22.10.2016 Views

2016_militarisation_commentary_khrg_burmese

2016_militarisation_commentary_khrg_burmese

2016_militarisation_commentary_khrg_burmese

SHOW MORE
SHOW LESS

You also want an ePaper? Increase the reach of your titles

YUMPU automatically turns print PDFs into web optimized ePapers that Google loves.

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော

စစ်ဘက်ဆိုင်ရာ တိုးချဲ့လုပ်ဆောင်မှုများ

အထက်ပါပုံမှာ KHRG ဒေသခံအဖွဲ့ဝင်တစ်ဦးမှ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက် နေ့တွင် ချောင်းကြားကျေးရွာ၊ ထန်းတပင် မြို့နယ်၊

တောင်ငူခရိုင် ပဲခူးတိုင်းဒေသအရှေ့ပိုင်း တွင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ပုံတွင် တပ်မတော် မော်တော်ယျာဉ်များမှ ရိပ်က္ခာတင်ပို့

နေပုံကိုတွေ့မြင်ရပါမည်။ ပုံတွင် ရိပ်က္ခာအပြည့်တင်ထားသော တပ်မတော်မော်တော် ယျာဉ် ၁၅ စီးအထက်ကိုတွေ့မြင်ရပါမည်။

ဘေးတွင်စစ်သားများ စောင့်ကြပ်နေသည်ကိုလည်း တွေ့ မြင်ရပါမည်။ 1 (ဓါတ်ပုံ - KHRG)

အောက်တိုဘာလ ၂၀၁၆ ခုနှစ်

မာတိကာ

နိဒါန်း ............................................................................................................................................................................. 1

ကျေးရွာများအတွင်းနှင့်အနီးတ၀ိုက်တွင် စစ်တပ်များတည်ရှိနေခြင်း ............................................................................................... 4

တပ်များ ကင်းလှည့်ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ပို့ခြင်း နှင့် တည်ရှိနေသော တပ်စခန်းများအား ခိုင်မာအောင်တိုးချဲ့

ပြုပြင်တည်ဆောက်ခြင်းများ ဆက်လက်၍ဖြစ်ပွားနေခြင်း ............................................................................................................ 7

စစ်သင်တန်းများ၊ စစ်အတွင်း မပေါက်ကွဲသေးသော လက်နက်ခဲယမ်း အကြွင်းအကျန်များ ................................................................ 12

မြေမြှုပ်မိုင်း .................................................................................................................................................................... 15

ဆက်လက်ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တပ်ဖွဲ့ များကြား လက်နက်ကြီး ပစ်ခတ်မှုများနှင့် ရွာသားများအပေါ် ထိခိုက်နစ်နာမှုများ ......... 18

လက်နက်ကိုင်များမှ ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ခြိမ်းခြောက်မှုများ .................................................... 22

လက်နက်ကိုင် တပ်ဖွဲ့ များမှ မြေသိမ်းမှုများ ............................................................................................................................. 26

စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုများနှင့် မြေသိမ်းမှုများကြောင့် ဖြစ်ပေါ်လာသော ဆက်လက် နေရာ ရွှေ့ပြောင်း နေရမှုများနှင့် ဒေသခံများ၏

အသက်မွေးဝမ်းကြောင်းလုပ်ငန်း အခက်အခဲများ .................................................................................................................... 28

နိဂုံးနှင့် အကြံပြုချက်များ ................................................................................................................................................... 31

တပ်မတော်နှင့် နယ်ခြားစောင့်တပ်စခန်းများ၏ တည်နေရာများ ပါဝင်သော မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၏ မြေပုံများ .............................. 34

နိဒါန်း

၁၉၄၉ ခုနှစ်မှ စတင်၍ ကရင်လက်နက်ကိုင်အဖွဲ့အသီးသီးမှ မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည်။

ဤစစ်ပွဲသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်နိုင်သည်။ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်မှ

တိုင်းရင်းသား လူမျိုးစုများအား မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် လမ်းဖွင့်ပေးခဲ့သည်။ ဇန်နဝါရီလ

