်းမြင့်၊ ဦးနိုင်းနိုင်းနှင့် သတင်းထောက် ဦးဝင်း

တင်တို့ ပါဝင်ပါသည်။ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော စာရေးဆရာဦးသန်းဝင်းလှိုင်၏

ကျန်းမာရေးအခြေအနေမှာလည်း ပြင်းထန်ဆိုးရွားသည့် အကျဉ်းထောင်အခြေအနေများကြောင့်၊ ကျဆင်းယိုယွင်းလာနေ

ပါသည်။ ၎င်း၏ မိသားစုဝင်များက ဆေးဝါးကုသခွင့်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုမှုကို အကျဉ်းထောင်အာဏာပိုင်များက

ငြင်းပယ်ခဲ့ပါသည်။ ရိုဟင်ဂျာလူမျိုး ရွေးချယ်တင်မြှောက်ခံထားရသူ လွှတ်တော်အမတ် ဦးကျော်မင်းနှင့် ၎င်း၏မိသားစုဝင်

များသည်လည်း ကျန်းမာရေးပြဿနာ ခံစားနေကြရပါသည်။

ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ သတင်းပေးပို့ချက်အရ ၎င်းတို့၏အဖွဲ့ဝင် ဦးစိုင်းလှအောင်မှာ သွေး

တိုးနှင့် ဆီးချိုရောဂါခံစားနေရပါသော်လည်း၊ ၃ နှစ်ကျော်ကာလအတွင်းတွင် ဆရာဝန်နှင့် ပြသကုသခံပိုင်ခွင့် မရသေးပါ။

ဒီဇင်ဘာလတွင် ၎င်း၏မိသားစုဝင်များက ဆရာဝန်နှင့် ပြသခွင့်ရရန် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း အာဏာပိုင်များထံမှ

ယခုနှစ်ကုန်တိုင် တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါ။

အစိုးရက နိုင်ငံရေးအကျဉ်းသားများ တဦးတယောက်မျှ ထိန်းသိမ်းထားခြင်း မရှိဟု ဆက်လက်ငြင်းဆန်နေသော်

လည်း၊ အကျဉ်းသားများထံမှ အစီရင်ခံချက်များအရ အာဏာပိုင်များက မကြာခဏဆိုသလို နိုင်ငံရေးအမှုအရ ထိန်းသိမ်း

ထားသူများကို ရာဇ၀တ်သား အခန်းများတွင် ရောနှောချုပ်နှောင်လေ့ရှိပြီး၊ ရာဇ၀တ်သားများက ရိုက်နှက်ခြင်း၊ မတရား

စော်ကားခံရခြင်းမျိုးလည်း ကြုံကြရပါသည်။

9

အစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ အနှောင့်အယှက်မရှိ အကျဉ်းသားများနှင့် တွေ့ဆုံနိုင်

ခွင့်ကို ဆက်လက်ငြင်းပယ်နေဆဲ ဖြစ်ပါသည်။ (အိုင်စီအာစီ) အဖွဲ့အနေဖြင့် အကျဉ်းသားများနှင့် တဦးချင်း လွတ်လပ်စွာ

တွေ့ဆုံခွင့် မရှိပါ။ ဆန္ဒရှိသည့်အတိုင်း အကြိမ်ကြိမ်သွားရောက် တွေ့ဆုံခွင့်လည်း မရှိပါ။ လိုအပ်သည့် ကျန်းမာရေးနှင့်

တကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ပစ္စည်းများလည်း ထောက်ပံ့ပေးနိုင်ခြင်း မရှိပါ။ ဤသို့ဖြစ်ရသည့်အတွက်ကြောင့် (အိုင်စီ

အာစီ) အဖွဲ့အနေဖြင့် လုံခြုံရေးအရ ထိန်းသိမ်းထားသူများ၊ ကလေးငယ်များ၊ နိုင်ငံခြားသားများ၊ အထူးထိခိုက်နစ်နာဖွယ်

အကြောင်းရှိနေသူ (ဥပမာ ဖျားနာနေသူများနှင့် သက်ကြီးအကျဉ်းသားများ) စသဖြင့် အမှုပေါင်း ၄,၀၀၀ ကျော်ကို ဆက်

လက်၍ လိုက်လံဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ။

(ဃ) အာဏာသုံး၍ သိမ်းကျုံးဖမ်းဆီးခြင်း၊ သို့မဟုတ် ထိန်းသိမ်းခြင်း။

ဖမ်းဆီးထိန်းသိမ်းမှုတစ်ခု ပြုလုပ်ရာတွင် ထိုလုပ်ရပ်သည် ဥပဒေနှင့် ကိုက်ညီမှု ရှိ-မရှိကို တရားနည်းလမ်းဖြင့်ဆုံး

ဖြတ်နိုင်ရန် ပြဌာန်းချက်မျိုး ဥပဒေတွင် မရှိပါ။ အစိုးရသည် ပုံမှန်ဆိုသလို အာဏာသုံးပြီး သိမ်းကျုံးဖမ်းဆီးခြင်း၊ ထိန်းသိမ်း

ခြင်းမျိုး ပြုလုပ်လျက်ရှိပါသည်။ ဥပဒေအရ အကျဉ်းသားများက ၎င်းတို့၏ မူလပြစ်ဒဏ်ကျခံရက်များ စေ့ပြီးသည့်တိုင်၊

အာဏာပိုင်များက ထောင်သက်တမ်းကို ဆက်လက်တိုးပိုင်ခွင့် ရှိနေပါသည်။ ထို့အပြင် ဤပြဌာန်းချက်ကို အစိုးရက မကြာ

ခဏဆိုသလို အသုံးပြုလျက် ရှိနေပါသည်။

ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ယန္တယားများ၏ အခန်းကဏ္ဍ

ရဲတပ်ဖွဲ့သည် စစ်တပ်၏အရံတပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ စစ်တပ်အရာရှိများ၏ တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်မှုအောက်တွင် ရှိ

နေပါသည်။ ၎င်းတို့အနေဖြင့် သာမန်ရာဇ၀တ်မှုများကို ကိုင်တွယ်လေ့ရှိပြီး၊ နိုင်ငံရေးနှင့်ဆိုင်သောပြစ်မှုများကို ကိုင်တွယ်

လေ့ မရှိကြပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖွဲ့စည်းပုံအရ ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေပါသည်။ အစိုးရ

က ချမှတ် လုပ်ဆောင်နေသောစနစ်ကြောင့် အဂတိလိုက်စားမှုများနှင့်၊ အပြစ်ရှိနေသူများကို အပြစ်ပေး အရေးမယူဘဲထား

ခြင်း များသည် ကြီးလေးသော ပြဿနာအဖြစ် ရှိနေပါသည်။ ဤစနစ်အရ ရဲများက ၎င်းတို့၏စစ်ဆင်ရေး လှုပ်ရှားမှုများ

အတွက် ငွေကောက်ခံကြပါသည်။ ပုံမှန်အားဖြင့် ပြစ်မှုစုံစမ်းစစ်ဆေးရေးများအတွက်၊ ရဲများက ကျသင့်သော ကုန်ကျစရိတ်

ကို နစ်နာရသူများကို ကျခံစေပါသည်။ ထို့အပြင် ရဲများက သာမန်ပြည်သူလူထုများထံမှ ငွေညှစ်ကောက်ခံမှုများလည်း

ရှိပါသည်။ လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် အကျုံးဝင်သည့်ဥပဒေ

ပြဌာန်းချက်မျိုး မရှိပါ။ အစိုးရကလည်း လုံခြုံရေးတပ်ဖွဲ့များကို ပြုပြင်ပြောင်းလဲရန်အတွက် သိသာထင်ရှားစွာ ဆောင်ရွက်

ချက်များ မတွေ့ရပါ။

တပ်မတော်ရေးရာ လုံခြုံရေးအဖွဲ့ (MSA) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အထူးသတင်းတပ်ဖွဲ့ (SB) အရာရှိများက

အစိုးရက အန္တရာယ်ရှိသည်ဟု ယူဆသော "နိုင်ငံရေးပြစ်မှုများ"နှင့် ပတ်သက်သူများကို ဖမ်းဆီးရာ၌ တာဝန်ယူလေ့ရှိကြပါ

သည်။ အကယ်၍ ဖမ်းဆီးပြီးပါက တပ်မတော်ရေးရာ လုံခြုံရေးအဖွဲ့ (MSA) အရာရှိများ၊ တစ်ခါတရံတွင် အထူးသတင်း

တပ်ဖွဲ့ (SB) အရာရှိများက ဖမ်းဆီးထားသူ အကျဉ်းသားများကို ဒေသဆိုင်ရာ (MSA) စစ်ကြောရေးစခန်းများသို့ ခေါ်

ဆောင်သွားပြီး၊ (MSA) အရာရှိများက စစ်ဆေးမေးမြန်းမှုများ ပြုကြပါသည်။ စစ်ဆေးမေးမြန်းသောကာလမှာ နာရီအချို့မှ

လများစွာတိုင် ကြာမြင့်တတ်ပြီး စစ်ကြောနေစဉ်ကာလမှာပင် မည်သည့်အချိန်၌မဆို အမှုဖြင့် စွဲချက်တင်သည်လည်း ရှိပါ

သည်။

10

ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) အဖွဲ့ကလည်း တရားဥပဒေစည်းကြပ်ရေးတာဝန်များကို တိုး၍ယူပြီး လုပ်ဆောင်နေ

ပါသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင်သော်လည်းကောင်း၊ စစ်ကြော

ရာတွင်သော်လည်းကောင်း ပါဝင်ဆောင်ရွက်နေကြပါသည်။

ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်း

ဥပဒေအရ ရှာဖွေရန်နှင့် ဖမ်းဆီးရန်အတွက် တရားရုံး၏ခွင့်ပြုချက် (၀ရမ်း) လိုအပ်ပါသည်။ သို့သော်လည်း

တပ်မတော်ရေးရာ လုံခြုံရေးအဖွဲ့ (MSA) နှင့်ရဲတို့တွင် လိုအပ်သလို ရှာဖွေ ဖမ်းဆီးမှုပြုနိုင်သော အထူးအာဏာရှိနေပါ

သည်။ ဥပဒေအရ လူတစ်ဦးကို တရားစွဲဆိုခြင်းမရှိဘဲ ၂ ပတ်ကြာသည့်တိုင် ထိန်းသိမ်းထားခွင့်ကို တရားရုံးကချပေးနိုင်

ပါသည်။ လိုအပ်ပါက နောက်ထပ် ၂ ပတ်ထပ်တိုး၍ ထိန်းသိမ်းထားနိုင်ပါသည်။ သို့သော်လည်း အာဏာပိုင်များက ထိန်း

သိမ်းထားသူများကို တရားသူကြီး၏ရှေ့မှောက်သို့ တင်သွင်းလာခြင်းမရှိဘဲ ကာလတိုးချဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသည်

လည်း ရှိပါသည်။ မကြာခဏဆိုသလို အစိုးရက ၁၉၅၀ ခုနှစ် အရေးပေါ်စီမံချက် အက်ဥပဒေကိုသုံး၍ အချိန် အကန့်

အသတ်မရှိ လူများကို ထိန်းသိမ်းထားတတ်ပါသည်။ လက်တွေ့တွင် သူတို့ကို စွဲဆိုသည့်ပြစ်မှုများကို အသိပေးခြင်းမရှိဘဲ

နှစ်များစွာကြာသည့်တိုင် ထိန်းသိမ်းခံထားရသူ အများအပြားရှိပါသည်။

ရာဇ၀တ်မှုအများတွင် အာမခံဖြင့်လွှတ်ပေးခြင်းကို လုပ်လေ့ရှိသော်လည်း၊ နိုင်ငံရေးအကျဉ်းသားများကို အာမခံ

ဖြင့် လွှတ်ပေးခြင်းမျိုး ရှိလျှင်သော်မှ အလွန်နည်းပါးလှပါသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူ၏ ရှေ့နေနှင့်တိုင်ပင် အကြံရ

ယူခွင့်ကိုလည်း အစိုးရက ပုံမှန်ဆိုသလို ငြင်းပယ်တတ်ပါသည်။ ထိန်းသိမ်းခံထားရသူနှင့် မိသားစုကို မိမိတို့ဆန္ဒအရ လွတ်

လပ်စွာ ကိုယ်စားပြုမည့်ရှေ့နေရွေးချယ်ခွင့်ကိုလည်း ငြင်းပယ်တတ်ပြီး၊ အစိုးရက ခန့်ထားသောရှေ့နေကိုသာ အတင်း

အကျပ် အသုံးပြုစေပါသည်။ ပြင်ပနှင့် ဆက်သွယ်ခွင့်မပေးဘဲ ထိန်းသိမ်းထားခြင်းကိုလည်း အစိုးရက ဆက်လက်ကျင့်သုံး

နေပြီး၊ ကာလအတန်ကြာသည့်တိုင် ထိန်းသိမ်းခံထားရသူ၏ မိသားစုထံသို့ အကြောင်းကြားအသိပေးရန် မကြာခဏ ဆို

သလို ပျက်ကွက်နေတတ်ပါသည်။

သြဂုတ်လမှ ဒီဇင်ဘာလအတွင်း စစ်အစိုးရက အနည်းဆုံး လူပေါင်း ၃,၀၀၀ ကို ထိန်းသိမ်းခဲ့ပါသည်။ ထိန်းသိမ်းခံ

ရသူများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားသူများ၊ အတိုက်အခံ ထိပ်တန်းခေါင်းဆောင်များနှင့် ရွေးချယ်

ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ဖြစ်ပါသည်။ မစ္စတာပင်ညဲရိုး၏ခန့်မှန်း ချက်အရ စက်တင်ဘာ

လနှင့် အောက်တိုဘာလအတွင်းတွင်ပင် လူပေါင်း ၃,၀၀၀ မှ ၄,၀၀၀ အထိ ထိန်းသိမ်းခံရဖွယ်ရှိကြောင်း ဖော်ပြပါသည်။

သြဂုတ်လနှင့် အောက်တိုဘာလထုတ် မြန်မာ့အလင်းသတင်းစာ ပါ ဆောင်းပါးများက ဖော်ပြကြရာတွင် ဒီမိုကရေစီတောင်း

ဆိုသည့်ဆန္ဒပြပွဲများတွင် ပတ်သက်ဆက်စပ်နေသူ လူပေါင်း ၂,၉၀၀ ခန့်ကို ထိန်းသိမ်းခဲ့သည်ဟု ဖော်ပြပါသည်။ သြဂုတ်

လ ၂၇ ရက်နေ့တွင် ဖော်ပြသည့် သတင်းစာခေါင်းကြီးပိုင်း၌ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများက အမျိုးသားညီလာခံ

ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ဆောင်ရွက်နေကြပြီး၊ ၎င်းတို့ကို ထောက်ခံသူများအနေဖြင့် တသီးပုဂ္ဂလနိုင်ငံသားများ၏

လက်စားချေတုံ့ပြန်မှုနှင့် ကြုံရလိမ့်မည်ဟု သတိပေးရေးသားခဲ့သည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် အာဏာပိုင်များက ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစုမှ ဒီမိုကရေစီရေးလှုပ်

ရှားနေသူ ခေါင်းဆောင် ၁၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ၎င်းတို့မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊

ကိုမြအေး၊ ကိုဂျင်မီ၊ ကိုဇေယျ၊ ကိုမာကီး၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇော်ဇော်မင်း၊ ကိုသက်ဇော်၊ ကိုဉာဏ်လင်း

တို့ ဖြစ်ပါသည်။ ရဲများက ၎င်းတို့ကို နေထိုင်ရာအိမ်များတွင် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခဲ့ကြပြီး၊ သူတို့၏ ကွန်ပြူတာများ၊

11

စာရွက်စာတမ်းများကိုလည်း သိမ်းဆည်းခဲ့ကြပါသည်။ ဤဖမ်းဆီးမှုသည် သြဂုတ်လ ၁၉ ရက်နေ့တွင် ၈၈ မျိုးဆက်

ကျောင်းသားများ က ဦးဆောင်၍ လမ်းလျှောက်ဆန္ဒပြကြပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ သြဂုတ်လ ၂၂ ရက်နေ့

တွင် စစ်အစိုးရ၏ တရားဝင်သတင်းစာတွင် ဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်တွင် ဤခေါင်းဆောင်များကို ဖမ်းဆီးခဲ့ရ

ခြင်းမှာ ဆန္ဒပြပွဲများ ဖြစ်ပွားလာစေရန် လှုံ့ဆော်ခြင်းနှင့် အမျိုးသားညီလာခံပျက်ပြားအောင် ဆောင်ရွက်ခြင်းကြောင့်ဟု

စွပ်စွဲဖော်ပြခဲ့ပါသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး (USDA) အဖွဲ့ဝင်များက အမျိုးသားဒီမိုကရေစီ ဌာနချုပ်ရုံးအနီး၌

ကျင်းပသည့် လူထုစုဝေးပွဲတခုတွင် (NLD) အဖွဲ့ဝင်နှင့် ထောက်ခံသူ ၁၆ ဦးကို ဖမ်းဆီးခဲ့ကြပါသည်။ ထိန်းသိမ်းခံရသူ ဆန္ဒ

ပြသူများမှာ သင်္ကန်းကျွန်းမှ ကိုမျိုးခင်၊ ကိုကြည်ဖြူ၊ ကိုအောင်မင်းနိုင်၊ ကိုထွန်းမြင့်၊ ကိုတင်မြင့်၊ ကိုတင်ဦးမောင်၊ ကိုဖြိုးမင်း

ကျင်၊ ကိုတင်ဇော်ဦး၊ ကိုလေးလွင်၊ ကိုဇော်ဇော်အောင်နှင့် ကိုရဲတို့ ဖြစ်ပါသည်။ နိုင်ငံခြားသံတမန်များအပါအ၀င် မျက်မြင်

သက်သေများ၏ ဖော်ပြချက်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များက ဆန္ဒပြသူများကို နှုတ်ဖြင့်ဆဲရေးခြင်း၊ ကိုယ်ကာယ အရ

တွန်းထိုးခြင်း ပြုနေသည့်အချိန်တွင် ရဲများက ဘေးမှ ရပ်ကြည့်နေကြပါသည်။ အချို့သူများမှာ အပြင်းအထန်နာကျင် ဒဏ်

ရာရခဲ့ကြပါသည်။ နောက်ပိုင်းတွင် သူတို့ကို ထရပ်ကားများပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားကြပါသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ အာဏာပိုင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့

ဝင် ၇ ဦးကို ဆန္ဒပြရန်အသွားတွင် ဖမ်းဆီးခံခဲ့ရပါသည်။ မျက်မြင်သက်သေများ၏ ဖော်ပြချက်အရ အာဏာပိုင်များက ထိန်း

သိမ်းထားသူများကို နှုတ်အားဖြင့် ဆဲရေးခြင်း၊ ကိုယ်ကာယအားဖြင့် ကျူးလွန်စော်ကားခြင်းများ ပြုခဲ့ကြပြီး၊ အမျိုးသားဒီမို

ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦး ဖြစ်သူနှင့် ကိုယ်ခံအားကျရောဂါ (HIV/AIDS) အရေး လှုပ်ရှားနေသူတစ်ဦး ဖြစ်သူ မဖြူဖြူ

သင်း မည်သည့်နေရာတွင်ရှိသည်ကို ရဲများကို ပြောပြရန်လည်း တောင်းဆိုခဲ့ကြပါသည်။ အလားတူပင် သြဂုတ်လ ၂၄

ရက်နေ့တွင် ရဲများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များက ရန်ကုန်မြို့တော်ခမ်းမအနီး ဆန္ဒပြရန် ပြင်ဆင်နေသူ လှုပ်ရှားသူ ၁၇ ဦး

ကို ဖမ်းဆီးခဲ့ကြပါသည်။ မျက်မြင်သက်သေများ၏ ဖော်ပြချက်အရ ဆန္ဒပြသူများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် အရပ်

ဝတ်ရဲများက ရိုက်နှက်ဖမ်းဆီးခဲ့ကြပါသည်။ ထိုနေ့တွင်ပင် လူ့အခွင့်အရေးလှုပ်ရှားနေသူ ဦးအေးမြင့်ကိုလည်း ရဲများက

နေအိမ်တွင် ဖမ်းဆီးခဲ့ကြပါသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစုမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မစန္ဒာမင်းကို နိုင်ငံ

ခြားသံရုံးတစ်ခုမှ ကျင်းပသည့် ပွဲတစ်ခုမှ အပြန် နေအိမ်တွင်ဖမ်းဆီးခံခဲ့ရပါသည်။ ရဲများက သူမ၏ ကွန်ပြူတာနှင့် ပုဂ္ဂိုလ်

ရေးဖိုင်များကိုလည်း သိမ်းဆည်းခဲ့ပါသည်။ အလားတူပင် သြဂုတ်လ ၂၅ ရက်နေ့တွင် လုံခြုံရေးတပ်များက ဒီမိုကရေစီ

အရေး လှုပ်ရှားသူနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထင်ကျော်ကို၊ ၎င်းကို

ထောက်ခံသူများဖြစ်သည့် ကိုဇော်ညွန့်၊ ကိုကံ၊ ဦးဟန်တီတို့နှင့်အတူ ရန်ကုန်တွင် ဆန္ဒပြခဲ့ပြီး များမကြာမီပင် ဖမ်းဆီးခဲ့ပါ

သည်။ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမပြုမီ ပြင်းထန်စွာ ရိုက်နှက်ခံရကြောင်းလည်း မျက်မြင်သက်သေများက ဖော်

ပြကြပါသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ရဲများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များက ဒီမိုကရေစီအရေး လှုပ်ရှားသူတစ်ဦးဖြစ်သူနှင့်

အလုပ်သမားအရေး လှုပ်ရှားသူ မစုစုနွေးဦးဆောင်သည့်၊ လှုပ်ရှားသူ ၂၀ ခန့် ပါဝင် သည့် ဆန္ဒပြမှုတစ်ခုကို ၀င်ရောက်

တိုက်ခိုက်ခဲ့ကြပါသည်။ မစုစုနွေးကို ကာကွယ်ပေးနေသည့်သူများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် အရပ်ဝတ်ရဲများက

ရိုက်နှက် ဖမ်းဆီးခဲ့ကြပါသည်။

12

စက်တင်ဘာလ ၂၅ ရက်နေ့တွင် အာဏာပိုင်များက လူရွှင်တော်လည်းဖြစ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး

လည်းဖြစ်သည့် ကိုဇာဂနာကို ဖမ်းဆီးခဲ့ကြပါသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် သူ့ကို ပြန်မလွှတ်ပေးမီအထိ

တရားခုံရုံးတင် စစ်ဆေးခြင်း မရှိဘဲ ထိန်းသိမ်းထားခဲ့ပါသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရဲများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်း၊ ပါတီ

အဖွဲ့ဝင် ဦးလှဖေ၊ ပါတီ၏ ဗဟိုအမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင် ဒေါ်လဲ့လဲ့၊ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်ကိုယ်စား

လှယ် ဦးထောင်ခိုထန်း၊ ဇိုမီးအမျိုးသား ကွန်ဂရက်ခေါင်းဆောင် ပူကျင့်ရှင်းထန်တို့ကို ဖမ်းဆီးခဲ့ကြပါသည်။ အောက်တိုဘာ

လ ၃၀ ရက်နေ့တွင် ပြန်လွှတ်မပေးမီအထိ သူတို့ကို ခုံရုံးတင်တရားစွဲဆိုခြင်း မရှိဘဲ ထိန်းသိမ်းထားခဲ့ပါသည်။ ပူကျင့်ရှင်း

ထန်ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့ပြန်သည်။ ခုံရုံးတင်စွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်းထားပြီး သူ့ကို နိုဝင်ဘာ

လ ၂၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပါသည်။

စက်တင်ဘာလ ၂၆ ရက် ညတွင် စစ်သားများနှင့် ရဲများက ရန်ကုန်ရှိ ဘုန်းတော်ကြီးကျောင်း ၆ ခုကို ၀င်ရောက်

စီးနင်းခဲ့ကြပြီး၊ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးအိန္ဒကအပါအ၀င် သံဃာ ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့ပါသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်တစ်လုံးကို ၀င်ရောက်စီးနင်း၍ ၈၈ မျိုးဆက်

ကျောင်းသားများ အင်အားစုခေါင်းဆောင် ကိုဌေးကြွယ်နှင့် အခြား ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို ဖမ်းဆီးခဲ့ပါသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းရှိ ရဲများက ကိုဝဏ္ဏအောင်၊ ကိုရဲမင်းဇော်၊ ကိုစိုးခိုင်တို့ကို ဖမ်း

ဆီးခဲ့ပါသည်။ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ စတုတ္ထမြောက် အမျိုးသားဒီမို

ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုရွှေမောင်းကို မန္တလေးမြို့တွင် အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပါသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် စစ်အစိုးရက ထင်ရှားသည့် သံဃာတစ်ပါးဖြစ်သူနှင့် စက်တင်ဘာလ ဒီမိုကရေစီ

တောင်းဆိုသည့် ဆန္ဒပြပွဲများကို ဦးဆောင်စည်းရုံးခဲ့သည်ဟု စွပ်စွဲခံထားရသူ ဦးဂမ္ဘီရကို ဖမ်းဆီးခဲ့ပါသည်။ ယခုနှစ် ကုန်

ဆုံးချိန်အထိ သူ့ကိုဖမ်းဆီးထားကြောင်း တရားဝင်ဖော်ပြပြောဆိုခြင်း မရှိသေးဘဲ၊ မည်သည့်ပြစ်မှုနှင့် စွပ်စွဲထားသည်ကို

လည်း မသိရှိကြရပါ။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်အစိုးရက အလုပ်သမားအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို ဖမ်း

ဆီးခဲ့ပါသည်။ အာဏာပိုင်များက သူမကို သြဂုတ်လကတည်းကစ၍ လိုက်လံရှာဖွေ ဖမ်းဆီးနေခဲ့ပြီး ပုန်းအောင်းနေထိုင်ခဲ့

ရပါသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲ စုစုပေါင်း ၁၅၀ ခန့်က

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ရှိ ဘုန်းတော်ကြီးကျောင်းတခုကို ၀င်ရောက်စီးနင်းခဲ့ကြပါသည်။ ဘုန်းတော်ကြီးကျောင်းပိုင် ရန်ပုံငွေ

များကို သိမ်းယူခဲ့ပြီး၊ ကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရကိုလည်း ဖမ်းဆီးခဲ့ပါသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အာဏာပိုင်များက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊

ရွေးချယ်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သူ ဦးမြင့်နိုင်၊ အသက် ၇၀ အရွယ်ရှိ ရခိုင်အမျိုးသား

လှုပ်ရှားသူ ဦးတင်အုန်း၊ အသက် ၆၀ အရွယ်ရှိ ကချင်အမျိုးသားလှုပ်ရှားသူ ဦးခွန်တူးတို့ကို ဖမ်းဆီးခဲ့ပါသည်။ ဦးတင်အုန်း

ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပါသည်။ ကျန်သူများမှာ ယခုနှစ်ကုန်ဆုံးချိန်အထိ ဆက်လက်ထိန်းသိမ်းခံ

နေရဆဲ ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်သားများက ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ကချင်ပြည်နယ်၊

တုံဖုန်းယန်မြို့နယ်ရှိ ဒေသရုံးခွဲတစ်ခုကို ၀င်ရောက်စီးနင်းခဲ့ကြပြီး၊ (ကေအိုင်အို) ရဲဘော် ၆ ဦးနှင့် အဆင့်မြင့် အရာရှိ ၂ ဦး

13

ကို ဖမ်းဆီးခဲ့ကြပါသည်။ နောက်ပိုင်းတွင် သတင်းမီဒီယာများဖော်ပြချက်အရ ဇိုင်စန်းနှင့် ဇော်ဂေါင်ဟု ဖမ်းဆီးခံရသူ

အရာရှိ ၂ ဦးအမည်ကို သိကြရပါသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အာဏာပိုင်များက လူ့အခွင့်အရေးလှုပ်ရှားသူ ကိုအောင်ဇော်ဦးကို ရန်ကုန်ရှိ

လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဖမ်းဆီးခဲ့ပါသည်။ ယခုနှစ် ကုန်ဆုံးချိန်အထိ စစ်အစိုးရက ဖမ်းဆီးထားကြောင်း ဖော်ပြခြင်း

မရှိသေးပါ။ ၎င်းပုဂ္ဂိုလ်မှာ မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရှိကြရပါ။ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရဲများက

ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုဝင်းမော်နှင့် ကိုမြတ်စံတို့ကို ဖမ်းဆီးခဲ့ပါသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အာဏာပိုင်

များက ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုအောင်ကြီးကို ဖမ်းဆီးခဲ့ပါသည်။

စက်တင်ဘာလ ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများနှင့် ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၁,၀၀၀ ခန့်မှာ

ယခုနှစ် ကုန်ဆုံးချိန်တိုင် ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပြီး၊ ယခုဆန္ဒပြပွဲများ မဖြစ်ပွားမီ အကျဉ်းချထားသူ နိုင်ငံရေး

အကျဉ်းသား နောက်ထပ် ၁,၁၅၀ ခန့် ရှိနေပါသည်။ အချို့လှုပ်ရှားသူများမှာ ယခုနှစ်ကုန်ဆုံးချိန်တိုင် ပုန်းအောင်းနေကြရ

ဆဲဖြစ်ပြီး၊ စစ်အစိုးရက အလိုရှိ၍ လိုက်လံရှာဖွေဖမ်းဆီးနေဆဲ ဖြစ်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်

ဇန်န၀ါရီလတွင် အာဏာပိုင်များက လွတ်လပ်ရေးနေ့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးခဲ့ပြီး၊ အကျဉ်း

သား ၂,၈၃၀ ခန့်ကို လွှတ်ပေးခဲ့ပါသည်။ သို့သော်လည်း လွှတ်ပေးသူအများစုမှာ ရာဇ၀တ်မှုငယ်များဖြင့် ပြစ်ဒဏ်ကျခံထား

ရသူများသာ ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၎င်းတို့တွင် ရွေးချယ်ခံ ပြည်သူ့

လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသောင်းထွန်း၊ ကိုသန်းဝင်းလှိုင်၊ ကိုစိုးမိုးနိုင်၊

ကိုကျော်ရွှေ၊ ကိုကျော်ထူးနှင့် ကိုခင်မောင်ဦး (ခေါ်) ကိုစောဝင်းတို့လည်း အပါအ၀င် ဖြစ်ပါသည်။

(င) အများရှေ့မှောက်တွင် တရားမျှတစွာ တရားစစ်ဆေးစီရင်မှု မရှိခြင်း။

တရားရေးအာဏာပိုင်များမှာ အစိုးရနှင့်နွယ်နေပြီး၊ လွတ်လပ်မှု မရှိပါ။ နိုင်ငံတော်တရားရုံးချုပ်တွင် တာဝန်ယူမည့်

တရားသူကြီးများကို (နအဖ) စစ်အစိုးရက ခန့်ထားပြီး၊ အပြန်အလှန်အားဖြင့် ထိုတရားသူကြီးများကလည်း (နအဖ) ၏

အတည်ပြုချက်ကို ရယူပြီး၊ အောက်ခြေတရားရုံးအဆင့်ဆင့်အတွက် တရားသူကြီးများကို ခန့်အပ်ပါသည်။ ထိုတရားရုံးများ

သည် (နအဖ) ပြဌာန်းထားသော ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ကြေငြာချက်များကို အခြေပြု၍ အမှုများကို

စစ်ဆေးဆုံးဖြတ်ကြပါသည်။ တရားစီရင်ရေးစနစ်တွင် မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်နှင့် နိုင်ငံတော် (သို့မဟုတ်) ဗဟို

အဆင့်တရားရုံးများ ပါဝင်ကြပါသည်။ အရပ်သားများအတွက် သီးသန့်စစ်ခုံရုံးများ မရှိသော်လည်း၊ စစ်အစိုးရက နိုင်ငံရေး

ပြစ်မှုဖြင့် ညိစွန်းသည်ဟု စွပ်စွဲထားသူ အရပ်သားများအတွက် တရားခုံရုံးများကို စစ်ခုံရုံးများသို့ လွှဲပြောင်းစစ်ဆေးစေမှု ရှိ

ပါသည်။

အစိုးရက အမိန့်ဒီကရီများနှင့် ဆက်လက်အုပ်ချုပ်နေပြီး၊ ဤဥပဒေများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ

ပြဌာန်းထားသော လူအများရှေ့မှောက်၌ စစ်ဆေးသည့် တရားမျှတမှုရှိသော တရားခုံရုံးများ၊ အခြားသော အခွင့်အရေးများ

နှင့်လည်း ကိုက်ညီမှု မရှိပါ။ ဗြိတိသျှခေတ်က ကျင့်သုံးခဲ့သော တရားစီရင်ရေးစနစ်မှ ကြွင်းကျန်ရစ်သည်များဆက်လက်

တည်ရှိနေသော်ငြားလည်း တရားခုံရုံးစနစ်များနှင့် ထိုတရားရုံးများ၏ လုပ်ဆောင်ပုံများသည် အားနည်းချက်များဖြင့် ဆိုးဆိုး

ရွားရွား တည်ရှိနေသည်။ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာအမှုများအား ကိုင်တွယ်ဆောင်ရွက်ရာတွင် ဖြစ်သည်။ အရေးပေါ်

14

စီမံချက်အက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေနှင့် နိုင်ငံတော်

အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ အစရှိသည့် လွှမ်းခြုံသက်

ရောက်မှု ရှိသည့် ဥပဒေများကို မတော်မတရား တလွဲအသုံးချ၍ နိုင်ငံရေးရည်ရွယ်ချက်များအတွက် တရားခုံရုံးများကို

အလွဲသုံးစား ပြုခြင်းအားဖြင့် နိုင်ငံသားများ၏ တရားမျှတသောတရားစီရင်ပိုင်ခွင့် ရရှိရေးကို ထိခိုက်နစ်နာစေပါသည်။

နိုင်ငံသားများ၏ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲဖော်ပြခွင့်ကိုလည်း ကျိုးပျက်စေပါသည်။ အုပ်ချုပ်ရေး အမိန့် (၅/၉၆) အရ

အမျိုးသားညီလာခံကို နှောင့်ယှက်ဆန့်ကျင်ရန် ခြိမ်းခြောက်မှု ဖြစ်စေသည်ဟု ယူဆလျှင် မည်သူကိုမဆို ဖမ်းဆီးခွင့်ပြုထား

ပါသည်။ သို့အတွက်ကြောင့် ညီလာခံကိုယ်စားလှယ်များနှင့် စိတ်ဝင်စားသူ နိုင်ငံသားများအကြား လွတ်လပ်စွာ ဆွေးနွေး

ငြင်းခုန်ခွင့်ကို ပိတ်ဆို့တားဆီးရာ ရောက်စေပါသည်။ အကျယ်အပြန့်အဂတိလိုက်စားမှုများ ရှိနေသောကြောင့်လည်း

တရား စီရင်ရေးစနစ်၏ ဘက်မလိုက်မှုကို ထပ်မံထိပါး ပျက်ယွင်းစေပါသည်။

တရားစီရင်ရေးလုပ်ထုံးလုပ်နည်း

စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားခြင်းမရှိပါဟု ငြင်းဆိုနေသော်လည်း နိုင်ငံရေးအကျဉ်းသား

များနှင့် ပတ်သက်သည့် ရာဇ၀တ်မှုခင်း စစ်ဆေးသည့်ခုံရုံးများနှင့် သာမာန်ရာဇ၀တ်မှုများနှင့် စွဲဆိုခံရ၍ ထုချေရသူများနှင့်

တရားရုံး လုပ်ထုံးလုပ်နည်းများအကြား အခြေခံကျကျ ကွဲလွဲမှု ရှိနေပါသည်။ တရားစီရင်မှုဆိုင်ရာ အခြေခံရပိုင်ခွင့် အခွင့်

အရေးများဖြစ်သော တရားခံရှေ့နေမှ ကိုယ်စားပြုခွင့် စသည်တို့ကို ယေဘုယျအားဖြင့် ရာဇ၀တ်ပြစ်မှုဆိုင်ရာ မှုခင်းကိစ္စများ

တွင်သာ အသိအမှတ်ပြုကျင့်သုံးခံရပြီး၊ အထူးသဖြင့် အစိုးရက ဆတ်ဆတ်ထိမခံနိုင်သော ကိစ္စရပ်များဟု ဆိုနိုင်သော

နိုင်ငံရေးမှုခင်းကိစ္စ များတွင် ဤအခွင့်အရေးမျိုး မရရှိပေ။ ဥပဒေအရ သေဒဏ်ကျခံရလောက်သည့် ပြစ်မှုများမှလွဲ၍ ကျန်

သောအမှုများတွင် ရှေ့နေကို အစိုးရစရိတ်ဖြင့် ထောက်ပံ့ပေးခြင်း မရှိပါ။ ရာဇ၀တ်မှုဆိုင်ရာ စစ်ဆေးသည့်ခုံရုံးများတွင်

ခုံသမာဓိလူကြီး ဂျူရီများကို ထားရှိအသုံးပြုလေ့ မရှိပါ။ သာမာန် ရာဇ၀တ်ပြစ်မှုဆိုင်ရာ ကိစ္စများတွင် တရားခံရှေ့နေများ

အား တရားခွင်အတွက် ပြင်ဆင်ရန် ယေဘုယျအားဖြင့် ၁၅ ရက် ပြင်ဆင်ချိန်ပေးပြီး၊ လိုပြသက်သေများကို ဆင့်ခေါ်ရန်၊

ပြန်လှန် မေးခွန်းထုတ်ရန် ခွင့်ပြုပါသည်။ အမှုပြင်ဆင်ရန်အတွက် ၁၅ ရက်အချိန်ဆွဲနိုင်ခြင်း စသည့် အခွင့်အရေးများကို

ခွင့်ပြုပါသည်။ သို့သော် ၎င်းတို့၏ ပင်မလုပ်ငန်းသည် ပုံမှန်အားဖြင့် အမှုသည်၏ အပြစ်ကို ထုချေငြင်းဆိုရန် မဟုတ်ဘဲ၊

တရားရုံးမှတင်ကြို နိဂုံးချုပ် ကောက်ချက်ဆွဲပြီး ဖြစ်နေတတ်သည့် အမှုသည်၏ပြစ်မှုအတွက် ဖြစ်နိုင်သမျှ အနည်းဆုံး

ထောင်ဒဏ်ကျခံရစေရန် တရားသူကြီးနှင့် အပေးအယူလုပ် ညှိနှိုင်းနိုင်ရုံမျှသာ ဖြစ်ပါသည်။ နိုင်ငံရေးမှုခင်းဆိုင်ရာ တရား

ခုံရုံးများသို့ ပုံမှန်အားဖြင့် မိသားစုဝင်များ၊ အများပြည်သူများ ၀င်ရောက်နားထောင်ခွင့် မရှိပါ။ ရံဖန်ရံခါ ခုခံချေပမည့် တရား

ခံရှေ့နေများကိုပင် ၀င်ခွင့်မပေးတတ်ပါ။ ယုံကြည်စိတ်ချလောက်သော အစီရင်ခံစာများအရ၊ စစ်အစိုးရ၏ ထိပ်တန်းအရာရှိ

ကြီးများသည် နိုင်ငံရေးမှုခင်းများစွာတွင် ဆုံးဖြတ်ချက်များကို ၀င်ရောက်ချမှတ်လေ့ရှိကြောင်း သိရပါသည်။ ဥပဒေကြောင်း

အရ သို့မဟုတ် သက်သေအထောက်အထားများအပေါ်တွင် အခြေခံ၍ အရေးယူဆောင်ရွက်ခြင်းမျိုး မဟုတ်ပါ။ ဥပဒေအရ

ရာဇ၀တ်ကျူးလွန်၍ ပြစ်ဒဏ်ကျခံရသူများကို အယူခံတင်သွင်းခွင့်ပြုထားသော်လည်း ဤသို့ပြစ်မှုကျခံရသူ အများစုမှာ

ဥပဒေအရခံစားပိုင်ခွင့်ရှိသည့် အယူခံပိုင်ခွင့်ကို ခွင့်မပြုဘဲ ကန့်သတ်ထားခြင်း ခံကြရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများသည် ပုံမှန်အားဖြင့် ရှေ့နေများ ၎င်း

တို့၏ အမှုကို လိုက်ခြင်းအားဖြင့် ပြစ်ဒဏ်ကျခံရနိုင်သည်ဟု စိုးရိမ်ကြောင့်ကျစရာ မလိုဘဲ၊ ရှေ့နေဖြင့်တိုင်ပင် အကြံရယူ

နိုင်ကြပါသည်။ သို့သော်လည်း မည်သည့်အချိန်၊ မည်သည့်နေရာတွင် တရားခွင် စတင်စစ်ဆေးမည်ကို ရှေ့နေများကို