၂၀၁၂ ခုနှစ်တွင် မီးရထားဝန်ကြီးဦးအောင်မင်း ဦးဆောင်သော မြန်မာအစိုးရမှ ကရင်အမျိုးသား အစည်းအရုံး

(ကေအဲန်ယူ) နှင့် ပထဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ဖားအံမြို့တွင် တွေ့ ဆုံခဲ့သည်။ ကေအဲန်ယူသည်

မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ၂၀၁၂ ခုနှစ်တွင်

ရေးထိုးခဲ့သည်။ 2 ထို့ နောက် မြန်မာအစိုးရနှင့် ကေအဲန်ယူအကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

စေ့စပ်ဆွေးနွေးရေး စကားဝိုင်းသို့ ဖိတ်ခေါ်ခြင်း ခံရသော လက်နက်ကိုင်တပ်ဖွဲ့ စုစုပေါင်း တစ်ဆယ့်ငါးဖွဲ့မှ

ကရင်အမျိုးသားအစည်းအရုံး (KNU)/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်လက်နက်ကိုင်

ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA PC) 3 နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) 4 တို့ အပါအဝင်

1 “Hidden Strengths, Hidden Struggles: Women’s testimonies from southeast Myanmar” KHRG သြဂုတ်လ ၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

စာမျက်နှာ ၃၀ တွင်ကြည့်ယူပါ။

2 Myanmar Times မှ ဇန်နဝါရီလ ၁၆ရက် ၂၀၁၂ ခုနှစ်တွင်ဖြန့်ဝေခဲ့သော “Govt, KNU sign ceasefire” ကို ကြည့်ပါ။ The Irrawaddy မှ

ဇန်နဝါရီလ ၁၂ရက် ၂၀၁၂ ခုနှစ်တွင်ဖြန့်ဝေခဲ့သော “KNU, Govt Reach Historic Agreement” ကို ကြည့်ပါ။ Truce or Transition? Trends in

human rights abuse and local response since the 2012 ceasefire ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ပြုလုပ်သော ပဏာမအပစ်အခတ်ရပ်စဲရေး

သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပြောင်းလဲလာသော လူအခွင့်အရေးအခြေအနေများကို သုံးသပ်ထားသော မေလ ၂၀၁၄

ခုနှစ်တွင် KHRG မှ ထုတ်ပြန်ခဲ့သည့် ဤအစီရင်ခံစာဖြစ်တွင် ကြည့်ရှုနိုင်သည်။

3 ၂၀၀၇ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည့် KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီသည် KNU မှခွဲထွက်ခဲ့သည့်

လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘားအံခရိုင်၊ ထိုကော့ကိုးတွင် အခြေစိုက်သည်။ ထိုအချိန်က ၎င်း၏တပ် ဖွဲ့များကို

တပ်မတော်နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းဖွဲ့စည်းရန် မြန်မာအစိုးရ၏ ညွှန်ကြားချက်ကို ငြင်းဆန်ခဲ့သည်။ ၎င်းတပ်ဖွဲ့သည်

ဖေဖေါ်ဝါရီလ ၇ရက် ၂၀၁၂ ခုနှစ်တွင် မြန်မာအစိုးရနှင့် ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက်

အောက်တိုဘာလ ၁၅ရက် ၂၀၁၅ ခုနှစ်တွင်လည်း မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်

လက်မှတ်ထိုးခဲ့သည်။

4 ၁၉၉၄ ခုနှစ်မှ ၂၀၁၀ အထိ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် အဖြစ်ရပ်တည်ခဲ့သော ဒီကေဘီအေ အဖွဲ့မှ တပ်ဖွဲ့ဝင်

အများစုသည် နယ်ခြားစောင့်တပ်သို့ အသွင်ကူးပြောင်းခဲ့ပြီး ကျန်ရှိနေသူများမှ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA)အား ၂၀၁၀

ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) အဖွဲ့ ၏ မူလအမည်မှာ တိုးတက်သော

ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA) ဖြစ်ပြီး ၎င်းတို့အဖွဲ့ သည် မည်သည့်ဘာသာတရားများနှင့်မျှမသက်ဆိုင်ကြောင်းကို

1

တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ သည် မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး

သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ 5 ထိုကဲ့သို့

လက်မှတ်ရေးထိုးခြင်းအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ 6 ထောက်ခံဝန်းရံမှုအား ရရှိသော်လည်း ဤအပစ်အခတ်ရပ်စဲရေး

စာချုပ်အား စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သော စာချုပ်တစ်ခုဖြစ်သည်ဟု ယုံကြည်မှုမရှိသော အချို့

ကရင်လက်နက်ကိုင်အဖွဲ့များ 7 နှင့် ကရင်လူမှုအဖွဲ့အစည်းများ 8 ၏ ပြစ်တင်ဝေဖန်မှုများလည်း ရှိခဲ့သည်။ လက်ရှိ

အခြေအနေအရ အပစ်အခတ်ရပ်စဲရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအား ရရှိရန်အတွက်

အလှမ်းဝေးနေသေးသည့်အတွက် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲမှာ အဆုံးသတ်နိုင်သေးမည် မဟုတ်ပေ။

ကျွန်ုပ်တို့ အားလုံး မြင်တွေ့ခဲ့ရသည့်အတိုင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲအား တောင်ပြိုကမ်းပြို

အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီမှလည်း ခိုင်မာ၍ တည်တံ့သော

ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် ၎င်းတို့ ၏ ရှေ့ဆက်ရမည့် မျှော်မှန်းချက်များကို မြှင့်တင်ခဲ့ကြသည်။

သို့ သော် မြန်မာတပ်မတော်ဦးဆောင်ရေးဆွဲခဲ့သော အခြေခံ ဥပဒေတွင် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းအား

တပ်မတော်ကို ပေးထားဆဲဖြစ်ပြီး အဓိက ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ

ဝန်ကြီးဌာနများမှာလည်း စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည်။

9

ပြည်ထောင်စု

သမ္မတ

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံခြားရေးရာဝန်ကြီးဌာနနှင့် သမ္မတရုံးများအား

ကြီးကြပ်ဦးဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး

ကော်မတီဝင်များနှင့် ၂၀၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ ဆုံခဲ့သည်။ 10

ထင်ဟပ်ပေါ်လွင်စေရန်အတွက် ဗုဒ္ဓဟူသည့် စကားလုံးမှ တိုးတက်သောဟူ၍ ဧပြီလ ၂၀၁၂ခုနှစ်တွင် ပြောင်းလဲ ခေါ်တွင်စေခဲ့ခြင်းဖြစ်သည်။

ဤအဖွဲ့ တွင် ကလိုထူးဘောတပ်ရင်း(DKBA-5) အပါအ၀င် မတူညီသောဒေသ ၊ မတူညီသောအဖွဲ့များဖြင့် ဖွ့ဲစည်းထားသည်။

ထိုအဖွဲ့ ကလိုထူးဘောအဖွဲ့ကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့သူမှာ မတ်လ ၂၀၁၆ တွင် ကွယ်လွန်ခဲ့သော ဗိုလ်ချုပ် စောလားပွဲ ခေါ်

ဗိုလ်နှုတ်ခမ်းမွှေးဖြစ်ပြီး ဧပြီလ ၂၀၁၆ ခုနှစ်တွင် ဗိုလ်ချုပ်စောမိုရှေးအား သူ၏ နေရာတွင် အစားထိုးခန့်အပ်ခဲ့သည်။ ဒီမိုကရေစီ

ကရင်အကျိုးပြုတပ်မတော် (DKBA) သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့တွင် မြန်မာအစိုးရနှင့် ပဏာမအပစ်အခတ်ရပ်စဲရေး

သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နောက် ၂၀၁၅ခုနှစ် အောက်တိုဘာလတွင်လည်း မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု

ရပ်စဲရေးသဘောတူစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့သည်။ ထိုအဖွဲ့ သည် ဆုံဆည်းမြိုင်ဒေသ၊ မြ၀တီ်/ ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊

ကရင်ပြည်နယ်တောင်ပိုင်းတွင် အခြေပြု တပ်စွဲထားပါသည်။ ဤဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) (၂၀၁၀-ယခုချိန်ထိ) အား

၂၀၁၀ခုနှစ်တွင် နယ်ခြားစောင့်(BGF)သို့ အသွင်ပြောင်းခဲ့သော မူလအစ တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA) (၁၉၉၄-

၂၀၁၀)အဖွဲ့နှင့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ ခွဲထွက်ကာ ၂၀၁၆ ခုနှစ်တွင် သီးခြားရပ်တည်နေသော တိုးတက်သော

ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) (၂၀၁၆-ယခုချိန်ထိ) စသည့် အဖွဲ့ များနှင့် မရောထွေးစေချင်ပါ။

5 Reuters မှ အောက်တိုဘာလ ၁၅ရက် ၂၀၁၅ ခုနှစ်တွင် ဖော်ပြခဲ့သော “Myanmar signs ceasefire with eight armed groups” ကို ကြည့်ပါ။

Mizzima News/Burma News International မှ အောက်တိုဘာလ ၆ရက် ၂၀၁၅ ခုနှစ်တွင် ဖော်ပြခဲ့သော “NMSP agrees with NCA but will

not sign in October” ကိုကြည့်ရှုပါ။

6 UN News Centre မှ အောက်တိုဘာလ ၁၅ရက် ၂၀၁၅ ခုနှစ်တွင်ဖော်ပြခဲ့သော “Myanmar: UN chief welcomes ‘milestone’ signing of

ceasefire agreement,” ကို ကြည့်ပါ။

7 Karen News မှ စက်တင်ဘာလ ၁ရက် ၂၀၁၅ ခုနှစ်တွင်ဖော်ပြခဲ့ပြီးသော “Without Real Political Roadmap, Nationwide Ceasefire

Agreement Leads Nowhere...” ကို ကြည့်ပါ။

8 Burma Link မှ အောက်တိုဘာလ ၄ရက် ၂၀၁၅ ခုနှစ်တွင်ဖော်ပြခဲ့သော “Karen Civil Society Has Lost Trust in the Nationwide

Ceasefire Agreement (NCA) Negotiations as a Gateway to Political Dialogue” ကို ကြည့်ပါ။

9 BBC News မှ ဒီဇင်ဘာလ ၃ရက် ၂၀၁၅ ခုနှစ်တွင်ဖော်ပြခဲ့သော “Myanmar's 2015 landmark elections explained” ကို ကြည့်ပါ။

10 Radio Free Asia မှ ဧပြီလ ၂၇ရက် ၂၀၁၆ ခုနှစ်တွင်ဖော်ပြခဲ့သော “Aung San Suu Kyi Tells Myanmar’s Peace Stakeholders to Prepare

For Conference” ကို ကြည့်ပါ။

2

မကြာသေးမီ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ၂၁ ရာစု ပင်လုံညီလာခံကို စတင်ကျင်းပခဲ့သည်။ 11

ငြိမ်းချမ်းရေးညီလာခံသစ်အနေနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်အား ရေးထိုးမှုမရှိသေးသည့

အဖွဲ့ များအား ပါဝင်လာစေရန်အတွက် ကြိုးစားခဲ့ရာ အထိုက်အလျောက် အောင်မြင်ခဲ့သော်လည်း ရခိုင့်တပ်မတော်၊

ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး

တပ်မတော်တို့မှာ ပါဝင်လိုမှုအား ပြသခဲ့သော်လည်း အခွင့်အရေး မရရှိခဲ့ပေ။ 12 လက်မှတ်မထိုးရသေးသော်လည်း

ညီလာခံ တက်ရောက်ခဲ့သည့် ဝပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်မှ ကိုယ်စားလှယ်များမှာ အခြားသော

ကိုယ်စားလှယ်များကဲ့ သို့ မဟုတ်ပဲ လေ့လာသူကဒ်ပြားကိုသာ ရရှိခဲ့သောကြောင့် ညီလာခံမှ ထွက်သွားခဲ့သည်ဟု