15

အကြောင်းကြားအသိပေးခြင်း မရှိတတ်ပါ။ များသောအားဖြင့် ၎င်းတို့ရှေ့နေလိုက်ပေးရမည့် အမှုသည်၏ တရားခွင်သို့

ဝင်ရောက် ခွင့်လည်း ငြင်းပယ်ခံရတတ်ပါသည်။ ဒီဇင်ဘာလတွင် အာဏာပိုင်များက ဒီမိုကရေစီအရေး လှုပ်ရှားသူ

မစုစုနွေးနှင့် ကိုထင်ကျော်တို့၏ တရားခုံရုံးကို လူအများရှေ့တွင် မဆောင်ရွက်ဘဲ၊ အင်းစိန်အကျဉ်းထောင်အတွင်းတွင်

အထူးသီးသန့် စီစဉ်ထားသည့် တံခါးပိတ်ခုံရုံးဖြင့် ဆုံးဖြတ်ခဲ့ပါသည်။ ဤသို့ တံခါးပိတ်ဆောင်ရွက်သည့် တရားခုံရုံးများတွင်

မိသားစုဝင် များကိုသော်လည်းကောင်း၊ ၎င်းတို့၏ရှေ့နေကိုသော်လည်း အာဏာပိုင်များက တက်ရောက်ခွင့် မပြုခဲ့ပါ။

တနည်းအားဖြင့် ၎င်းတို့ကို ခုခံချေပခွင့် မပြုခဲ့ပါ။ လူအများရှေ့မှောက်တွင် တရားစီရင်ကြားနာရန် တောင်းဆိုချက်များ

လည်း ပယ်ချခံခဲ့ရပါသည်။ ယုံကြည်ရလောက်သည့် သတင်းများအရ နိုင်ငံရေးအကျဉ်းသားများစွာမှာ အလားတူ တံခါး

ပိတ်ခုံရုံးများဖြင့် စစ်ဆေးခံခဲ့ကြရပြီး၊ ရှေ့နေဖြင့် ခုခံချေပခွင့် တိုင်ပင်ခွင့်မရှိဘဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါသည်။

ဤ နှစ်ကုန်ဆုံးချိန်အထိ၊ အကျဉ်းထောင်များအတွင်း အနည်းဆုံး ရှေ့နေ ၁၄ ဦး အကျဉ်းကျခံနေရပါသည်။

အများစုမှာ ၁၉၉၈ ခုနှစ် မတိုင်မီကတည်းက ဖမ်းဆီးထောင်ချခံရသူများ ဖြစ်ပါသည်။

အစိုးရက ပုံမှန်အားဖြင့် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်

ရှောက်သည့်ဥပဒေကို အသုံးချ၍ ထောင်ဒဏ်များကို သက်တန်းထပ်မံတိုးချလေ့ရှိပါသည်။ ပြည်ထဲရေးဝန်ကြီးက ၎င်း၏

တဖက်သတ်ဆုံးဖြတ်ချက်ဖြင့် ၂ လစီနှင့် ခြောက်ကြိမ်တိုင်တိုင်၊ (စုစုပေါင်း တနှစ်အထိ) ထောင်ဒဏ်သက်တမ်းကို တိုးချ

ခွင့် ပြုထားပါသည်။ (နအဖ) စစ်အစိုးရဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြစ်ဒဏ်တခုကို နောက်ထပ်ထောင်ဒဏ် ၅ နှစ်

ထပ်တိုးခွင့် ရှိပါသည်။ လွန်ခဲ့သောနှစ်အတွင်း ဤဥပဒေအရ ဖမ်းဆီးထားခဲ့သော နိင်ငံရေးအကျဉ်းသား တဦးမျှ ပြန်လည်

လွှတ်ပေးခဲ့ခြင်း မရှိပါ။

နိုင်ငံရေးအကျဉ်းသားများနှင့် ထိန်းသိမ်းထားသူများ

ဤနှစ်ဆုံးပိုင်းတွင်၊ အကျဉ်းထောင်များတွင် "လုံခြုံရေးအရ ထိန်းသိမ်းထားသူ" အနည်းဆုံး (၁,၄၀၀) ဦး ရှိနေပါ

သည်။ ၎င်းတို့အထဲတွင် နိုင်ငံရေးအကျဉ်းသားများ၊ ကုန်သည်များ၊ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာဥပဒေများကို ချိုးဖောက်သူ

များ၊ ဘာသာရေးအရ ဆူပူမှုများဖြစ်ပွားအောင် ပြုလုပ်သူဟု စွပ်စွဲခံရသူများ ပါဝင်ပါသည်။ အစိုးရက ပုံမှန်အားဖြင့် နိုင်ငံ

ရေးအရ ဖမ်းဆီးထားသူများကို ရာဇ၀တ်မှုများဖြင့် စွဲဆိုလေ့ရှိသောကြောင့်၊ နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားခြင်း

မရှိဟု အစိုးရက ငြင်းပယ်လေ့ရှိပါသည်။ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (အဲန်ဂျီအို) များနှင့် နိုင်ငံခြား သံတမန်ကိုယ်စား

လှယ်များ၏ ပြောဆိုချက်အရ ယခုနှစ်ကုန်ဆုံးချိန်တွင် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ရှိနေပါပြီး၊ ရွေးချယ်ခံ ပြည်သူ့

လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦး အပါအ၀င် ဖြစ်ပါသည်။ အစိုးရက ဤသို့စွပ်စွဲနေသော်လည်း ဤအကျဉ်းသား အများ

စုမှာ အကြမ်းဖက်မှု၊ ခိုးမှု သို့မဟုတ် အခြားသာမာန် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသူများ မဟုတ်ပါ။

ဇူလိုင်လ ၂၄ ရက်နေ့တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့မှ ကိုမြင့်လှိုင်နှင့် ကိုမြင့်နိုင်တို့ကို လူထုဆူပူ

အောင်လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် အလုပ်သမားအရေး လှုပ်ရှားသူ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊

ကိုမျိုးမင်းတို့ကို ဆူပူအောင်လှုံ့ဆော်မှု၊ မတရားအသင်း ဖွဲ့စည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုတို့ဖြင့်

ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့ပါသည်။ အလုပ်သမားအရေး လှုပ်ရှားသူ ကိုညီညီဇော်နှင့် ကိုကျော်ကျော်တို့ကို ဆူပူအောင်

လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါသည်။

16

အောက်တိုဘာလ ၁၅ ရက်နေ့တွင် စစ်အစိုးရက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မယ် အမျိုးသားဒီမိုကရေစီအဖွဲ့

ချုပ် ဥက္ကဋ္ဌဖြစ်သူ အသက် ၈၅ နှစ်အရွယ်ရှိ ဦးကျော်ခိုင်နှင့် အသက် ၇၅ နှစ်ရှိပြီဖြစ်သူ NLD အဖွဲ့ဝင် ဦးစိန်ကျော်ကို

အနည်းဆုံး ထောင်ဒဏ် ၄ နှစ်ခွဲ အပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ NLD အဖွဲ့ဝင် ကိုထွန်းကြည်နှင့် ကိုသန်းဖေတို့ကို တဦးချင်း

အတွက် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ပါသည်။ သတင်းများအရ အာဏာပိုင်များက ရခိုင်ပြည်နယ် NLD ခေါင်းဆောင် ကို

မင်းအောင်ကိုလည်း ထောင်ဒဏ် ၉ နှစ်ခွဲ အပြစ်ပေးခဲ့ပါသည်။ ဤပုဂ္ဂိုလ်များကို အရေးပေါ်စီမံချက် အက်ဥပဒေဖြင့် စွဲဆို

အပြစ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ ဤဥပဒေအရ ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ကြံစည်ဆောင်ရွက်သူ

များကို အာဏာပိုင်များက အပြစ်ပေးခွင့်ပြုထားပါသည်။ အစိုးရက သူတို့ဖမ်းဆီးမှုများကို ထုတ်ပြန်ကြေညာခြင်း မပြုသလို

၎င်းတို့အပေါ် စွဲဆိုသောပြစ်မှုများကိုလည်း လူအများသိအောင် ထုတ်ပြန်ခြင်း မပြုပါ။ ဤပုဂ္ဂိုလ် ၅ ဦးကိုလည်း တံခါးပိတ်

ခုံရုံးဖြင့် စီရင်အပြစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ယခုနှစ် ကုန်ဆုံးချိန်အထိ ၂၀၀၆ ခုနှစ်က အကျဉ်းချခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများမှာ ဆက်လက်ထောင်

ချခံထားရဆဲ ဖြစ်ပါသည်။ ၎င်းတို့မှာ ကိုဝင်းကို၊ ကိုဖြိုးဇော်လတ်၊ ကိုအောင်သိန်း၊ ကိုသိန်းဦး၊ ကိုအောင်မိုး၊ ကိုခိုင်မာစိုး၊ ကို

ခင်မောင်ဝင်း၊ စိုင်းညွန့်လွင်၊ ဆေထင်နှင့် စိုင်းညွန့်လွင်တို့ ဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဦးခွန်ထွန်းဦး

သည်လည်း အကျဉ်းထောင်ထဲ၌ ဆက်လက်ရှိနေဆဲ ဖြစ်ပါသည်။

အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီမှ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းသည်

၂၀၀၅ ခုနှစ်တွင် ထောင်ဒဏ် ၄၇ နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီး၊ သူ၏ဇနီး၊ သမီး ၂ ဦးနှင့် သား အသီးသီးတို့ကို အိမ်ထောင်စု

မှတ်ပုံတင်စာရင်း မှန်ကန်စွာ မထားရှိမှုနှင့် စွပ်စွဲကာ ထောင်ဒဏ် ၁၇ နှစ်စီ အပြစ်ပေးခံရပါသည်။ ယခုတိုင် အကျဉ်းကျခံ

နေရဆဲ ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာ တရားစွဲဆိုတင်သွင်းခြင်း၊

တရားခုံရုံးတင်ခြင်းမရှိဘဲ အိမ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါသည်။ မေလ ၂၅ ရက်နေ့တွင် (နအဖ) စစ်

အစိုးရက သူမ၏ အိမ်ချုပ်သက်တမ်းကို နောက်ထပ်တစ်နှစ် ထပ်မံတိုးခဲ့ပါသည်။ အာဏာပိုင်များက ဒေါ်အောင်ဆန်းစု

ကြည်ကို သူမအပေါ်ထောက်ခံသူများ၊ အခြားသောသူများနှင့် သူမစိတ်ဆန္ဒအတိုင်း လွတ်လပ်စွာတွေ့ဆုံနိုင်ခွင့်ကို ဆက်

လက်ငြင်းပယ်ထားဆဲ ဖြစ်ပါသည်။ သို့သော်လည်း နိုဝင်ဘာလ ၉ က်နေ့တွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်

ကို NLD ပါတီခေါင်းဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေတို့နှင့် အစိုးရဧည့်ဂေဟာတွင် စစ်

အစိုးရ စောင့်ကြပ်မှုအောက်၌ တွေ့ဆုံခွင့်ပြုခဲ့ပါသည်။ တစ်နေ့တည်းတွင်ပင် သူမက အလုပ်သမားဝန်ကြီးဖြစ်သူနှင့် စစ်

အစိုးရက ခန့်အပ်ထားသည့် ဆက်ဆံရေးအရာရှိလည်းဖြစ်သူ ဦးအောင်ကြည်နှင့် တွေ့ဆုံခဲ့ပါသည်။ အောက်တိုဘာလနှင့်

နိုဝင်ဘာလများတွင် ကုလသမဂ္ဂ၏ အထူးသံကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့်လည်း အစိုးရဧည့်ဂေဟာတွင် သူမကို

တွေ့ဆုံခွင့် ပြုခဲ့ပါသည်။ သို့သော်လည်း အာဏာပိုင်များက သူမကိုထောက်ခံသူများနှင့် တွေ့ဆုံခွင့်ရရန် နောက်ပိုင်း

တောင်းဆိုချက်များကို ငြင်းပယ်ခဲ့ပြီး၊ စစ်အစိုးရ၏ ကြားခံဆက်သွယ်ရေး အရာရှိ ဦးအောင်ကြည်နှင့် သူမတို့အကြား ပုံမှန်

တွေ့ဆုံမှုများ ပြုမည်ဆိုသည့် ကတိကိုလည်း ဆက်လက်အကောင်အထည်ဖော်ခဲ့ခြင်း မရှိပါ။ စစ်အစိုးရက သူမ၏ရှေ့နေ

နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုချက်ကိုလည်း ဆက်လက်၍ ငြင်းပယ်ထားခဲ့ပါသည်။ (NLD) ၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှာ

လည်း၊ တရားခုံရုံးတင်ခြင်းမရှိဘဲ၊ အိမ်ချုပ်ဖြင့် ဆက်လက်ချုပ်နှောင်ခံနေရဆဲ ဖြစ်ပါသည်။ အာဏာပိုင်များက သူ၏

အိမ်ချုပ်သက်တမ်းကို ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် တစ်နှစ်ထပ်မံတိုးချဲ့ခဲ့ပါသည်။

17

အရပ်ဖက် တရားစီရင်မှု လုပ်ထုံးလုပ်နည်းများနှင့် နစ်နာမှုများကို ပြန်လည်ကုစားမှုများ

မူအရ အရပ်ဖက် တရားစီရင်မှု လုပ်ထုံးလုပ်နည်းများနှင့် နစ်နာမှုများကို ပြန်လည်ကုစားမှုများ ရှိပါသည်။ သို့

သော်လည်း လက်တွေ့တွင် တင်ပြတိုင်ကြားချက် စောဒကမှုများကို မျှတလျော်ကန်စွာ ကြားနာပေးမည်ဟူသော အာမခံ

ချက်မရှိပါ။

(စ) လူတစ်ဦးချင်း အေးဆေးစွာနေထိုင်ခွင့်၊ မိသားစု၊ နေအိမ်နှင့် စာအဆက်အသွယ်များကို အာဏာသုံး၍ နှောက်ယှက်

ခြင်း။

ဥပဒေအရ ဤသို့ဆောင်ရွက်မှုများကို တားမြစ်မထားပါ။ ထို့အပြင် အာဏာပိုင်များသည်၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်

ရေးအရ အေးဆေးစွာနေထိုင်ခွင့်ကို အမြဲတစေ ချိုးဖောက်ခဲ့ပါသည်။ နေရာအနှံ့အပြားတွင် ရှိနေသော အစိုးရ၏ ထောက်

လှမ်းရေး ကွန်ရက်များ၊ အစိုးရ၏လုပ်ထုံးလုပ်နည်းများမှ တဆင့်၊ အစိုးရသည် နိုင်ငံသားအားလုံး၏ ခရီးသွားလာခွင့်ကို

စနစ်တကျစောင့်ကြည့် မှတ်သားနေပြီး၊ နိုင်ငံသား အတော်များများ၊ အထူးသဖြင့် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများ၏

လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေလျက်ရှိပါသည်။

တရားရုံးမှ ခွင့်ပြုအမိန့်မရဘဲ အိမ်တွင်းသို့ အဓမ္မ၀င်ရောက်မှုကို ဥပဒေအရ ခွင့်ပြုထားသည်။ ဥပဒေအရဆိုလျှင်

တစ်စုံတစ်ဦးသည် ၎င်း၏နေအိမ်အဖြစ် မှတ်ပုံတင်ထားသော နေအိမ်မှလွဲ၍ အခြားနေရာများတွင် ညအိပ်ညနေ နေမည်

ဆိုပါက ရဲစခန်းသို့ ကြိုတင်၍ အကြောင်းကြားရန် လိုအပ်ပါသည်။ အခြားနေရာမှလာသူ ဧည့်သည်အား လက်ခံသူ အိမ်

ရှင်သည် ဥပဒေအရ ရဲစခန်းသို့အကြောင်းကြားရပါမည်။ ရပ်ကွက်အဆင့် အရာရှိများသည် ညအချိန် ရှောင်တခင် အိမ်များ

သို့ ၀င်ရောက်၍ ဧည့်စာရင်းမတိုင်ကြားထားသူများ နေထိုင်မှုရှိ-မရှိ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပါသည်။

သြဂုတ်လမှစ၍ နိုင်ငံရေးအရ နှိမ်နင်းမှုများ ဖြစ်လာသည့်အခါ အာဏာပိုင်များက ရန်ကုန်တွင် အိမ်သို့အတင်းဝင်ရောက်

ရှာဖွေမှုများ၊ ညပိုင်း ဧည့်သည်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပါသည်။ ရန်ကုန်တိုင်းအတွင်းရှိ အာဏာပိုင်များက ရံဖန်ရံခါ

ဆိုသလို ဧည့်သည်စစ်ဆေးသည့်အခါ အစိုးရထောက်လှမ်းရေးများ အသုံးပြုနိုင်ရန်အတွက် မိသားစုဓါတ်ပုံများကိုလည်း

ကပ်ထားစေရန် လိုအပ်ကြောင်း ခိုင်းစေခဲ့ပါသည်။ သို့သော်လည်း ဤသို့စီမံဆောင်ရွက်မှုများ လျှော့နည်းလာခဲ့ကြောင်း

သိရပါသည်။ အိမ်ထောင်စုများက ၎င်းဓါတ်ပုံများအတွက် ကုန်ကျစရိတ်ကို ပေးဆောင်ရန် လိုအပ်ပြီး၊ ထိုဓါတ်ပုံတန်ဖိုး

သည်လည်း ပြင်ပပေါက်ဈေးထက် မြင့်၍ပေးကြရပါသည်။ ထိုသို့ တရားဝင်ခွင့်ပြုထားသောနေထိုင် ခွင့်ရှိသည့်သူများ

ဓါတ်ပုံကိုလည်း အိမ်များတွင် အစဉ်အမြဲ မြင်သာအောင် ထားရပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပုဂ္ဂလိကစာအဆက်အသွယ်များ၊ ဖုန်းခေါ်မှုများ၊ အီး-မေးလ်များကို ပုံမှန်စောင့်ကြည့်

စစ်ဆေးကြပါသည်။

အစိုးရက နှစ်ဖက်အသွားအပြန်ဆက်သွယ်၍ရသော၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးကရိယာများ၊ ၀ယ်ယူ

အသုံးပြုမှုနှင့် လိုင်စင်ရယူရန် ကြိုးပမ်းမှုကို ထိန်းချုပ်ထားပြီး၊ အနီးကပ် စောင့်ကြည့် ကြပ်မတ်နေပါသည်။ လိုင်စင်မဲ့

တယ်လီဖုန်း၊ ဖက်စ် စက် (fax)၊ သို့မဟုတ် ကွန်ပြူတာသုံးမိုဒမ် (မ်) (modem) များ လက်ဝယ်ရှိမှုကို ထောင်ဒဏ်ပေးနိုင်ပါ

သည်။ မှတ်ပုံမတင်ထားသော ကြိုးမဲ့ဖုန်း (cordless) ကိုင်ဆောင်သူများသည်လည်း၊ ထောင်ဒဏ် ၃ နှစ်နှင့် ကြီးလေသော

ဒဏ်ငွေများ ပေးဆောင်ရနိုင်ပါသည်။ ရေဒီယိုများ မှတ်ပုံမတင်ဘဲ ကိုင်ဆောင်ထားမှုကြောင့်လည်း ဒဏ်ငွေဖြစ်စေ၊ ထောင်

ဒဏ်ဖြစ်စေ ကျခံရနိုင်ပါသည်။

18

အစိုးရက တိုင်းရင်းသားလူနည်းစုများကို စစ်တပ်အတွက် ပေါ်တာအဖြစ် ဆင့်ခေါ်အသုံးချခြင်းများကို ပဲခူးတိုင်း၊

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် ဆက်လက်ဆောင်ရွက်လျက်

ရှိပါသည်။

အစိုးရ၀န်ထမ်းများသည် ယေဘုယျအားဖြင့် နိုင်ငံရေးပါတီများကို ထောက်ခံအားပေးခြင်း၊ ပါဝင်ပတ်သက်ခြင်းတို့

မှ တားမြစ်ထားပါသည်။ သို့သော် ယင်းသို့ တားမြစ်ထားမှုကို မတူကွဲပြားစွာ ခွဲခြားအသုံးပြုနေပါသည်။ အစိုးရ၏ လူထု

လူတန်းစား စည်းရုံးရေးအဖွဲ့များဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)၊ မြန်မာနိုင်ငံ အမျိုးသမီး

ရေးရာအဖွဲ့ချုပ် (MWAF)၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (MMCWA) တို့တွင်မူ အစိုးရသည် ၀န်

ထမ်းများနှင့် ကျောင်းသားများအားလုံးနီးပါးကို အဖွဲ့အစည်းများအတွင်းသို့ ပါဝင်စေရန်နှင့် အစိုးရကို ထောက်ခံသော

အစည်းအဝေးများတွင် တက်ရောက်စေရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ အစိုးရက အကျပ်ကိုင်

သောနည်းများကိုသုံး၍၊ ဆွဲဆောင်စည်းရုံး၍သော်လည်းကောင်း၊ ဖိအားပေး၍သော် လည်းကောင်း၊ (NLD) နှင့် အခြား

အတိုက်အခံနိုင်ငံရေးပါတီများ၏ အဖွဲ့ဝင်များကို နှုတ်ထွက်စေရန်လည်း ဆောင်ရွက်ခဲ့ပါသည်။ ဤသို့အတင်းအကျပ်ပြု

ခိုင်းစေထားသော နှုတ်ထွက်မှုသတင်းများကိုလည်း အစိုးရ၏သတင်းမီဒီယာများတွင် ဖော် ပြခဲ့ပါသည်။

စနစ်တကျပြဌာန်းထားခြင်းမရှိသော ပုဂ္ဂလိကပိုင်ဆိုင်ခွင့် အခွင့်အရေးနှင့် မြေပိုင်ဆိုင်မှု ဂရန်စာရင်းများ စနစ်

တကျထိန်းသိမ်းထားမှု မရှိသောကြောင့် အစိုးရက လူအများကို အတင်းအဓမ္မရွှေ့ပြောင်းစေခြင်းကို အလွယ်တကူပြုလုပ်

နိုင်ခဲ့ပါသည်။ ဥပဒေအရဆိုလျှင် ပုဂ္ဂလိကပြည်သူများကို မြေယာပိုင်ဆိုင်ခွင့် မပြုပါ။ မြေယာအသုံးချမှုနှင့်ပတ်သက်၍

နည်းမျိုးစုံခွဲထားပြီး ထိုသတ်မှတ်ထားသည့်အတိုင်း အသုံးချပိုင်ခွင့်ကိုသာ အစိုးရက ခွင့်ပြုပါသည်။ ဤမြေအများစုမှာ

လွတ်လပ်စွာ မြေယာလက်လွှဲပြောင်းပေးအပ်ခွင့် မရှိပါ။ ကိုလိုနီခေတ်လွန်ကာလ မြေယာဥပဒေများမှာ၊ ကိုလိုနီခေတ်ကြို

ကာလရှိ ဓလေ့ထုံးစံများကို ပြန်လည်အသက်သွင်းထားခြင်း ဖြစ်ပြီး၊ ပုဂ္ဂလိကများ၏ မြေပိုင်ဆိုင်နိုင်မှု အခွင့်အရေးမှာ ထို

မြေကို ထုတ်လုပ်မှုအတွက် အကျိုးရှိစွာ အသုံးချနိုင်မှုအပေါ်မှာသာ မူတည်သည်ဟု ဆိုပါသည်။

ဤနှစ်အတွင်း ကျေးလက်ဒေသများတွင် အဓမ္မနေရာရွှေ့ပြောင်းစေရန် ခိုင်းစေမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါ

သည်။ ဤသို့ အဓမ္မရွှေ့ပြောင်းစေမှုနှင့်အတူ မုဒိမ်းမှု၊ သတ်ဖြတ်မှု၊ စစ်တပ်အခြေခံ အဆောက်အဦများအတွက် အဓမ္မ

လုပ်အားဆင့်ဆိုမှုများ ပူးတွဲ၍ ဖြစ်ပေါ်ခဲ့ပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ အဆက်ဆက် စစ်အစိုးရများသည် လက်နက်

ကိုင်တိုင်းရင်း သားအုပ်စုများအပေါ် ထောက်ပံ့မှုများ ဖြတ်တောက်နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် လူနည်းစုတိုင်းရင်းသား

များကို အတင်းအကျပ် ပြောင်းရွှေ့စေသည့် နည်းဗျူဟာကို အသုံးပြုခဲ့ကြပါသည်။

မြို့ပြနေရာများတွင် ကျေးလက်ဒေသများထက် အတင်းအဓမ္မပြောင်းရွှေ့စေမှု ပိုမိုနည်းသည်ဆိုသော်လည်း ဆက်

လက်ဖြစ်ပေါ်နေကြောင်း အစီရင်ခံစာများက ဖော်ပြကြပါသည်။ သို့ သော် အစိုးရသည် အိမ်ထောင်စုများကို "လုံခြုံရေး

အကြောင်းပြချက်" ဖြင့် ဆက်လက်ပြောင်းရွှေ့မှုများပြုလုပ်နေသေးကြောင်း အစီရင်ခံမှုများ ရှိနေပါသည်။ ရန်ကုန်မြို့တွင်

စီးပွားရေးအရ အမြတ်အစွန်းရရှိရန် အသုံးပြုနိုင်မည့်နေရာများတွင် တည်ရှိနေသော အိုးအိမ်များ၊ သို့မဟုတ် အဆောက်

အဦးများမှ လူများကို အတင်းအကျပ် ပြောင်းရွှေ့ခဲပါသည်။ အချို့ဖြစ်ရပ်များတွင် အတင်းအကျပ်ပြောင်းရွှေ့ခံရသူများသည်

လျော်ကြေးငွေ မရရှိပါ။ ရရှိလျှင်လည်း အနည်းအကျဉ်းကိုသာ ရရှိခဲ့ကြပါသည်။

ယခုနှစ်ကုန်ဆုံသည့်တိုင် အုပ်ချုပ်ရေးမြို့တော်သစ် နေပြည်တော်ရှိ ပြည်သူ့ဝန်ထမ်းအများစုမှာ ရန်ကုန်ရှိ သူတို့၏

မိသားစုအိမ်ယာများနှင့် ကျောင်းများ မရှိသောကြောင့် ရန်ကုန်မြို့ရှိ သူတို့၏မိသားစုများနှင့် ဝေးကွာ၍ ဆန္ဒမပါဘဲ အတင်း

အကျပ် နေထိုင်နေကြရပါသည်။

19

အစိုးရတပ်များက အတင်းအကျပ်ပြောင်းရွှေ့ခံရသည့် လူများထံမှ သို့မဟုတ် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးနေ

ကြရသူများ၏ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာများကို လုယူခြင်း၊ သိမ်းပိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း များစွာသော အစီရင်ခံစာများ

တွင် ဖော်ပြခဲ့ကြပါသည်။ ထိုပစ္စည်းများကို စစ်တပ်ဆောက်လုပ်ရေးအတွက် မကြာခဏဆိုသလို၊ အသုံးပြုခဲ့ကြပါသည်။

သံတမန် ကိုယ်စားလှယ်များ၏ အဆိုအရ ပုဂ္ဂလိကပိုင် မော်တော်ကားများကို အတင်းအကျပ်သိမ်းယူ၍ လျော်ကြေးတစ်စုံ

တရာ ပေးဆောင်ခြင်းမရှိဘဲ စစ်တပ်အတွက် သို့မဟုတ် အရေးကြီးပုဂ္ဂိုလ်များအတွက် အသုံးပြုခြင်းသည် နိုင်ငံတ၀ှမ်းအမြဲ

တစေ ဖြစ်နေသောကိစ္စများဖြစ်ကြောင်း အစီရင်ခံခဲ့ကြပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုသည် အထူးသဖြင့် ရှမ်းပြည်နယ်၊

ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အဖြစ်များပြီး မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင်လည်း နေရာအနှံ့ ဤသို့ကျင့်သုံး

ကြကြောင်း ဆိုပါသည်။

ဤဒေသများ၏ အချို့သောနေရာများတွင် ထောင်နှင့်ချီသော အရပ်သားပြည်သူများသည် တစ်ခါတရံ ပြာကျ

သည်အထိ၊ မီးတင်ရှို့ခံရသည့်၊ ၎င်းတို့ အစဉ်အဆက်နေထိုင်ရာ ကျေးရွာများကို စွန့်ခွါ၍၊ (နအဖ) တပ်များ ထိန်းချုပ်ရာ

မဟာဗျူဟာတကျ တည်ဆောက်ထားသော စုစည်းကျေးရွာများဆီသို့ အတင်းအကျပ်ပြောင်းရွှေ့ရန် စေခိုင်းခံခဲ့ကြရပါ

သည်။ အခြားဖြစ်ရပ်များတွင် ရွာသားများသည် ၎င်းတို့၏အိုးအိမ်များကို စွန့်ခွါ၍၊ အစားအစာ၊ လုံခြုံရေးနှင့် အခြေခံကျန်း

မာရေးစောင့်ရှောက်မှုများ အလုံအလောက် မရရှိနိုင်သော တောတွင်းနေရာများ၊ မြေမြှုပ်မိုင်းများ ပြွမ်းသည့် နေရာများသို့

ထွက်ပြေးတိမ်းရှောင်ကြရပါသည်။

အတင်းအဓမ္မပြောင်းရွှေ့ရန် စေခိုင်းမှုသည် မကြာခဏဆိုသလို အိမ်နီးနားချင်းနိုင်ငံများအတွင်းသို့ ဒုက္ခသည်များ၊

အစုလိုက် အပြုံလိုက် ၀င်ရောက်မှုကို ဖြစ်ပေါ်စေပါသည်။ သို့မဟုတ်ပါက အစိုးရထိန်းချုပ်မှုလွတ်ကင်းနေသေးသော နိုင်ငံ

တွင်းရှိ အခြားနေရာများဆီသို့ ပြောင်းရွှေ့မှုများကို ဖြစ်ပေါ်စေသည်။ အချို့ဒေသများတွင် အစိုးရက မူရင်းပိုင်ဆိုင်သူများ၏

နေရာများတွင် ဗမာတိုင်းရင်းသားများကို အစားထိုးနေရာချထားခဲ့ပါသည်။ ကရင်ပြည်နယ်တွင် စစ်တပ်များက ကရင်တိုင်း

ရင်းသားများကို တိုးတက်သည့်ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ထိန်းချုပ်သောဒေသများ အတွင်း

သို့ ပြောင်းရွှေ့ရန် အတင်းအကျပ်ဖိအားပေးခြင်း၊ ကြိုးပမ်းခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။

အစိုးရသည် ပုံမှန်အားဖြင့် အရပ်သားများ၏ ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေကြေးနှင့် အစားအသောက်များကို သိမ်းယူ

လေ့ရှိပါသည်။ ထိုမျှမက ကြံ့ခိုင်ဖွံ့ဖြိုးရေး (USDA) အဖွဲ့ဝင်များကလည်း အစိုးရ၏အာဏာကို အသုံးချ၍ ၎င်းတို့ကိုယ်ပိုင်

အကျိုးစီးပွားအတွက် သိမ်းယူမှုများ ရှိပါသည်။ ဇူလိုင်လတွင် ဒေသခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များက ရခိုင်ပြည်နယ်၊ ဇီးဖြူ

ကုန်းကျေးရွာရှိ ဒေါ်စန်းစန်းနွယ်ကို တိုက်ခိုက်ခဲ့ကြပြီး သူ၏လယ်မြေကို သိမ်းယူရန် ကြိုးပမ်းခဲ့ကြပါသည်။ သူမ၏ မျက်နှာ

တွင်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး၊ လက်ချောင်း ၂ ချောင်းထိပ်များ ပြတ်သွားခဲ့ရပါသည်။ ဤအမှုကို ဒေသခံ အေးချမ်းသာယာ

ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ တင်ပြခဲ့သော်လည်း ဤပြစ်မှုကျူးလွန်ခဲ့သူများကို အာဏာပိုင်များက မည်သို့မျှ အရေးယူ

ဆောင်ရွက်ခြင်း မရှိပါ။

စစ်အမှုထမ်းများသည် အိမ်မွေးတိရစ္ဆာန်များ၊ လောင်စာဆီ၊ ရိက္ခာများ၊ ငါးမွေးကန်များ၊ အရက်သေစာများ၊ မော်

တော်ကားများနှင့် ငွေကြေးများကို အမြဲလိုလိုပင် ပြည်သူများထံမှ သိမ်းယူခဲ့ကြပါသည်။ ထိုကဲ့သို့သော လူ့အခွင့်အရေးချိုး

ဖောက် အနိုင်ကျင့်မှုများသည် နေရာတိုင်းလိုလို၌ ဖြစ်နေခဲ့ပါသည်။ ဒေသဆိုင်ရာတပ်မှူးများသည်လည်း နိုင်ငံတ၀ှမ်းတွင်

ပြည်သူများထံမှ ငွေကြေး၊ အစားအသောက်၊ လုပ်အားနှင့် ဆောက်လုပ်ရေး ပစ္စည်းများကို အတင်းအကျပ် အလှူပေးစေ

ခြင်း၊ ရယူခြင်းများ ရှိခဲ့ပါသည်။

20

နိုင်ငံသား အမျိုးသမီးများနှင့် နိုင်ငံခြားသားတို့အကြား၊ အိမ်ထောင်ပြုခြင်းကို တရားဝင်ပိတ်ပင်တားမြစ်ထားပါ

သည်။ အစိုးရက ဒေသခံရှေ့နေများကို ထိုကဲ့သို့သော အိမ်ထောင်ပြုမှုများတွင် သက်သေမလိုက်ကြရန် အမိန့်ပေးထား

သည်။ သို့သော် ဤတားမြစ်မှုကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းများ မတွေ့ရပါ။

အစိုးရက ပြစ်မှုကျူးလွန်သည်ဟု သင်္ကာမကင်းဖြစ်ခံရသူများ၏ မိသားစုဝင်များကိုလည်း ပြစ်ဒဏ်ခတ်ခဲ့ပါသည်။

သြဂုတ်လတွင် ဆန္ဒပြပွဲများ အစဉ်လိုက် ဖြစ်ပေါ်လာပြီးနောက် အာဏာပိုင်များက ဒီမိုကရေစီရေး လှုပ်ရှားသူ

ခေါင်းဆောင် ကိုဌေးကြွယ်ကို ရှာဖွေ၍ မရသောကြောင့် အစ်ကိုဖြစ်သူကို ဖမ်းဆီး၍ စစ်ကြောမေးမြန်းခဲ့ပါသည်။ သူ့အစ်ကို

ကို နောက်တနေ့တွင် ပြန်လွှတ်ပေးခဲ့ပါသည်။ အခြား တက်ကြွလှုပ်ရှားသူတစ်ဦး၏ အစ်ကိုဖြစ်သူမှာမူ သူ့ညီ၏ လှုပ်ရှား

ဆောင်ရွက်နေမှုများကြောင့် သူ၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုကို အရှုံးခံ၍ ရောင်းချ

စေရန် အာဏာပိုင်များက အတင်းအကျပ် ဖိအားပေးခဲ့ကြပါသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် အာဏာပိုင်များက မခင်မာလာကို ဖမ်းဆီးခဲ့ကြပါသည်။ ထိုအချိန်တွင် အာဏာ

ပိုင်များက သူမ၏ခင်ပွန်းဖြစ်သူ ကဗျာဆရာ ကိုငြိမ်းသစ်ကို လိုက်လံရှာဖွေနေချိန် ဖြစ်သည်။ အာဏာပိုင်များက မခင်မာ

လာကို မည်သည့်ပုဒ်မနှင့်မျှ စွဲဆိုခြင်းမရှိဘဲ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ထိန်းသိမ်းထားခဲ့ပါသည်။ သူမကို ဖမ်းဆီး

ရန်အလိုရှိခြင်း မရှိသလို၊ ပြစ်မှုကျူးလွန်သည်ဟုလည်း စွဲဆိုခဲ့ခြင်း မရှိပါ။ များမကြာမီ ရဲများက ကိုငြိမ်းသစ်ကိုဖမ်းဆီးရမိခဲ့

ကြပါသည်။ ယခုနှစ်ကုန်ဆုံးသည့်တိုင် ၎င်းသည်ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် အာဏာပိုင်များက စက်တင်ဘာလ ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုသည့်

ဆန္ဒပြပွဲများနှင့် ပတ်သက်သည်ဟု စွပ်စွဲချက်ဖြင့် အလိုရှိနေသည့် မသက်သက်အောင်၏ အမေနှင့် ယောက္ခမဖြစ်သူကို

ထိန်းသိမ်းထားခဲ့ကြပါသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မသက်သက်အောင်ကို ဖမ်းဆီးရပြီးနောက်ပိုင်း များမကြာ

မီတွင် အာဏာပိုင်များက ယောက္ခမဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပါသည်။ သို့သော်လည်း သူမ၏မိခင်ကိုမူ နိုဝင်ဘာလ ၂ ရက်

နေ့အထိ မည်သည့်ပုဒ်မနှင့်မျှ စွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်းထားခဲ့ပါသည်။ အာဏာပိုင်များက သူမ၏မိခင်နှင့် ယောက္ခမဖြစ်

သူကို ဖမ်းဆီးရန်အလိုရှိခြင်း မရှိသလို၊ ပြစ်မှုကျူးလွန်သည်ဟုလည်း စွဲဆိုခဲ့ခြင်း မရှိပါ။

အောက်တိုဘာလ ၁၆ ရက်ညတွင် လုံခြုံရေးအရာရှိများက ရဟန်းဦးဂမ္ဘီရ၏ မိခင်ဖြစ်သူနှင့် အစ်ကို ၂ ယောက်ကို

နေအိမ်မှ ဖမ်းဆီးခဲ့ကြပါသည်။ သူ၏ အစ်ကိုနောက်တစ်ဦးဖြစ်သူ ကိုအောင်ကျော်ကျော်ကို နောက်တနေ့တွင် ရန်ကုန်၌

ကိုယ်ခံအားကျရောဂါရှင် လူနာတစ်ဦးကို ကူညီ၍ ဆေးခန်းပို့ပေးနေစဉ် ဖမ်းဆီးခဲ့ပါသည်။ နိုဝင်ဘာလ ၄ ရက်နေ့တွင်

အာဏာပိုင်များက ဦးဂမ္ဘီရ၏ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးခဲ့ပါသည်။ ထိုအချိန်တွင် အာဏာပိုင်များက ဦးဂမ္ဘီရကို စက်တင်

ဘာလ ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခဲ့မှုအတွက် လိုက်လံဖမ်းဆီးနေကြပါသည်။ သူ၏မိသားစုဝင်များကို ပြစ်မှုစွဲဆိုခြင်း

မရှိဘဲ ပြန်လွှတ်ပေးသည့်အချိန်တိုင် ရက်သတ္တပတ်အချို့ကြာ ထိန်းသိမ်းထားခဲ့ပါသည်။ ဦးဂမ္ဘီရ၏ မိသားစုဝင်များမှာ ပြစ်မှု

ကျူးလွန်သည်ဟု စွပ်စွဲခံရခြင်း မရှိသကဲ့သို့၊ အာဏာပိုင်များက အလိုရှိနေသူများလည်း မဟုတ်ကြပါ။

ဒီဇင်ဘာလတွင် တင်ပြခဲ့သည့် မစ္စတာပင်ညဲရိုး၏ အစီရင်ခံစာတွင် ဤဖြစ်ရပ်များသည် နိုင်ငံတကာဥပဒေများကို

ချိုးဖောက်ကြောင်းနှင့် ပြန်ပေးဆွဲသည့်သဖွယ် သက်ရောက်ကြောင်း၊ မိသားစုဝင်များ ပြန်လွတ်စေရန် သို့မဟုတ် ထိခိုက်

ဒဏ်ရာမရစေရန်အတွက် အလိုရှိနေသူ လာရောက်အဖမ်းခံစေရန် ပြောင်ပြောင်တင်းတင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ

ဖိအားပေးရာရောက်ကြောင်း ဖော်ပြခဲ့ပါသည်။

21

(ဆ) ပြည်တွင်း ပဋိပက္ခများတွင်၊ အင်အားကို အလွန်အကျွံအသုံးပြုခြင်းနှင့် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများ

တိုင်းရင်းသားသူပုန် လက်နက်ကိုင်အုပ်စုများသည် ကိုယ်ပိုင်ပြဌာန်းခွင့် သို့မဟုတ် လွတ်လပ်ရေး ရရှိရန်အတွက်

အစိုးရကို ဆက်လက်တိုက်ပွဲဝင်နေကြပါသည်။ ၎င်းအဖွဲ့များတွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S)၊ ကရင်နီ

အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်

အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ပါဝင်ပါသည်။ တိုင်းရင်းသားလူနည်းစုဒေသများတွင် စစ်တပ်များက

အရပ်သားများကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အိမ်များကို မီးတင်

ရှို့ခြင်း၊ စားနပ်ရိက္ခာများကို ဖျက်ဆီးခြင်းနှင့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို သိမ်းဆည်းယူငင်ခြင်း၊ မြေများကို သိမ်းပိုက်

ခြင်း၊ အခြေခံအဆောက်အဦအတွက် စီမံချက်များတွင် ကျေးရွာလူထုများကို အဓမ္မလုပ်အားခိုင်းစေခြင်း၊ စစ်စခန်းများ

အတွက် ရွာသားများက စားနပ်ရိက္ခာနှင့် ဆောက်လုပ်ရေးပစ္စည်းများ ပေးပို့ရန် တောင်းဆိုခြင်း စသဖြင့် ကျူးလွန်ခဲ့ကြပါ

သည်။

အတည်မပြုနိုင်သော သတင်းများအရ အထူးသဖြင့် ကရင်ပြည်နယ်တွင် အရပ်သားများကို မြေမြှုပ်မိုင်းများ ရှင်း

လင်းရန် လုံခြုံရေးတပ်ဖွဲ့များက စေခိုင်းခဲ့သောကြောင့် သေဆုံးရမှုများ၊ ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု ဆိုပါသည်။ ဤဒေသ

များတွင် စစ်တပ်က တိုင်းရင်းသားကျေးရွာများကို ဆက်လက်၍ တိုက်ခိုက်နေဆဲ ဖြစ်ပါသည်။

အတည်မပြုနိုင်သော သတင်းတစ်ခုအရ သြဂုတ်လ ၂၀ ရက်နေ့တွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့က

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် (ကေအဲန်ယူ) မှ ဒု-ဗိုလ်မှူးကြီးကြည်လင်းကို ပစ်သတ်ခဲ့ကြပါသည်။ အတည်မပြု

နိုင်သည့်သတင်းအရ ၎င်းက အစိုးရနှင့် သီးသန့်တွေ့ဆုံညှိနှိုင်းရန် ကြိုးပမ်းခဲ့ပြီးနောက် ဤအတွက်ကြောင့် (ကေအဲန်ယူ)

က သတ်ဖြတ်ခဲ့သည်ဟု ဆိုပါသည်။

ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ

နှင့် ဆက်စပ်၍ လူပျောက်ဆုံးမှုများ ရှိခဲ့ကြောင်း အစီရင်ခံစာများ ရရှိပါသည်။

ထိုင်းနိုင်ငံ နယ်စပ်သို့ အသစ်ရောက်လာသည့် ဒုက္ခသည်များနှင့် ပြည်တွင်း၌ ပြောင်းရွှေ့ထွက်ပြေးနေကြရသော

ဒုက္ခသည် (IDPs) များက သတင်းပေးပို့ကြရာ၌ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်

ပြည်နယ်များတွင် အစိုးရစစ်သားများက တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းမပျိုများကို မုဒိမ်းပြုကျင့်မှုများ ဆက်လက်ကျူး

လွန်နေကြသည်ဟု ဆိုပါသည်။ ထိုင်းနိုင်ငံအခြေစိုက် ကရင်အမျိုးသမီးအစည်းအရုံးက ကိုးကားဖော်ပြရာတွင် လွန်ခဲ့သည့်

၂၅ နှစ်တာကာလအတွင်း ကရင်ပြည်နယ်အတွင်းတွင် အမျိုးသမီးများနှင့် မိန်းမပျိုများကို လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်

စော်ကားခံရသည့် အမှုပေါင်း ၉၅၉ မှု ဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် အစိုးရမဟုတ်သည့် အဖွဲ့ (အဲန်ဂျီအို) များနှင့် နိုင်ငံ

တကာ အဖွဲ့အစည်းများကလည်း နိုင်ငံအနှံ့အပြားတွင် စစ်သားများက လိင်မှုဆိုင်ရာ စော်ကားကျူးလွန်မှုများ အများအပြား

ပြုကျင့်နေသည်ကို ဆက်လက်၍ သတင်းပေးပို့နေကြဆဲ ဖြစ်ပါသည်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း၊ ပူတာအိုမြို့နယ် တောင်ပိုင်းကျေးရွာတစ်ခုတွင် နေ

ထိုင်သူ အသက် ၁၄ နှစ်မှ ၁၆ နှစ်အရွယ်ရှိ ကချင်မိန်းမပျို ၄ ဦးကို ပူတာအိုခရိုင်၊ မုန်းလန်းရှီဒီ (Munglang Shidi) တပ်

စခန်းရှိ စစ်တပ်အရာရှိ ၃ ဦးနှင့် ခြေမြန်တပ်ရင်းမှ စစ်သား ၄ ဦးက တပ်စခန်းအတွင်း အုပ်စုလိုက် မုဒိမ်းပြုကျင့်ခဲ့ကြပါ

သည်။ သတင်းများအရ ဤပြစ်မှုတွင် ပါဝင်ပတ်သက်နေသူ အရာရှိက ကာယကံရှင်အမျိုးသမီးငယ်များ၏ မိသားစုများသို့

လျော်ကြေးငွေ ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၃၂ (၂၉၀,၀၀၀ ကျပ်) ကို ပေးခဲ့ပါသည်။ ဤအဖြစ်အပျက်ကို လူသိရှင်ကြား

22

ထုတ်ဖော်မပြောရန်လည်း သတိပေးတားမြစ်ခဲ့ပါသည်။ ဤမုဒိမ်းမှုသတင်းကို လွတ်လပ်သည့် သတင်းမီဒီယာဌာနများက

၎င်းလနောက်ပိုင်းတွင် ဖော်ပြလာသည့်အခါ ဤမိန်းကလေး ၄ ဦးကို ဖမ်းဆီး၍ ထောင်ချခဲ့ပါသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ စစ်သားများက အသက် ၂၀ အရွယ်ရှိ အမျိုးသမီး

တစ်ဦးကို မုဒိမ်းကျင့်၍ သတ်ဖြတ်ခဲ့ကြပါသည်။ မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ အရာရှိတစ်ဦးအပါအ၀င်

စစ်သား ၅ ဦး ဤပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ကြပါသည်။ မိသားစုဝင်များက ဒေသခံရဲဌာနကို သတင်းပေးပို့တိုင်ကြားခဲ့

သော်လည်း အာဏာပိုင်များက ဤပြစ်မှုကို စုံစမ်းစစ်ဆေး၊ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ကြပါ။

ကရင် အဲန်ဂျီအိုအဖွဲ့များ၏ သတင်းများအရ ကြိုကြားငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှိနေသော်လည်း၊ ကရင်ပြည်

နယ်အတွင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဖော်ပြကြပါသည်။ မေလ ၁၁ ရက်နေ့

တွင် ခြေမြန်တပ်မ ၁၁ မှ စစ်သားများက ထီးညာမူခီးကျေးရွာကို တိုက်ခိုက်ခဲ့ကြပါသည်။ မျက်မြင်သက်သေများအရ စစ်

သားများက စပါးပုံများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး၊ ရွာသား ၁၀၇ ဦးကို ၎င်းတို့၏နေအိမ်များမှ စွန့်ခွါထွက်ပြေးစေခဲ့ရပါသည်။

မေလ ၁၃ ရက်နေ့တွင် ခြေမြန်တပ်မ ၈၈ မှ စစ်သား ခန့်မှန်းအရေအတွက် ၃၀ ခန့်က ကရင်ပြည်နယ်ရှိ ယောကီ

ကျေးရွာကို လက်နက်ငယ်များ၊ မော်တာများပစ်ခတ်၍ တိုက်ခိုက်ခဲ့ကြပါသည်။ ဤသို့တိုက်ခိုက်မှုတွင် စစ်သားများက ရွာ

သား စောရဆေးကိုပစ်သတ်ခဲ့ပြီး၊ လယ်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ တောလူပလာမင်းမှ စစ်သားများက ကလော် ကလိုလိုးကျေးရွာကို တိုက်

ခိုက်ခဲ့ကြပါသည်။ မျက်မြင်သက်သေများအဆိုအရ စစ်သားများက နော်ကုလူးကို ပစ်သတ်၍ သူမခန္ဓာကိုယ်ကို မီးရှို့ခဲ့ကြ

ပါသည်။ သတင်းများအရ စစ်သားများက အိမ် ၇ လုံးနှင့် စပါးပုံကြီးတစ်ပုံကို မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။ မေလတွင်းတွင်ပင်

စစ်သားများက ကရင်ပြည်နယ်၊ လူသော်မြို့နယ်ရှိ တာကဲဒါးကျေးရွာမှ အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့်၊ သတ်ဖြတ်ခဲ့ကြပါ

သည်။ အစီရင်ခံစာများအရ ထိုအမျိုးသမီးများကို စစ်ဗျူဟာကွပ်ကဲရေးဌာနချုပ် (စကခ-၅) မှ စစ်သားများက ဖမ်းဆီးရမိ

သောအချိန်တွင် ဟင်းသီးဟင်းရွက်ရှာ ထွက်နေကြသောအချိန် ဖြစ်ပါသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ထီးကပလယ်တွင် တပ်စွဲအခြေချနေသည့် တပ်ရင်းအမှတ် ၂၀၃ နှင့် ၂၈၄ မှ တပ်ဖွဲ့များ

က ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် ထီးကပလယ်ကျေးရွာမှ မိသားစု ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြပါသည်။ မျက်မြင်

သက်သေများအဆိုအရ သတ်ဖြတ်ခံရသူများမှာ စောငြိမ်းထွန်း၊ နော်ဝါးကျင်၊ စောပဟဲစိုး၊ ကျော်အယ်ဝါးနှင့် နော်ပလယ်ဖိုး

တို့ ဖြစ်ပါသည်။

ကရင်ကျေးရွာ အများအပြားမှာလည်း တိုက်ခိုက် မီးရှို့ခံရပါသည်။ သို့အတွက်ကြောင့် ရာပေါင်းများစွာသော ကျေး

ရွာသားများမှာ စားရေရိက္ခာအနည်းအကျဉ်းမျှဖြင့် တောထဲသို့ ထွက်ပြေးကြရပါသည်။ စစ်တပ်က တောင်ငူမြို့နယ်၏ အရှေ့

ဖက် အဝေးပြေးကားလမ်းတွင် ၁၃ မိုင်မှကျော်လွန်၍ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ခြင်းကို ဆက်လက် ပိတ်ပင်တားမြစ်

ထားဆဲ ရှိပါသည်။

စစ်တပ် တပ်ဖွဲ့များက ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဆောင်ရွက်နေသည့်

စစ်ဆင် ရေးများအတွင်း ထောင်နှင့်ချီသည့် ကျေးရွာသားများအပေါ် ဆက်လက်၍ လူ့အခွင့်အရေးများ ချိုးဖောက်နေပြီး၊

သူတို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြပါသည်။ ထိုင်းနိုင်ငံ အခြေစိုက် အဲန်ဂျီအိုများ၏ အစီရင်ခံသတင်းပေးပို့ချက်အရ ယခု

နှစ်အတွင်း ကရင်တိုင်းရင်းသား ၂၅,၀၀၀ ခန့်သည် အိုးအိမ်များ စွန့်ပစ်ထွက်ပြေးရသည့် ပြည်တွင်းဒုက္ခသည်များ ဖြစ်လာ

ခဲ့ကြောင်း ဖော်ပြပါသည်။

23

ယခုနှစ်အတွင်း ဤသို့မရေမတွက်နိုင်သည့် ကရင်လူမျိုးစုများအပေါ် သတ်ဖြတ်မှု၊ ထိခိုက်ဒဏ်ရာ ရစေမှု၊ ဖျက်

ဆီးမှုများ ကျူးလွန်ခဲ့ကြသည့်အတွက် တာဝန်ရှိသူများကို အစိုးရက စုံစမ်းစစ်ဆေးခြင်း၊ သို့မဟုတ်ဖော်ထုတ်၍ အပြစ်ပေး

ခြင်းများ ကြားသိခဲ့ရခြင်း မရှိပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ခန့်မှန်း မြန်မာဒုက္ခသည် ၁၅၀,၀၀၀

မှာ ထိုင်းနိုင်ငံရှိ စခန်းများအတွင်း နေထိုင်နေကြပါသည်။ ဒုက္ခသည်များနှင့် ပြည်တွင်းတွင် ပုန်းအောင်းပြေး လွှားနေကြရ

သည့် ဒုက္ခသည်များ (IDPs) ဆန္ဒအလျောက် ပြန်လာနိုင်စေရေးအတွက် လိုအပ်သည့် အခြေအနေများကို အကဲဖြတ်စစ်

ဆေးရန်နှင့် ဖြစ်နိုင်သည့် ပြန်လည်အခြေချရန် နေရာများသို့ ကြီးကြပ်စစ်ဆေးရန် ကုလသမဂ္ဂ UNHCR ရုံး၏ တောင်းဆို

ချက်ကိုလည်း စစ်အစိုးရက ခွင့်မပြုခဲ့ပါ။ သို့အတွက်ကြောင့် UNHCR က အခြေအနေသည် ပြန်ရန်မသင့်လျှော်သေးဟု

ဆုံးဖြတ်ခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ စခန်းများတွင် ရိုဟင်ဂျာဒုက္ခသည် ၂၁,၀၀၀ နေထိုင်နေကြပါသည်။ စခန်းများ၏

ပြင်ပတွင် နေထိုင်နေကြသူ အများဆုံး ၂၀၀,၀၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းဖော်ပြနေကြပါသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သားအသုံးချနေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ ကလေးစစ်သားနှင့် လက်နက်ကိုင်ပဋိ

ပက္ခများဆိုင်ရာ အထူးကိုယ်စားလှယ် (UN Special Representative) မစ္စ ကုမ္မရာဆွာမိ (Coomaraswamy) ၏ နိုဝင်ဘာ

လ ၁၆ ရက်နေ့တွင် တင်သွင်းသည့် အစီရင်ခံစာတွင် ကိုးကားဖော်ပြထားရာ၌ အစိုးရစစ်တပ်ရော၊ လက်နက်ကိုင်သူပုန်

တပ်ဖွဲ့အချို့နှင့် အပစ်အခတ်ရပ်စဲရေး အဖွဲ့များသည်လည်း ကလေးစစ်သားအသုံးချနေကြကြောင်း ကိုးကားဖော်ပြခဲ့ပါ

သည်။ ၎င်းတိုင်းရင်းသားအဖွဲ့များတွင် ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ ကချင် လွတ်မြောက်ရေးတပ်မတော်၊ ကရင်နီ

ပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ တိုးတက်သည့် ဗုဒ္ဓဘာသာကရင်အမျိုးသား အစည်းအရုံး

(ဒီကေဘီအေ)၊ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်နှင့် ကရင်အမျိုးသား

အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) တို့သည်လည်း ကလေးစစ်သားများ စုဆောင်းအသုံးပြုနေကြပါသည်။

မစ္စ ကုမ္မရာဆွာမိ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ၌ အစိုးရ၏တရားဝင် မူဝါဒများအရ အသက် ၁၈ နှစ်အောက်

ငယ်ရွယ်သူများကို စစ်သားအဖြစ် စုဆောင်းခြင်းမပြုရန် တားမြစ်ထားသော်လည်း၊ စစ်သားစုဆောင်းမှုနှုန်း ပိုမိုတိုးတက်

များပြားလာစေရန် အလွန်အမင်းလိုအပ်လာသောကြောင့် စစ်တပ်အတွင်းသို့ အသက်မပြည့်သူများ စုဆောင်းသိမ်းသွင်းမှု

များ ဖြစ်ပေါ်လာရပါသည်။ အစီရင်ခံစာ၌ ဖော်ပြထားရာတွင် များသောအားဖြင့် ကလေးများကို စားစရာနှင့် နေစရာရစေ

မည်ဟု ကတိပေး၍ သိမ်းသွင်းခေါ်ဆောင်သည်လည်း ရှိပါသည်။ အချို့သောကလေးများကို ပွဲစားများမှတဆင့် လမ်းပေါ်မှ

စည်းရုံးသိမ်းသွင်းကြပြီး၊ စစ်သားသစ်တစ်ဦး စည်းရုံးသိမ်းသွင်းနိုင်လျှင် ငွေ ၄၀၀,၀၀၀ ကျပ် (ခန့်မှန်း အမေရိကန်ဒေါ်လာ

၃၂ ဒေါ်လာ) အထိ ပွဲစားများက ရရှိကြပါသည်။ အချို့သောသူများကို ရဲများက ဖမ်းဆီးထိန်းသိမ်း၍

စစ်တပ်တွင်းသို့ဝင်မည် လော၊ ထောင်ကျခံမည်လောဟု ဖိအားပေးရွေးချယ်စေခြင်းဖြင့် သိမ်းသွင်းနေကြပါသည်။ မစ္စ

ကုမ္မရာဆွာမိက "ကြိုတင်၍ စစ်သားစုဆောင်းသိမ်းသွင်းနေမှု" ကိုလည်း ကိုးကားဖော်ပြခဲ့ပါသည်။ ဆိုလိုသည်မှာ

အသက်မပြည့်သူ ကလေးများကို စစ် အခြေစိုက် စခန်းများသို့ ခေါ်ဆောင်လာပြီး အသက်ပြည့်၍ စစ်သားအဖြစ်

စာရင်းသွင်းသည့်အချိန်တိုင်အောင် တိုက်ခိုက် ရေးမဟုတ်သည့် အခြားတာဝန်များ ထမ်းဆောင်ခိုင်း၍ နေစေခြင်း

ဖြစ်သည်။ ကလေးအများစုမှာ အသက်အတွက် သက် သေပြရန်အထောက်အထား ခိုင်လုံစွာ မရှိသောကြောင့်

အသက်အရွယ် ခွဲခြားသတ်မှတ်ခြင်းမှာလည်း ပြဿနာတစ်ရပ် အဖြစ် ရှိနေပါသေးသည်။

24

မစ္စ ကုမ္မရာဆွာမိ၏ အစီရင်ခံစာအရ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တွင် အသက် ၁၂ နှစ်အရွယ်မှစ၍

ကလေးများ ၀င်ရောက်၍ တိုက်ခိုက်ရေးမဟုတ်သည့် တာဝန်များ ထမ်းဆောင်နိုင်ပြီး၊ အသက် ၁၅ နှစ်တွင် တိုက်ခိုက်ရေး

တာဝန် ထမ်းဆောင်နိုင်ပါသည်။ သူမက ယုံကြည်ရလောက်သည့်သတင်းများကို ကိုးကား၍ ၀ပြည်တပ်မတော်တွင် ယူနီ

ဖောင်းနှင့် သေနတ်ကိုင်ထားသော ကလေးများကို တွေ့မြင်ကြရကြောင်းနှင့် မျက်မြင်သက်သေများအဆိုအရ လက်နက်

ကိုင်ထားသူ ကလေးများမှာ ၉ နှစ်အောက်ပင် ငယ်ကြကြောင်း ဖော်ပြထားပါသည်။

မစ္စ ကုမ္မရာဆွာမိ၏ အစီရင်ခံစာအရ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ၏ မူအရ မိသားစုတိုင်း

က စစ်မှုတာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ်ကန့်သတ် ခွဲခြားထားခြင်းမရှိဘဲ ကလေးတယောက် ပေးပို့ရမည်

ဟု သတ်မှတ်ထားကြောင်း ဖော်ပြပါသည်။ ယခုနှစ်အစောပိုင်းက အစီရင်ခံစာတစ်စောင်ကို ပြန်လည်ကိုးကားဖော်ပြရာ၌

(ကေအိုင်အေ) က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ အသက် ၁၅ နှစ်အရွယ် မိန်းမပျိုတစ်ဦးကို ကျောင်းမှအပြန် စစ်သား

အဖြစ် စည်းရုံးသိမ်းသွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ မိန်းကလေး၏ မိသားစုများမှာ (ကေအိုင်အေ) အတွက် ယခုတိုင်

စစ်သားပို့ဆောင်ပေးခြင်း မရှိသည့်အပြင်၊ ၎င်း၏ညီအစ်ကို မောင်နှမများမှာလည်း ကျေးရွာတွင် နေထိုင်ခြင်း မရှိကြပါ။

ယခုနှစ်ကုန်ဆုံးချိန်တိုင် ထိုမိန်းမပျိုမှာ (ကေအိုင်အေ) ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေပါသည်။

မစ္စ ကုမ္မရာဆွာမိက ဖော်ပြရာတွင် ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ အောက်

ခြေအဆင့်များတွင် ကလေးများစွာ ရှိနေကြသည်ဟု သတင်းများကျော်စောနေပါသည်။ သူမ၏ အစီရင်ခံစာတွင်ဖော်ပြ

ထားရာ၌ သတင်းများအရ ဤကလေးများကို အခြားလက်နက်ကိုင်တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများကို ရှင်းလင်းခိုင်း

ကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း အတိအကျ အတည်ပြုနိုင်ရန် ခဲယဉ်းကြောင်း အသိအမှတ်ပြုဖော်ပြခဲ့ပါ

သည်။ သူမက ဖော်ပြထားရာ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (ဒီကေဘီအေ) စခန်းများတွင်

ယူနီဖောင်းဝတ်၊ လက်နက်ကိုင်ထားသည့် ကလေးများ တွေ့ရသည်ဟု ကုလသမဂ္ဂက ယုံကြည်ရလောက်သော သတင်း

များ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

မစ္စ ကုမ္မရာဆွာမိအဆိုအရ ရှမ်းပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များက ကလေးများကို အဓမ္မသိမ်းသွင်း၍

အသုံးချနေကြောင်း မကြာခဏတွေ့မြင်ရသည်ဟု ကုလငမဂ္ဂက သတင်းများ ရရှိနေခဲ့ပါသည်။ ၎င်းအဖွဲ့များတွင် မြန်မာ

အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S) တို့ အပါအ၀င်ဖြစ်ပါ

သည်။ သတင်းရပ်ကွက်များကို ကိုးကား၍ သူမကဖော်ပြခဲ့ရာ၌ ယခုနှစ်အတွင်းတွင် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား

အစည်းအရုံး (ကေအဲန်ယူ) မှ ခွဲထွက်သွားသည့် အဖွဲ့တစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေး

ကောင်စီ) သည် ဒုက္ခသည်စခန်းများနှင့် ထိုင်နိုင်ငံ နယ်စပ်ရှိကျေးရွာများမှ နေ၍ ကလေးများကို စည်းရုံးသိမ်းသွင်းနေ

ကြောင်း ဖော်ပြခဲ့ပါသည်။

မစ္စ ကုမ္မရာဆွာမိ၏ အစီရင်ခံစာက ဖော်ပြရာ၌ ယခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သို့မဟုတ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) သို့မဟုတ် ကရင်နီ

တပ်မတော်တို့တွင် ကလေးစစ်သားများ စုဆောင်းနေကြောင်း သတင်းများ ကုလသမဂ္ဂက ရရှိခဲ့ခြင်း မရှိပါ။

25

အခန်း (၂)။ အောက်ဖော်ပြပါ အခွင့်အရေးများ အပါအ၀င်၊ ပြည်သူ့ လွတ်လပ်ခွင့်များကို လေးစားခြင်း

(က) လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်

ဥပဒေက လွတ်လပ်စွာ ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့ကို ခွင့်ပြုမထားပါ။ အစိုးရက ဆက်လက်၍လည်း

ဤလွတ်လပ်ခွင့်များကို ဆက်လက်၍ ပြင်းပြင်းထန်ထန်နှင့် စနစ်တကျကန့်သတ်ချုပ်ချယ်ခဲ့ပါသည်။ အစိုးရက ၎င်းအပေါ်

နိုင်ငံရေးဆိုင်ရာ ဝေဖန်၊ ပြောဆို၊ ဖော်ပြခြင်းများအတွက်နှင့် အတိုက်အခံ သဘောထားများကို ဖော်ပြထားသော ပုံနှိပ်

ထုတ်ဝေမှုများကို ဖြန့်ချိခြင်း၊ ပိုင်ဆိုင်ခြင်းအတွက် နိုင်ငံသားများကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြစ်ဒဏ် စီရင်ခြင်းနှင့်

ထောင်ချခြင်းများ ပြုလုပ်ဆဲ ဖြစ်ပါသည်။ လုံခြုံရေးဆိုင်ရာ ဌာနများကလည်း၊ အစိုးရဆန့်ကျင်ရေးအမြင်ရှိသူများဟု

ယုံကြည်ရသူများကို စောင့်ကြည့်ခြင်းနှင့် နှောက်ယှက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

အစိုးရက ၁၉၉၀ ပြည့်နှစ်လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးချယ်တင်မြှောက်ခံရသူများ၊ နိုင်ငံရေးပါတီခေါင်း

ဆောင်များအပါအ၀င် လူအားလုံးကို စစ်အစိုးရကို ဝေဖန်ပြောဆိုသော လူထုရှေ့မှောက်မိန့်ခွန်းများ၊ ဟောပြောချက်များကို

အတင်းအကျပ် ဆက်လက်၍ ပိတ်ပင်တားမြစ်ထားပါသည်။ အနည်းငယ်သော ချွင်းချက်များမှလွဲ၍ အစိုးရသည် ဤမူဝါဒ

များအတိုင်း တစိုက်မတ်မတ်ဆက်လက်ကျင့်သုံးနေပါသည်။

မေလ ၂၅ ရက်နေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင် ၅၀ ခန့်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်

ရန်ကုန်မြို့ ဘုရားတွင် ၀တ်ပြုဆုတောင်းနေသူ NLD အဖွဲ့ဝင် ၃၀ ခန့်ကို ၀ိုင်းရံနှောက်ယှက်ခဲ့ပါသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့

ဝင်များက ၀တ်ပြုဆုတောင်းသူများ၏ အသံများတိမ်သွားစေရန် ဆူညံစွာအော်ဟစ်၍သော်လည်းကောင်း၊ NLD အဖွဲ့ဝင်

များ ဘုရားမှထွက်ခွါကြသည့်အခါ ကိုယ်ထိလက်ရောက် နှောက်ယှက်မှုများ ပြုခဲ့ကြပါသည်။

ဇွန်လတွင် NLD အဖွဲ့ဝင် ကိုအောင်သန်းနှင့် ပဲခူးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုဇေယျအောင်တို့ကို

"ဒေါင်းမာန်" အမည်ရသည့် ကဗျာစာအုပ် ရေးသားထုတ်ဝေမှုဖြင့် ထောင်ဒဏ် ၁၈ နှစ် အပြစ်ချမှတ်ခဲ့ပါသည်။ ဒေါင်းမာန်

ဆိုသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရည်ညွှန်း၍ ဒေါင်း၏စွမ်းအားနှင့် တင်စားဖော်ပြခြင်း ဖြစ်ပါသည်။

သြဂုတ်လနှင့် အောက်တိုဘာလများတွင် ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများတွင် ပါဝင်မှု

ကြောင့် လူပေါင်း ၃,၀၀၀ ကျော်ကို အစိုးရက ဖမ်းဆီးခဲ့ပါသည်။

ပုံနှိပ်ထုတ်ဝေမှုများ အားလုံး၊ ပြည်တွင်းရှိ အသံလွှင့်ဌာနနှင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာန ယန္တယားများ

အားလုံးကို အစိုးရက ပိုင်ဆိုင်၍ ထိန်းချုပ်ထားပါသည်။ ၎င်းအစိုးရပိုင် သတင်းမီဒီယာများသည် အစိုးရ၏ ၀ါဒဖြန့်ချိရေး

ယန္တယားများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို ဝေဖန်ဆန့်ကျင်သော အတိုက်အခံအမြင်များအား ထုတ်

လွှင့်စေခြင်း မရှိပေ။

ပုဂ္ဂလိကသတင်းမီဒီယာများတည်ရှိနေသော်လည်း အစိုးရ၏ စာပေစီစစ်ရေးအဖွဲ့က သတင်းမီဒီယာများနှင့် ပုံနှိပ်

ထုတ်ဝေမှုများအားလုံးကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားပြီး၊ လွတ်လပ်သော အဓိပ္ပါယ်ပြန်ဆိုဖော်ပြခြင်းပြုရန်၊ သတင်း

များအပေါ် ဝေဖန်ဖော်ပြရန် ကြိုးပမ်းချက်များအားလုံးကို ဆန့်ကျင်၍ အရေးယူဆောင်ရွက်မှုပြုပါသည်။ ပြန်ကြားရေး

ဝန်ကြီးဌာနက ပုဂ္ဂလိက သတင်းစာနယ်ဇင်းပုံနှိပ်ထုတ်ဝေသူများကို အစိုးရက ခွင့်ပြုချက်ရရှိသော စာစောင်များကို ပုံနှိပ်

ထုတ်ဝေနေသမျှကာလပတ်လုံး လိုင်စင်များထုတ်ပေးပါသည်။ ခန့်မှန်းခြေအားဖြင့် ပုဂ္ဂလိကပိုင် သတင်းစာနယ်ဇင်းများ၏

လိုင်စင်ထုတ်ပေးထားမှု သုံးပုံတစ်ပုံကို၊ အစိုးရ၏ဌာနများ၊ ကိုယ်စားလှယ်များနှင့် ထောက်ခံသူများက ရရှိချုပ်ကိုင်ထားခြင်း

ဖြစ်ပါသည်။

26

နိုင်ငံရပ်ခြားသတင်းဌာနများ အနည်းငယ်ကျန်ရှိနေသော်လည်း ဤဌာနများတွင် နိုင်ငံခြားသား သတင်းထောက်

များ မရှိပါ။ ဒေသခံ သတင်း ပေးပို့သူများကိုသာ အားထား၍ ဆောင်ရွက်နေရခြင်း ဖြစ်ပါသည်။ ထိုသူများ၏ ဗျူရိုဌာန

အကြီးအကဲများမှာလည်း သတင်းထောက်ဗီဇာဖြင့် နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရှိခဲ့သည်မှာ အလွန်ရှားပါးပါသည်။

နေရာအနှံ့အပြား ဆင်းရဲမွဲတေမှု၊ စာတတ်မြောက်မှု အကန့်အသတ်နှင့် ချို့တဲ့သော အခြေခံအဆောက်အဦစနစ်

များကြောင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားသည်သာ လူထုပြန်ကြားဆက်သွယ်ရေးလုပ်ငန်းအတွက် အရေးအပါဆုံး ကြားခံ

တစ်ခု ဖြစ်နေပါသည်။ သတင်းဂျာနယ်များမှာ မြို့ပြများ၏ ပြင်ပဒေသများသို့ ဖြန့်ချိရောက်ရှိနိုင်ရန် ခက်ခဲလှပါသည်။

အစိုးရက ပြည်တွင်း ရေဒီယိုအသံလွှင့်ဌာန ၂ ခုကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။ နိုင်ငံခြားရေဒီယိုအသံလွှင့်ဌာန

များဖြစ်သော လွတ်လပ်သော အာရှအသံ (RFA)၊ အမေရိကန်အသံ (VOA)၊ ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်း (BBC) နှင့်

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့မှာ ဆင်ဆာဖြတ်တောက်ထားခြင်းမရှိသော သတင်းအချက်အလက်များ ရရှိရန်

အတွက် အဓိကအားထားနေရသည့် ပင်ရင်းနေရာများဖြစ်ပါသည်။

အစိုးရက ပြည်တွင်းရုပ်မြင်သံကြားထုတ်လွှင့်ခြင်းကို တင်းတင်းကျပ်ကျပ် လက်ဝါးကြီးအုပ်ချုပ်ကိုင်နေဆဲဖြစ်ပြီး၊

စစ်တပ်အတွက် သီးသန့်လိုင်းတစ်ခုအပါအ၀င် နိုင်ငံအတွင်း ရုပ်မြင်သံကြားလိုင်း ၃ ခုကိုသာ ဖွင့်ထားပေးပါသည်။ သာမန်

လူထု အနေဖြင့် ဂြိုဟ်တုမှတဆင့် ဖမ်းယူကြည့်နိုင်သည့် စက်များကို အခပေး၍ ၀ယ်ယူကြည့်ရှုနိုင်ရန် ခွင့်ပြုခဲ့ပါသည်။

တရားမ၀င်ဂြိုဟ်တုဖမ်းစက်များကိုလည်း ၀ယ်ယူနိုင်ကြပါသည်။ သို့သော်ဂြိုဟ်တုဖမ်းစက်များ အသုံးပြုရန်မှာ အများစု

ပြည်သူလူထုကြီးအတွက် အလှမ်းကွာဝေးနေဆဲပင် ဖြစ်သည်။

သတင်းထောက်များမှာ အာဏာပိုင်များနှင့် စစ်အစိုးရကိုထောက်ခံသူများ၏ ဖမ်းဆီးခံရခြင်း၊ နှောက်ယှက်ခံရ

ခြင်း၊ အကြမ်းဖက်ခံရခြင်းများ ကြုံရပါသည်။ မတ်လတွင် ဘာသာရေးမဂ္ဂဇင်းတစ်ခုဖြစ်သည့် ဓမ္မရိပ်မဂ္ဂဇင်း မှ သတင်း

ထောက် ကိုသောင်းစိန်နှင့် ကိုမိုးထွန်းတို့မှာ မြို့တော်သစ် နေပြည်တော်ရှိ အဆောက်အဦးများကို ဓါတ်ပုံရိုက်ယူသော

ကြောင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရပါသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး (USDA) အဖွဲ့ဝင်များက နိုင်ငံတကာ ၀ိုင်ယာသတင်းဌာနများအတွက်

အလုပ်လုပ်ပေးနေသည့် ဒေသခံသတင်းထောက်တစ်ဦးကို၊ ရန်ကုန်တွင် NLD အဖွဲ့၏ စုဝေးပွဲတစ်ခုကို သတင်းရယူနေစဉ်

နှုတ်အားဖြင့်၊ ကိုယ်ကာယအားဖြင့် ကျူးကျော်ခြိမ်းခြောက်ခဲ့ကြပါသည်။ ဤသို့ အခင်းဖြစ်ပွားရာတွင် ကိုယ်ထိလက်ရောက်

ဝိုင်းဝန်းမနှောက်ယှက်မီက ဤစုဝေးပွဲကို သတင်းမယူရန် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များက သတင်းထောက်ကို ပြောဆိုတား

မြစ်ခဲ့ကြပြီး၊ ချက်ချင်းထွက်ခွါမသွားပါက သူတို့က ရိုက်နှက်မည်ဟု ဆိုခဲ့ကြသည်။

များစွာသော စာရေးဆရာများနှင့် စာနယ်ဇင်းသမားများမှာ သူတို့၏နိုင်ငံရေးအမြင်ကို ဖော်ပြမှုကြောင့် ထောင်

သွင်း အကျဉ်းချခံနေရဆဲ ဖြစ်ပါသည်။ နယ်ခြားမဲ့ သတင်းစာဆရာများအဖွဲ့ (Reporters Without Borders) ၏ သတင်း

ပေးပို့ချက်များအရ ဇန်န၀ါရီလ ၁ ရက်နေ့အထိ ၁၉၈၉ ခုနှစ်ကတည်းက အကျဉ်းချခံနေရသူ အသက် ၇၆ နှစ်အရွယ်

ဦးဝင်းတင်အပါအ၀င် သတင်းစာဆရာ ၇ ဦးမှာ အကျဉ်းထောင်များအတွင်း ဆက်လက်ကျခံနေရဆဲ ဖြစ်ပါသည်။ သတင်း

များအရ သူသည် အကျဉ်းထောင်ထဲ၌ နှလုံးရောဂါ ၂ ကြိမ် ဆိုးရွားဖောက်ပြန်ခဲ့ပြီး သွေးတိုးရောဂါနှင့် ဆီးကျိတ်ရောင်

ရောဂါအတွက် ကုသမှုခံယူရန်လည်း လိုအပ်နေပါသည်။ ၎င်းအပြင် အင်္ဂလိပ်နှင့် မြန်မာအပတ်စဉ်သတင်းစာ မြန်မာ

တိုင်း(မ်စ်) (Myanmar Times) မှ ဦးမြတ်ဆွေ (ဆန်နီဆွေ)၊ ၎င်း၏ဖခင်ဖြစ်သူနှင့် မြန်မာတိုင်း (မ်စ်) ၏ ပူးတွဲပိုင်ရှင်

ဦးသိန်းဆွေ၊ ကိုသောင်းထွန်း၊ ကိုသန်းဝင်းလှိုင်၊ မုံရွာအောင်ရှင်နှင့် ဦးနေမင်းတို့မှာ ဆက်လက်၍ ထောင်ကျခံနေရဆဲ

27

ဖြစ်ပါသည်။ အစိုးရ၏ စာပေစီစစ်ရေးအဖွဲ့က အကျဉ်းကျခံနေရသောစာရေးဆရာများ၏ စာမူများကို ပုံနှိပ်ထုတ်ဝေရန်၊

ဖြန့်ချိရန် တားမြစ်ထားပါသည်။

ယခုနှစ်အတွင်း ဤဖမ်းဆီးခံထားရသော သတင်းထောက်များကို ပြန်လွှတ်ပေးကြောင်း အစီရင်ခံချက်များ မရရှိ

ပါ။

အခြားသောပုဂ္ဂလိကပိုင် စာစောင်များအားလုံးသည် စာစောင်မထုတ်ဝေမီ နိုင်ငံတော်စာပေစီစစ်ရေးအဖွဲ့၏ စစ်

ဆေးခြင်းကို ခံနေရဆဲ ဖြစ်ပါသည်။ စာပေစီစစ်ရေး၏ ခွင့်ပြုချက်ရရန် အချိန်စောင့်ရသည့်အတွက် ပုဂ္ဂလိကပိုင်သတင်းစဉ်

များသည် ပုံမှန်အားဖြင့် အပတ်စဉ် ထုတ်ဝေကြပါသည်။

အစိုးရက ပုဂ္ဂလိကပိုင်စာစောင်များအား နိုင်ငံခြားသံရုံးများကို ဝေဖန်သည့်ဆောင်းပါးများ၊ ဓါတ်ပုံများ ထည့်သွင်း

ဖော်ပြစေရန် အတင်းအကျပ်ခိုင်းစေပါသည်။ အကြောင်းမှာ (NLD) ဌာနချုပ်သို့သွားရောက်လည်ပတ်ခြင်း၊ ကျောင်းသား

ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းအတွက် ဤသို့ နိုင်ငံခြားသံရုံးများကို ဝေဖန်ခြင်း ဖြစ်ပါသည်။ အစိုးရ၏ထိန်းချုပ်မှုများက

ကိုယ်တိုင် ဆင်ဆာဖြတ်တောက် စီစစ်ရသောအခြေအနေကို ဖြစ်စေပြီး၊ ယေဘုယျအားဖြင့် စာစောင်များသည် ပြဿနာ

တက်နိုင်သော စီးပွားရေးနှင့် နိုင်ငံရေးသတင်းခေါင်းစဉ်များကို ဖော်ပြလေ့မရှိပါ။

နိုင်ငံခြားမှ မှာယူတင်သွင်းသော စာစောင်များသည်လည်း မဖြန့်ဝေမီ နိုင်ငံတော်စာပေစီစစ်ရေးအဖွဲ့၏ စစ်ဆေး

ခြင်းကို ခံရပါသည်။ နိုင်ငံတော်စာပေစီစစ်ရေးအဖွဲ့၏ အတည်ပြုချက် မရရှိသေးသော စာစောင်များကို လက်ဝယ်ထားရှိမှု

သည် ကြီးမားသော ပြစ်မှုတစ်ခုဖြစ်ပါသည်။ အစိုးရက နိုင်ငံခြားမှ ထုတ်ဝေသောသတင်းစာများကို တရားဝင်တင်သွင်းမှုကို

လည်း ကန့်သတ်ထားပါသည်။ နိုင်ငံခြားမှ ထုတ်ဝေသော စာစောင်များကို မှာယူဖတ်ရှုခြင်းကိုလည်း အားမပေးပါ။

သို့သော် နိုင်ငံခြားသတင်းစာအချို့ကို ရန်ကုန်တွင် ၀ယ်ယူ၍ ရပါသည်။ အချို့သော နိုင်ငံခြား သတင်းစာများ၊ မဂ္ဂဇင်းများကို

ဆင်ဆာ မဲ့ ဖြန့်ဝေနေခြင်းများလည်း ရှိပါသည်။

ယေဘုယျအားဖြင့် နိုင်ငံခြားသတင်းထောက်အနည်းငယ်ကိုသာ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးပါသည်။ သို့သော်

လည်း သတင်းထောက်များက ပြောဆိုကြရာတွင် ယခင်နှစ်ကကဲ့သို့ အမျိုးသားညီလာခံအကြောင်း သတင်းယူရန် နိုင်ငံ

တွင်း ၀င်ရောက်ခွင့်မပြုခဲ့ဘဲ၊ နိုင်ငံခြားသတင်းထောက်များကိုလည်း နောက်ဆုံးအချိန်မှကပ်၍ ပြည်ဝင်ခွင့်ဗီဇာ

ပြန်ရုပ်သိမ်း ခဲ့ပါသည်။ နိုင်ငံခြားသတင်းဌာနများက ဖော်ပြခဲ့ရာတွင် ညီလာခံနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲနှင့်

ရှင်းပြသည့် အစီအစဉ်ကို ဇူလိုင်လတွင် ကျင်းပရန် အစိုးရက လျာထားသော်လည်း၊ အကြောင်းပြချက်မရှိဘဲ

ရုတ်ချည်းဖျက်သိမ်းခဲ့ပါ သည်။

နိုင်ငံတော်စာပေစီစစ်ရေးအဖွဲ့က အတည်ပြု၊ ခွင့်ပြုချက်မရှိသော ဗီဒီယိုအခွေများကို ထုတ်လုပ်၊ ဖြန့်ချိ၊ သို့မဟုတ်

လက်ဝယ်ထားရှိခြင်းကို ဥပဒေအရ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားပါသည်။ အစိုးရသည် ဆင်ဆာမဲ့နိုင်ငံခြားဗီဒီယိုအခွေ

များ၊ ဒီဗွီဒီများကို ဆက်လက်နှိမ်နင်းနေသော်လည်း ခိုးကူးထားသောအခွေများကို လမ်းမများပေါ်တွင် အကျယ်အပြန့်ဆက်

လက်၍ ရရှိနေနိုင်ပါသည်။

အင်တာနက် လွတ်လပ်ခွင့်

အင်တာနက်ကိုသုံး၍ လွတ်လပ်စွာဖော်ပြပြောဆိုခွင့်ကို ကျင့်သုံးခြင်းနှင့် ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ရန်အတွက်

ပြဌာန်းထားသော ဥပဒေများ၊ စည်းမျဉ်းများ မရှိပါ။ သို့သော်လည်း အစိုးရက အင်တာနက်ဆက်သွယ်မှုများကို စောင့်ကြည့်

28

ကြပ်မတ်နေပြီး အင်တာနက်စာမျက်နှာ ၀က်ဘ်ဆိုက်များကိုလည်း ပိတ်ပင်ထားပါသည်။ သို့ဖြစ်၍ ပြည်သူများအနေဖြင့်

ဤသို့ဆောင်ရွက်လှုပ်ရှားမှုများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိပါ။

အာဏာပိုင်များက မကြာခဏဆိုသလို လူအများစိတ်ဝင်တစား ကြည့်ရှုလေ့ရှိသည့် ၀က်ဘ်ဆိုက်များနှင့် နိုင်ငံရေး

ပြဿနာ များနှင့် ပတ်သက်သည့် ဖိုင်ပူးတွဲပေးပို့မှုများကို ပိတ်ပင်ထားပါသည်။ ရံဖန် ရံခါ အီး-မေးလ်စာများသည်လည်း

လက်ခံသူ၏ လက်ခံစာပုံး (inbox) ထဲသို့ ရက်များစွာနောက်ကျပြီးမှ ရောက်ရှိပါသည်။ ဤစာများတွင် မကြာခဏဆိုသလို

ပူးတွဲထား သောဖိုင်များကိုလည်း ဖျက်ဆီးထားပြီးမှ လက်ခံရရှိတတ်ပါသည်။ ဤသို့ဖြစ်ရသည်မှာ စစ်အစိုးရက အီးမေးလ်

စာ အ၀င်-အထွက်များကို စီစစ်ဖြတ်တောက်သောကြောင့်ဟု နိုင်ငံသားအများစုက ယုံကြည်ကြပါသည်။

အစိုးရက ၎င်းနှင့် ၎င်း၏ဆောင်ရွက်မှုများကို ဝေဖန်ထားသော အင်တာနက် ၀က် (ဘ်) စာမျက်နှာများကိုလည်း

ပိတ်ပင် တားမြစ်ထားပါသည်။ အာဏာပိုင်များက မကြာခဏဆိုသလို အခမဲ့သုံး၍ရသော ရဟူး (Yahoo) နှင့် ဟော့ (တ်)

မေးလ် (Hotmail) ကဲ့သို့ အီး-မေးလ် ၀န်ဆောင်မှုများကိုလည်း ပိတ်ပင်ထားခဲ့ပါသည်။ အင်တာနက်တယ်လီဖုန်းစနစ် နှင့်

ချက်ချင်းဆက်သွယ် သတင်းပေးပို့နိုင်သော ဂျီမေးလ် (Gmail)၊ ဂျီတော့ (လ်ခ်) (Gtalk) နှင့် စကိုက် (ပ်) (Skype)

ဝန်ဆောင်မှုများကိုလည်း ပိတ်ပင်ထားပါသည်။

အစိုးရက သံသယဖြစ်ဖွယ်စကားလုံးများပါဝင်သော အင်တာနက် ၀က် (ဘ်) ဆိုက်စာမျက်နှာများကိုလည်း ပိတ်

ပင်ထားပါသည်။ ဤစကားလုံးများတွင် မြန်မာနိုင်ငံ (Burma)၊ မူးယစ်ဆေးဝါး၊ စစ်အစိုးရ၊ ဒီမိုကရေစီ၊ ကျောင်းသားလှုပ်

ရှားမှု၊ ၈၈၈၈၊ နှင့် လူ့အခွင့်အရေးစသည့် စကားလုံးများ ပါဝင်ပါသည်။ အသုံးပြုသူများက တစ်ခါတရံ ဒီမိုကရက်တစ်

မြန်မာ့အသံ (DVB) နှင့် ဘီဘီစီ (BBC) မြန်မာပိုင်းအသံလွှင့်အစီ အစဉ်တို့၏ လက်ခံတည်ရာ စာမျက်နှာများကို သွား

ရောက်နိုင်ကြပါသည်။ သို့သော်လည်း ထိုနေရာများမှ ဆောင်းပါးအများကို ရယူဖတ်ရှုနိုင်ခြင်း မရှိပါ။ မကြာခဏဆိုသလို

အစိုးရက သုံးနေသော ဆော့ဝဲယား (software) များက ဆင်ဆာတည်းဖြတ်ထားသည့် စကားလုံးများကို တွေ့ရှိသော

ကြောင့် ပညာပေးရေးဆိုင်ရာနှင့် အခြားသော အင်တာနက် စာမျက်နှာများကိုလည်း မှားယွင်းပိတ်ပင်ခဲ့ပါသည်။

အီးမေးလ် စာပို့ခြင်းအပါအ၀င်ဖြစ်သော အီလက်ထရွန်နစ် ဆွေးနွေးခန်း ဖိုရမ်များတွင် နိုင်ငံရေး၊ ဘာသာရေး၊

သို့မဟုတ် မကျေနပ်ချက်အမြင်များကို လွတ်လပ်စွာဖော်ပြသောကြောင့် ဖမ်းဆီးခံရသည့်၊ အပြစ်ပေးခံရသည့်အမှုများကို

မသိရှိခဲ့ရပါ။ သို့သော်လည်း သတင်းများအရ အစိုးရက အီလက်ထရွန်နစ် ဆွေးနွေးခန်း ဖိုရမ်များတွင် နိုင်ငံရေး၊ ဘာသာ

ရေး၊ သို့မဟုတ် မကျေနပ်ချက်အမြင်များကို ဖော်ပြသည်ဟု သင်္ကာမကင်းဖြစ်သူများကို အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ပေးခဲ့

ကြပါသည်။

နယ်ခြားမဲ့ သတင်းစာဆရာများအဖွဲ့၏ နှစ်စဉ် အစီရင်ခံစာအရ အစိုးရသည် အင်တာနက်ကဖေးဆိုင်များအားလုံး

ကို အနီးကပ်စောင့်ကြည့်နေပြီး၊ အသုံးပြုသူ၏ လုပ်ဆောင်ချက်ကို သိရှိနိုင်ရန်အတွက် ၅ မိနစ်တစ်ကြိမ် အလိုအလျှောက်

ကွန်ပြူတာ ဖန်သားပြင်ရှိ ရုပ်ပုံကို ဖမ်းယူထားသည့် စနစ်ကို အသုံးပြုနေကြပါသည်။ နိုင်ငံရေးနှင့် လိင်မှုနှိုးဆွသည့် အပြာ

စာမျက်နှာများသို့ သွားရောက်ကြည့်ရှုခြင်းကို တားမြစ်ကြောင်း သတိပေးစာများ ဖော်ပြထားကြပါသည်။ သို့သော် မည်သို့

အပြစ်ပေးမည်ဟူ၍ တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။

ပညာရေးလွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ

အစိုးရက ပညာရေးဆိုင်ရာလွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ထားပါသည်။ တက္ကသိုလ်ဆရာများနှင့် ပါမောက္ခ

များသည်လည်း လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခွင့်၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေ

29

ခွင့်များကို အခြားသော အစိုးရ၀န်ထမ်းများကဲ့သို့ပင် အလားတူ ချုပ်ချယ်ပိတ်ပင်ခြင်း ခံရပါသည်။ ပညာရေးဝန်ကြီးဌာနက

ပုံမှန်ဆိုသလို ကျောင်းဆရာများထံသို့ အစိုးရကိုဝေဖန်ပြောဆိုခြင်းမပြုရန် သတိပေးချက်များ လုပ်တတ်ပါသည်။ ထို့အပြင်

လုပ်ငန်းခွင်အတွင်း၌ နိုင်ငံရေးမဆွေးနွေးရန်၊ နိုင်ငံရေးပါတီများသို့ ထောက်ခံခြင်း၊ ပူးပေါင်းပါဝင်ခြင်း မပြုရန်၊ သို့မဟုတ်

နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပြီး၊ နိုင်ငံခြားသားများနှင့် တွေ့ဆုံမည်ဆိုပါကလည်း တင်ကြို၍

ခွင့်ပြုချက်ရယူရန် လိုအပ်ပါသည်။ အစိုးရက သင်ရိုးညွှန်းတမ်းများကို အနီးကပ်စောင့်ကြည့်နေပြီး၊ သင်ခန်းစာများကို စိစစ်

ဖြတ်တောက်ခြင်း၊ ပညာရှင်များကိုလည်း မိမိဘာသာ စိစစ်တည်းဖြတ်ရန် ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်လေ့ရှိပါသည်။

အခြားသောအစိုးရ၀န်ထမ်းများကဲ့သို့ပင်၊ ပါမောက္ခများနှင့် ကျောင်းဆရာများသည် လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) သို့

ဝင်ရန် လိုအပ်ပါသည်။ မည်သည့်အဆင့်တွင်ရှိနေသည့် ဆရာများမဆို၊ ၎င်းတို့ ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှား

ဆောင်ရွက်မှုများအတွက် တာဝန်ယူကြရပါသည်။ ကျောင်းသာမိဘများက ပြောပြကြရာတွင် နိုင်ဝင်ဘာလတွင် ရန်ကုန်မြို့

ရှိ အထက်တန်းကျောင်းများသို့ အမိန့်ညွှန်ကြားချက်ပေးခဲ့ရာ၌ စစ်အစိုးရနှင့် ၎င်းကိုထောက်ခံသည့် သူများက စီစဉ်သော

လူထုစုဝေးပွဲများသို့ မတက်ရောက်သည့် ကျောင်းသားများကို စာမေးပွဲကျရှုံးစေရန် ညွှန်ကြားခဲ့သည်ဟု သတင်းရရှိပါ

သည်။ နိုင်ငံခြားသားများကို ကြိုတင်ခွင့် ပြုချက်မရှိပါက၊ တက္ကသိုလ်ပရ၀ုဏ်အတွင်း ၀င်ရောက်လည်ပတ်ခွင့် မရှိပါ။ ဘွဲ့

နှင်းသဘင်အခမ်းအနားများအပါအ၀င်၊ ကျောင်းသားများနှင့် သက်ဆိုင်သည့် စုဝေးပွဲများသို့လည်း တက်ရောက်ခွင့် မရှိပါ။

အစိုးရက ကျောင်းသားမငြိမ်မသက်မှုများ မဖြစ်ပွားစေရန် ကန့်သတ်သည့်ဆောင်ရွက်ချက်အဖြစ် ဘွဲ့ကြိုစာသင်

ခန်းများ၊ ကျောင်းများကို ဝေးလံသောနေရာများသို့ ရွှေ့ပြောင်းခဲ့ပြီး၊ အကယ်၍ ဆူပူမှုများ ဖြစ်လာပါက ပြင်းထန်စွာအရေး

ယူမည်ဟုလည်း ဆရာများ၊ ကျောင်းသားများကို သတိပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ကျောင်းဆောင် အများစုကိုလည်း

ပိတ်ပစ်ခဲ့ပါသည်။ အစိုးရက ကျောင်းဖွင့်ထားသည့် အချိန်နှင့် နွေရာသီကျောင်းပိတ်ထားသည့် အချိန်များတွင်ပင် ကျောင်း

များ၏ပတ်ဝန်းကျင်၌ လုံခြုံရေးကို တင်းကျပ်စွာ ချထားပါသည်။ ဤသို့ဆောင်ရွက်နေမှုများကြောင့် ပညာရေးအရည်

အသွေးမှာလည်း ယုတ်လျော့ကျဆင်းလာနေပြီး ကျောင်းသားများက မိမိဘာသာလေ့လာခြင်း၊ သို့မဟုတ် ပုဂ္ဂလိကကျူရှင်

များကို အားကိုးရသည်အထိ၊ ဖြစ်လာခဲ့ပါသည်။

အစိုးရက နိုင်ငံအတွင်း အကန့်အသတ်ဖြင့်ခွင့်ပြုထားသော ပုဂ္ဂလိကပညာသင်ကျောင်းများနှင့် သူတို့၏ သင်ရိုး

ညွှန်းတမ်းတို့ကို တင်းကျပ်စွာ ထိန်းချုပ်ထားပါသည်။ အလားတူ ထိန်းချုပ်မှုမျိုးကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး စာသင်

ကျောင်းများ၊ ခရစ်ယာန်ကျမ်းစာသင်ကျောင်းများ၊ မူစလင် မဒရာစာ ကျောင်းများအထိပါ လိုက်လံထိန်းချုပ်ထားပါသည်။

ယခုနှစ်အတွင်းတွင် အစိုးရက ပုဂ္ဂလိကကျူရှင်ကျောင်းများကို နှိမ်နင်းခဲ့ပြီး၊ ဤသို့ သင်ကြားနေမှုကိုလည်း ပိတ်ပင်ရန်

ကြိုးပမ်းခဲ့ပါသည်။ ပုဂ္ဂလိကကျောင်းဆရာတစ်ဦးဖြစ်သူနှင့် NLD ပါတီကို ထောက်ခံသူ ဦးအောင်ဖေကို ပုဂ္ဂလိက ကျူရှင်

ဥပဒေကို ချိုးဖောက်မှုဖြင့် ၂၀၀၅ ခုနှစ်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရပြီး ယခုတိုင်ထောင်ထဲတွင် ရှိနေပါသည်။

အစိုးရက ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ အားလုံးကိုလည်း တင်းကျပ်စွာ စီစစ်၊ စောင့်ကြပ် ကြပ်မတ်ခဲ့ပါ

သည်။ အစိုးရက ပုံမှန်ဆိုသလို မြန်မာနိုင်ငံ စကားရည်လုအသင်း (Myanmar Debate Society) ၏ လုပ်ငန်းဆောင်တာ

များကို နှောက်ယှက်ခြင်း၊ ခေါ်ယူမေးမြန်းခြင်းများ ပြုခဲ့ပါသည်။ ဇွန်လတွင် ဤအဖွဲ့မှ အဖွဲ့ဝင်များကို နိုင်ငံရပ်ခြားသို့ စကား

ရည်လုပြိုင်ပွဲတစ်ခုသို့ ခရီးသွားခွင့် တားမြစ်ခဲ့ပြီး၊ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကိုလည်း သိမ်းယူခဲ့ပါသည်။

30

(ခ) ငြိမ်းချမ်းစွာ လူစုရုံးခွင့်နှင့် အဖွဲ့အစည်း ဖွဲ့စည်းခွင့်

လွတ်လပ်စွာ စုရုံးပိုင်ခွင့်

ဥပဒေက လွတ်လပ်စွာ လူစုရုံးခွင့်ကို ကန့်သတ်ထားပြီး၊ အစိုးရက လက်တွေ့ချုပ်ချယ်ပါသည်။ တရားဝင်ပြဌာန်း

ထားသော ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ပြင်ပတွင် လူ ၅ ဦးထက် ပို၍စုရုံးခြင်းကို တားမြစ်ထားပါသည်။ ထိုဥပဒေအတိုင်း

တစိုက်မတ်မတ် အရေးယူဆောင်ရွက်ခြင်း မရှိသော်လည်း၊ တခါတရံ အသေးစားစုဝေးမှုများကိုလည်း တားမြစ်ပိတ်ပင်ခဲ့ပါ

သည်။ ရန်ကုန်ရှိ ဌာနချုပ်ရုံးမှလွဲ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးခွဲများကို အစိုးရ၏ အမိန့်ဖြင့် ဆက်လက်ပိတ်ထား

စေပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၎င်း၏လှုပ်ရှားမှုများကို ဌာနချုပ်ရုံးအဆောက်အဦး၏ ပြင်ပ၌ ဆောင်

ရွက်ခွင့် မရှိပါ။ အခြားကျန်ရှိနေသည့် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉ ခုသည်လည်း ၎င်းတို့၏အဖွဲ့ဝင်များ

နှင့် အစည်းအဝေးများကျင်းပလိုပါက အစိုးရထံမှ ခွင့်ပြုချက်ရ ယူရန်လိုအပ်ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့

ဝင် များပါဝင်တက်ရောက်သော သာမန်အစည်းအဝေးများ NLD ရုံး၏ပြင်ပတွင် ဆက်လက်ရှိနေခဲ့ပါသည်။ ဥပမာအားဖြင့်၊

အမျိုးသမီးအဖွဲ့များ၏ အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ဆုတောင်းမှုများ ဖြစ်ပါသည်။ သို့သော်လည်း လုံခြုံ

ရေးအာဏာပိုင်များက ဤလှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့ပါသည်။ အစိုးရက ဤသို့ပါဝင်တက်ရောက်သူများ

ကို ဟန့်တားသည့်အနေဖြင့် တက်ရောက်မည့်သူစာရင်း ကြိုတင်ပေးရန် NLD ခေါင်းဆောင်များသို့ တောင်းဆိုမှုများလည်း

ရှိပါသည်။

အစိုးရသည် ဘာသာရေးအုပ်စုများ၏ စုရုံးမှုကို ရံဖန်ရံခါဆိုသလို ၀င်ရောက်နှောက်ယှက်ခဲ့ကြပါသည်။ ၂၀၀၄

ခုနှစ်မှစ၍ ဗုဒ္ဓဘာသာဝင် အရပ်သားများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း စုရုံး၍၀တ်ပြု

ဆုတောင်းခဲ့ကြပါသည်။ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး (USDA) အဖွဲ့ဝင်များက ၎င်းအဖွဲ့နှင့် ခေါင်းဆောင်

ဖြစ်သူ ဒေါ်နော်အုန်းလှကို ရန်ကုန်ရှိ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ရန် ကြိုးပမ်းစဉ်၊ နှုတ်အားဖြင့်၊ ကိုယ်

ကာယအားဖြင့် တိုက်ခိုက်နှောက်ယှက်ခဲ့ကြပါသည်။ မျက်မြင်သက်သေများ အဆိုအရ အရပ်ဝတ်နှင့် လူ ၁၀၀ ခန့်က ဒေါ်

နော်အုန်းလှကို ၀ိုင်းရံပိတ်ဆို့ထားပြီး သူနှင့် သူ့အဖွဲ့ဝင်များ ချက်ချင်းထွက်ခွါသွားရန် တောင်းဆိုခဲ့ကြပါသည်။ သူတို့က

ငြင်းဆန်သည့်အခါ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များက သူတို့၏အဖွဲ့ဝင်အချို့ကို ကန်ကျောက်ထိုးနှက်ခဲ့ကြပါသည်။ ဤသို့ထိုး

နှက်ခံရသူများတွင် အမျိုးသားများရော၊ အမျိုးသမီးများရော ပါဝင်ကြပါသည်။ ဤသို့ဖြစ်ပျက်သည့် နေရာတွင်ရှိနေကြသည့်

ယူနီဖောင်းဝတ်ရဲများကလည်း ယခုတိုက်ခိုက်မှုကို တားဆီးဟန့်တားမှု မပြုခဲ့ကြပါ။ အာဏာပိုင်များက ဤဖြစ်ရပ်ကို စုံစမ်း

စစ်ဆေးခြင်း မရှိသည့်အပြင်၊ ဒေါ်နော်အုန်းလှ၏ တိုင်ကြားမှုကိုလည်း လက်ခံဆောင်ရွက်ပေးခြင်း မရှိပါ။

လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်

အစိုးရက လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့စည်းခွင့်ကို အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဒီမို

ကရေစီအရေး ထောက်ခံသူများနှင့် ပြည်ပရောက်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသူများအပေါ် ကန့်သတ်ချုပ်ချယ်

ထားခဲ့ပါသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် မေလ ၁ ရက်နေ့ ဆွေးနွေးပွဲကျင်းပမှုနှင့် ပတ်သက်၍

အလုပ်သမားအရေး လှုပ်ရှားသူ ၆ ဦးကို ဆူပူမှုဖြစ်ပွားစေရန် လှုံ့ဆော်မှုနှင့် တရားမ၀င်အဖွဲ့အစည်း ဥပဒေများကို ချိုး

ဖောက်မှုတို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်မှ ၂၈ နှစ်အထိ ချမှတ်အပြစ်ပေးခဲ့ပါသည်။

ယခုနှစ်ကုန်ဆုံးချိန်တိုင် NLD အဖွဲ့ဝင် ကိုလှမြင့်သန်းနှင့် အခြား ၈ ဦးမှာ "တရားမ၀င်အဖွဲ့အစည်း" နှင့် ဆက်

သွယ်ခြင်း၊ ဂြိုဟ်တုဖုန်းလက်ဝယ်ထားရှိခြင်းနှင့် ထိုင်းနိုင်ငံသို့ တရားမ၀င် နိုင်ငံကူးသွားရောက်ခြင်းတို့ဖြင့် စွပ်စွဲ၍ ၂၀၀၅

31

ခုနှစ်တွင် ထောင်ဒဏ် ၈ နှစ်မှ ၂၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး၊ ယခုတိုင် ထောင်ထဲတွင် ဆက်လက်အကျဉ်းချခံနေရ

ဆဲ ဖြစ်ပါသည်။

ယေဘုယျအားဖြင့် လွတ်လပ်စွာအဖွဲ့အစည်း ဖွဲ့စည်းခွင့်သည်၊ အစိုးရက အတည်ပြုထားသော အဖွဲ့အစည်းများ

တွင်သာ ခံစားခွင့်ရှိပါသည်။ ဥပမာ-ကုန်သွယ်ရေးအဖွဲ့များ၊ အတတ်ပညာရှင် အဖွဲ့အစည်းများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့

စသော အဖွဲ့အစည်းများတွင်သာ ရပ်တည်ခွင့်ရှိပါသည်။ ဘာသာရေးနှင့် သီးခြားဖြစ်သော၊ အမြတ်အစွန်းမယူသည့် လူမှု

ရေးအဖွဲ့အစည်း အချို့ရှိပါသည်။ ထိုအဖွဲ့များသည် အစိုးရ၏မူဝါဒအတိုင်း တသွေမတိမ်း အထူးဂရုစိုက်၍ လိုက်နာလုပ်

ဆောင်နေရသော အဖွဲ့အစည်းများ ဖြစ်ပါသည်။ တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၁၀ ခုရှိပါသည်။ သို့သော်

အများစုမှာ ကွယ်ပျောက်နေပြီ ဖြစ်ပါသည်။ အာဏာပိုင်များက အတိုက်အခံနိုင်ငံရေးပါတီ ၃ ခုကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်

ခြင်း ပြုနေခဲ့ကြပါသည်။ အခြား တရားဝင်နိုင်ငံရေးပါတီ ၇ ခုက စစ်အစိုးရ၏မူဝါဒများကို ထောက်ခံခဲ့ကြပါသည်။ ဤ

ရလဒ်အဖြစ် မျက်နှာသာပေး၍ ဆက်ဆံခြင်းခံရပါသည်။

(ဂ) လွတ်လပ်စွာ ကိုးကွယ်ခွင့်

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ထောက်ပံ့ပေးထားသော လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့် မရှိပေ။ တရားဝင်

နိုင်ငံတော်ဘာသာ ဟူ၍ မရှိပါ။ သို့သော်လည်း အစိုးရက လူအများ၏ကိုးကွယ်ယုံကြည်ရာ ဘာသာဖြစ်သော ထေရ၀ါဒ

ဗုဒ္ဓဘာသာကို ပိုမို၍အလေးပေးကြောင်း ပြသခဲ့ပါသည်။ သာသနာရေးဝန်ကြီးဌာနအောက်တွင် "သာသနာ (ဗုဒ္ဓဘာသာ)

ထွန်းကား ပြန့်ပွားရေးဦးစီးဌာန"ဟူ၍ သီးသန့်ထားရှိပြီး၊ အစိုးရသည် ကျေးလက်ဒေသတွင် ဘုန်းတော်ကြီးသင် စာသင်

ကျောင်းများနှင့်၊ ရန်ကုန်မြို့၊ မန္တလေးမြို့များတွင် နိုင်ငံတော်မှဖွင့်လှစ်ထားသော ဗုဒ္ဓဘာသာတက္ကသိုလ် ၂ ခုကို ဆက်လက်

၍ ရန်ပုံငွေ ထောက်ပံ့ပေးနေခဲ့ပါသည်။ မှတ်ပုံတင်ထားသော ဘာသာရေးအဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် ၎င်းတို့

ကြိုက်နှစ်သက်သလို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိပါသည်။ သို့သော် အစိုးရက အချို့သော ဘာသာရေးလုပ်ငန်းများ

အပေါ်တွင် ကန့်သတ်ချက်များထားရှိခဲ့ပြီး၊ အခြားဘာသာများထက် ဗုဒ္ဓဘာသာကို ပိုမို၍မြှင့်တင်ခဲ့ပါသည်။ အစိုးရသည်

လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်များ ပိုမိုရရှိရေးအတွက် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၏ ကြိုးပမ်းမှု

များကိုလည်း ကန့်သတ်တားမြစ်ထားခဲ့ပါသည်။

ဘာသာရေးအဖွဲ့အစည်းဖြစ်စေ၊ သို့မဟုတ် မည်သို့သောအဖွဲ့အစည်းဖြစ်စေ၊ အားလုံးနီးပါးသည် အစိုးရထံတွင်

တရားဝင်မှတ်ပုံတင်ကြရပါသည်။ တရားဝင်ညွှန်ကြားချက်များအရ ဘာသာရေးအရ "အစစ်အမှန်" ဖွဲ့စည်းထားသည့် အဖွဲ့

အစည်းများသည် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ရမည်ဟု ဆိုထားသော်လည်း၊ လက်တွေ့တွင် မှတ်ပုံတင်သော အဖွဲ့အစည်း

များသာလျှင် ပိုင်ဆိုင်မှု ပစ္စည်းများ ၀ယ်ယူ၊ ရောင်းချနိုင်ခြင်း၊ သို့မဟုတ် ဘဏ်စာရင်းဖွင့်နိုင်ခြင်းများ ခွင့်ပြုခံရပါသည်။ ထို့

ကြောင့် ဘာသာရေးအဖွဲ့အစည်းအများစုသည် အစိုးရထံတွင် မှတ်ပုံတင်ထားကြပါသည်။

အစိုးရက ဗုဒ္ဓဘာသာသံဃာတော်များကို ထိန်းချုပ်ထားနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းခဲ့ပါသည်။ " ဗုဒ္ဓ

ဘာသာ၏ ကျင့်ထုံးများနှင့် မကိုက်ညီမှု၊ ဘာသာရေးကို ပျက်စီးစေသည်" ဟူသောအကြောင်းပြချက်များဖြင့် သံဃာ့

အဖွဲ့ဝင်များကို တရားစွဲဆိုခဲ့ပါသည်။ ရာဇ၀တ်ပြစ်မှုဆိုင်ရာ အပြစ်ပေးမှုများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ကျင့်ဝတ်

ဝတ္တရားများကို သံဃာများအပေါ်တွင် အတင်းအကျပ်ချမှတ်ပေးပြီး၊ အာဏာတည်စေခဲ့ပါသည်။ အစိုးရကို ဆန့်ကျင်သော

ဗုဒ္ဓဘာသာရဟန်းငယ်များကို အစိုးရက ဖမ်းဆီးထောင်ချရန် တွန့်ဆုတ်မနေခဲ့ပါ။ ထောင်အတွင်းတွင် ၎င်းသံဃာများကို

သင်္ကန်းချွတ်၍ လူသာမန်ကဲ့သို့ပင် ဆက်ဆံပါသည်။ သူတို့ကို ဦးပြည်းတုံးခွင့် မပြုသည့်အပြင် ဘုန်းတော်ကြီးများ ကျင့်ကြံ

32

စားသောက်ရသည့်အတိုင်း အစားအသောက်များကိုလည်း ဆက်ကပ်ကျွေးမွေးခြင်း မပြုပါ။ အခြားသောနိုင်ငံရေး အကျဉ်း

သားများကဲ့သို့ပင် ရဟန်းအကျဉ်းသားများသည်လည်း များသောအားဖြင့် ရိုက်နှက်ခံရခြင်း၊ အဓမ္မအလုပ်ကြမ်းများ လုပ်စေ

ခြင်း ခံကြရပါသည်။ သံဃာများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာအဖွဲ့အစည်း ဖွဲ့စည်းခွင့်ကိုလည်း

အစိုးရက အထူးပိတ်ပင်ကန့်သတ်ထားခဲ့ပါသည်။ သံဃာများကို နိုင်ငံရေးနှင့်ပတ်သက်သောတရားများကို ဟောကြားခွင့်

မပြုပါ။ ဘာသာရေး သင်ခန်းစာများတွင်လည်း လက်ရှိနိုင်ငံရေးအမြင်ကို ပေါ်လွင်စေသော စကားလုံးများ၊ စာပိုဒ်များ၊ သို့

မဟုတ် ဇာတ်လမ်းများ မပါဝင်ရပါ။ သံဃာများသည် နိုင်ငံရေးကိစ္စ၊ နိုင်ငံရေးပါတီများ၊ သို့မဟုတ် နိုင်ငံရေးပါတီ အဖွဲ့ဝင်

များနှင့် ကင်းရှင်းစွာ နေထိုင်ရန် လိုအပ်ပါသည်။ အစိုးရသည် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ အခွင့်အာဏာဖြင့်

နိုင်ငံတော်က အသိအမှတ်ပြုထားသော သံဃာ့ဂိုဏ်း ၉ ဖွဲ့မှလွဲ၍ အခြားသံဃာ့အဖွဲ့အစည်းအားလုံးကို ပိတ်ပင်ထားပါ

သည်။ အစိုးရက ဘာသာတိုင်းမှ ဘာသာရေးအဖွဲ့ဝင်ဘုန်းတော်ကြီးများအားလုံးကို နိုင်ငံရေးပါတီဝင်ဖြစ်ခွင့်မှ တားမြစ်

ထားပါသည်။

စက်တင်ဘာလတွင် စစ်အစိုးရက ဗုဒ္ဓဘာသာ ရဟန်းတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာဆန္ဒပြချီတက်ပွဲကို

အကြမ်းဖက် ချေမှုန်း ဖြိုခွဲခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) က

ခန့်မှန်းဖော်ပြရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၆ ရက်နေ့မှ ယခုနှစ်ကုန်အထိ ငြိမ်းချမ်းစွာဆန္ဒပြပွဲများ

ကို တုံ့ပြန်ချေမှုန်းမှုအဖြစ် ဘုန်းတော်ကြီးကျောင်းပေါင်း ၅၂ ကျောင်းကို ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါသည်။ နိုင်ငံတကာ

အဲန်ဂျီအိုများ၏ ခန့်မှန်းချက်အရ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ရဟန်းတော် ၁၅၀ ပါး ဖမ်းဆီးခံရကြောင်း

ဖော်ပြပြီး၊ ယခုနှစ်ကုန်ဆုံးချိန်တိုင် သံဃာအများအပြားမှာ သူတို့၏ကျောင်းတိုက်များတွင် မရှိဘဲ ပျောက်ဆုံးနေဆဲဖြစ်ပါ

သည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် အာဏာပိုင်များက ငြိမ်းချမ်းစွာစုဝေးနေသည့် မကွေးတိုင်းရှိ ဗုဒ္ဓဘာသာသံဃာ

၃၀၀ ကို လူစုခွဲရန်အတွက် သတိပေးသည့် အနေဖြင့် သေနတ်ပစ်ဖောက်ခဲ့ပါသည်။ မျက်မြင်သက်သေများ၏ အဆိုအရ

ရဟန်းများသည် ဆွမ်းခံနေကြခြင်းဖြစ်ပြီး၊ ဖိနှိပ်မှုများ အဆုံးသတ်စေရေးအတွက် မေတ္တာပို့သခဲ့ကြခြင်းသာ ဖြစ်ပါသည်။

သံဃာ ၃ ပါးကို ထိန်းသိမ်းခဲ့ပြီး ထိုနေ့နောက်ပိုင်းတွင်ပင် ပြန်လွှတ်ပေးခဲ့ပါသည်။

စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သံဃာများဦးဆောင်သည့် ဆန္ဒပြပွဲများကို ဖြိုခွဲ

နှိမ်နင်းနိုင်ရန် စစ်အစိုးရ၏ အစီအစဉ်တစိတ်တပိုင်း အနေဖြင့် နိုင်ငံတ၀ှမ်းရှိ ဘုန်းတော်ကြီးကျောင်းများကို ညအချိန် ၀င်

ရောက်စီးနင်းမှုများ ပြုခဲ့ကြပါသည်။ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများနှင့် သံဃာများက သတင်းပေးပို့ခဲ့ကြရာတွင် စစ်

သားများက ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ညအချိန်တွင် အတင်းအဓမ္မ၀င်ရောက်ခဲ့ကြပြီး မျက်ရည်ယိုဗုံးများ၊

ရော်ဘာကျည်ဆံများသုံးခဲ့ကြပါသည်။ နံပါတ်တုတ်များ၊ ၀ါးရင်းတုတ်များသုံး၍ သံဃာများကို ရိုက်နှက်ခဲ့ကြပါသည်။

စက်တင်ဘာလ ၂၇ ရက်၊ နံနက်လင်းအားကြီး ၂း ၀၀ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့များက ရန်ကုန်မြို့ရှိ

ငွေကြာယံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ကြပြီး၊ မျက်မြင်သက်သေများ၏ သတင်းများအရ ရဲများနှင့် စစ်သားများက

သံဃာများကို ရိုက်နှင်ခြင်း၊ ကျောင်းပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း ပြုခဲ့ကြပါသည်။ ခန့်မှန်းခြေ သံဃာ အပါး ၇၀ ခန့်ကို

ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။ ဤစီးနင်းမှုအပြီးတွင် ငွေကြေး၊ လက်ဝတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများလည်း

ပျောက်ဆုံးနေခဲ့သည်ဟု သတင်းများက ဆိုပါသည်။ ဤအခင်းဖြစ်ပွားသည့် နေ့နောက်ပိုင်းတွင် သာသနာရေးဌာနမှ

အရာရှိတစ်ဦး ပြန်ရောက်ရှိလာခဲ့ပြီး ၀င်ရောက်စီးနင်းခဲ့သည့် အထောက်အထားများကို ရှင်းလင်းရန်နှင့် အခြား ဘုန်းတော်

ကြီးကျောင်းသို့ ပြောင်းရွှေ့ရန် ကျန်ရှိနေသော သံဃာများကို ညွှန်ကြားခဲ့ပါသည်။ ရဟန်းများက ငြင်းဆန်ကြပြီး၊ သူတို့ကို

33

ထောက်ခံသည့် ဒေသခံပြည်သူများ ရောက်ရှိလာကြသည့်အခါ စစ်သားများနှင့် ရဲများက ၎င်းလူအုပ်စုကို ခွဲရန် ကျည်အစစ်

များနှင့် ပစ်ခတ် ခဲ့ကြပါသည်။ မျက်မြင်သက်သေများ အဆိုအရ လူ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သတင်းထောက်

များကို ပြောပြကြ ပါသည်။ အသက် ၁၈ နှစ်အရွယ်ရှိသူ ဇေယျာနိုင်ဦးသည်လည်း သေဆုံးရသူထဲတွင်တဦး ဖြစ်ပါသည်။

အလားတူ စီးနင်းမှုမျိုး ကျိုက္ကဆံ၊ မိုးကောင်းကျောင်းတိုက်နှင့် မဟာဗောဓိကျောင်းတိုက်များတွင်လည်း ဆောင်

ရွက်ခဲ့ကြသည်ဟု သတင်းများ ရရှိပါသည်။

စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းတွင် နိုင်ငံခြားသံရုံး ကိုယ်စားလှယ်များနှင့် သတင်းမီဒီ

ယာများက ဘုန်းတော်ကြီးကျောင်းအချို့ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး၊ များစွာသော အပျက်အစီးများနှင့် ဤဘုန်းကြီး

ကျောင်းများတွင် လူရှင်းနေကြောင်း တွေ့ရှိကြရပါသည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် သတင်းထောက်များနှင့် နိုင်ငံ

ခြား သံကိုယ်စားလှယ်များက ရန်ကုန်ရှိ ငွေကြာယံကျောင်းတိုက်ကို သွားရောက်ခဲ့ကြရာ ၀ါးတုတ်များ၊ အဓိကရုဏ်းနှိမ်နင်း

ရေးသုံး ကျည်လက်နက်များ၊ ကွဲနေသည့်ပြူတင်းပေါက်များ၊ ဘုန်းကြီးကျောင်း အဆောင်များ၏ ကြမ်းပြင်များပေါ်တွင်

သွေးအိုင်များ တွေ့ရှိခဲ့ကြရပါသည်။

အစိုးရက၊ လူနည်းစုဘာသာရေးအုပ်စုများ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦးများတည်ဆောက်ခြင်းကို

ဆက်လက်၍ကန့်သတ်တားမြစ်ခဲ့ပါသည်။ အစိုးရက ဘာသာရေးဆိုင်ရာဌာနများ၊ ကျောင်းများကို ဖျက်ဆီးခွင့်လည်း ပြု

ထားခဲ့ပါသည်။

အစိုးရ၏ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ဗလီများကို အတင်းအကျပ်ရှာဖွေစစ်

ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ဗလီဝတ်ကျောင်းရှိ ခေါင်းဆောင်များကို ဗလီအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် ခွင့်ပြုချက်

ကိုပြသရန် တောင်းဆိုခဲ့ကြပါသည်။ ဗလီခေါင်းဆောင်များက ဤသို့ခွင့်ပြုချက်များကို မပြနိုင်လျှင် ၎င်းအရာရှိများက ၎င်း

ဗလီဝတ်ကျောင်းကို ဖျက်ဆီးရန် ၎င်းဘာသာရေးကျောင်း၏ အဖွဲ့ဝင်များကိုပင် အမိန့်ပေးစေခိုင်းပါသည်။

နိုင်ငံ၏ ဒေသအများစုတွင် ခရစ်ယာန်နှင့် မူစလင်အုပ်စုများသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းငယ်များနှင့် ဗလီ

များကို တည်ဆောက်လိုပါက လမ်းသွယ်ကလေးများ၊ သို့မဟုတ် ထင်သာမြင်သာမရှိသောနေရာများတွင်သာ တည်

ဆောက်ခွင့်ပြုသည်။ ဤနည်းအတိုင်းဆောင်ရွက်မှသာ ရံဖန်ရံခါ အလုပ်ဖြစ်စေသည်။ သို့သော်လည်း ၎င်းကဲ့သို့ကိစ္စများ

သည် ဒေသခံ အာဏာပိုင်များ၏ တရားမ၀င်သဘောတူညီမှု၊ နားလည်မှုအပေါ်တွင် မူတည်သည်။ တရားဝင်လျှောက်ထား

ချက်ရရန် ဆိုသည်မှာ အချိန်လွန်စွာ ကြာမြင့်နိုင်သည်။ ပုံမှန်အားဖြင့် ငြင်းပယ်ခံရတတ်သည်။ သို့မဟုတ် ပို၍အဆင့်မြင့်

သည့် အရာရှိကြီးများက ဆုံးဖြတ်ချက်ကို ပြင်ဆင်သတ်မှတ်နိုင်ပါသည်။

အစိုးရ၏ ဖြန့်ကျက်ထားသော ပြည်တွင်းလုံခြုံရေးဆိုင်ရာယန္တယားများက အဖွဲ့အစည်း အားလုံးလိုလို၏ အစည်း

အဝေးများနှင့် လှုပ်ရှားမှုများကိုစောင့်ကြည့်ခြင်း ပြုနေကြပြီး၊ တရားဝင်မဟုတ်သော်လည်း လူတစ်ဦးချင်းနှင့် စုပေါင်း၍

ဝတ်ပြုခြင်းကို ကန့်သတ်ချုပ်ချယ်မှုများ ပြုထားပါသည်။ ဘာသာရေးအဖွဲ့ အစည်းများသည်လည်း ဤသို့ စောင့်ကြည့်ခြင်း

ခံရပါသည်။ ဘာသာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ၊ အဖွဲ့အစည်းများသည်လည်း လွတ်လပ်စွာဖော်ပြ ပြောဆိုခွင့်

နှင့် လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့စည်းခွင့်ကို ထိန်းချုပ်ကန့်သတ် ခံကြရပါ သည်။

အာဏာပိုင်များက အတင်းအဓမ္မဘာသာပြောင်းယူသောနည်းနာများကို ရပ်ဆိုင်းသွားသယောင်ရှိခဲ့သော်လည်း၊

ဗုဒ္ဓဘာသာဝင် မဟုတ်သူများကို ဗုဒ္ဓဘာသာသို့ ပါလာအောင် အခြားနည်းနာများနှင့် ဖျားယောင်းနေသည်ဟူသော

သက်သေအထောက်အထားများ ဆက်လက်ရရှိနေခဲ့သည်။ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးများကို ဗုဒ္ဓဘာသာစာသင်

ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို တက်ရန် ဖိအားပေးခဲ့ပြီး၊ ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် အားပေးအားမြှောက်ပြုခဲ့

34

ပါသည်။ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးများက သတင်းပေးပို့ခဲ့ကြရာတွင် ဒေသခံအာဏာပိုင်များက ဗုဒ္ဓဘာသာဝင်

ကျောင်းသားများသာ တက်ရောက်သင်ကြားနိုင်သော အထက်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့ပြီး၊ ၎င်းကျောင်းမှ အောင်မြင်

သူများသည် အစိုးရအလုပ် ရရှိရန်လည်း အာမခံချက်ရှိပါသည်။ ခရစ်ယာန်ဘာသာဝင်များမှာ ထိုကျောင်းများကို တက်

ရောက်ခွင့်ရရေး အတွက် ဘာသာပြောင်းကြရပါသည်။ ပြည်ပတွင်ရောက်ရှိနေသော ချင်းအမျိုးသားအုပ်စုတစ်ခု၏ ဖော်ပြ

ချက်အရ ဒေသခံ အာဏာပိုင်များက ခရစ်ယာန်ဘာသာဝင် ချင်းကလေးငယ်များကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း

များတွင် ထားစေပြီး၊ ၎င်းတို့၏ မိဘများမသိရှိရဘဲ၊ ခွင့်ပြုချက် မရှိဘဲ၊ ဘာသာရေးဆိုင်ရာလမ်းညွှန်ချက်များကို သင်ကြား

ပေးခြင်း၊ ဗုဒ္ဓဘာသာ သို့ ကူးပြောင်းစေခြင်းကို လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ အစိုးရက စစ်ကိုင်းတိုင်းရှိ နာဂ

လူမျိုးများကို အလားတူ နည်းနာများဖြင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းစေရန် ကြိုးပမ်းခဲ့သည်ဟု အစီရင်ခံစာများက ထောက်

ပြကြသည်။

ဘုန်းတော်ကြီးများအားလုံး၏ ဘာသာရေးသိမ်းသွင်းခြင်းလုပ်ငန်းများကို အစိုးရက အားပေးခြင်းမရှိခဲ့ပေ။ အချို့

ခရစ်ယာန်ဂိုဏ်းခွဲများနှင့် အစ္စလမ်ဘာသာအပါအ၀င်၊ ဘာသာရေးအရ တရားဟောဇာတ်သွင်းခြင်းများကို ကန့်သတ်မှုများ

ရှိနေသောကြောင့် အထူး ထိခိုက်နစ်နာစေခဲ့သည်။ ပုံမှန်အနေအထားအရ အစိုးရသည် ၁၉၆၀ ပြည့်နှစ် အလယ်ပိုင်း

ကာလ များမှစ၍ မည်သည့် အမြဲတမ်းနိုင်ငံခြားသာသနာပြုအဖွဲ့များကို မဆို၊ တိုင်းပြည်အတွင်းဝင်ခွင့် ပိတ်ပင်ထားခဲ့သည်။

အစိုးရ က နိုင်ငံခြားသာသနာပြုအားလုံးနီးပါးကို တိုင်းပြည်မှနှင်ထုတ်ပြီး၊ ၎င်းတို့၏ ပုဂ္ဂလိကစာသင်ကျောင်းများနှင့် ဆေးရုံ

များကို ပြည်သူပိုင်သိမ်းခဲ့ပါသည်။

အားလုံးသော အစိုးရမူလတန်းကျောင်းများတွင် ဗုဒ္ဓဘာသာအယူအဆကို နိုင်ငံတော်မှခွင့်ပြုထားသည့် သင်ရိုး

ညွှန်းတမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်ထည့်သွင်းသင်ကြားနေဆဲ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသင်ခန်းစာ သင်ကြား

နေသည့် အချိန်တွင် ကျောင်းသားများမသင်ကြားဘဲ နေလိုကနေနိုင်ပြီး၊ အချို့သော ကျောင်းသားများက မသင်ကြားဘဲနေ

ခဲ့ကြပါသည်။ သို့သော်လည်း အစိုးရကျောင်းများရှိကလေးများသည်၊ ဗုဒ္ဓဘာသာတရားစာ ရွတ်ဖတ်မှုကို နေ့စဉ်လိုက်လံ

ရွတ်ဆိုကြရပါသည်။ ဤသို့ဆောင်ရွက်နေစဉ်အတွင်း အချို့သောမူစလင်ကလေးငယ်များကို အခန်းတွင်းမှ ထွက်၍နေခွင့်

ပြုထားသော်လည်း အချို့သောကျောင်းများတွင် ဗုဒ္ဓဘာသာဝင် မဟုတ်သူ ကလေးငယ်များကိုပါ အတင်းအကျပ်လိုက်လံ

ရွတ်ဆိုစေရန် ခိုင်းစေပါသည်။

နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရ ဧည့်နိုင်ငံသားများသည် အစိုးရကထုတ်ပေးထားသော အမျိုးသားမှတ်ပုံ

တင်ကဒ်ကို ယူဆောင်သွားရန် လိုအပ်သည်။ ထိုကဒ်သည် များသောအားဖြင့် ကိုးကွယ်သည့်ဘာသာနှင့် လူမျိုးစုအမည်ကို

ပါ ဖော်ပြထားတတ်ပါသည်။ လူတစ်ဦး၏ ကိုးကွယ်ယုံကြည်ရာ ဘာသာရေးကို ၎င်းတို့၏ မှတ်ပုံတင်ကဒ်ပြားပေါ်တွင် ဖော်

ပြနိုင်ခြင်း ရှိ- မရှိနှင့် ပတ်သက်၍ ပုံမှန်အတိအကျပြဌာန်းသတ်မှတ်ချက်များ မရှိကြောင်း ထင်ရှားပေါ်လွင်နေသည်။ အချို့

သောလျှောက်လွှာများတွင် နိုင်ငံသားများသည် ၎င်းတို့ကိုးကွယ်သည့်ဘာသာကို ဖော်ပြရန်လိုအပ်သည်။ ဥပမာ-နိုင်ငံကူး

လက်မှတ် လျှောက်ထားရာတွင် ဖြစ်သည်။

အစိုးရက မူစလင်ဘာသာဝင်များကို နှစ်စဉ် ဟာ့ဂ်ျဝတ်ပြုဆုတောင်းပွဲတက်ရန်နှင့် ဗုဒ္ဓဘာသာဝင်များကို အိန္ဒိယ

နိုင်ငံရှိ ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရန် ခွင့်ပြုပါသည်။ သို့သော်လည်း ဘုရားဖူးသွားမည့် လူအရေအတွက်ကို ကန့်သတ်ပါ

သည်။ ယခုနှစ်တွက် ခန့်မှန်းခြေအားဖြင့် မူစလင်ဘာသာဝင် ၂,၅၀၀ ခန့်က ဟာ့ဂ်ျသို့သွားခွင့်ရခဲ့သော်လည်း၊ ၂၀၀၆ ခုနှစ်

က အရေအတွက်နှင့်စာလျှင် လူ ၅၀၀ လျှော့နည်းနေပါသည်။ ခန့်မှန်း လူ ၃၀၀ ခန့်က အစိုးရထောက်ပံ့ပေးသည့် ခရီးစဉ်

ဖြင့် သွားခွင့်ရကြပါသည်။ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာလူမျိုးများအနက် ၁၈၀ ဦးသာ ဟာ့ဂ်ျသို့ သွား

35

နိုင်ခဲ့ကြပါသည်။ အကြောင်းမှာ စစ်အစိုးရထံမှ နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံမှထွက်ခွါခွင့် ရရှိရန် ခက်ခဲသောကြောင့် ဖြစ်ပါ

သည်။ ခန့်မှန်းခြေအားဖြင့် ၂၀၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် ၂,၀၀၀ ဦးမှ ၂,၅၀၀ ခန့်သည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားနိုင်ခဲ့

ကြပါသည်။

လူမှုအဖွဲ့အစည်းအလိုက် ချိုးနှိမ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်း

၂၀၀၆ ခုနှစ်နှင့် မတူညီသောအချက်မှာ မကွေးတိုင်းတွင် မူစလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား

ရန်ပြုပဋိပက္ခဖြစ်ခဲ့ကြသည်ဟူသော အစီရင်ခံချက်များ မရရှိပါ။ တရားဝင်ဘာသာရေးအရ ခွဲခြားဆက်ဆံမှု

အနည်းအကျဉ်း ရှိပြီး၊ ဗုဒ္ဓဘာသာဝင်များကို တရားဝင်မဟုတ်သော်လည်း ဦးစားပေးဆက်ဆံမှု ရှိနေပါသည်။

ရန်ကုန်မြို့တွင် ရဟူဒီ ၀တ်ပြု ကျောင်းတစ်ခု ရှိပါသည်။ ယင်းဘုရားရှိခိုးကျောင်းသည် ဒေသခံဂျူးမိသားစု ၈ စု အတွက်

ဘုရားဝတ်ပြုရာနေရာ ဖြစ်ပါ သည်။ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သို့သောအစီရင်ခံစာမျှ မရရှိခဲ့ပါ။

ပိုမို သိရှိလိုပါက၊ အပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ (၂၀၀၇) (2007 International

Religious Freedom Report) တွင် ကြည့်ရှုနိုင်ပါသည်။

(ဃ) နိုင်ငံအတွင်း လွတ်လပ်စွာခရီးသွားလာနိုင်မှု၊ နိုင်ငံခြား ခရီးသွားလာနိုင်မှု၊ ပြည်ပထွက်နေထိုင်နိုင်မှုနှင့် တိုင်းပြည်

အတွင်းသို့ ပြန်လာနိုင်မှု

အစိုးရသည် လွတ်လပ်စွာခရီးသွားလာနိုင်မှုကို ချုပ်ချယ်ကန့်သတ်ထားသော်လည်း၊ နိုင်ငံသားအများစုမှာ နိုင်ငံ

အတွင်း လွတ်လပ်စွာသွားလာနိုင်ကြပါသည်။ သို့သော်လည်း မူစလင်များ၊ ရခိုင်ပြည်နယ်မှ ထွက်ခွါခွင့်၊ အတွင်းသို့ သွား

လာခွင့်နှင့် အချို့သောနိုင်ငံရေးပါတီဝင်များ၏ သွားလာမှုများကို ချုပ်ချယ်ခဲ့ပါသည်။ မည်သို့ပင် ဆိုစေကာမူ၊ နိုင်ငံသားများ

၏ သွားလာလှုပ်ရှားမှုများအားလုံးကို စောင့်ကြည့်နေခဲ့ပါသည်။ ၎င်းတို့ မည်သည့်နေရာတွင်ရှိနေသည်ကို သက်ဆိုင်ရာ

ဒေသခံ အာဏာပိုင်များကို အကြောင်းကြားရန် လိုအပ်သည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်နေသော ဒေသများတွင် ခရီးသွား

လာခွင့်ကို ကန့်သတ်ထားပါသည်။ နိုင်ငံသားများကို အစိုးရသည် ထင်သလိုနေရာပြောင်းရွှေ့ ချထားနိုင်ပါသည်။ အာဏာ

ပိုင်များက ရန်ကုန်သို့ နိုင်ငံရေးပါတီ၏လှုပ်ရှားမှုများကို တက်ရောက်ရန်လာသော NLD အဖွဲ့ဝင်များကို တားမြစ်လေ့ရှိပြီး၊

ရန်ကုန်မြို့တော်တွင် ညအိပ်ညနေ နေထိုင်ခွင့်ကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

အစိုးရသည် တိုင်းရင်းသားခေါင်းဆောင်များ၏ သွားလာလှုပ်ရှားမှုကိုလည်း အနီးကပ်ထိန်းချုပ်ခဲ့ပါသည်။ နိုင်ငံ

အတွင်းသွားသည့် မည်သည့်ခရီးစဉ်မဆို အစိုးရထံမှ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါသည်။

ဧရာဝတီတိုင်းအတွင်းရှိ ကရင်လူမျိုးအများစုနေထိုင်ရာဒေသများကဲ့သို့သော ယခင်ကပဋိပက္ခများဖြစ်ခဲ့ဖူးသော

တိုင်းရင်းသားလူနည်းစုများရှိရာ ဒေသများ၌ လူအများခရီးသွားလာလှုပ်ရှားမှုကို ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်ထား

မြဲ ဖြစ်သည်ကို ကြုံနေရပါသည်။ ယင်းသို့ ထိန်းချုပ်ရာ၌ နေရာအနှံ့တွင် စစ်တပ် စစ်ဆေးရေးဂိတ်များ ချထားခြင်း၊ စစ်

ထောက်လှမ်းရေး (MSA) မှ စောင့်ကြပ်ကြည့်ရှုနေခြင်းများ ဆောင်ရွက်နေကြပါသည်။ နယ်စပ်ဒေသများရှိ စစ်ဆေးရေး

ဂိတ်များတွင်လည်း လာဘ်ယူ ငွေကောက်ခံခြင်းများ ရှိပါသည်။

ရခိုင်ပြည်နယ်တွင် ထိန်းချုပ်မှုအများစုနှင့် စစ်ဆေးရေးဂိတ်အများစုသည် မူစလင်များအတွက်သာ ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ကပ်လျက်ရှိသော ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်၊ မောင်းတောနှင့် ရသေ့

တောင်မြို့နယ်များတွင် ရိုဟင်ဂျာမူစလင်များ၏ သွားလာလှုပ်ရှားမှုများကို အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါ

36

သည်။ ဆေးကျောင်းနှင့် တက္ကသိုလ်များတွင် ကျောင်းတက်ခွင့်ရသော ရခိုင်ပြည်နယ်မှ မူစလင်လူငယ်အများအပြားမှာ

ခရီးသွားလာရေး အကန့်အသတ်များကြောင့် ကျောင်းနေခွင့်လျှောက်ထားရန် မဖြစ်နိုင် ဖြစ်ခဲ့ရပါသည်။ အထူးသဖြင့်

တောင်အာရှသားများနှင့် တရုတ်လူမျိုးများကဲ့သို့သော နိုင်ငံသားမဟုတ်သူများသည်လည်း၊ နိုင်ငံအတွင်းလှည့်လည်မသွား

လာခင် အစိုးရထံမှ ခွင့်ပြုချက်ရရှိရန် လိုအပ်ပါသည်။ သို့သော် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိ

မိတ် ထိစပ်ရာနေရာများသည် ၀င်ထွက်ရန် လွယ်ကူနေဆဲဖြစ်ပြီး၊ မှတ်တမ်းမတင်ထားသော လူဝင်ရောက်ပြောင်းရွှေ့

အခြေချမှုများနှင့် စီးပွားရေးအရ သွားလာဝင်ထွက်မှုများလည်း အများအပြားရှိနေပါသည်။

သာမန်နိုင်ငံသားတစ်ဦးသည် တိုင်းပြည်အပြင်သို့ထွက်ရန် အထောက်အထား စာရွက်စာတမ်း ၃ ခုလိုအပ်ပါ

သည်။ ၎င်းတို့မှာ ပြည်ထဲရေးဝန်ကြီးဌာနမှထုတ်ပေးသော နိုင်ငံကူးလက်မှတ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အခွန်ငွေ

ကင်းရှင်းကြောင်း အထောက်အထားနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပေးသော ထွက်ခွါခွင့်

လက်မှတ်တို့ ဖြစ်သည်။ လူမှောင်ခိုကုန်ကူးရောင်းချခြင်း ပြဿနာကို တိုက်ဖျက်သောအားဖြင့် အစိုးရက အထူးသဖြင့်

အသက် ၂၅ နှစ်အောက်ရှိ အမျိုးသမီးများ၊ နိုင်ငံတကာသို့ ခရီးသွားလာခြင်းများကို ကြန့်ကြာစေရန်၊ သို့မဟုတ် ကန့်သတ်

ထိန်းချုပ်ရန် ဆက်လက်လုပ်ဆောင်နေပါသည်။

အစိုးရက နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူအားလုံး၏၊ နိုင်ငံခြားခရီးစဉ်များ၏ ရည်ရွယ်ချက်ကို သေချာစစ်ဆေး

စောင့်ကြည့်နေခဲ့ပါသည်။ နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံအထွက် ခွင့်ပြုချက်များတွင် တင်းကျပ်စွာထိန်းချုပ်ထားခြင်းကြောင့်

အကျယ်အပြန့် အဂတိလိုက်စားမှုကို ဖြစ်စေပါသည်။ လျှောက်လွှာတင်သူများသည် ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏ တစ်နှစ်

စာ လခနှင့် ညီမျှသော၊ အမေရိကန်ဒေါ်လာ ၂၃၀ (မြန်မာကျပ်ငွေ ၃ သိန်းအထိ) လာဘ်ထိုးရန် ဖိအားပေးခံကြရပါသည်။

အစိုးရက ပုံမှန်အားဖြင့် နိုင်ငံရေးအကြောင်းအချက်ကို အခြေခံ၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် ငြင်းပယ်လေ့ရှိပါသည်။

(အချို့သောအစိုးရ၀န်ထမ်းများမှ လွဲ၍) နိုင်ငံကူးလက်မှတ်ရရှိသူ၊ ကောလိပ်ဘွဲ့ရရှိပြီးသူများသည် အစိုးရကို ၎င်းတို့၏ပညာ

ရေးကုန်ကျစရိတ်များအတွက် အခငွေကို ပြန်လည်ပေးဆပ်ရန် လိုအပ်ပါသည်။ နိုင်ငံကူးလက်မှတ်တစ်ခု ရရှိရန်အတွက်

လျှောက်လွှာတင်သွင်းသူက ပို၍မြန်ဆန်သော ၀န်ဆောင်မှုရရှိစေရန်၊ လာဘ်ငွေမပေးလိုသည့်အခါ လများစွာ ကြာမြင့်ပြီးမှ

ရရှိတတ်ပါသည်။

မတ်လ ၅ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံခြားတိုင်းပြည်တခုမှ လေ့လာမှုဖလှယ်ရေး

အစီအစဉ်ဖြင့် သွားမည့် ကျောင်းသားတစ်ဦးကို ဖမ်းဆီးခဲ့ပါသည်။ ၎င်းကျောင်းသားကို တစ်လကျော်ကြာ ထိန်းသိမ်းထား

ခဲ့ပြီး၊ ၎င်းအစီအစဉ်တွင် ပါဝင်တက်ရောက်ရန် ခွင့်မပြုခဲ့ပါ။

အစိုးရက ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမန်များနှင့် ကုလသမဂ္ဂ၀န်ထမ်းများ၏ ရန်ကုန်ပြင်ပသို့ ခရီးသွားလာ

ခွင့်ကို ခွင့်ပြုထားပြီး၊ နိုင်ငံခြားခရီးသွားဧည့်သည်များ လည်ပတ်ရန်သတ်မှတ်ထားသော နေရာများကို အစိုးရခွင့်ပြုချက်

တောင်းခံစရာ မလိုအပ်ဘဲ သွားနိုင်ပါသည်။ အခြားသော နေရာများသို့ ခရီးသွားမည်ဆိုပါက ကြိုတင်ခွင့်ပြုချက်ရယူရန်

လိုအပ်ပြီး၊ ပုံမှန်အားဖြင့် ငြင်းပယ်လေ့ရှိပါသည်။ သံတမန်များမှလွဲ၍ နိုင်ငံခြားသားများနှင့် ဒေသခံပြည်သူများသည် တိုင်း

ပြည်မှ ထွက်ခွါလိုပါက အစိုးရထံမှ ခွင့်ပြုမိန့်တောင်းခံရန် လိုအပ်ပါသည်။

ယခုနှစ်အတွင်း ခေတ္တလာရောက်လည်ပတ်သူ နိုင်ငံခြားသားများ၏ တိုင်းပြည်အတွင်း အချို့နေရာများသို့ ခရီး

သွားလာခြင်းအပေါ် ကန့်သတ်ချက်များကို လျော့ပေါ့ခဲ့ပါသည်။ သို့သော် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်သူ

များ၊ သတင်းထောက်များ၊ သံတမန်များနှင့် နိုင်ငံရေးခေါင်းဆောင်ကဲ့သို့သော လျှောက်ထားသူများသည် အစိုးရမှ လက်ခံ

37

လောက်သော တာဝန်ယူသူ၏ ထောက်ခံချက် မရှိပါက၊ သို့မဟုတ် လာရင်းကိစ္စအပေါ် အစိုးရမှ ခွင့်ပြုချက်မရပါက၊ ပုံမှန်

အားဖြင့် ငြင်းပယ်ခံခဲ့ကြရပါသည်။

ဖျက်သိမ်းပြီးသော ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက နိုင်ငံမှ အဓမ္မနှင်ထုတ်ခြင်းကို မပြဌာန်းခဲ့ပါ။

အစိုးရကလည်း ယေဘုယျအားဖြင့် အတင်းအကျပ်နှင်ထုတ်ခြင်းကို အသုံးမပြုခဲ့ပါ။

တရားဝင် ထွက်ခွါသွားကြပြီး၊ နိုင်ငံခြားတိုင်းပြည်များတွင် အခြေချနေထိုင်ကြသော နိုင်ငံသားများသည် ၎င်းတို့၏

ဆွေမျိုးများထံသို့ ပြန်၍လည်ပတ်လိုပါက ယေဘုယျအားဖြင့် ခွင့်ပြုပါသည်။ တိုင်းပြည်ပြင်ပတွင် တရားမ၀င်နေထိုင်ခဲ့ပြီး၊

အခြားနိုင်ငံသားအဖြစ်ခံယူထားသောသူ အချို့ကိုလည်း ပြန်လာခွင့်ပြုခဲ့ပါသည်။

အစိုးရက အခြားနိုင်ငံများမှ ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာနိုင်ငံသားများကို ပြန်လည်လက်ခံရန်အတွက်

တရားဥပဒေကြောင်းဆိုင်ရာအရ ပြင်ဆင်မှု မရှိပါ။ သို့သော်လည်း အတိတ်ကာလများတွင် အစိုးရက ထိုင်းနိုင်ငံနှင့် တရုတ်

နိုင်ငံမှ ပြန်ပို့သော တရားမ၀င်သွားရောက်နေထိုင်သူ ထောင်ပေါင်းများစွာကို လက်ခံခဲ့ပါသည်။

ဖိနှိပ် နှိပ်ကွပ်ခြင်း၊ ဖိနှိပ်ခံရမည့်အရေးကို စိုးရိမ်ကြောက်ရွံ့မှုနှင့် ဆိုးရွားလာနေသော လူမှု-စီးပွားအခြေအနေများ

ကြောင့်၊ နိုင်ငံသားအများအပြားသည် အိမ်နီးချင်းနိုင်ငံများနှင့် ထိုထက်ပိုဝေးသောနေရာများသို့ ထွက်ခွါကြရန်အကြောင်း

ဖြစ်စေပါသည်။ လူနည်းစုတိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများ နေထိုင်ကြသော နယ်စပ်ဒေသများတွင်

အစိုးရက အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ မြေယာသိမ်းဆည်းမှု၊ အစားအသောက်နှင့် ငွေကြေးများ အတင်းအကျပ် ပေး

ဆောင်စေမှုနှင့် အဓမ္မ ရွှေ့ပြောင်းစေမှုများကို ဆက်လက်ကျင့်သုံးနေခဲ့ပါသည်။ ဤမူဝါဒများ ကျင့်သုံးနေမှုကြောင့် ထိုင်း

နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စသည့် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်အမြောက်အများ

ဖြစ်ပေါ်စေခဲ့ပါသည်။

ပြည်တွင်း၌ အခြေမဲ့ရွှေ့ပြောင်းထွက်ပြေးနေရသူများ (Internally Displaced Persons/ IDPs)

အပြည်ပြည်ဆိုင်ရာ အခြေမဲ့ရွှေ့ပြောင်းနေထိုင်ရမှုများ လေ့လာစောင့်ကြည့်ရေး ဗဟိုဌာန (International

Displacement Monitoring Center) ၏ အဆိုအရ ယခုနှစ်ကုန်ဆုံးချိန်တွင် နိုင်ငံအတွင်း၌ အခြေမဲ့ ရွှေ့ပြောင်းထွက်ပြေး

နေရသူ ဒုက္ခသည် ၅ သိန်း ရှိကြောင်း သိရပါသည်။ သို့သော်လည်း ထိခိုက်နစ်နာနေရသော ဒေသများသို့ ထိတွေ့ခွင့်ရရန်

ခက်ခဲသောကြောင့် အရေအတွက် အတိအကျကို သတ်မှတ်ရန်ခက်ခဲပါသည်။ ဤဌာန၏ ဖော်ပြချက်အရ အစိုးရက ၁၉၉၆

ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ကျေးရွာပေါင်း ၃,၀၇၇ ကို အဓမ္မ ရွှေ့ပြောင်းစေခဲ့ပြီး၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ပျမ်းမျှ

အားဖြင့် နှစ်စဉ်လူပေါင်း ၈၁,၅၀၀ အိုးအိမ်စွန့်ခွါ၍ ရွှေ့ပြောင်းစေခဲ့သည်ဟု ဖော်ပြပါသည်။ အစိုးရက ပြည်တွင်း၌အခြေမဲ့

ရွှေ့ပြောင်းထွက်ပြေးနေရသူ (IDPs) များကို ကာကွယ်ပေးခြင်း လုံးဝမရှိသလောက်ဖြစ်ပြီး၊ ထောက်ပံ့ခြင်းလည်း မရှိပါ။

၎င်း ပြည်သူများကို အန္တရာယ်များလွန်းသည့် အခြေအနေသို့ အတင်းအကျပ်တွန်းပို့ခဲ့ပါသည်။ ၎င်း ပြည်တွင်းဒုက္ခသည်

(IDPs) များအနေဖြင့် ပြည်တွင်းမှသော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ကူညီပေးသည့်

အဖွဲ့အစည်းများနှင့် အနှောက်အယှက်မရှိဘဲ ထိတွေ့ဆက်ဆံခွင့် မရှိပါ။ သို့သော်လည်း ကုလသမဂ္ဂ

ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က အချို့သော ပြည်တွင်းဒုက္ခသည်များကို ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်

ထိတွေ့ဆက်ဆံခွင့် ရရှိပါသည်။ ထိုင်းနိုင်ငံနှင့် နယ်စပ်ဆက်စပ်နေသည့် နိုင်ငံ၏ အရှေ့ပိုင်းဒေသများတွင်

လုံခြုံရေးအကြောင်းပြချက်ကြောင့် ပြည်တွင်းဒုက္ခ သည် (IDPs) များကို လူသားချင်းစာနာသည့် အကူအညီပေးရေး

အဖွဲ့များက ထိတွေ့ဆက်ဆံခွင့်ကို အစိုးရက ငြင်းပယ် ထားပါသည်။ ဤဒေသတွင်နေထိုင်ကြသူ

38

ပြည်တွင်းဒုက္ခသည်များမှာ ပုံမှန်အားဖြင့် အစိုးရစစ်တပ်နှင့် သူပုန်အဖွဲ့များ အကြား ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း

ကြားညှပ်ကြရကြောင်း နယ်စပ်တလျှောက်ရှိ ယုံကြည်ရလောက်သည့် လေ့လာ စောင့်ကြည့်နေသူများက

ဖော်ပြကြပါသည်။ ထိုမျှမက ပြည်တွင်းဒုက္ခသည် အမျိုးသမီးများသည် မုဒိမ်းကျင့်ခံရခြင်းများ လည်း ခံကြရကြောင်း

၎င်းလေ့လာသူများက ဖော်ပြကြပါသည်။

ဒုက္ခသည်များ ကာကွယ်စောင့်ရှောက်မှု

မြန်မာနိုင်ငံသည် ၁၉၅၁ ခုနှစ်၊ ကုလသမဂ္ဂ ဒုက္ခသည်များသတ်မှတ်ပေးခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီ

ချက်နှင့် ၎င်း၏နောက်ဆက်တွဲ ၁၉၆၇ ခုနှစ် လုပ်ထုံးလုပ်နည်းအရ နိုင်ငံရေးခိုလှုံခွင့်ပေးခြင်း၊ ဒုက္ခသည်များ အဆင့်အတန်း

သတ်မှတ်လက်ခံခြင်းကို ဥပဒေအရ ခွင့်ပြုထားခြင်း မရှိပါ။ အစိုးရက ဒုက္ခသည်များကို အကာအကွယ်ပေးရေးအတွက်

စနစ်တစ်ရပ်ကိုလည်း ချမှတ်လုပ်ဆောင်ခြင်း မရှိခဲ့ပါ။ အစိုးရ က ဒုက္ခသည် အဆင့်အတန်း၊ နိုင်ငံရေးခိုလှုံခွင့်များလည်း

ခွင့်ပြုခဲ့ခြင်း မရှိပါ။ သို့သော်လည်း ယခုနှစ်အတွင်း တိုင်းပြည် အတွင်း၌ တရားဝင်နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများဟူ၍

သော်လည်းကောင်း၊ အဓမ္မပြန်ပို့ခဲ့သောသူများ ဟူ၍သော်လည်းကောင်း အစီရင်ခံစာ တစ်စုံတရာမျှ မရရှိခဲ့ပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က "ပြောင်းရွှေ့ထွက်ပြေးနေရမှုကြောင့် ထိခိုက်

နစ်နာနေရသော လူမှုအဖွဲ့အစည်းများ"နှင့် အလုပ်လုပ်ခွင့်ရရှိရေးအတွက် ဆက်လက်ညှိနှိုင်းနေခဲ့ပါသည်။ အစိုးရက ရခိုင်

ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို လူသားချင်းစာနာသော အကူအညီများဆက်ပေးရန် UNHCR ကို ခွင့်ပြုခဲ့ပါသည်။

၎င်းရိုဟင်ဂျာများကို အစိုးရက နိုင်ငံသားအဖြစ် သတ်မှတ်ထားခြင်း မရှိပါ။

သြဂုတ်လတွင် UNHCR က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (နတလ)

နှင့် ၂-နှစ်တာသက်တမ်း နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ကရင်ပြည်နယ်၊

မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့ အပါအ၀င်ဖြစ်သည့် အရှေ့တောင်တိုင်းဒေသတွင်၊ UNHCR ကို လုပ်ငန်းပူးတွဲ

အကောင်အထည် ဖော်ရေး မိတ်ဖက်အင်အားစုအဖြစ် ခွင့်ပြုခဲ့ပါသည်။ ဤဒေသများမှာ ယခင်က UNHCR

သွားရောက်ခွင့်မပြုခဲ့သော နေရာ များ ဖြစ်ပါသည်။ ဤသဘောတူညီချက်စာချွန်လွှာ (MOU) တွင် UNHCR ၏

နိုင်ငံခြားသားဝန်ထမ်းများကိုပါ ထိုဒေသ အတွင်းရှိ သူတို့၏ စီမံချက်များ ဆောင်ရွက်ပုံကို လေ့လာစောင့်ကြည့်ရန်

ခွင့်ပြုခဲ့ပါသည်။

နိုင်ငံမဲ့များ (Stateless Persons)

UNHCR ၏ အဆိုအရ နိုင်ငံအတွင်းနေထိုင်ကြသော်လည်း အစိုးရ၏ တရားဝင်သတ်မှတ်ချက်အရ နိုင်ငံမဲ့ဖြစ်နေ

ကြသူ ၈ သိန်းခန့် ရှိနေပါသည်။ နိုင်ငံအတွင်းနေထိုင်ခဲ့ကြောင်း မိသားစုဆက်နွယ်မှု စာရင်းရှည်ကြီးကို ဖော်ပြနိုင်မှသာ

လျှင် ၎င်းတို့ကို နိုင်ငံသားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုပါသည်။ နိုင်ငံမဲ့အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်မိမိတ်

ထိစပ်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မူစလင် ရိုဟင်ဂျာတိုင်းရင်းသား အုပ်စုများမှဖြစ်ပါသည်။ အစိုးရက ရိုဟင်ဂျာ

အများစုကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ပါသည်။ အကြောင်းမှာ ၎င်းတို့၏ ဘိုးဘွားအဆက်အနွယ်များ

သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး စတင်သည့် ၁၈၂၄ ခုနှစ်မတိုင်မီ တစ်နှစ်စော၍ နိုင်ငံတွင်းနေထိုင်ခဲ့ကြသူများ မဟုတ်

သောကြောင့်ဟု အလွန်တင်းကျပ်သည့် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ရည်ညွှန်း၍ အကြောင်းပြပါသည်။

39

နိုင်ငံအတွင်းမွေးဖွားသော်လည်း ဌာနေတိုင်းရင်းသားများ မဟုတ်ကြသူ တရုတ်များ၊ အိန္ဒိယနွယ်ဖွားများ၊ ဘင်္ဂါလီ

များ၊ အချို့သောယူရေးရှန်း (ဥရောပ-အာရှ) အနွယ်များမှာ ၎င်းတို့၏ ဘိုးဘွားများသည် ဌာနေတိုင်းရင်းသားများမဟုတ်ဟူ

သည့် အကြောင်းပြချက်ဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရပိုင်ခွင့်ကို ငြင်းပယ်ခံကြရပါသည်။

နိုင်ငံသားအဆင့်အတန်း အပြည့်အ၀ မရကြသူများမှာ ပြည်တွင်း၌ ခရီးသွားလာရာတွင် ကန့်သတ်ချုပ်ချယ်မှုများ

နှင့် ကြုံရပါသည်။ သူတို့ကို ဆေးပညာနှင့် စက်မှုနယ်ပယ်စသည့် အချို့သော အဆင့်မြင့်တက္ကသိုလ်ပညာ သင်ကြားခွင့်ကို

တားမြစ်ခံရပါသည်။ အစိုးရရာထူးများမှလည်း ဖယ်ရှားထားခြင်း ခံရပါသည်။

ရိုဟင်ဂျာများသည် ဥပဒေကြောင်းအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ခွဲခြားဖိနှိပ်မှုများကို ပြင်းထန်စွာ ခံစားနစ်နာ

ကြရပါသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှနေ၍ ခရီးထွက်ခွါမည်ဆိုလျှင် အစိုးရထံမှ ခွင့်ပြုချက်လိုအပ်ပါ

သည်။ ရိုဟင်ဂျာများကို အဆင့်မြင်ပညာရေး သင်ကြားနိုင်ရန် အထူးကန့်သတ်ထားပြီး၊ အစိုးရ၀န်ထမ်းများအဖြစ် အလုပ်

လုပ်ခွင့် မရှိပါ။ ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာစသည့် သက်မွေးဝမ်းကျောင်းမှု ၀န်ထမ်းများအဖြစ်ပင် ဆောင်ရွက်ခွင့်

မရှိ ပါ။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အထူးကန့်သတ်ထားပါသည်။ ရိုဟင်ဂျာများသည် အခြေခံမူလတန်းပညာမှ

လွဲ၍ အစိုးရကဖွင့်လှစ်ထားသော ကျောင်းများတွင် သင်ကြားခွင့်မရှိပါ။ မဲပေးပိုင်ခွင့်လည်း မရှိပါ။

အစိုးရက UNHCR စီမံဆောင်ရွက်နေသည့် နိုင်ငံမဲ့များသို့ ယာယီအသိအမှတ်ပြုကဒ်ပြား ထုတ်ပေးသည့် အစီ

အစဉ်ကို ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဆက်လက်ဆောင်ရွက်နေပါသည်။ ယခုနှစ်ကုန်ဆုံးချိန်တွင် UNHCR ၏

ခန့်မှန်းဖော်ပြချက်အရ နိုင်ငံမဲ့ပြည်သူ ၄ သိန်းခန့်တို့ကို ယာယီအသိအမှတ်ပြုကဒ်ပြား ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

အခန်း (၃)။ နိုင်ငံရေး အခွင့်အရေးများကို လေးစားခြင်း၊ အစိုးရကို ပြောင်းလဲရွေးချယ်ခွင့် နိုင်ငံသားများ

၏ အခွင့်အရေး

နိုင်ငံသားများ သူတို့၏ အစိုးရပြောင်းလဲနိုင်ခွင့်ကို ငြင်းဆိုရန်အတွက် စစ်အစိုးရသည် အကျပ်ကိုင် ခြိမ်းခြောက်

ခြင်းကို စနစ်တကျ ဆက်လက်လုပ်ဆောင်နေပါသည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံသားများကို

၎င်းတို့ ရွေးချယ်တင်မြှောက်ထားသောလွှတ်တော်အမတ်များကို ပြန်လည်ရုပ်သိမ်းရန် ပြဌာန်းချက်အပိုဒ် တစ်ပိုဒ် ပါဝင်ပါ

သည်။ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လည်း အလားတူ အပိုဒ်တစ်ခုပါဝင်ပါသည်။ သို့သော် ဤပြဌာန်း

ချက်အပိုဒ်ကို အသုံးပြုခဲ့ကြောင်း မှတ်တမ်းများ မတွေ့ရပါ။ (နအဖ) စစ်အစိုးရက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ ရွေးချယ်

တင်မြှောက်ခဲ့သော ပြည်သူ့လွှတ်တော်ခေါ်ဆိုရန်ကိုလည်း ဆက်လက်၍ တားမြစ်နေပါသည်။

လက်ရှိတာဝန် ထမ်းဆောင်နေသော စစ်အရာရှိများသည် ဗဟိုအစိုးရ၏ အရေးကြီးသောနေရာများနှင့် ဒေသ

ဆိုင်ရာ အစိုးရနေရာများကို ၁၉၆၂ ခုနှစ်မှ စ၍ သိမ်းပိုက်ထားခဲ့ပါသည်။ သော့ချက်ကျသော ထိပ်တန်းအဆင့်၊ အစိုးရ

ရာထူးတာဝန်များကို (နအဖ) သည် တာဝန်ထမ်းဆောင်ဆဲ၊ သို့မဟုတ် အငြိမ်းစားယူပြီး စစ်အရာရှိများကို ခန့်ထားပါသည်။

ယခုနှစ်ကုန်အထိ ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီးအဆင့် ၃၃ နေရာတွင် ၃၀ နေရာ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အုပ်ချုပ်

ရေးမြို့တော်သစ်ဖြစ်သော နေပြည်တော်တို့တွင် မြို့တော်ဝန်ရာထူးများကို တာဝန်ထမ်းဆောင်ဆဲ၊ သို့မဟုတ် အငြိမ်းစား

ယူပြီး စစ်အရာရှိများက သိမ်းပိုက်ထားဆဲ ဖြစ်ပါသည်။

40

ရွေးကောက်ပွဲများနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု

အနီးကပ်ဆုံး အဖြစ်ကျင်းပခဲ့သည့် ၁၉၉၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာ

အများစု အနိုင်ရရှိခဲ့ပါသည်။ သို့သော်လည်း စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရန် ငြင်းဆို

ခဲ့ပါသည်။ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို အမတ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ထိန်းသိမ်းခြင်း၊ သို့မဟုတ် ထောင်ချ

ခြင်းများ ပြုလုပ်ခဲ့ပါသည်။

အစိုးရက နိုင်ငံရေးပါတီ ၁၀ ခုမှလွဲ၍ ကျန်ပါတီ၊ အဖွဲ့အစည်းများ တည်ရှိနေမှုကို တရားမ၀င်ကြေငြာခဲ့ပါသည်။

ကျန်ရှိသည့် တရားဝင်နိုင်ငံရေးပါတီများ၏ အဖွဲ့ဝင်များကိုလည်း ပုံမှန် နှောက်ယှက်ဖိနှိပ်နေပါသည်။ အမျိုးသားဒီမိုကရေစီ

အဖွဲ့ချုပ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေရေးအတွက် အရေးပါသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုရန် ဆက်လက်

ဖိအားပေးတောင်းဆိုနေပြီး၊ အစိုးရ၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များကို လူသိရှင်ကြား ဝေဖန်ပြောဆိုနေခဲ့ပါသည်။

ဤသို့ပြောဆိုရာတွင် သဘောထားကွဲလွဲသူများကို ထောင်ချသည့်ကိစ္စများလည်း အပါအ၀င် ဖြစ်ပါသည်။ သို့သော်လည်း

အစိုးရက NLD နှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်နေပြီး၊ NLD ပါတီကို ဖျက်သိမ်းပစ်ရန်အတွက် စနစ်တကျလုပ်ဆောင်မှု

များ ဆက်လက်ပြုနေပါသည်။ ယခုနှစ်ကုန်ဆုံးသည့်အချိန်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် နိုင်ငံ

ရေးအကြောင်းကိစ္စများကြောင့် အကျဉ်းကျခံနေရဆဲ ဖြစ်ပါသည်။ အချို့သည် ၁၉၉၀ ပြည့်နှစ်များမှစ၍ အကျဉ်းကျခံခဲ့ရသူ

များ ဖြစ်ပါသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်အစိုးရက အမျိုးသားညီလာခံကို ပြန်လည်ကျင်းပခဲ့ပါသည်။ ၁၉၉၃ ခုနှစ်မှ စတင်

ကျင်းပခဲ့ပြီး၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားခဲ့ပါသည်။ ယင်းညီလာခံသည် ဖွဲ့စည်းအုပ်ချုပ်ပုံ

အခြေခံဥပဒေသစ် ပြဌာန်းနိုင်ရန် ဦးတည်သော အစိုးရ၏ "ဒီမိုကရေစီ လမ်းပြမြေပုံ အဆင့် ၇ ဆင့်" ၏ တစ်စိတ်တစ်ပိုင်း

ဖြစ်ပါသည်။ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ အပါအ၀င်၊ စစ်အစိုးရ စိတ်ကြိုက်

ရွေးချယ်ထားသော ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော်ဖြင့် စစ်အစိုးရက အမျိုးသားညီလာခံကို ကျင်းပခဲ့ပါသည်။

သို့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ချမှတ်ရာတွင် လွတ်လပ်စွာ ဆွေးနွေးငြင်းခုန်ခွင့်ကိုလည်း ပိတ်ပင်ထားခဲ့ပါ

သည်။ ဤညီလာခံလုပ်ငန်းစဉ်ကို ဆန့်ကျင်သော မည်သို့သောဆန့်ကျင်ဝေဖန်မှုကို မဆို ထောင်ဒဏ် ၅ နှစ်မှ ၂၀ နှစ်

အထိ၊ ချမှတ်မည်ဟု အစိုးရက ခြိမ်းခြောက်ထားပါသည်။ ဤညီလာခံ၏ နောက်ဆုံးအပိုင်းကို စက်တင်ဘာလ ၃ ရက်နေ့

တွင် နိဂုံးချုပ် အဆုံးသတ်ခဲ့ပါသည်။ ဤသို့ နောက်ဆုံးအကြိမ်ကျင်းပမှု ပြီးစီးသည့်နောက်ပိုင်း အမျိုးသားညီလာခံ

ကိုယ်စားလှယ်များက အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူ ၁၀၄ ချက်ကို အစိုးရက

ထုတ်ပြန်ကြေညာခဲ့ပါသည်။ အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်အစိုးရက အဖွဲ့ဝင် ၅၄ ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ

ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီကို ခန့်အပ်ခဲ့ပါသည်။ ၎င်းကော်မတီက ပထမဦးဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာ

လ ၃ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး၊ ယခုနှစ် ကုန်ဆုံးချိန်အထိ ဆက်လက်တွေ့ဆုံ ရေးဆွဲနေကြဆဲ ဖြစ်ပါသည်။

ဤသို့လွတ်လပ်စွာ ဆွေးနွေးငြင်းခုန်ခွင့် အကန့်အသတ်များကြောင့်၊ NLD က ပါဝင်မတက်ရောက်တော့ရန်

၁၉၉၅ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပါသည်။ ယခုတကြိမ်ကျင်းပသည့် အမျိုးသားညီလာခံတွင်လည်း အာဏာပိုင်များက NLD

အဖွဲ့ဝင်များ တက်ရောက်စေရန် ဖိတ်ကြားခဲ့ခြင်း မရှိပါ။

နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများကို ဖယ်ကျဉ်ထားပါသည်။ အချို့လူနည်းစု အုပ်စုဝင်များသည်လည်း

အစိုးရနှင့် နိုင်ငံရေး အခန်းကဏ္ဍတို့တွင် ငြင်းပယ်ခံနေရပါသည်။ (နအဖ) အဖွဲ့ဝင်များ၊ ၀န်ကြီးအဖွဲ့ဝင်များ၊ သို့မဟုတ်

တရားရုံးလွှတ်တော်ချုပ်တို့တွင် အမျိုးသမီး၊ သို့မဟုတ် လူနည်းစုတိုင်းရင်းသားများ ပါဝင်ခြင်း မရှိကြပါ။

41

အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် ပွင့်လင်းမြင်သာမှု အခြေအနေ

တရားဝင် အကျင့်ပျက်လာဘ်စားမှုများကို ရာဇ၀တ်မှုအဖြစ် အပြစ်ပေးအရေးယူနိုင်သည့် ဥပဒေရှိပါသည်။ သို့

သော်လည်း အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သော ပြဌာန်းချက်များအား အာဏာပိုင်များက လက်တွေ့တွင် စည်းကြပ်

ကျင့်သုံးခဲလှပါသည်။ ရံဖန်ရံခါဆိုသလို အစိုးရအရာရှိများက အကျင့်ပျက်ခြစားမှုများကို အပြစ်ပေးအရေးယူခံရခြင်း မရှိဘဲ

ကျင့်သုံးနေကြပါသည်။ ရှုပ်ထွေးပွေလီ၍ မကြာခဏ အပြောင်းအလဲများသော စည်းမျဉ်းလုပ်ထုံးများသည် အကျင့်ပျက်

ခြစားခြင်းကို ပိုမို ဖြစ်ပေါ်စေပါသည်။ အာဏာပိုင်များက အရေးယူမှုများကို ကျင့်သုံးလျှင်လည်း ဆန္ဒရှိသည့်အခါမှသာ

ကျင့်သုံးပြီး၊ အစိုးရ အရာရှိတစ်ဦးဦးက အလွန်အကျွံလာဘ်စား၍ အရှက်တကွဲဖြစ်ရန် အခြေအနေကြုံလာသည့်အခါ၊

သို့မဟုတ် စစ်အစိုးရ၏ အဆင့်မြင့် ဗိုလ်ချုပ်ကြီးများ၏အာဏာကို ခြိမ်းခြောက်ရန် အကြောင်းဖြစ်လာသည့်အခါ ထိုပြဌာန်း

ချက်ကို အသုံးပြုပြီး အရေးယူ ဆောင်ရွက်တတ်ပါသည်။

အစိုးရက ရုံးစာရွက်စာတမ်း အထောက်အထားများကို လူအများဖတ်ရှုသိရှိနိုင်ခွင့် မပြုပါ။ အစိုးရ၏ ပုံမှန်ထုတ်

ပြန်ပေးရမည့် စီးပွားရေးကိန်းဂဏန်းများအပါအ၀င် သတင်းအချက်အလက်များကိုလည်း လျှို့ဝှက်အဖြစ် သတ်မှတ်ထားပြီး

တင်းကျပ်စွာ ကန့်သတ် ထိန်းချုပ်ထားပါသည်။ အစိုးရ၏ မူဝါဒများ ချမှတ်ပုံမှာလည်း လူအများသိရှိနိုင်အောင် ပွင့်လင်းမြင်

သာမှု မရှိပါ။ ဆုံးဖြတ်ချက်အများစုမှာ အစိုးရ၏ထိပ်ပိုင်းအလွှာမှသာ ချမှတ်ပါသည်။ အစိုးရ၏ မူဝါဒများ အများစုကိုလည်း

လူအများသိရှိနိုင်အောင် ရှင်းလင်းပြခြင်း၊ ပုံနှိပ်ဖြန့်ချိခြင်း မရှိသလောက်ပင် ဖြစ်ပါသည်။

အခန်း (၄)။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုသော စွပ်စွဲချက်များနှင့်၊ ပတ်သက်၍ နိုင်ငံတကာနှင့် အစိုးရ

မဟုတ်သောအဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုများအပေါ် ထားရှိသော အစိုးရ၏သဘောထား

ပြည်တွင်း၌ လူ့အခွင့်အရေး အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ကို အစိုးရက ခွင့်မပြုပါ။ ယေဘုယျ

အားဖြင့် ၎င်း၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းများကို ပြင်ပမှ စောင့်ကြည့်လေ့လာမှုများကိုလည်း၊ ရန်ပြုမှု

များဟု ဆက်လက်မြင်နေပါသည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးများသို့ ကုလသမဂ္ဂ ဌာနေ

ကိုယ်စားလှယ်ကို ကုလသမဂ္ဂနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်ကို အကြောင်းပြု၍ နိုင်ငံအတွင်းမှ နှင်ထုတ်ကြောင်း

အကြောင်းကြားခဲ့ပါသည်။ ၎င်းကြေညာချက်တွင် မြန်မာနိုင်ငံ၏ ကျဆင်းလာနေသည့် စီးပွားရေးအခြေအနေကိုထောက်ပြ

ထားပြီး၊ အစိုးရကို နိုင်ငံတွင်း ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးပြဿနာများကို

ဖြေရှင်းပါရန် တောင်းဆိုထားပါသည်။

မြန်မာပြည်တွင်း၌ ခန့်မှန်းခြေအားဖြင့် နိုင်ငံတကာမှ နိုင်ငံရေးနှင့် ဆက်နွယ်မှုမရှိသော၊ အစိုးရ မဟုတ်သည့် လူမှု

အထောက်အကူပြုအဖွဲ့အစည်း (အဲန်ဂျီအို) ၃၅ ဖွဲ့ ရှိနေပါသည်။ အချို့သော အဖွဲ့အစည်းများမှာ ယာယီရပ်တည်မှု အနေ

အထားသာရှိပြီး၊ အမြဲတမ်း ပြည်တွင်းတွင် လုပ်ကိုင်နိုင်ရန်အတွက် အစိုးရနှင့် ကာလကြာရှည်လေးဖင့်စွာ ညှိနှိုင်းနေရပါ

သည်။ နိုင်ငံတကာ အစိုးရမဟုတ်သည့် လူမှုအထောက်အကူပြု အဖွဲ့အစည်း (အဲန်ဂျီအို) များနှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့

အစည်းများ၏ အဆိုအရ အစိုးရက ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်နေမှုများကို ကန့်သတ်ချုပ်ချယ်မှုများ ပိုမိုတိုးမြင့်လာခဲ့ပြီး၊

နိုင်ငံတကာ ၀န်ထမ်းများက လူ့အခွင့်အရေး လှုပ်ရှားနေသူများ၊ အကျဉ်းသားများနှင့် လူနည်းစုတိုင်းရင်းသားများထံသို့

သွားရောက်ထိတွေ့ခွင့်ရရန် ပိုမို ခက်ခဲလာပါသည်။

42

ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် (အဲန်ဂျီအို) များက နှစ်ဖက်လက်ခံနိုင်သော စည်းမျဉ်း လမ်းညွှန်ချက်များ

ကို သဘောတူညီမှုရနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်နေခဲ့ကြပါသည်။ ၂၀၀၆ ခုနှစ်၊ ဖေဖေါ်

ဝါရီလတွင် ထုတ်ပြန်သည့်ခဲ့သည့် (မြန်မာဘာသာဖြင့်) လမ်းညွှန်မူတွင် (အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည့်) လမ်းညွှန်

မူနှင့် ကွဲလွဲ၍ ပိုမိုတင်းကျပ်သည့် ပြဌာန်းချက်များ ပါဝင်ပါသည်။

အစိုးရက နိုင်ငံခြားသတင်းထောက်များ၊ အဲန်ဂျီအို ၀န်ထမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ၀န်ထမ်းများ၊ သံ

တမန်များကို ဒေသအများတွင် ခရီးသွားလာခွင့်ကို တင်းကျပ်ချုပ်ချယ်ခဲ့ပါသည်။ လူ့အခွင့်အရေးကာကွယ်သူများကို ပြည်

ဝင်ခွင့်ဗီဇာပေးရန် ပုံမှန်ငြင်းဆိုနေပြီး၊ ၎င်းတို့မှာ အစိုးရလက်ခံသော အဖွဲ့အစည်းတစ်ခုခု၏ အာမခံနှင့် အကာအကွယ်

အောက်မှ သော်လည်းကောင်း၊ အစိုးရလက်ခံသောကိစ္စရပ်များ အတွက်သော်လည်းကောင်းသာ နိုင်ငံအတွင်းသို့လာနိုင်ပါ

သည်။ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း သွားလာမှုအပေါ် စောင့်ကြည့်မှု၊ နိုင်ငံခြားသားများနှင့် ဆက်သွယ်သည့်သူ

များကို မကြာခဏ ခေါ်ယူစစ်ကြော မေးမြန်းမှု၊ ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ အဖွဲ့

အစည်း ဖွဲ့စည်းနိုင်မှုများကို ချုပ်ချယ်ထားမှု၊ အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများကို နိုင်ငံခြားသားများနှင့်

ဆက်သွယ်ပြောဆိုသူများအား ဖမ်းဆီးသည့် အလေ့အထများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုသတင်း စုံစမ်းဖော်ထုတ်

နိုင်မှုမှာ အဟန့်အတား ဖြစ်နေရပါသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှု သတင်းများ၊ အထူးသဖြင့် အကျဉ်းထောင်တွင်း

နှင့် လူမျိုးစုဒေသများ၌ ဖြစ်ပွားခဲ့သော အမှုများမှာ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်မှ ပေါ်ထွက်လာသည့်အတွက် ၎င်း

သတင်းများကို အတည်ပြုချက်ရယူရန် ခက်ခဲပါသည်။

အစိုးရက အမြဲတမ်း တိတိကျကျလိုက်နာလုပ်ကိုင်နေသည့် ဥပဒေပြဌာန်းချက် မဟုတ်သော်လည်း၊ အချို့သော

နိုင်ငံတကာ (အဲန်ဂျီအို) များနှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများသည် ကွင်းဆင်းသည့်ခရီးစဉ်တိုင်းတွင် ၎င်းတို့၏

စရိတ်ဖြင့် အစိုးရကိုယ်စားလှယ် တစ်ဦးဦးကို ခေါ်ဆောင်သွားရပါသည်။ နိုင်ငံခြားသားဝန်ထမ်းများအနေဖြင့်၊ စီမံချက်

ဆောင်ရွက်ရာဒေသများသို့ သွားရောက်ရန်အတွက် ခွင့်ပြုချက်တောင်းခံရာ၌ အခက်အခဲများနှင့် ကြုံခဲ့ကြရပါသည်။

မေလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (Ibrahim

Gambari) ကို မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ၏ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့ပါသည်။ မစ္စတာဂမ်ဘာရီက အောက်

တိုဘာနှင့် နိုဝင်ဘာလများတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ သို့သော်လည်း ဤသို့ သွားရောက်ခဲ့သည့် ၂ ကြိမ်

လုံးတွင် စစ်အစိုးရက သူ၏ခရီးစဉ်ကို ကိုယ်တိုင်ရေးဆွဲရန် ငြင်းပယ်ခဲ့ပြီး၊ အစည်းအဝေးများကိုလည်း စီစဉ်ခွင့် ချုပ်ချယ်ခဲ့

ပါသည်။ သူ့ကို မြို့တော်သစ်နှင့် ရန်ကုန်ရှိ အစိုးရဧည့်ဂေဟာတွင်သာ ကန့်သတ်နေထိုင်စေခဲ့ပါသည်။

ကုလသမဂ္ဂ၏ အထူးစုံစမ်းမှတ်တမ်းပြုစုရေး အရာရှိ ပေါင်လို ဆာဂျီယို ပင်ညဲရိုးသည် နိုဝင်ဘာလ ၁၁ ရက်နေ့မှ

၁၅ ရက်နေ့အတွင်း နိုင်ငံအတွင်းသို့ တရားဝင်တာဝန်ဖြင့် သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း ဖြစ်ပွားခဲ့သည့် ဒီမို

ကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများကို တုံ့ပြန်ကိုင်တွယ်ရာ၌ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှု အများအပြား

ကျူးလွန်ခဲ့သည်ဟူသည့် စွပ်စွဲချက်များကို စစ်ဆေးနိုင်ရန်အတွက် ခရီးထွက်ခဲ့ပါသည်။ သူ၏ ခရီးစဉ်အတွင်း အစိုးရအရာရှိ

များ၊ နိုင်ငံခြား သံတမန်များ၊ ကုလသမဂ္ဂ ဌာနရုံးမှ အဖွဲ့ဝင်များ၊ နိုင်ငံတကာ (အဲန်ဂျီအို) များမှ ကိုယ်စားလှယ်များ၊ တိုင်း

ရင်းသား လူမျိုးစု အုပ်စုများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်

များ၊ ရဟန်းသံဃာများ၊ ထိန်းသိမ်းထားသူ ၅ ဦး (မစုစုနွေး၊ ဦးဝင်းတင်၊ ကိုမင်းဇေယျ၊ ကိုမောင်ကံနှင့် ကိုသန်းတင်) တို့ကို

တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါသည်။ သူ့ကို စစ်တပ်မှ အရာရှိတပ်မှူးများနှင့် တွေ့ဆုံခွင့် မပြုခဲ့ပါ။ သူ့ကို အင်းစိန်အကျဉ်းထောင်၊

အစိုးရစက်မှုသိပ္ပံကျောင်း (GTI) နှင့် အမှတ် ၇ လုံခြုံရေးထိန်းသိမ်းမှုရဲတပ်ရင်းရှိ ထိန်းသိမ်းရေးဌာနများ၊ ထိန်ပင် သုသာန်၊

43

နန်းဦးကျောင်းနှင့် ငွေကြာယံ ဘုန်းတော်ကြီးကျောင်းများသို့ အစိုးရအရာရှိများ ကြီးကြပ်လိုက်ပါ၍ သွားရောက် စစ်ဆေးခွင့်

ပြုခဲ့ပါသည်။ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပင်ညဲရိုးက သူ၏တွေ့ရှိ မှုများကို အစီရင်ခံစာတစ်စောင်တင်ပြခဲ့ပြီး၊ အင်အား

အလွန်အကျွံသုံးမှုနှင့် သေစေလောက်သည့် အင်အားအသုံးချခဲ့ခြင်း၊ အဓမ္မ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ထိန်းသိမ်းခံရစဉ်နှင့်

နှိပ်စက်ညှဉ်းပမ်းခံရမှုများကြောင့် သေဆုံးခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပြင်းထန်စွာ လက်တုံ့ပြန်ခြင်း စသည့် အချက်

များကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါသည်။ အစိုးရအနေဖြင့် ချက်ချင်းလုပ်ဆောင်ရမည့်၊ ကြားကာလ အသွင်ကူးပြောင်းရေး

အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း သူကအကြံပြုခဲ့ပါသည်။

အခန်း (၅)။ ခွဲခြားဆက်ဆံခြင်း၊ လူမှုအဖွဲ့အစည်းအရ မတော်မတရားပြုခြင်းနှင့် လူကုန်ကူးရောင်းချ

ခြင်း။

(နအဖ) အစိုးရသည် အမိန့်ဒီကရီများဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေပြီး၊ လူမျိုးအရ၊ လိင်အရ၊ မသန်မစွမ်းမှုအရ၊

ဘာသာစကားအရနှင့် လူမှုအဆင့်အတန်းအရ ခွဲခြားဆက်ဆံမှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြားပြဌာန်းချက်များ

အရ ကာကွယ်ပေးထားခြင်း မရှိပါ။

အမျိုးသမီးများ

မုဒိမ်းပြုခြင်းမှာ တရားမ၀င်ပြစ်မှု ဖြစ်ပါသည်။ သို့သော် ဤဥပဒေကို ထိရောက်စွာ စည်းကြပ်ခြင်း မရှိပါ။ အကယ်

၍ မုဒိမ်းပြုကျင့်ခံရသော ကာယကံရှင်သည် အသက် ၁၄ နှစ်အောက်ဖြစ်ပါက အလိုတူသည်ဖြစ်စေ၊ အလိုမတူသည်ဖြစ်

စေ၊ မုဒိမ်းမှုဟု သတ်မှတ်ပါသည်။ ဤပြစ်မှုမျိုးတွင် အသက် ၁၂ နှစ်နှင့် ၁၄ နှစ်ကြား ဖြစ်ပါက၊ အများဆုံး ပြစ်ဒဏ်အဖြစ်

ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး၊ ကာယကံရှင်သားကောင်သည် အသက် ၁၂ နှစ်အောက်ဖြစ်ပါက၊ ထောင်ဒဏ် ၁၀

နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။ ဇနီးသည်ကို မုဒိမ်းပြုကျင့်မှုတွင် အမျိုးသမီး သည် အသက် ၁၄

နှစ်အောက် မဟုတ်ခဲ့လျှင် ရာဇ၀တ်မှု မမြောက်ပါ။

အစိုးရက မုဒိမ်းမှုနှင့် ပတ်သက်သော စာရင်းအချက်အလက်များကို မထုတ်ပြန်ပါ။ သို့သော် လူနေထူထပ်သော

မြို့ပြဒေသများတွင် မုဒိမ်းမှုကို မတွေ့ရဘဲ ဝေးလံသော အရပ်ဒေသများတွင် မကြာခဏပိုဖြစ်သည်ဟု အစိုးရက ဆိုပါသည်။

မည်သို့ဆိုစေ ယောက်ျားအစောင့်အရှောက် မပါဘဲ ညမှောင်ချိန်များတွင် ခရီးသွားဖို့မှာ အမျိုးသမီးများအတွက် မလုံခြုံဟု

ယေဘုယျအားဖြင့် စဉ်းစားလေ့ရှိကြပါသည်။ အလုပ်ရှင်များကလည်း အမျိုးသမီးလုပ်သားများ ညအခါ အိမ်ပြန်သော်

ဘတ်စ်၊ သို့မဟုတ် ထရပ်ကားများ စီစဉ်ထားတတ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများအတွက် ညအခါ တက္ကဆီအငှား

ကားစီးခြင်းသည် မုဒိမ်းမှု သို့မဟုတ် လုယက်မှုများအတွက်၊ အန္တရာယ်မကင်းဟုယူဆတတ်ကြပါသည်။ ညအခါ သွားလာ

ကြသော ပြည့်တန်ဆာအမျိုးသမီးများမှာ တက္ကဆီယာဉ်မောင်းများကို အပိုကြေး ပေးကြရလေ့ ရှိပါသည်။ သို့မဟုတ်ပါက

မုဒိမ်းပြုခံရရန်၊ လုယက်ခံရရန်၊ သို့မဟုတ် ရဲလက်သို့အပ်နှံခံရစေရန် အန္တရာယ်ရှိပါသည်။ ယုံကြည်ရလောက်သည့် အစီ

ရင်ခံစာများအရ ရဲများက ဖမ်းဆီးခံကြရသည့် ပြည့်တန်ဆာများသည် တခါတရံ ရဲများက မုဒိမ်းကျင့်ခြင်း၊ လုယက်ခြင်းများ

ခံကြရပါသည်။ ပဋိပက္ခဖြစ်ပွားနေသောဒေသ များ၊ အခြားတိုင်းရင်းသား လူမျိုးစုများနေထိုင်ရာ ဒေသများတွင် မုဒိမ်းမှုများ

ဆက်လက်ဖြစ်ပွားနေပြီး၊ ၎င်းဒေသများတွင် အခြေစိုက်စခန်းချသော စစ်သားများက ကျူးလွန်ကြခြင်း ဖြစ်ပါသည်။ မုဒိမ်းမှု

ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် အစိုးရအရာ ရှိများကို အရေးယူအပြစ်ပေးခြင်း မရှိသလောက်ပင် ဖြစ်သည်။ ရှိပါကလည်း

44

ရှားရှားပါးပါးဖြစ်ပါသည်။ ရံဖန်ရံခါဆိုသလို၊ စစ်သားများနှင့် ရဲများက မုဒိမ်းပြုကျင့်သည်ဟု တိုင်ကြားကြသည့် အမျိုးသမီး

များကို အာဏာပိုင်များက ဖမ်းဆီး၍ ပြစ်ဒဏ် ချမှတ်တတ်ပါသည်။ စစ်အစိုးရက မုဒိမ်းမှုကျူးလွန်သောကြောင့် အရေးယူမှု

များ၊ ပြစ်ဒဏ်ချမှတ်မှုများ စသည့်စာရင်း ဇယားများကို ထုတ်ပြန်ခြင်း မပြုပါ။

ဇနီးအပါအ၀င်၊ အမျိုးသမီးများကို အိမ်တွင်းအကြမ်းဖက်ဆက်ဆံခြင်းသည် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ သို့

သော် အစိုးရသည် ဇနီးမယားအား နှိပ်စက်ခြင်း၊ သို့မဟုတ် အိမ်တွင်းအကြမ်းဖက်ခြင်းဆိုင်ရာ စာရင်းဇယားများမှတ်တမ်း

တင်ထားခြင်း မရှိသောကြောင့် မည်မျှဖြစ်နေသည်ဟု တိုင်းတာရန်ခက်ခဲပါသည်။ အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်

သော ဇနီးမယားအပေါ်အကြမ်းဖက်သော ပြစ်မှုများနှင့်ပတ်သက်၍ တိတိကျကျ ဥပဒေသတ်မှတ်ပြဌာန်းထားခြင်း မရှိ

သော်လည်း၊ မည်သူ တစ်ဦးတစ်ယောက်ကိုမဆို ကိုယ်ခန္ဓာထိခိုက်နာကျင်စေရန် ဆောင်ရွက်ခြင်းအတွက်၊ အရေးယူ

အပြစ်ပေးရန် ပြဌာန်းထားသော ဥပဒေ ရှိပါသည်။ ဤသို့ကျူးလွန်မှုများနှင့် သက်ဆိုင်သောအပြစ်ပေးမှုများမှာ ထောင်ဒဏ်

တစ်နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ပါသည်။ ထို့အပြင် ဒဏ်ငွေထပ်ဆောင်းပေးဆောင်ရမှုလည်း ရှိနိုင်ပါသည်။

အစိုးရနှင့်ဆက်နွယ်နေသော မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် (MWAF) က တစ်ခါတရံတွင် ဇနီးမယားများကို

အကြမ်းဖက်ခြင်း အပါအ၀င်၊ အိမ်တွင်း အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ရဲများနှင့် ဒေသခံအာဏာပိုင်များကို

စည်းရုံးတိုက်တွန်းခြင်းပြုခဲ့ပါသည်။ (MWAF) ကို ဦးဆောင်နေသူများမှာ စစ်အစိုးရခေါင်းဆောင်များ၏ ဇနီးများဖြစ်သည့်

အားလျော်စွာ ရဲများသည် (MWAF) က ၎င်းတို့ထံသို့ လွှဲပြောင်းတင်ပြလာသော အိမ်တွင်းအကြမ်းဖက်မှုများကို ပုံမှန်

အားဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်လေ့ရှိပါသည်။

ပြည့်တန်ဆာလုပ်ငန်းကို ဥပဒေအရ တားမြစ်ထားပြီး၊ ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးနိုင်ပါသည်။ သို့သော်

လည်း ဤလုပ်ငန်းမှာ အထူးသဖြင့် ရန်ကုန်မြို့၏ ဆင်ခြေဖုန်းမြို့နယ်များ၊ မြို့သစ်များကဲ့သို့သော မြို့ပြဒေသများတွင် ကြီး

ထွားလာနေခဲ့ပါသည်။ ထိုမြို့များတွင် ရန်ကုန်မြို့တော် နေရာဟောင်းများမှ အဓမ္မပြောင်းရွှေ့ခံလိုက်ရသော ဆင်းရဲနွမ်းပါး

သည့် မိသားစုများ နေထိုင်ကြပါသည်။

လိင်သဘောအရ အနှောက်အယှက်ပြုခြင်းအတွက် ဥပဒေ မရှိပါ။

အမျိုးသမီးများမှာ အမျိုးသားများ ကြီးစိုးသော အစဉ်အလာအလုပ်များ၌ အမျိုးသား-အမျိုးသမီး အချိုးအစားအရ

ကိုယ်စားပြုမှု နည်းနေဆဲပင် ဖြစ်ပါသည်။ စစ်တပ်အရာရှိ ရာထူးများ အပါအ၀င်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အနည်း

ငယ်၌ အမျိုးသမီးများလုပ်ဆောင်ခွင့်ကို ထိထိရောက်ရောက်၊ ဆက်လက်ပိတ်ပင်တားမြစ်ထားဆဲ ဖြစ်ပါသည်။ ဆင်းရဲမှု

ဒဏ်ကိုလည်း အမျိုးသမီးများမှာ ပို၍ မမျှမတခံစားကြရပါသည်။ အမျိုးသမီးများမှာ အလုပ်တူရသော်လည်း တလျှောက်

လုံး လုပ်ခတူညီ မရရှိခဲ့ပါ။ ဥပဒေအရ အမျိုးသမီးများမှာ ကိုယ်ဝန်သည်များရပိုင်ခွင့် ၂၆ ပတ်အထိ ရရှိပိုင်ခွင့် ရှိပါသည်။

လက်တွေ့တွင်မူ ဤသတ်မှတ်ထားချက်အတိုင်း မရရှိတတ်ပါ။

သီးခြားလွတ်လပ်သော အမျိုးသမီးအခွင့်အရေးအဖွဲ့များ မရှိသော်လည်း၊ အစိုးရနှင့် ဆက်ဆံပတ်သက်နေသော

အဖွဲ့များစွာ ရှိပါသည်။ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ဇနီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်သော မြန်မာနိုင်ငံ အမျိုး

သမီးရေးရာအဖွဲ့ချုပ် (MWAF) မှာ အဓိကဦးဆောင်နေသည့် "အစိုးရမဟုတ်သော" အမျိုးသမီး အခွင့်အရေးဆိုင်ရာအဖွဲ့

အစည်း ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းများ ၁၄ ခုတွင် ဌာနရုံးခွဲများ ထားရှိပြီး၊ အမျိုးသမီးများ၏ အကျိုးစီးပွားနှင့်ပတ်

သက်၍ အဓိက ဆောင်ရွက်နေသော အစိုးရက ဖွဲ့စည်းထားပေးသည့် အဖွဲ့ဖြစ်ပါသည်။ မြန်မာနိုင်ငံ မိခင်နှင့်ကလေး

စောင့်ရှောက်ရေးအသင်း (MMCWA) မှာလည်း မိခင်နှင့်ကလေးများကို အကူအညီပေးနေသည့် အစိုးရက ထိန်းချုပ်

ထားသော အခြားအဖွဲ့တစ်ခု ဖြစ်ပါသည်။ ဤအဖွဲ့များသည် အစိုးရနှင့် နီးကပ်စွာ မဟာမိတ်သဖွယ် ဆက်ဆံဆောင်ရွက်

45

နေကြပြီး၊ အစိုးရ၏ ရည်မှန်းချက်များ ထမြောက်အောင်မြင်စေရေးအတွက် လှုပ်ရှားဆောင်ရွက်ပေးကြပါသည်။ မြန်မာ

အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း (Myanmar Women Entrepreneurs' Association) မှာလည်း စီးပွားရေးလုပ်ငန်း

ရှင် အမျိုးသမီးများ၏ လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းသစ်များ စတင်နိုင်ရန်

ငွေထုတ်ချေးပေးပါသည်။ ဤအဖွဲ့ကို အစိုးရက ထိန်းချုပ်မထားသော်လည်း အစိုးရနှင့် နီးစပ်ရင်းနှီးသောဆက်ဆံရေးရှိပြီး၊

စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ကူညီရန် ခွင့်ပြုထားပါသည်။

ကလေးများ

ကလေးများမှာ စီးပွားရေးချို့တဲ့ကျဆင်းလာသောကြောင့် မိဘများက ကျောင်းထုတ်၍ တောင်းရမ်းစားသောက်

ရန်၊ သို့မဟုတ် လက်ဖက်ရည်ဆိုင်များ၊ စက်ရုံများတွင် အလုပ်လုပ်ရန် ခိုင်းစေနေသောကြောင့် အန္တရာယ်ကြုံရလွယ်သော

အနေအထားရှိပါသည်။ အချို့မှာ မိဘမဲ့ဂေဟာများတွင် သွားရောက်နေကြရပါသည်။ ကျွမ်းကျင်မှုအရည်အချင်း မရှိခြင်း၊

သို့မဟုတ် နည်းပါးခြင်းကြောင့် ပုံမှန်မဟုတ်သော စီးပွားရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသူ ကလေးများ၊ လမ်းပေါ်

ရောက်သူ ကလေးများအရေအတွက် ပိုမိုများပြားလာပါသည်။ ဤအခြေအနေတွင် မူးယစ်ဆေးဝါး စတင်သုံးမိခြင်း၊

ရာဇ၀တ်မှု အသေးစားများ ကျူးလွန်ခြင်း၊ ဖမ်းခံရနိုင်ဖွယ်ဖြစ်ခြင်း၊ လိင်မှုဆိုင်ရာ မတရားပြုကျင့်ခံရနိုင်ခြင်း၊ ခေါင်းပုံဖြတ်ခံ

ရခြင်းနှင့် ကိုယ်ခံအားကျရောဂါ (HIV/ AIDS) ကူးစက်ခြင်း စသော အန္တရာယ်စက်ဝန်းထဲသို့ ရောက်နေကြပါသည်။

ဥပဒေအရ ကလေးများအား မတော်မတရားပြုခြင်းကို တားမြစ်ထားပါသည်။ သို့သော်လည်း ဤဥပဒေမှာ ပြည့်စုံ

လုံလောက်မှု မရှိသလို၊ စည်းကြပ်အရေးယူ ဆောင်ရွက်ခြင်းလည်း မရှိပါ။ ဤသို့ဆောင်ရွက်ရန် ကိစ္စများသည်လည်း

အရင်းအမြစ်ချို့တဲ့ခြင်းကြောင့် အဟန့်အတားကြီးမားစွာ ရှိနေပါသည်။ လူမှုဝန်ထမ်းဌာန (DSW) မှာ တစ်စုံတရာသော

လူမှုဖူလုံရေး ၀န်ဆောင်မှု ကိစ္စများပေးနေသော်လည်း၊ တရားဝင်ခန့်အပ်ထားသော လူမှုဝန်ထမ်းအနည်းငယ်သာ ရှိပါ

သည်။ လူမှုဝန်ထမ်းဌာနက မိဘမဲ့ကလေးအနည်းငယ်အတွက်နှင့် တနည်းတဖုံ မိဘများနှင့် ကွဲကွာနေသော ကလေးများ

အတွက် ကျောင်းနေရန် ထောက်ပံ့ပေးပါသည်။

အစိုးရသည် အများပြည်သူများ ပညာရေးအတွက် အရင်းအမြစ်အနည်းငယ်ကိုသာ ဆက်လက်ချထားသုံးစွဲနေပါ

သည်။ (၂၀၀၇-၂၀၀၈) ဘဏ္ဍာရေးနှစ် (ဧပြီလတွင်စ၍၊ မတ်လတွင် ဆုံးသည်။) အစိုးရ၏ တရားဝင်စာရင်းများအရ ပညာ

ရေးဝန်ကြီးဌာနအတွက် တိုင်းပြည်စု စုစုပေါင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၁. ၁ ရာခိုင်နှုန်းကိုသာ သုံးစွဲပါ

သည်။ အများပြည်သူ ပညာသင်ကြားရေးအတွက် ဒဿမတန်း (အသက် ၁၆ နှစ်ဝန်းကျင်) အထိ အခမဲ့ဟု သတ်မှတ်ထား

ပြီး၊ အပြင်ပန်းမှကြည့်လျှင် ဟုတ်သည်ဟု ယူဆစရာဖြစ်ပါသည်။ သို့သော်လည်း အစိုးရကျောင်းဆရာများ၏ လခသည်

တစ်လလျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄ ဒေါ်လာ (မြန်မာကျပ်ငွေ ၅,၃၀၀) သာ ရရှိကြရာ၊ လုံလောက်သော လစာထက်

များစွာ နိမ့်ကျနေပါသည်။ ထို့ကြောင့် ဆရာများသည် အလုပ်မှထွက်ရန်သော်လည်းကောင်း၊ ကျောင်းသားများထံမှ အပို

အခကြေးငွေတောင်းခံရန်သော်လည်းကောင်း အခြေအနေဖြစ်စေပါသည်။ ဤအတွက်ကြောင့် မိဘများမှာ မိမိတို့ကလေး

များ မူလတန်းကာလ ကတည်းကပင် အခကြေးငွေ ပေးနေကြရပါသည်။ ကချင်အမျိုးသမီးအဖွဲ့တစ်ခု၏ အဆိုအရ ကချင်

ပြည်နယ်တွင် နေထိုင်သော မိသားစုများသည် အများဆုံး အမေရိကန်ဒေါ်လာ ၂၃၀ (မြန်မာကျပ်ငွေ ၃ သိန်း) အထိ မိမိ

တို့၏ ကလေးများ ဒဿမတန်း ပညာသင်ကြားနိုင်ရန် ပေးနေကြရပါသည်။ ဤပမာဏသည် ကျွမ်းကျင်သူလုပ်သားတစ်ဦး

၏ တစ်နှစ်ပျမ်းမျှ ၀င်ငွေထက် ပိုများနေပါသည်။ အချို့ ဒေသများတွင် ဤသို့ တရားမ၀င်ကြေးများကို မိသားစုများက ပေး

ဆောင်ရန် မတတ်နိုင်ကြသောအခါ ဆရာများသည် အလုပ်ဆက်လက် မလုပ်နိုင်ကြတော့ပါ။ အာဏာပိုင်များ၏ လျစ်လျူ

46

ပြုထားမှု အခြေအနေကို တုံ့ပြန်သောအားဖြင့် ပုဂ္ဂလိကစာသင်ကျောင်းများကို တရားဝင်တားမြစ်ထားသော်လည်း၊ တသီး

ပုဂ္ဂလအဖွဲ့အစည်းများက ပုဂ္ဂလိကကျောင်းများဖွင့်ကာ ပညာရေးဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးဝန်ဆောင်ပေးနေကြပါသည်။

ခန့်မှန်း အသက် ၁၀ နှစ်အထိ၊ စတုတ္ထတန်းကာလတိုင် ပညာရေးသည် မသင်မနေရ ပညာရေးဖြစ်ပါသည်။ ကုလ

သမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အစီရင်ခံစာအရ၊ မူလတန်းကျောင်းသား ၅၀ ရာခိုင်နှုန်းမှာ စတုတ္ထတန်းမပြီး

မီမှာပင် ကျောင်းမှ ထွက်သွားကြပါသည်။ ကျောင်းတက်သူ ကလေးဦးရေ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အဓိကအကြောင်း

မှာ ၀င်ငွေကျပ်တည်းလာခြင်းကြောင့် ဖြစ်ပြီး၊ ကျောင်းသားများမှာ အိမ်ဖော်အကူများ အဖြစ်၊ မြို့ပြရှိ လက်ဖက်ရည်ဆိုင်များ

တွင် စားပွဲထိုးများအဖြစ် လုပ်ကြရပါသည်။ အစိုးရမဟုတ်သောအဖွဲ့ (အဲန်ဂျီအို) များ၏ ခန့်မှန်းချက်အရ မူလတန်းကျောင်း

နေအရွယ် ကလေး တစ်သန်းနီးပါးမျှ ကျောင်းမနေကြပါ။ ယောက်ျားလေးများနှင့် မိန်းကလေးများ အကြားတွင် ကျောင်း

တက်မှုနှုန်း ကွဲပြားခြားနားမှု မရှိပါ။

အစိုးရက ကုလသမဂ္ဂ၏ ကလေးများအခွင့်အရေးဆိုင်ရာ ကော်မတီ (UN Committee on the Rights of the

Child) နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က လူမှုဖူလုံရေးဌာန (DSW)၊

ပညာရေးဝန်ကြီးဌာနတို့နှင့် နီးကပ်စွာဆက်ဆံ ဆောင်ရွက်နေကြောင်း အစီရင်ခံတင်ပြခဲ့ပြီး၊ ၎င်းတို့နှင့်အတူ မူလတန်း

ပညာရေးကို ပံ့ပိုးကူညီပေးရန်နှင့် ကလေးများအတွက် ပုံပြင်စာအုပ်ကို တိုင်းရင်းသားဘာသာ ၅ ခုဖြင့် ထုတ်ဝေပေးနိုင်ရန်

ဆောင်ရွက်နေပါသည်။ ဘာသာရေးယုံကြည်မှု အခြေခံအသင်းများ၊ ဗုဒ္ဓဘာသာရဟန်းများနှင့် သီလရှင်များ၊ ပုဂ္ဂလိကလူမှု

ရေးအသင်းအဖွဲ့များကလည်း ကလေးများအတွက် ပညာရေးနှင့် အခြားလိုအပ်ချက်များကို ပံ့ပိုးကူညီပေးနေ ကြပါသည်။

အစိုးရက ကျန်းမာရေးစောင့်ရှောက်မှု လျစ်လျူပြုထားသည့်ဒဏ်ကို၊ ကလေးများလည်း ထိခိုက်ခံစားရပါသည်။

အစိုးရစာရင်းဇယားများအရ၊ (၂၀၀၇- ၂၀၀၈) ဘဏ္ဍာရေးနှစ် ကျန်းမာရေးဝန်ကြီးဌာန၏ ရသုံးငွေရှင်းတမ်းမှာ တိုင်းပြည်စု

စုစုပေါင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၀. ၃ ရာခိုင်နှုန်းသာ ရှိပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်

ယောက်ျားလေးများနှင့် မိန်းကလေးများအကြား ခွဲခြားဆက်ဆံမှုရှိသည်ဟူသော သတင်းများ မကြားသိရပါ။

ဥပဒေအရ ကလေးများကို မတော်မတရားပြုခြင်းကို တားမြစ်ထားပါသည်။ မြန်မာနိုင်ငံတွင် ကလေးများအား

မတော်မတရားပြုခြင်း ပြဿနာ ကြီးကြီးမားမားမရှိဟု အစိုးရက ဆိုပါသည်။ သို့သော်လည်း တိကျသောစာရင်းဇယားများ

မရရှိပါ။ အချို့သော နိုင်ငံတကာအဲန်ဂျီအိုများက ဖော်ပြကြရာ၌ ဤပြဿနာသည် အစိုးရက ဖော်ပြပြောဆိုသည်ထက် ပို၍

ကျယ်ပြန့်စွာ တည်ရှိနေနိုင်သည်ဟု ယုံကြည်နေကြပါသည်။

မိန်းမပျိုကလေးများကို ပြည့်တန်ဆာအဖြစ်ခိုင်းစေရန်၊ အထူးသဖြင့် ရှမ်းအမျိုးသမီးကလေးများကို ထိုင်းနိုင်ငံသို့

ဖျားယောင်းခေါ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းသည် အဓိကပြဿနာအဖြစ် ဆက်လက်ရှိနေပါသည်။ သံတမန်များ၏ မှတ်

တမ်းပြုချက်များအရ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဆယ်ကျော်သက်များဖြစ်ပုံရသော အမျိုးသမီးများကို ပြည့်တန်ဆာ

အဖြစ်လုပ်ကိုင်နေကြခြင်းမှာ အကျယ်အပြန့်ဖြစ်နေပါသည်။ ထို့အပြင် အချို့ပြည်တန်ဆာအိမ်များမှာ ငယ်ငယ်ရွယ်ရွယ်

ဆယ်ကျော်သက် "အပျိုစင်"များကို၊ ဖောက်သည်များအား အပိုကြေးကြီးကြီးဖြင့် ကမ်းလှမ်း ရောင်းဝယ်နေကြပါသည်။

ကလေးစစ်သားအသုံးချခြင်းသည်လည်း ပြဿနာတစ်ခုအဖြစ် ဆက်လက်ရှိနေပါသည်။ သို့သော်လည်း ကလေး

စစ်သားအရေအတွက်ကို မသိရှိနိုင်ပါ။ စစ်တပ်အတွင်း ၀င်ရောက်တာဝန်ထမ်းနိုင်သော တရားဝင်အသက်မှာ ၁၈ နှစ်ဖြစ်ပါ

သည်။ အစိုးရ၏ မူဝါဒအရ ကလေးစစ်သားကောက်ယူအသုံးချမှုကို မရှိဟု ဆိုသော်လည်း စစ်သားစုဆောင်းသူ အများက

ဤမူဝါဒများကို လျစ်လျူပြုနေကြကြောင်း အစီရင်ခံစာများက ဖော်ပြကြပါသည်။

47

ဇွန်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ကုမ္မရာဆွာမိ၏ ခရီးစဉ်တွင် စစ်

အစိုးရသည် လက်နက်ကိုင် ပဋိပက္ခများအတွင်းရှိ ကလေးများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ နိုင်ငံအလိုက်အဖွဲ့နှင့် ဆက်

သွယ်ဆောင်ရွက်ရန် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကို တာဝန်ပေးခန့်အပ်ခဲ့ပါသည်။ အစိုးရက ကလေးစစ်သား

ပြဿနာနှင့် ပတ်သက်၍ UNICEF နှင့် ပူးတွဲဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကိုလည်း ခန့်အပ်တာ

ဝန်ပေးခဲ့ပါသည်။ လူမှုဖူလုံရေးဝန်ကြီးဌာနမှ အရာရှိ၏တာဝန်မှာ ကလေးစစ်သားများကို ပြန်လည်လွှတ်ပေးရန်နှင့် လူမှု

အဖွဲ့အစည်းအတွင်း ပြန်လည်ပူးပေါင်း ၀င်ရောက်နိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ နိုင်ငံခြားရေး

ဝန်ကြီးဌာနမှ အရာရှိကမူ ဤပြဿနာကို စောင့်ကြည့်ကြီးကြပ်နေပြီး၊ အစီရင်ခံတင်ပြရန် ဖြစ်ပါသည်။ စက်တင်ဘာလတွင်

အစိုးရက ကလေးစစ်သားစုဆောင်းမှု စောင့်ကြည့်ကြီးကြပ်ရေးနှင့် ကာကွယ်ရေးအတွက် ကျွမ်းကျင်သူဆိုင်ရာ အလုပ်အဖွဲ့

တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ အသက်မပြည့်သေးသူများကို စစ်သားများအဖြစ် စစ်ထဲသိမ်းသွင်းခြင်းမှ ကာကွယ်ရေး ကော်

မတီကိုလည်း ဆက်လက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ရန် သဘောတူညီခဲ့ပါသည်။ UNICEF နှင့် ပူးတွဲဆောင်ရွက်၍ လက်နက်

ကိုင်ပဋိပက္ခများ အတွင်း ထိခိုက်နစ်နာရသည့် ကလေးများကို လူမှုအသိုင်းအ၀ိုင်းအတွင်းသို့ ပြန်လည်ပေါင်းစည်းနိုင်ရေး

အတွက် အစီအစဉ်တစ်ခု ချမှတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း နိုင်ငံတကာအဲန်ဂျီအို အများနှင့် လေ့လာစောင့်ကြည့်နေသူ

သံတမန်များကမူ ကလေးစစ်သား ပြဿနာကို ဖြေရှင်းနိုင်စေရေးအတွက် ပိုမိုစွမ်းဆောင် ထိရောက်သည့် စောင့်ကြည့်

လေ့လာရေးစနစ်နှင့် သင်တန်းများ ပိုမိုလိုအပ်လိမ့်မည်ဟု အစီရင်ခံဖော်ပြခဲ့ကြပါသည်။

အာဏာပိုင်များက မစ္စ ကုမ္မရာဆွာမိကို ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ကိုယ်စားလှယ်များနှင့်

တွေ့ဆုံခွင့် ပြုခဲ့သော်လည်း၊ သူမကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်နီတပ်မတော်များမှ

ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့် မပြုခဲ့ပါ။ ဤနှစ်ဖွဲ့လုံးသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ လုံခြုံရေး

ကောင်စီသို့ တင်သွင်းသည့် ကလေးစစ်သားအသုံးချမှု ၂၀၀၆ အစီရင်ခံစာတွင် ပါဝင်ဖော်ပြထားသည့် အဖွဲ့များ ဖြစ်ပါ

သည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) က

"စစ်သားအဖြစ် ရောင်းချခံရခြင်း၊ မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းနေမှုနှင့် အသုံးချမှု" (Sold to be Soldiers:

The Recruitment and Use of Child Soldiers in Burma) ဟု အမည်ရသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ဝေခဲ့ပါ

သည်။ နိုင်ငံအတွင်း ကလေးစစ်သားစုဆောင်းပုံနှင့် အသုံးချနေပုံများကို အသေးစိတ်စုဆောင်း ဖော်ပြထားပါသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မစ္စ ကုမ္မရာဆွာမိ (Coomaraswamy) သည် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခ

နှင့် ကလေးများအရေးကို အစီရင်ခံစာတစ်သောင် တင်သွင်းခဲ့ပါသည်။ အစီရင်ခံစာ၌ ဖော်ပြထားရာ၌ ကုလသမဂ္ဂ အနေ

ဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားသည့် ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေမှု

များ၊ ကလေးစစ်သားများ စုဆောင်းသိမ်းသွင်းနေမှုနှင့် အသုံးချမှုကို ဖြစ်စေသည့် စစ်တပ်၏အချို့သော ယူနစ်များနှင့်

အစိုးရ မဟုတ်သည့် အဖွဲ့များ၏ ညွှန်ကြားချက်များနှင့် ပတ်သက်၍ ယုံကြည်ရလောက်သည့် အစီရင်ခံစာများစွာရရှိထား

ကြောင်း ဖော်ပြခဲ့ပါသည်။ ဤအစိုးရမဟုတ်သည့် အဖွဲ့များတွင် ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ ကချင် လွတ်မြောက်

ရေးတပ်မတော်၊ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ တိုးတက်သည့် ဗုဒ္ဓဘာသာကရင်အမျိုး

သား အစည်းအရုံး (ဒီကေဘီအေ)၊ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း၊ မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်

နှင့် ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) တို့ အပါအ၀င် ဖြစ်ပါသည်။ သို့သော်လည်း အစီရင်ခံစာကဖော်

ပြထားရာ၌ အသက်မပြည့်သေးသူများ စစ်တပ်တွင်း စုဆောင်းနေမှုကိစ္စအပေါ် ဖြေရှင်းရန် အစိုးရက တိုးတက်၍ စိတ်ဝင်

48

စားမှု ပြသလာခဲ့သော်လည်း၊ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများသို့ သွားလာထိတွေ့နိုင်ရန် အကန့်အသတ်များရှိနေခြင်း၊

လေ့လာစောင့်ကြည့်မည့်သူများနှင့် ကာယကံရှင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် ကာကွယ်ပေးမှုအာမခံချက်

မရှိခြင်းတို့ကြောင့် ဤသို့အခွင့်အရေးချိုးဖောက်နေမှုများ၏ အတိမ်အနက်၊ အတိုင်းအဆကို ရုပ်ပုံကားချပ်တစ်စုံလုံး သိရှိ

ရန် မစွမ်းသာသောကြောင့် အထူးသတိထားနေကြောင်းလည်း ဖော်ပြခဲ့ပါသည်။

လူကုန်ကူးခြင်း။

ကလေးများကို လူကုန်ကူးရောင်းချခြင်း အပါအ၀င်၊ လူကုန်ကူးရောင်းချခြင်းကို တားမြစ်ထားသည့်ဥပဒေများ

ရှိပါသည်။ သို့သော်လည်း လူကုန်ကူးခြင်းသည် ပြဿနာတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါသည်။ လူကုန်ကူး

ရောင်းချခြင်း ဆက်လက်ဖြစ်ပေါ်နေသော်လည်း ၎င်းပြဿနာ၏ အတိမ်အနက်နှင့် ပတ်သက်၍ တိကျသေချာသော စာရင်း

ဇယားများ မရှိပါ။ ကလေးများကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ကလေးများကို ညစ်ညမ်းဓါတ်ပုံ၊ ဗီဒီယို စသဖြင့် ရိုက်

ကူးခြင်းကို တားမြစ်သော သီးသန့်ဥပဒေများ ရှိသော်လည်း၊ ၎င်းတို့ကို တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်မှု မရှိပါ။

ထို့အပြင် အရပ်သားများကို အဓမ္မလုပ်အားခိုင်းစေမှုများနှင့် စစ်သားအဖြစ် အဓမ္မသွတ်သွင်းမှုများ ရှိနေပါသည်။ မြန်မာ

နိုင်ငံမှ လူကုန်ကူးရောင်းချခံရသူ သားကောင်များကို အရှေ့နှင့် အရှေ့တောင်အာရှ နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ

သို့ လိင်မှုကိစ္စ အမြတ်ထုတ်အသုံးချရန် အတွက်သော်လည်းကောင်း၊ အိမ်ဖော်အဖြစ်သုံးရန်နှင့် စာချုပ်ဖြင့်စည်းနှောင်ခိုင်း

စေသကဲ့သို့ ပြုရန်အတွက် ပို့ဆောင်နေကြပါသည်။

အစိုးရ၏ ကိန်းဂဏန်းများအရ ထိုင်းနိုင်ငံသည် လူကုန်ကူးသူ များ၏ ဦးတည်ရာဖြစ်ပြီး၊ ပို၍နည်းသော အရေ

အတွက်မှာ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယားနှင့် မကာအိုသို့ တိုက်ရိုက်သွားကြပါသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ လိင်အရ အမြတ်ထုတ်ရန်အတွက် အန္တရာယ်အများဆုံးကြုံရနိုင်ပြီး၊

အမျိုးသားလူငယ်များနှင့် အမျိုးသမီးများကို အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်ဖော်

အဖြစ်ခိုင်းစေရန်၊ စာချုပ်ဖြင့် နှောင်ကြိုးတဲ ခိုင်းစေသကဲ့သို့ ပြုရန်အတွက် ပို့ဆောင်နေကြပါသည်။ လူကုန်ကူးခံရသူ

ကာယကံရှင်သားကောင်များမှာ အန္တရာယ်ပြွမ်းသည့် အလုပ်ခွင်တွင် လုပ်ကိုင်နေကြရပြီး၊ လူကုန်ကူးသူများက လိင်မှုဆိုင်

ရာနှင့် ကိုယ်ကာယပိုင်းဆိုင်ရာ မလျော်ကန်ပြုမှုများမှသည်၊ အဟာရချို့တဲ့ခြင်း၊ သန့်ရှင်းမှု မရှိုခြင်း၊ အဆုပ်နာရောဂါ

(တီဘီ) နှင့် ကိုယ်ခံအားကျရောဂါ (HIV/AIDS) အပါအ၀င် ရောဂါကူးစက်ခြင်းများလည်း ခံစားရနိုင်ပါသည်။

ရှမ်းလူမျိုးနှင့် အခြားသောတိုင်းရင်းသူ အမျိုးသမီးများ၊ မိန်းမပျိုများကို မြောက်ပိုင်းဒေသတွင် နယ်စပ်ဖြတ်ကျော်

ခိုးထုတ်နေကြပြီး၊ မွန်၊ ကရင်လူမျိုး အမျိုးသမီးများမှာ တောင်ပိုင်းဒေသတွင် ခိုးထုတ်ခံနေကြရပါသည်။ တိုင်းပြည်အတွင်း

တွင်လည်း ဆင်းရဲသောကျေးလက် စိုက်ပျိုးရေးဒေသများနှင့် မြို့ပြဒေသများမှ မိန်းမပျိုများကို ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုး

သော (ကုန်ကားသွားရာ လမ်းကြောင်းများ၊ သတ္တုတွင်းဒေသများ၊ စစ်စခန်းများနှင့် စက်မှုဇုန်များ) သို့လည်းကောင်း၊ ထိုင်း

နိုင်ငံ၊ တရုတ်နိုင်ငံနယ်စပ်ဒေသများသို့လည်းကောင်း၊ လူကုန်ကူးရောင်းဝယ်မှုများရှိနေကြောင်း အထောက်အထားများ ရရှိ

ပါသည်။ အမျိုးသားများနှင့် လူငယ် ယောက်ျားလေးများကိုလည်း လိင်လုပ်ငန်းနှင့် လုပ်သားအဖြစ်ခိုင်းစေရန်၊ အခြားနိုင်ငံ

များသို့ လူကုန်ကူးရောင်းဝယ်နေကြကြောင်း အစီရင်ခံချက်များလည်း ရှိပါသည်။

လူကုန်ကူးသူများသည်၊ အဓိကအားဖြင့် အလွတ်သဘောလုပ်ကိုင်ကြသူများ ဖြစ်ဟန်ရှိပါသည်။ ကျေးရွာများမှ

အဆက်အသွယ်ကို အားထားလုပ်ကိုင်နေကြသော အနည်းအကျဉ်းလုပ်ကိုင်နေသူများ ဖြစ်ဟန်ရှိပါသည်။ လူကုန်ကူးသူ

49

ပွဲစားများမှာ ပင်မအားဖြင့် နိုင်ငံခြားမှဖြစ်ပြီး၊ အချို့သော မြန်မာလူမျိုးပွဲစားများမှာလည်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံအတွင်း

တွင် လုပ်ကိုင်နေကြပါသည်။

အမျိုးသမီးများ၊ ကလေးငယ်များနှင့် အသက်မပြည့်သူများကို လူကုန်ကူးရောင်းချခြင်းအတွက် ပြစ်ဒဏ်အဖြစ်

ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါသည်။ ယောက်ျားကြီးများကို လူကုန်ကူးခြင်းအတွက် ထောင်

ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ၊ လူကုန်ကူးရန်အတွက် စာရွက်စာတမ်းအတုပြုလုပ် လိမ်လည်မှုအတွက် ထောင်ဒဏ် ၃ နှစ်မှ ၇

နှစ်အထိ၊ လူကုန်ကူးရောင်းချခံရသူကို ညစ်ညမ်းဓါတ်ပုံ၊ ဗီဒီယို စသဖြင့် ရိုက်ကူးယူခြင်းအတွက် ထောင်ဒဏ် ၅ နှစ်မှ ၁၀

နှစ်အထိ၊ စနစ်တကျ ဖွဲ့စည်းထားသော ရာဇ၀တ်ဂိုဏ်းများနှင့် အတူပူးပေါင်း၍ လူကုန်ကူးရောင်းချခြင်းအတွက် ထောင်

ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ၊ သို့မဟုတ် ကြီးလေးသော ရာဇ၀တ်မှုများပါ ပါဝင်ပတ်သက်နေပါက ထောင်ဒဏ်

၁၀ နှစ်မှ တစ်သက်တစ်ကျွန်း၊ သို့မဟုတ် သေဒဏ်အဖြစ်လည်းကောင်း၊ လူကုန်ကူးမှုဥပဒေဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ

တွင် ငွေကြေးလက်ခံရယူသော အစိုးရအရာရှိများအတွက် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ၊ အသီးသီး ချမှတ်ထားပါသည်။

ဤပြစ်ဒဏ်ချမှတ်မှုများအားလုံးတွင် ဒဏ်ကြေးငွေပေးဆောင်စေခြင်းလည်း အတူပါဝင်ပါသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အစိုးရသည် အနည်းငယ်တိုးတက်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။

အစိုးရက၊ နယ်စက်ဖြတ်ကျော်၍ လူကုန်ကူးရောင်းချခြင်းနှင့် လူကုန်ကူးရောင်းချသူများကို အရေးယူ အပြစ်ပေးရန် အရေး

ကြီးကြောင်း အသိအမှတ်ပြုသော်လည်း၊ ပြည်တွင်းတွင် လူကုန်ကူးရောင်းချခြင်းအပေါ် အနည်းအကျဉ်းမျှသာ ဆောင်ရွက်

ခဲ့ပါသည်။ အဓမ္မလုပ်အားခိုင်းစေမှုအပေါ် မည်သို့မျှ အရေးယူခဲ့ခြင်း မရှိပါ။၂၀၀၆ ခုနှစ်တွင်ထုတ်ပြန်သည့် ရဲအစီရင်ခံစာ

အရ လူ ကုန်ကူးရောင်းချသည့်အမှု ၁၉၁ မှုတွင်၊ လူကုန်ကူးရောင်းချသူ ၄၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ အစိုးရက

ဥပဒေ ချိုးဖောက်သူ ၂၇၄ ဦးကို အရေးယူခဲ့ပြီး၊ ၎င်းတို့အနက်မှ ၆၅ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ လူကုန်ကူးရောင်းချခံရ

သူ သားကောင် ၄၁၉ ဦး အိမ်ပြန်လာနိုင်ခဲ့ကြပါသည်။ ဤသို့ ပြစ်ဒဏ်ချခံရသူ အများစုမှာ ထောင်ဒဏ် ၅ နှစ်အောက်ကျခံ

ခဲ့ရသူများဖြစ်ပါသည်။ အစိုးရက လူကုန်ကူး ရောင်းချသူများနှင့် မှောင်ခိုရောင်းဝယ်သူများကို ခွဲခြားဖော်ပြခြင်း မပြုသော

ကြောင့်၊ အမှန်တကယ် အပြစ်ဒဏ်ချမှတ်ခံရသော လူကုန်ကူးရောင်းချသူ အရေအတွက်မှာ၊ ၎င်းဖော်ပြပါ ကိန်းဂဏန်းများ

ထက် နည်းနိုင်ပါသည်။

အစိုးရသည် ဤကိစ္စတွင် ကုလသမဂ္ဂ၏ လူကုန်ကူးမှုဆိုင်ရာတိုက်ဖျက်ရေးစီမံချက်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး၊

နိုင်ငံတော်အဆင့်၊ ပြည်နယ်နှင့် တိုင်းအဆင့်၊ အောက်ခြေအဆင့် အာဏာပိုင်များကို ဆွေးနွေးပွဲသင်တန်းများ ကျင်းပခဲ့ပါ

သည်။ ထို့အပြင်၊ အာရှဒေသ လူကုန်ကူးမှုဆိုင်ရာစီမံချက် (Asia Regional Trafficking in Persons Project) မှလည်း

သင်တန်းများ လက်ခံရယူခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ၊ လူကုန်ကူးခြင်းတွင်၊ အစိုးရအရာရှိများ ကြံရာပါအဖြစ် ပါဝင်ခြင်းမရှိဟူသော

၎င်း၏ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားပါသည်။ သို့သော်လည်း ဒေသဆိုင်ရာ အရာရှိများအကြား အကျင့်ပျက်

ခြစားမှု အကျယ်အပြန့် ဖြစ်ပေါ်နေပါသည်။ (အဲန်ဂျီအို) များ၏ သတင်းပေးပို့ချက်အရ အစိုးရအရာရှိများသည် လူကုန်ကူးမှု

များတွင် ပါဝင်ပတ်သက်နေနိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း လူကုန်ကူးမှု လုပ်ဆောင်ချက်များအပေါ် ဒေသဆိုင်

ရာ၊ သို့မဟုတ် တိုင်းအဆင့် အရာရှိများက မျက်စိမှိတ်၍ မသိကျိုးကျွံပြုထားသည်ကို ဆိုလိုဟန် ရှိပါသည်။ အစိုးရနှင့် စစ်

တပ်အရာရှိများက လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ဥပဒေအရ စည်းကြပ်ဆောင်ရွက်နေခြင်း မရှိပါ။

နယ်စပ်ဒေသများတွင် အကျင့်ပျက်ခြစားမှု ကြီးထွားနေသော်လည်း၊ လူကုန်ကူးမှုနှင့် ပတ်သက်နေခြင်း၊ ကြံရာပါပြုနေခြင်း

ကြောင့် အမြတ်အစွန်းဖြစ်နေကြသည့် အရာရှိများကို အရေးယူအပြစ်ပေးသည့် အစီရင်ခံစာများ မတွေ့ရှိရပါ။

50

အစိုးရက အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း ၄ ခုနှင့် လူကုန်ကူးရောင်းချခံရသူ အမျိုးသမီးသားကောင်

များအတွက် ခိုလှုံရေး ဂေဟာ ၁ ခု ထားရှိပါသည်။ လူကုန်ကူးရောင်းချခံရသူ အမျိုးသားများကို သင်တန်းကျောင်းများတွင်

ယာယီ လက်ခံထားရှိပါသည်။ ကယ်တင်နိုင်ခဲ့သောလူကုန်ကူးရောင်းချခံရသူများကို၊ ဤနေရာဌာနများတွင် တစ်လနေရန်

အစိုးရက အတင်းအကျပ်ထားရှိပါသည်။ ဤသည်မှာ နိုင်ငံတကာကသတ်မှတ်ထားသော လူကုန်ကူးရောင်းချခံရသူ သား

ကောင်များကို ကာကွယ်ပေးရေးဆိုင်ရာကျင့်ထုံးများနှင့် ဆန့်ကျင်၍ ထိန်းသိမ်းထားရှိခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် (MWAF) နှင့် လူမှုဝန်ထမ်းဌာန (DSW) တို့သည်၊ လူကုန်ကူးရောင်းချခံရ

၍ သားကောင်ဖြစ် ရရှာသူများကို မိသားစုထံ ပြန်မပို့မီ၊ သို့မဟုတ် အစိုးရမဟုတ်သည့်အဖွဲ့အစည်း (အဲန်ဂျီအို) တစ်ခုခုသို့

လွှဲပြောင်းမပေးအပ်မီ အကြံပြုဆွေးနွေးခြင်းနှင့် အလုပ်သင်တန်းများ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အချို့ကို ပေးပါ

သည်။ သို့သော်လည်း ဤအစီအစဉ်များအတွက် အစိုးရ ရန်ပုံငွေမှာ အကန့်အသတ်ရှိပါသည်။

အစိုးရက အမျိုးသမီများ လူကုန်ကူးမှုသားကောင်ဖြစ်ရခြင်းမှ အပြင်ပန်းအားဖြင့် လျော့ချနိုင်ရန်၊ လူလွတ်အမျိုး

သမီးများ နိုင်ငံကူးလက်မှတ်ရရှိရေး၊ သို့မဟုတ် နိုင်ငံခြားသားနှင့် ထိမ်းမြားခြင်းကို ခက်ခဲအောင် ဆောင်ရွက်ထားခဲ့ပါ

သည်။ ထို့အပြင် အသက် ၂၅ နှစ်အောက် မိန်းမပျိုများကို အုပ်ထိန်းသူ မပါရှိဘဲ နယ်စပ်ဖြတ်ကျော်မှု ပိတ်ပင်သော စည်း

မျဉ်းများလည်း ချမှတ်ထားပါသည်။ သို့သော်လည်း လူကုန်ကူးရောင်းချခံရသော အမျိုးသမီးအများစုသည် နိုင်ငံကူး လက်

မှတ်မပါဘဲ နယ်စပ်ဖြတ်ကျော် သွားရောက်နေကြပါသည်။

ပြည်ထဲရေးဝန်ကြီးဌာနက လူမှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေးတပ်ဖွဲ့များကို လူကုန်ကူးမှု အဖြစ်များသော နေရာ

၉ ခု၌ ချထားပါသည်။ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့ (အဲန်ဂျီအို) များ၏ အကူအညီဖြင့် အစိုးရက သင်တန်းများ၊

စည်းရုံးလှုံ့ဆော်ရေး ဆွေးနွေးပွဲသင်တန်းများ ဆောင်ရွက်နေပါသည်။ ထို့အပြင် တနိုင်ငံလုံးသို့ ရုပ်မြင်သံကြားပြသခြင်းနှင့်

ကြေငြာချက်များကို ရေဒီယိုမှ ထုတ်လွှင့်ပေးခြင်းကို ခွင့်ပြုခဲ့ပြီး၊ ပြည်နယ်နှင့် တိုင်းအဆင့်များတွင် စာရွက်စာတမ်းများ

လည်း ဖြန့်ဝေခဲ့ပါသည်။

နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့ (အဲန်ဂျီအို) များနှင့် ဒေသဆိုင်ရာ (အဲန်ဂျီအို) များက၊ လူကုန်ကူးခံရမှု

ကျဆင်းစေရန်အတွက် ဆင်းရဲမှုလျော့နည်း ကျဆင်းရေးနှင့် ပညာပေးရေးဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်နေပါသည်။

ဤအစီအစဉ်များမှာ အတန်အသင့် အောင်မြင်မှုရရှိနေပါသည်။

မသန်မစွမ်းသူများ

အလုပ်ခန့်ထားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ပညာသင်ကြားရေးနှင့် အခြားနိုင်ငံတော် ၀န်ဆောင်မှု

များ ရရှိရေးတို့တွင် မသန်မစွမ်းသူများကို အစိုးရက ခွဲခြားဆက်ဆံခြင်း မရှိပါ။ သို့သော်လည်း၊ မသန်စွမ်းသူများကိုထောက်

ပံ့ကူညီရေးအတွက် အရင်းအမြစ် အနည်းငယ်သာ ရှိပါသည်။ အဆောက်အဦးများ၊ ပြည်သူလူထု သယ်ယူပို့ဆောင်ရေး

နှင့် အစိုးရဌာနများသို့ မသန်စွမ်းသူများ လက်လှမ်းမီ၊ သွားရောက်နိုင်ရန် လိုအပ်သော၊ ပံ့ပိုးပစ္စည်းများ မရှိမနေ တပ်ဆင်

ထားရမည်ဟူသော ဥပဒေပြဌာန်းချက်များ မရှိပါ။ ထို့အတွက်ကြောင့် မသန်စွမ်းသူများအနေဖြင့် လူမှုအဖွဲ့အစည်းက ခွဲခြား

ဆက်ဆံခံရသည့် အခြေအနေမျိုး ကြုံစေပါသည်။ မသန်စွမ်းသူများကို ကူညီပံ့ပိုးပေးသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့

အစည်းအချို့ ရှိပါသည်။ သို့သော်လည်း မသန်စွမ်းသူများမှာ၊ ၎င်းတို့၏ လူမှုဖူလုံရေးကိစ္စများအတွက် ကိုယ့်မိသားစုအပေါ်

သာ လုံးလုံးလျားလျား မှီခိုကြရပါသည်။

51

စစ်ပြန် မသန်စွမ်းသူများမှာ၊ ဦးစားပေး အစီအစဉ်အရ အကျိုးခံစားခွင့် ရရှိကြပါသည်။ ပုံမှန်အားဖြင့် လစာတူ

အရပ်ဖက်အလုပ်ကို ရရှိကြပါသည်။ မူအားဖြင့် စစ်မှုထမ်းမဟုတ်သော မသန်မစွမ်းသူများအပေါ်၊ တရားဝင်ထောက်ပံ့မှု

တွင် ယာယီမသန်မစွမ်းဖြစ်ခြင်းအတွက် လစာ၏ (၃ ပုံ ၂ ပုံ) ကို တစ်နှစ်အထိ ခံစားခွင့်ရှိပါသည်။ ရာသက်ပန် မသန်မစွမ်း

ဖြစ်သူများအတွက် အခွန်လွတ် ထောက်ပံ့ကြေးပေးပါသည်။ သို့သော်လည်း ပုဂ္ဂလိက အလုပ်ရှင်များက မသန်မစွမ်းဖြစ်

သွားရသောသူများအတွက် မည်သို့သောအလုပ်ကာကွယ်ပေးမှုကိုမျှ အစိုးရက ဖန်တီးထားခြင်း မရှိပါ။

ကျန်းမာရေးဝန်ကြီးဌာနက မသန်မစွမ်းသူများ ပြန်လည်ပြုစုပျိုးထောင်ရေးအတွက် ဆေးဝါးကုသပြုစု၊ ပျိုးထောင်

ပေးရန် တာဝန်ရှိပြီး၊ လူမှုဖူလုံရေး ၀န်ကြီးဌာနက အသက်မွေးဝမ်းကြောင်းသင်တန်းများ စီစဉ်ပေးရန် တာဝန်ရှိပါသည်။

အစိုးရသည် မျက်မမြင်များအတွက်ကျောင်း ၃ ကျောင်း၊ ဆွံ့အနားမကြားသူများအတွက် ကျောင်း ၂ ကျောင်း၊ အရွယ်

ရောက်ပြီးသူ မသန်စွမ်းသူများ ပြန်လည်ပြုစုပျိုးထောင်ရေးစခန်း ၂ ခု၊ မသန်စွမ်းသူ ကလေးများအတွက် ၂ ခု ဖွင့်လှစ်

ဆောင်ရွက်ပေးနေပါသည်။ သို့သော် မသန်စွမ်းသူများအတွက် ကျောင်းနှင့် အစီအစဉ်များကို အစိုးရက ထောက်ပံ့ပေးရာ၌

လုံလောက်မှု မရှိပါ။ ဒေသခံ အစိုးရမဟုတ်သောအဖွဲ့ (အဲန်ဂျီအို) များက မျက်မမြင်များအတွက် ကျောင်း ၄ ကျောင်းဖွင့်

လှစ်ထားပါသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး (ICRC) က မြေမြှုပ်မိုင်းဒဏ်ခံရသူများကို၊ အရပ်သားများရော၊ စစ်သား

များကိုပါ ပြန်လည်ပျိုးထောင်ရေးလုပ်ငန်းများ ထောက်ပံ့ဆောင်ရွက်ပေးနေပါသည်။ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဖွင့်လှစ်

ထားသော အရိုးဆိုင်ရာ ပြန်လည်ပျိုးထောင်ရေးစခန်းအပြင်၊ နယ်စပ်ဒေသကျေးရွာများသို့ ကွင်းဆင်း၍ ခြေပြတ်လက်ပြတ်

ဒဏ်ရာရသူများကို ရှာဖွေခြင်း၊ လွှဲပြောင်း ကုသမှုခံစေခြင်း၊ ICRC မှ ခြေတုလက်တု တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေး

နေပါသည်။

အမျိုးသားရေး၊ လူမျိုးရေးနှင့် တိုင်းရင်းသား လူမျိုးစုများ

အစိုးရနှင့် လူမှုအဖွဲ့အစည်းမှ တိုင်းရင်းသားလူနည်းစုများကို ခွဲခြားဆက်ဆံမှု အကျယ်အပြန့် ဆက်လက်ဖြစ်ပေါ်

နေပါသည်။ ပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးစုအများစုနှင့်၊ အစိုးရနှင့် ၎င်း၏စစ်တပ်ကို လွတ်လပ်ရေး ရသည့်အချိန်မှစ၍

စိုးမိုးချယ်လှယ်ခဲ့သော ဗမာလူမျိုးစုကြီးတို့အကြား တည်ရှိနေသည့်၊ မုန်းတီးမှုသည် နက်ရှိုင်းသည့် ပဋိပက္ခကို မီးမွှေးပေး

သကဲ့သို့ ဆက်လက်တွန်းအားဖြစ်စေခဲ့ပြီး၊ ထိုသို့ ဖြစ်ခြင်းကြောင့် ဤနှစ်အတွင်း ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်

မှုများကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။ ဤသို့ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် (နအဖ) စစ်သားများက၊ ချင်း၊ ကရင်၊

ကရင်နီ၊ ရိုဟင်ဂျာ၊ ရှမ်း၊ မွန်နှင့် အခြားတိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်ခဲ့ကြသော သတ်ဖြတ်မှုများ၊ ရိုက်နှက်မှု

များ၊ နှိပ်စက်ညှဉ်းပမ်းမှုများ၊ အဓမ္မလုပ်အား ခိုင်းစေမှုများ၊ အဓမ္မရွှေ့ပြောင်းထွက်ပြေးစေမှုများ၊ မုဒိမ်းကျင့်မှုများ ပါဝင်ပါ

သည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အလားတူပြစ်မှုများ ကျူးလွန်ကောင်း ကျူးလွန်နိုင်သော်လည်း

မြန်မာစစ်တပ်၏ ကျူးလွန်မှုအတိုင်းအတာထက် နည်းခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လာခဲ့ကြသော ရိုဟင်ဂျာ မူစလင်များမှာ သူတို့၏လူမျိုးကြောင့် ခွဲခြားဖိနှိပ်ခြင်း ခံရ

ပါသည်။ ပြန်လာခဲ့ကြသူများမှာ ခရီးသွားလာခွင့်၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ဖွား/သေစာရင်း

မှတ်ပုံတင်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ကိစ္စများတွင် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်ခံကြရပါသည်။

တိုင်းရင်းသားလူမျိုးစု အများစုမှာ သူတို့၏အိမ်၌ ယေဘုယျအားဖြင့် သူတို့ကိုယ်ပိုင်ဘာသာစကားကိုသာ ပြောဆို

သုံးစွဲကြပါသည်။ သို့သော်လည်း အစိုးရထိန်းချုပ်ထားသော တိုင်းရင်းသားဒေသများ အပါအ၀င်၊ နိုင်ငံ၏နေရာ အများတွင်

52

အစိုးရကျောင်းများ၌ မြန်မာစာသည်သာ သင်ကြားပို့ချရာ၌ အဓိက အသုံးပြုသည့် ဘာသာစကား ဖြစ်ပါသည်။ တိုင်းရင်း

သားလူမျိုးစုများ နေထိုင်ရာဒေသများတွင်ပင်၊ အစိုးရ မူလတန်းနှင့် အလယ်တန်းကျောင်းများ၌ ဒေသခံ တိုင်းရင်းသား

ဘာသာဖြင့် သင်ကြားပို့ချပေးခြင်း မရှိပါ။ ဒေသခံတိုင်းရင်းသား ဘာသာစကားဖြင့် ပုံနှိပ်ထားသော စာနယ်ဇင်းများ အလွန်

နည်းပါးပါသည်။

အစိုးရက ဗမာလူမျိုးအုပ်စုများကို တိုင်းရင်းသားဒေသများတွင် ပြောင်းရွှေ့အခြေချစေခြင်းများကို "စံပြကျေးရွာ"

များအဖြစ် ထူထောင်၍ ဆက်လက်လုပ်ဆောင်နေပါသည်။ ရခိုင်ပြည်နယ်နှင့် နိုင်ငံ၏ အခြားသောဒေသများတွင် ဆောင်

ရွက်နေပါသည်။ ဤသို့ လာရောက်အခြေချနေထိုင်ကြသူ အသစ်များမှာ ဤ"စံပြကျေးရွာ" တွင် နေထိုင်ပါက လွှတ်ပေး

မည်ဟူသည့် ခံဝန်ဖြင့် လွှတ်ပေးလာသူ ထောင်ကျများ ဖြစ်ပါသည်။ တိုင်းရင်းသားလူနည်းစုများနေထိုင်ရာ ဒေသများတွင်

ကျောင်းဆရာများ အပါအ၀င် အစိုးရအလုပ်များကို၊ ဗမာလူမျိုးများအတွက်သာ ကန့်သတ်ထားရှိမှုများ တိုးတက်လုပ်

ဆောင်နေကြောင်း ကချင်ပြည်နယ်နှင့် ကယားပြည်နယ်မှ ရရှိသော အစီရင်ခံစာများအရ သိရှိရပါသည်။

ဗမာလူမျိုးများနှင့် မူစလင်ဘာသာဝင်အများစုဖြစ်သော အာရှတိုက် တောင်ပိုင်းသားများအပါအ၀င်၊ ဌာနေတိုင်း

ရင်းသားမဟုတ်သော လူမျိုးစုများအကြား လူမျိုးရေးအရ တင်းမာမှုများ ရှိနေခဲ့ပါသည်။ ထို့အပြင် ယူနန်ပြည်နယ်မှ ပြောင်း

ရွှေ့အခြေချလာကြသည့် အလျင်အမြန်လူဦးရေ တိုးတက်များပြားလာနေသော တရုတ်လူမျိုးများနှင့် ဗမာလူမျိုးများအကြား

လည်း တင်းမာမှု ရှိနေခဲ့ပါသည်။ တရုတ်နိုင်ငံမှ ပြောင်းရွှေ့အခြေချလာကြသူများက နိုင်ငံ၏မြောက်ပိုင်းဒေသ စီးပွားရေး

လုပ်ငန်းများကို တိုးတက်လွှမ်းမိုးလာနေခဲ့ပါသည်။

လူမှုအဖွဲ့အစည်းအတွင်း အခြား ချိုးနှိမ်မှုနှင့် ခွဲခြားဆက်ဆံမှု

နိုင်ငံသား အများစုသည် လိင်တူဆက်ဆံသူများကို အထင်အမြင်သေးသည့် အမြင်ရှိပါသည်။ ပြစ်မှုဆိုင်ရာဥပဒေ

ရာဇသတ်ကြီး၌ "မူမမှန်သောလိင်"ဆက်ဆံမှုကို အရေးယူရန်အတွက် ပြဌာန်းချက်များ ပါရှိပြီး၊ အများမလိုလား၍ အာရုံ

စိုက်ခံရသည့် လိင်တူဆက်ဆံသော ယောက်ျားနှင့် မိန်းမများအား၊ ထိုပြဌာန်းချက်များကို သုံး၍ တရားစွဲဆိုခဲ့ပါသည်။ သို့

သော်ငြားလည်း လူမှုအဖွဲ့အစည်း၏ ဓလေ့ထုံးတမ်းများအရ လိင်တူဆက်ဆံသောသူများကို ကာကွယ်ပေးထားမှု တစ်စုံ

တရာရှိပါသည်။

ကိုယ်ခံအားကျရောဂါ (HIV) ပိုး ကူးစက်နေသူများကို ခွဲခြားဆက်ဆံမှုများရှိနေပါသည်။ သို့သော်လည်း (အိပ်ခ်ျ

အိုင်ဗွီ) ကိုယ်ခံ အားကျရောဂါနှင့် ပတ်သက်၍ စည်းရုံးလှုပ်ရှားနေသူများက လူအများသိရှိလာစေရေးအတွက် စည်းရုံး

လှုံ့ဆော်မှုများ ပြုနေကြသောကြောင့် ခွဲခြားဆက်ဆံခံရမှုနှင့် လူအများ၏ လွဲမှားယုံကြည်မှုများ ကျဆင်းလာပါသည်။ သို့

သော်လည်း အစီရင်ခံစာများအရ အချို့သောသူများမှာ ကိုယ်ခံအားကျရောဂါ (HIV/ AIDS) ကုသရာ ဆေးခန်းများသို့

သွားရန် တုံ့ဆိုင်းနေကြပြီး၊ ၎င်းတို့တွင် ရောဂါရှိနေသည်ဟု အထင်မြင်ခံရမည်ကို စိုးရိမ်နေကြပါသည်။

အခန်း (၆) အလုပ်သမား အခွင့်အရေးများ

(က) အဖွဲ့အစည်းတည်ထောင်ခွင့်

အလုပ်သမားများသည် ဥပဒေအရ အစိုးရ၏ကြိုတင်ခွင့်ပြုချက်ရယူပြီး၊ သမဂ္ဂများ ဖွဲ့စည်းတည်ထောင်နိုင်သည်ဟု

ခွင့်ပြုထားပါသည်။ သို့သော်လည်း ပြည်တွင်းတွင် လွတ်လပ်သောအလုပ်သမားသမဂ္ဂများ မရှိပါ။ ပြည်တွင်းနှင့် နိုင်ငံ

တကာတို့နှင့် ဆက်သွယ်ချိတ်ဆက်ထားသော သမဂ္ဂများကို ခွင့်ပြုထားခြင်း မရှိပါ၊ ထိုသမဂ္ဂများတွင် တသီးပုဂ္ဂလ တစ်ဦး

53

ချင်းအရလည်း အဖွဲ့ဝင်ဖြစ်ထားခွင့် မရှိပါ။ အစိုးရသည် သင်္ဘောသားများ အလုပ်အကိုင်ကြီး ကြပ်ရေးဌာနခွဲမှတဆင့် နိုင်ငံ

ခြားသင်္ဘောများပေါ်တွင် အလုပ်ရရှိခဲ့သော သင်္ဘောသားများကို အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအလုပ်သမား

များအဖွဲ့ချုပ် (International Transport Workers' Federation) နှင့် ဆက်သွယ်ခြင်းကို တားမြစ်ထားပါသည်။ ထို့အပြင်

အစိုးရသည် နိုင်ငံခြားရောက်သင်္ဘောသားများ လိုအပ်သည့် စာရွက်စာတမ်းများထုတ်ပေးရန်ကိုလည်း မကြာခဏဆိုသလို

ငြင်းပယ်တတ်ပါသည်။ သင့်လျော်သော အထောက်အထား စာရွက်စာတမ်းများမရှိဘဲ သင်္ဘောသားတစ်ဦးအနေနှင့် နိုင်ငံ

ခြားတွင် ပုံမှန်အလုပ်မျိုး ရရှိရန် မလွယ်ကူပါ။

စက်တင်ဘာလ ၇ ရက်နေ့တွင် အလုပ်သမားအရေး လှုပ်ရှားသူ ၆ ဦးကို ဆူပူ မငြိမ်မသက်ဖြစ်စေရန် လှုံ့ဆော်မှု၊

တရားမ၀င်အဖွဲ့အစည်းကိစ္စများနှင့် စွပ်စွဲ၍ ထောင်ဒဏ် နှစ် ၂၀ မှ ၂၈ နှစ်အထိ အပြစ်ပေးခဲ့ပါသည်။ ထိုသူများသည်

မေလ ၁ ရက်နေ့၌ ရန်ကုန်မြို့တွင် အလုပ်သမားအရေး ဆွေးနွေးပွဲသင်တန်းတစ်ခုနှင့် ပတ်သက်ခဲ့ခြင်းကြောင့်သာ ဖြစ်ပါ

သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အာဏာပိုင်များက အလုပ်သမားအရေး လှုပ်ရှားသူ ဦးတင်လှကို သူ၏ဇနီး၊ ကလေး

များနှင့် အတူ ဖမ်းဆီးခဲ့ပါသည်။ အကြောင်းမှာ သူကရထားအလုပ်သမားများကို စက်တင်ဘာလ ဒီမိုကရေစီတောင်းဆို

သည့် ဆန္ဒပြပွဲများတွင် ပါဝင်ရန် စည်းရုံးမှုကြောင့် ဖြစ်ပါသည်။ မိသားစုဝင်များကို ၅ ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သော်

လည်း၊ ဦးတင်လှမှာ ယခုနှစ် ကုန်ဆုံးချိန်အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။

အစိုးရက "အကြမ်းဖက်အုပ်စု" ဟု သတ်မှတ်ထားသည့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FTUB)

နှင့် ဆက်သွယ်ခြင်းကို ရာဇ၀တ်ပြစ်မှုအဖြစ် သတ်မှတ်ထားသည့် ၂၀၀၆ ခုနှစ် ဥပဒေပြဌာန်းချက်ကို ဆက်လက်ထားရှိဆဲ

ဖြစ်ပါသည်။

(ခ) စည်းရုံးပိုင်ခွင့်နှင့် စုပေါင်းညှိနှိုင်းတောင်းဆိုပိုင်ခွင့်

အစိုးရသည် အလုပ်သမားများကို စည်းရုံးပိုင်ခွင့်နှင့် စုပေါင်း ညှိနှိုင်းတောင်းဆိုပိုင်ခွင့်ကို ခွင့်မပြုပါ။ အစိုးရ၏

ဝါဏ္ဏိဇပဋိပက္ခ ဖြန်ဖြေရေး ဗဟိုအဖွဲ့သည် တချိန်က ကြီးမားသည့် အလုပ်သမား-အလုပ်ရှင်အငြင်းပွါးမှုများကို ဖြေရှင်းပေး

ရာတွင် နည်းလမ်းတစ်ခုဖြစ်ခဲ့ပြီး၊ ယခုအချိန်တွင် အသက်မ၀င်တော့ပါ။ သို့သော်လည်း သတင်းများအရ အလုပ်သမား

ရေးရာ ၀န်ကြီးဌာနက အချို့သော အလုပ်သမား အငြင်းပွါးမှုများကို ဖြေရှင်းပေးခဲ့ပါသည်။ မြို့နယ်အဆင့် အလုပ်သမား

ကွပ်ကဲရေး ကော်မတီများက သေးငယ်သောအလုပ်သမားပြဿနာများ ဖြေရှင်းပေးခဲ့ကြပါသည်။ အာဏာပိုင်များက စနစ်

တကျမဟုတ်ဘဲ ကျပမ်းမှောက်သော သပိတ်များအတွက် အလုပ်သမားများနှင့် အလုပ်ရှင်များအကြား ငြိမ်းချမ်းစွာ ပြေ

လည်မှုရရှိစေရန် ကြားဝင်စေ့စပ်ဖြန်ဖြေမှုများလည်း ရှိပါသည်။

နိုင်ငံတော်ပိုင်းဆိုင်ရာကဏ္ဍတွင် အစိုးရသည် ၎င်းသဘောဖြင့် လုပ်ခများကို သတ်မှတ်ပါသည်။ ပုဂ္ဂလိကအခန်း

ကဏ္ဍတွင်မူ ဈေးကွက်ပေါက်ဈေးအတိုင်းသာ ယေဘုယျအားဖြင့် လုပ်ခသတ်မှတ်ပါသည်။ သို့သော်လည်း အစိုးရသည်

ဖက်စပ်လုပ်ငန်းရှင်များကို လခပေးရာ၌ ၀န်ကြီးများနှင့် အခြားအဆင့်မြင့်အစိုးရ အရာရှိများထက် ကျော်လွန်၍ လခပိုမပေး

ရန် ဖိအားပေးမှုများ ရှိပါသည်။ အချို့သော ဖက်စပ်လုပ်ငန်းရှင်များက ဖြည့်စွက်လခ၊ သို့မဟုတ် အထူးအခွင့် အရေးပေး

သော စနစ်များ အသုံးပြုပြီး၊ ထိုတောင်းဆိုချက်များကို ကွင်းရှောင်ခဲ့ကြပါသည်။ နိုင်ငံခြားကုမ္ပဏီများသည် ပြည်တွင်း

ပုဂ္ဂလိကကဏ္ဍ လခနှုန်းထားနှင့် နီးစပ်သောလခများကို ပေးတတ်ပြီး၊ ဖက်စပ်လုပ်ငန်းကြီးများ၏ နမူနာကိုယူကာ ဖြည့်စွက်

လခများနှင့် ခံစားခွင့်များကို ပေးကြပါသည်။

54

ဥပဒေအရဆိုလျှင် အလုပ်သမားများကို သပိတ်မှောက်ခွင့် တားမြစ်ထားပါသည်။ သို့သော်လည်း ဤနှစ်အတွင်း

စက်ရုံကြီးများတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများက အစီအစဉ်တကျမဟုတ်သော သပိတ်များ ၆၀ ကျော်

ဆောင်ရွက်ခဲ့ကြပြီး၊ ဖြစ်ရပ်များစွာတွင် လုပ်ခတိုးရ၍ အောင်မြင်ခဲ့ကြပါသည်။ ဤသပိတ်အများစုကို အစိုးရ၏၀င်ရောက်

စွက်ဖက်မှု မပါဘဲ ဖြေရှင်းနိုင်ခဲ့ကြပါသည်။ သို့သော်လည်း အချို့သောအမှုများတွင် အစိုးရက၊ အလုပ်ရှင်များကိုရော၊

အလုပ်သမားများကိုပါ ဖိအားပေး၍ ပြေလည်စေခဲ့ပါသည်။

နိုင်ငံခြားပို့ကုန်များအတွက် ရည်ရွယ်ထုတ်လုပ်သည့် လုပ်ငန်းဇုန်များ မရှိပါ။ သို့သော် စစ်တပ်ပိုင်သည့် အထူး

စက်မှုဇုန်များ ရှိပါသည်။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် ရန်ကုန်မြို့အနီးရှိ ပျဉ်းမပင် စက်မှုဇုန်

ကဲ့သို့သော နေရာမျိုးဖြစ်ပြီး၊ ကုမ္ပဏီအချို့က လုပ်ငန်းများဆောင်ရွက်နေကြသည့် ဧက ၂,၀၀၀ ရှိ လှိုင်သာယာစက်မှုဇုန်

များ ရှိပါသည်။ အလုပ်သမားဥပဒေမှာ ထိုစက်မှုဇုန်များအားလုံး၊ စက်မှုလုပ်ငန်းများအားလုံးအပေါ် သက်ရောက် အကျုံးဝင်

မှု ရှိပါသည်။ သို့ သော်လည်း ဤဥပဒေများအတိုင်း တပြေးညီကျင့်သုံး စည်းကြပ်ခြင်း မရှိပါ။

(ဂ) အဓမ္မ လုပ်အားပေးခိုင်းမှု သို့မဟုတ် မပေးမနေရလုပ်အားပေးမှုကို တားမြစ်ခြင်း။

ဥပဒေအရ အခြားသူ တစ်ဦးတစ်ယောက်အား အဓမ္မလုပ်အားခိုင်းစေခြင်းပြုသူကို ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။ သို့

သော်လည်း အစိုးရနှင့် စစ်တပ်က အဓမ္မလုပ်အား၊ သို့မဟုတ် မလုပ်မနေရ လုပ်အားခိုင်းစေနေမှုသည် အကျယ်အပြန့်

ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး၊ ကြီးမားသောပြဿနာတစ်ရပ် ဖြစ်နေပါသည်။ အထူးသဖြင့် တိုင်းရင်းသားလူနည်းစု

အုပ်စုဝင်များကို ပစ်မှတ်ထား၍ ခိုင်းစေနေကြပါသည်။ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁၅ ရက်အနေ့အတွင်း တွေ့ဆုံဆွေးနွေး

ခဲ့ကြသည့် ၉၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်

(ILO) ၏ စံနှုန်းများ ကျင့်သုံးလိုက်နာစေရေး ကော်မတီက အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ရာတွင်၊ နိုင်ငံအတွင်းရှိ

အဓမ္မလုပ်အားခိုင်းစေမှု အခြေအနေကို ဖော်ပြခဲ့ပြီး အထူးသဖြင့် ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များနှင့် နေရာအနှံ့

အပြားတွင် ဤသို့ အကျယ်အပြန့် ကျင့်သုံးနေမှုကို အထူစိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပါသည်။ နိုင်ငံတကာလေ့လာသူများ

၏ လေ့လာဆန်းစစ်ချက်အရ အစိုးရသည် နိုင်ငံအနှံ့အပြားတွင် ပုံမှန်ဆိုသလို လမ်းဖောက်လုပ်ရေး၊ ဆောက်လုပ်ရေး စီမံ

ချက်နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် နိုင်ငံသားများကို၊ အလုပ်လုပ်စေရန်၊ အတင်းအကျပ်ခိုင်းစေခဲ့ကြ

ကြောင်း ဖော်ပြပါသည်။ ထို့အပြင် နိုင်ငံသားများမှာ စစ်တပ်ကပိုင်ဆိုင်သည့် စက်မှုဇုန်များအတွင်းတွင်လည်း အလုပ်လုပ်

ပေးရန် အဓမ္မ စေခိုင်းခံရပါသည်။

အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးစု လူနည်းစုဒေသများနှင့် ဘာသာရေး ကိုးကွယ်သူလူနည်းစုများ နေထိုင်

သောဒေသများတွင် အဓမ္မလုပ်အားခိုင်းစေမှုကို စစ်စခန်းများဆောက်လုပ်ရန်နှင့် စစ်ဆင်ရေးများတွင် သုံးစွဲနေမှုမှာ

ကြီးလေးသောပြဿနာ အဖြစ် ဆက်လက်ရှိနေပါသည်။ ယုံကြည်ရသော အစိုးရမဟုတ်သည့်အဖွဲ့ (အဲန်ဂျီအို) များ၏

အဆိုအရ စစ်စခန်းများ ဆောက်လုပ်ရန်၊ ပြင်ဆင်ရန်နှင့် ၎င်းတို့အတွင်း ကင်းစောင့်ခြင်းကဲ့သို့သော အခြားသောလုပ်ငန်း

များ လုပ်စေရန် ရွာသားများကို အမိန့်ပေးခိုင်းစေနေကြပါသည်။ ဤသတင်းများအရပင် ရွာသားများသည် စစ်စခန်းများ

ဆောက်လုပ်ရန်နှင့် ပြင်ဆင်ရန်အတွက် မိမိတို့ကိုယ်ပိုင်စရိတ်ဖြင့် သစ်ချောင်းများကို ယူဆောင်လာကြရကြောင်း သိရှိရပါ

သည်။

55

မြန်မာပြည် လွတ်မြောက်ရေး စစ်သည်တော်များအဖွဲ့ (Free Burma Rangers) ၏ အဆိုအရ မတ်လ၁ ရက်နေ့

တွင် တပ်မှူးဖြစ်သူ တင်စိုးနှင့် တပ်ကြပ် တင်ညွန့်ဦးတို့က ကရင်ပြည်နယ်၊ မလှဒေါရှိ ကျေးရွာသား ၃၀ ဦးကို စောတေးဒါး

ရှိ တပ်စခန်းသစ်သို့ ပစ္စည်းများနှင့် အစားအသောက်များယူ၍ လာခဲ့ကြရန် ညွှန်ကြားခဲ့ကြောင်း သိရပါသည်။

မြန်မာပြည် လွတ်မြောက်ရေး စစ်သည်တော်များအဖွဲ့က မတ်လ ၁ ရက်နေ့တွင် သတင်းပေးပို့ခဲ့ရာ ခြေမြန်

တပ်ရင်း (ခမရ) ၃၇၅ သည် ကရင်ပြည်နယ် ပေါပဲဒါး၊ အောင်ချမ်းသာ၊ မြောင်းဦး၊ ရေဘက်ကျေးရွာများမှ ရွာသား ၁၆၀ ဦး

ကို ဖောင်ဆိပ်ရှိ တပ်စခန်းသို့ ပေါပဲဒါးမှ ထောက်ပံ့ပေးပစ္စည်းများ သယ်ဆောင်လာစေရန် ခိုင်းစေခဲ့ကြသည်ဟု ဖော်ပြခဲ့ပါ

သည်။

မေလ ၇ ရက်နေ့တွင် စစ်တပ်က ကရင်ပြည်နယ်၊ တိုးဒေါရှိ ခြေမြန်တပ်ရင်း (ခမရ) ၅၉၉ ဌာနချုပ်မှ ရင်ဦးစိန်ရှိ

ခြေမြန်တပ်ရင်း (ခမရ) ၅၉၀ သို့ ဆက်သွယ်သည့် လမ်းဖောက်လုပ်ရန် ရွာသား ၁၅၄ ဦးကို အဓမ္မလုပ်အားပေးရန် ခိုင်းစေ

ခဲ့ပါသည်။ မျက်မြင်သက်သေများ အဆိုအရ ရွာသားများကို သစ်ပင်များ ၀ါးပင်များ ခုတ်လှဲစေခြင်း၊ ကြက်ငှက်မွေးမြူရန်

လှောင်အိမ်များ ဆောက်စေခြင်း၊ စစ်တပ်သန့်ရှင်းရေး လုပ်ငန်းများအတွက် ခိုင်းစေခဲ့ကြပါသည်။ ဒေသခံများ၏ အဆိုအရ

ဤလမ်းဖောက်လုပ်မှုကြောင့် ဥယျာဉ်ခြံမြေ ဧက ၅၀၀ ကျော် ပျက်စီးခဲ့ရပါသည်။

ယခုနှစ်အတွင်းတွင် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ ကရင်ကျေးရွာများကို ထိုးစစ်ဆင်

တိုက်ခိုက်ရန်အတွက် တိုင်းရင်းသားကရင် ကျေးရွာသားများကို စစ်တပ်က ဆက်လက်၍ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်

ဆောင်မှုများ ရှိခဲ့ကြကြောင်း ယုံကြည်ရလောက်သည့် အထောက်အထားများကို အဲန်ဂျီအိုများက တင်ပြခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အစီရင်ခံတင်ပြရာတွင် စစ်တပ်များသည် ရွာလူကြီးများထံသို့

ယခင်ကလို အဓမ္မလုပ်အားပေးရန် ဆင့်ခေါ်တောင်းဆိုသည့် အမိန့်စာများ မထုတ်တော့ဘဲ၊ နှုတ်ဖြင့်သာ ညွှန်ကြားချက်

များ ဆက်လက်ပြုခဲ့ကြပါသည်။ ILO အဖွဲ့ကြီး၏ အဆိုအရ အချို့သောကိစ္စများတွင် အစိုးရသည် အဓမ္မလုပ်အားပေးရန်

တောင်းဆိုမှုမျိုး မလုပ်တော့ဘဲ၊ ၎င်းအစား အကူအညီများဖြစ်သည့် ပစ္စည်း၊ ရိက္ခာ၊ ငွေများပေးရန် အဓမ္မတောင်းဆိုတတ်ပါ

သည်။ ILO အဖွဲ့က အစီရင်ခံတင်ပြခဲ့ရာတွင်၊ ၂၀၀၂ ခုနှစ်မှစတင်၍ အစိုးရသည် အလုပ်ကြမ်းမပါဘဲ ထောင်ကျခဲ့သည့်

အကျဉ်းသားများကို အဓမ္မလုပ်အားပေးသူများအဖြစ် အရပ်သားများနေရာတွင် အစားထိုးပြီး ပိုမိုအသုံးချလာခဲ့ပါသည်။

အကြောင်းမှာ အရပ်သားများကို အသုံးမပြုရန် နိုင်ငံတကာမှ ဖိအားပေးလာခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အလုပ်ကြမ်း

စခန်းအသစ်များ ရှိသည်ဟု သတင်းများရရှိသော်လည်း အများစုမှာ ယာယီသာ ဖြစ်ပါသည်။ သီးသန့်စီမံချက်များ ဆောင်

ရွက်ပြီးစီးသည့် အချိန်အထိသာ ထားရှိတတ်ပါသည်။ ဤနှစ်အတွင်းတွင် အကျဉ်းသားများကို စစ်တပ်က နိုင်ငံတ၀ှမ်းရှိ

ထောင်များမှ ခေါ်ထုတ်ပြောင်းရွှေ့၍ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်သော

စစ်ဆင်ရေးများတွင် ပေါ်တာအထမ်းသမားအဖြစ် အသုံးချခဲ့ကြောင်း အစီရင်ခံစာများ ရရှိပါသည်။ ရာဇ၀တ်မှုဖြင့်

ကျခံနေရ သော အကျဉ်းသားများမှာ မလုံလောက်သော စားရေရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရှိသော

အခြေအနေ၌ အလုပ် လုပ်ကိုင်ကြရပြီး၊ မိုင်းကွင်းများနှင့် သေနတ်ထိမှန်ခံရနိုင်သော အန္တရာယ်လည်း ကြုံကြရပါသည်။

နိုင်ငံအနှံ့အပြားတွင် ကျေးရွာများ၌ အငယ်စားစီမံချက်များကို အကောင်အထည်ဖော်ရန် အဓမ္မလုပ်အားခိုင်းစေမှု

များ ဆက်လက်ရှိနေကြောင်း အစီရင်ခံချက်များ ရရှိခဲ့ပါသည်။ အာဏာပိုင်များသည် နိုင်ငံတ၀ှမ်းရှိ အဝေးပြေးလမ်းများ၊

ရေပေးမြောင်းများ အပါအ၀င်ဖြစ်သော အခြေခံအဆောက်အဦများကို ထိန်းသိမ်းရန်အတွက်၊ အဓမ္မလုပ်အားပေးစေခြင်း

ကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ အာဏာပိုင်များက မကြာခဏဆိုသလို အိမ်ထောင်စုများနှင့် လူပုဂ္ဂိုလ်များကို၊

အခြေခံအဆောက်အဦဆောက်လုပ်ရေး စီမံချက်များတွင် မလုပ်ဆောင်နိုင်ပါက ငွေကြေးဖြင့်သော်လည်းကောင်း၊ အစား

56

အသောက်ဖြင့်သော်လည်းကောင်း၊ ထောက်ပံ့၍ အစားထိုးရန် ခွင့်ပြုခဲ့ပါသည်။ သို့သော်လည်း ကျေးလက်နေပြည်သူများ

၏ အကျယ်အပြန့် ဆင်းရဲမွဲတေမှုကြောင့် အိမ်ထောင်အများစုမှာ လုပ်အားပေးရန်ကိုသာ ရွေးချယ်ရစေသည့် အခြေအနေ

သို့ တွန်းပို့ခဲ့ပါသည်။ မိဘများက ပုံမှန်ဆိုသလို၊ မိမိတို့တာဝန်ကျသော အဓမ္မလုပ်အားပေးကိစ္စများကို ဆောင်ရွက်ပေးရန်

အတွက် ကလေးများကို စေလွှတ်လေ့ရှိကြပါသည်။

ပြည်နယ်နှင့် တိုင်းများရှိ အာဏာပိုင်များသည်၊ ဘိုင်အိုဒီဇယ် လောင်စာထုတ်လုပ်နိုင်ရန် (နအဖ) စစ်အစိုးရ

စီမံချက် တစ်ကဏ္ဍအဖြစ်၊ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်မြေများပေါ်တွင် နိုင်ငံသားများကို ကြက်ဆူပင်များ အတင်းအကျပ်

စိုက်ပျိုးခိုင်းခဲ့ကြောင်း အစီရင်ခံစာများ ပြည်နယ်နှင့် တိုင်းများအားလုံးမှ ရရှိခဲ့ပါသည်။ ဤသို့ကြက်ဆူပင် စိုက်ပျိုးရန်

ငြင်းဆန်သူများမှာ မကြာခဏဆိုသလို ဒဏ်ငွေပေးဆောင်ရမည်ဟု ခြိမ်းခြောက်ခံကြရပါသည်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ILO အဖွဲ့နှင့် အစိုးရတို့သည် အဓမ္မလုပ်အားပေးကိစ္စများ တိုင်ကြားလာမှုအပေါ်

လက်ခံဖြေရှင်းပေးရန်အတွက် လုပ်ငန်းစဉ်တစ်ရပ်ကို သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤသဘောတူညီချက်

အရ ILO မှ ရည်ညွှန်းလွှဲပြောင်းလာသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို အစိုးရနှင့် ILO အဖွဲ့တို့က ပူးတွဲ၍

စုံစမ်းစစ်ဆေးမည် ဖြစ်သည်။ မတ်လတွင် အာဏာပိုင်များက ILO အဖွဲ့မှ ပထမဦးဆုံးအကြိမ် လွှဲပြောင်းပေးအပ်လာသည့်

အမှုများကို တုံ့ပြန်ခဲ့ကြပြီး၊ ဤအမှုများကို စုံစမ်းစစ်ဆေးခဲ့ကြပါသည်။ ဧပြီလတွင် မြေလတ်ပိုင်ဒေသ အောင်လံမြို့နယ်ရှိ

တရားရုံးတစ်ခုမှ လမ်းပြင်ရန်အတွက် ရွာသားများကို အဓမ္မလုပ်အားဆင့်ဆိုခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိသည်ဟု ဆုံးဖြတ်

ပြီး ကျေးရွာအာဏာပိုင် ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါသည်။ တတိယ အာဏာပိုင်တစ်ဦးကို လွှတ်ပေးခဲ့ပါသည်။

အခြားကိစ္စတစ်ခုဖြစ်သည့် ကလေးစစ်သားစုဆောင်းသည့် အမှုတစ်ခုတွင်၊ ဒေသခံအာဏာပိုင်များက ဆက်လက်စစ်ဆေး

နေဆဲ၌ ဧပြီလတွင် ၎င်းကလေး မိသားစုထံသို့ ပြန်ရောက်လာခဲ့ပါသည်။ သြဂုတ်လတွင် ILO အဖွဲ့နှင့် အစိုးရတို့ ပူးတွဲ၍

မတ်လ ကတည်းက ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ အဓမ္မလုပ်အားခိုင်းစေမှုအပေါ် တိုင်ကြားမှုကို စုံစမ်းစစ်ဆေးခဲ့ကြပါ

သည်။

ဥပဒေအရ ကလေးများကို အဓမ္မလုပ်အားခိုင်းစေခြင်းနှင့်၊ အခိုင်းအစေအဖြစ် စာချုပ်သဖွယ်ချုပ်နှောင် အသုံးချ

နေခြင်းများကို အထူး တားမြစ်ထားခြင်း မရှိပါ။ ကလေးများကို အဓမ္မလုပ်အားပေးခိုင်းစေခြင်းသည် ကြီးမားသော ပြဿနာ

အဖြစ် ဆက်လက်ရှိနေပါသည်။

(ဃ) ကလေးများထံမှ လုပ်အားရယူခြင်းကို တားမြစ်ချက်နှင့် အလုပ်လုပ်နိုင်သော အနိမ့်ဆုံးအသက် သတ်မှတ်ချက်

အလုပ်အတွက် ကလေးတစ်ဦးကို ခန့်အပ်ငှားရမ်းမည်ဆိုပါက၊ ဥပဒေအရ အနိမ့်ဆုံးအသက် ၁၃ နှစ် ရှိရပါမည်။

သို့သော်လည်း လက်တွေ့တွင် ဥပဒေကို အကျိုးသက်ရောက်မှုရှိအောင် မကျင့်သုံးပါ။ ထို့ကြောင့် ကလေးသူငယ်များ

အလုပ်ခိုင်းစေခြင်းကိစ္စကို ပိုမိုပြန့်နှံ့စွာ မြင်တွေ့နေရပါသည်။ မြို့ပြများတွင် ကလေးများအလုပ် လုပ်ကိုင်နေကြသည်ကို

အထူးတွေ့ရပြီး၊ အများစုမှာ မိသားစုစီးပွားရေး သို့မဟုတ် လုပ်ငန်းငယ်များတွင် ၀င်ရောက် လုပ်ကိုင်နေကြပါသည်။

ကျေးလက်တွင်မူ ကလေးများသည် မိသားစုလယ်ယာလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြပါသည်။ ရန်ကုန်နှင့်

မန္တလေးမြို့များရှိ မြို့ပြ သာမန်ကျပန်းစီးပွားရေးကဏ္ဍတွင် ပါဝင်အလုပ်လုပ်နေသော ကလေးများမှာ လူမမည်အရွယ်များ

ကတည်းက စတင်လုပ်ကိုင်နေကြရပါသည်။ မြို့ပြရှိ သာမန်ကျပန်းစီးပွားရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြသော

ကလေးများမှာ များသောအားဖြင့် အစားအသောက်လုပ်ငန်း၊ လမ်းပေါ်ဈေးရောင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ အသေးစား

လူသုံးကုန်ထုတ်လုပ်ငန်းများနှင့် လက်ဖက်ရည်ဆိုင်စားပွဲထိုးများအဖြစ် လုပ်ကိုင်နေကြပါသည်။

57

ကလေးများကို အဓမ္မခိုင်းစေခြင်းနှင့် မလုပ်မနေရ အလုပ်ခိုင်းစေခြင်းကို ဥပဒေအရ အထူးတားမြစ်ထားခြင်း မရှိ

ပါ။ ဤအတွက်ကြောင့် ကလေးများသည် အဓမ္မလုပ်အားခိုင်းစေခံရမှု အခြေအနေကို ဖြစ်ပေါ်စေပါသည်။ ရန်ကုန်နှင့်

မန္တလေးမြို့များတွင် အာဏာပိုင်များက ဆယ်ကျော်သက်အရွယ်ကလေးများကို စုရုံးဖမ်းဆီးပြီး၊ ပေါ်တာအထမ်းသမားများ

အဖြစ် ခိုင်းစေခြင်းနှင့် စစ်မှုထမ်းရန်သွပ်သွင်းခြင်းများ ပြုခဲ့ကြပါသည်။

ကလေး အလုပ်သမားဆိုင်ရာ ဥပဒေများကို သီးသန့်တာဝန်ယူ စည်းကြပ်ရန်အတွက် အစိုးရဌာနများ မရှိပါ။

အလုပ်သမားဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးနှင့် ပူးတွဲ၍ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက် သတ်မှတ်ချက်ကို ပြင်ဆင်

ရန် လုပ်ဆောင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အလုပ်

လုပ်နေသော ကလေးများအတွက် ဥပဒေကြောင်းဆိုင်ရာ ကာကွယ်ပေးမှုများကို ပြန်လည်သုံးသပ်စစ်ဆေးမှုများ ပြီးဆုံး

ပြီးနောက်၊ ၁၉၂၃ ခုနှစ်မှ ၁၉၉၃ ခုနှစ်အတွင်း ချမှတ်ခဲ့သော ဥပဒေများမှ သီးခြား အလုပ်သမားဥပဒေ ၁၀ ခုကို တွေ့ရှိခဲ့

ရပါသည်။ ပြီးနောက် အလုပ်လုပ်နေရသော ကလေးများအတွက် ကာကွယ်မှုပေးရန် အကြံပြုချက်များ ဆောင်ရွက်ခဲ့ပါ

သည်။ ၂၀၀၆ ခုနှစ်မှစ၍ UNICEF က အလုပ်သမားဝန်ကြီးဌာနနှင့် ပူးတွဲ၍ ကလေးများကို ကာကွယ်စောင့်ရှောက်မှုပေး

ရေးအတွက် ဌာနတွင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲ သင်တန်းများ အချို့ကို စီစဉ်ပေးနိုင်ခဲ့ပါသည်။ ဇူလိုင်လနှင့် နိုဝင်ဘာ

လများတွင် ကုလသမဂ္ဂ၊ အလုပ်သမား ၀န်ကြီးဌာန၊ နိုင်ငံတကာ အဲန်ဂျီအိုများ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ အလုပ်လုပ်နေ

သော ကလေးများအတွက် အခြေခံစံသတ်မှတ်ချက်များနှင့် သူတို့ကို ကာကွယ်ပေးရေးအတွက် လိုအပ်သည့် ကျင့်ထုံးများ

မူကြမ်းရေးဆွဲနိုင်ရန် ဆွေးနွေးပွဲ ၂ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။ အောက်တိုဘာလတွင် UNICEF က အလုပ်သမားဝန်ကြီး

ဌာန၏ ၀န်ထမ်းများ၊ အလုပ်စစ်ဆေးရေး အရာရှိများကို နိုင်ငံတကာစံသတ်မှတ်ချက်များ၊ ကလေးအခွင့်အရေးများ၊ အလုပ်

လုပ်နေရသော ကလေးများအတွက် အနိမ့်ဆုံးလိုအပ်သည့် စံသတ်မှတ်ချက် စသဖြင့်နှင့် ပတ်သက်၍ သင်တန်းပေးခဲ့

ပါသည်။ UNICEF ၏ အဆိုအရ အစိုးရက UNICEF နှင့် ပူးတွဲ၍ အလုပ်လုပ်နေရသော ကလေးများကို ကာကွယ်ပေးရေး

အတွက် အနိမ့်ဆုံးလိုအပ်သည့် စံသတ်မှတ်ချက်များ ဖြန့်ဝေရန် ဆောင်ရွက်ခဲ့ပါသည်။

(င) လက်ခံနိုင်သော လုပ်ငန်းခွင် အခြေအနေများ

အစိုးရ၀န်ထမ်းများနှင့် သမားရိုးကျစက်မှုလုပ်ငန်းအချို့ရှိ ၀န်ထမ်းများအတွက်သာ အနိမ့်ဆုံးလစာနှုန်းထားပြဌာန်း

ချက် ရှိပါသည်။ အစိုးရ၀န်ထမ်းများ၏ လစာနှုန်းထားသည် တနေ့လျှင် အလုပ်ချိန် ၈ နာရီနှုန်းဖြင့် အနိမ့်ဆုံး တစ်လ လခ

အဖြစ် မြန်မာကျပ်ငွေ ၁၅,၀၀၀ နှင့် ညီမျှသော၊ ဈေးကွက်ပေါက်ဈေးအရ (အမေရိကန်ဒေါ်လာ ၁၁. ၅၀) သာ ရရှိပါသည်။

နေ့စားလုပ်သားများအတွက် နှုန်းထားကို တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၀. ၃၈ (မြန်မာကျပ်ငွေ ၅၀၀) သတ်မှတ်ထားပါ

သည်။ ထောက်ပံ့ကြေးများနှင့် အခြားစရိတ် မျိုးစုံဖြင့် ဆောင်းငွေထပ်ပေးပါသည်။ အနိမ့်ဆုံးလစာ ရရှိသူများသော်လည်း

ကောင်း၊ မြင့်မားသော လစာရရှိကြသည့် အရာရှိကြီးများသော်လည်းကောင်း၊ ရရှိသောဝင်ငွေသည် ၀န်ထမ်းနှင့် ၎င်းမိသား

စု တစ်စုအတွက် သင့်တင့်လျောက်ပတ်သော လူနေမှု အဆင့်အတန်းမျိုး ရရှိရန် မလုံလောက်ပါ။ အစိုးရလုပ်ငန်းများတွင်

သုံးစွဲနိုင်မှုတန်ဖိုးအရ အမှန်စင်စစ် လစာကျဆင်းလာနေခြင်းကြောင့် အကျယ်အပြန့် အကျင့်ပျက်ခြစားမှုကို ဖြစ်စေပြီး၊

ရုံးတက်ပျက်ကွက်မှုများကို ပိုမို ဖြစ်ပေါ်စေပါသည်။ ပုဂ္ဂလိကကဏ္ဍတွင် မြို့ပြများတွင် အလုပ်လုပ်သော လုပ်သားများသည်

ပျမ်းမျှတစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၀. ၃၈ မှ ၀. ၇၅ အထိ (မြန်မာကျပ်ငွေ ၅၀၀ မှ ၁,၀၀၀) ကျပ်ခန့် ရရှိပြီး၊

ကျေးလက်နေ လယ်ယာလုပ်သားများမှာ ဤနှုန်းထား၏ တစ်ဝက်ခန့်သာ ရရှိပါသည်။ ပုဂ္ဂလိကကဏ္ဍရှိ အချို့သော

58

လုပ်သားများက ထိုနှုန်းထားထက် ၀င်ငွေပို၍ ရကြပါသည်။ ပုဂ္ဂလိကကဏ္ဍရှိ အလုပ်ရှင်များ၏ အဆိုအရ ကျွမ်းကျင်သော

စက်ရုံလုပ်သားတဦးသည် ခန့်မှန်းခြေ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၃ (မြန်မာကျပ်ငွေ ၃၀,၀၀၀) ရရှိပါသည်။

လုပ်အားပိုလျှံမှု၊ စီးပွားရေးညံ့ဖျင်းမှု၊ အစိုးရ၏ အကာအကွယ်မရရှိမှုတို့ကြောင့် အလုပ်သမားများသည်၊ စံချိန်မမီ

သော လုပ်ငန်းခွင်အခြေအနေများကို ဆက်လက်ရင်ဆိုင်နေရပါသည်။ ဥပဒေအရသတ်မှတ်ထားချက်မှာ ပြည်သူပိုင်အခန်း

ကဏ္ဍတွင် အလုပ်သမားများသည် တစ်ပတ်လျှင် ၅ ရက်၊ ပေါင်း ၃၅ နာရီ လုပ်ရမည်ဖြစ်ပြီး။ ပုဂ္ဂလိကနှင့် နိုင်ငံတော်ပိုင်

စီးပွားရေးလုပ်ငန်းများရှိ အလုပ်သမားများသည် တစ်ပတ်လျှင် ၆ ရက်၊ ပေါင်း ၄၄ နာရီ လုပ်ရမည် ဖြစ်သည်။ ထိုသတ်မှတ်

ချိန်ထက်ကျော်လွန်သော အလုပ်ချိန်များအတွက် အချိန်ပိုလစာရရှိ ခံစားစေရမည် ဖြစ်ပါသည်။ အစိုးရပိုင် စက်ရုံများမှ

အလုပ်သမားများသည် စက်ရုံအမျိုးအစားအပေါ် မူတည်၍ တစ်ပတ်လျှင် ၄၄ နာရီမှ ၄၈ နာရီအထိ အလုပ်လုပ်ကြရမည်

ဖြစ်ပါသည်။ ဥပဒေအရ တစ်ပတ်လျှင် နားချိန် ၂၄ နာရီ ပေးရမည်ဖြစ်ပြီး၊ အလုပ်သမားများအား တစ်နှစ်လျှင် လစာပြည့်

ဖြင့် ၂၁ ရက် အနားယူခွင့် ပေးရမည် ဖြစ်ပါသည်။ သို့ရာတွင် လက်တွေ့တွင်မူ ထိုပြဌာန်းချက်များကို တိုင်းပြည်၏

လုပ်သားအင်အားများထဲမှ လူ အနည်းငယ်မျှသာ ခံစားခွင့်ရကြပါသည်။ အကြောင်းမှာ လုပ်သားအင်အား အများစုကြီးမှာ

ကျေးလက်ရှိ လယ်ယာလုပ်ငန်းခွင်နှင့် သာမန်ကျပန်းစီးပွားရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေကြသောကြောင့်

ဖြစ်ပါသည်။ ဥပဒေကို အစိုးရ ကဏ္ဍပိုင်းတွင် ယေဘုယျအားဖြင့် သက်ဝင်မှုရှိအောင် ဆောင်ရွက်သော်လည်း၊ ပုဂ္ဂလိက

စီးပွားရေးလုပ်ငန်းများတွင် မကြာခဏ ဆိုသလို ဖောက်ဖျက်ကျူးလွန်မှုများ ရှိခဲ့ပါသည်။

များပြားလှသော လုပ်ငန်းခွင် ကျန်းမာရေးနှင့် လုံခြုံရေးစည်းမျဉ်းများ ပြဌာန်းထားပါသည်။ သို့သော်လည်း လက်

တွေ့တွင်မူ ထိုစည်းမျဉ်း၊ စည်းကမ်းများအတိုင်း သက်ရောက်မှုရှိအောင် လိုအပ်သောအရင်းအမြစ်များကို အစိုးရက ဖေါ်

ဆောင်မပေးခဲ့ပါ။ မူအားဖြင့် အလုပ်သမားများအနေဖြင့် အန္တရာယ်များသောလုပ်ငန်းခွင်အတွင်းမှ ထွက်ခွါသွားခွင့်ရှိသော်

လည်း၊ လက်တွေ့တွင်မူ ထွက်ခွါသွားခဲ့ပါက ၎င်းအလုပ်သမားအနေဖြင့် ထိုအလုပ်တွင် ဆက်လက်တည်မြဲရေးကို မျှော်

မှန်း၍ ရတော့မည် မဟုတ်ပါ။

59

Hooray! Your file is uploaded and ready to be published.

Saved successfully!

Ooh no, something went wrong!