သတင်းများအရ သိရှိရသည်။ 13 ၂၁ ပင်လုံကျင်းပခြင်းအပေါ် အခြားသော စိုးရိမ်မှု တစ်ချက်မှာ ကရင်လူ့ အခွင့်အရေး

အဖွဲ့ မှ မကြာသေးမီက ထုတ်ဝေထားသော မျက်ကွယ်ပြုခံရသည့် အခွင့်အရေးနှင့် ရုန်းကန်မှုများ အစီရင်ခံစာတွင်

ဖော်ပြထားသော သုံးသပ်ချက်14 ကဲ့ သို့ ပင် အမျိုးသမီးများ၏ ပါဝင်မှု အားနည်းလျက်ရှိသည်။ 15

နိုင်ငံရေးမူဘောင် ပြောင်းလဲမှု ရှိသော်လည်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းအား ခြုံငုံသည့် ဒေသတွင်း

သတ်မှတ်ထားသည့် ကရင်ပြည်နယ်16 တွင် မြန်မာ တပ်မတော် လက်နက်ကိုင် တပ်ဖွဲ့ များ ဆက်လက်တည်ရှိနေသည်။

ကရင်လူ့ အခွင့်အရေးအဖွဲ့မှ ကရင်ဒေသများအတွင်း စစ်ဘက်ဆိုင်ရာ တိုးချဲ့ဆောင်ရွက်ချက်များနှင့် ၎င်းကြောင့်

ဒေသခံ ပြည်သူများအပေါ် သက်ရောက်သော ဆိုးကျိုးများအား ၁၉၉၂ ခုနှစ်မှ စတင်၍ မှတ်တမ်းတင်ထားခဲ့သည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ တိုးချဲ့ဆောင်ရွက်မှုများနှင့် တိုက်ပွဲငယ်များသည် မြန်မာနိုင်ငံအတွင်း

ရေရှည်တည်တံ့ခိုင်မာသော ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် မည်ကဲ့ သို့  ခြောက်လှန့်နိုင်သည်ကို တစ်နိုင်ငံလုံး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အား လက်မှတ်ထိုးခဲ့သည့်နေ့၏ တစ်နှစ်ပြည့် (၂၀၁၆ ခုနှစ်

အောက်တိုဘာလ ၁၅ ရက်) ရုံလေးတွင် ကရင်လူ့ အခွင့်အရေးအဖွဲ့အနေမှ တင်ပြလိုသည်။ ဤထုတ်ပြန်ချက်သည်

၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ဒေသများမှ

ကောက်ယူ ရရှိထားသော သတင်းအချက်အလက်များအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ဤထုတ်ပြန်ချက်တွင်

အဓိကအားဖြင့် ၂၀၁၄ ခုနှစ်နှောင်းပိုင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်

11 The Irrawaddy မှ သြဂုတ်လ ၃၁ရက် ၂၀၁၅ ဖော်ပြခဲ့သော “21st Century Panglong Conference Kicks Off in Naypyidaw” ကို ကြည့်ပါ။

12 The New York Times မှ သြဂုတ်လ ၃၁ရက် ၂၀၁၅ ခုနှစ်တွင်ဖော်ပြခဲ့သော “Myanmar Peace Talks Begin, High in Symbolism and in

Skepticism” ကို ကြည့်ပါ။

13 The Myanmar Times စက်တင်ဘာလ ၁ရက် ၂၀၁၆ ခုနှစ်တွင်ဖော်ပြခဲ့သော “UWSA pulls out of Panglong” ကို ကြည့်ပါ။

14 The Myanmar Times မှ သြဂုတ်လ ၃၁ရက် ၂၀၁၆ ခုနှစ်တွင်ဖော်ပြခဲ့သော “As the Panglong Conference begins, where are the

women?” ကို ကြည့်ပါ။

15 “Hidden Strengths, Hidden Struggles: Women’s testimonies from southeast Myanmar” KHRG သြဂုတ်လ ၂၀၁၆ ခုနှစ်ကို

ကြည့်ပါ။

16 ကရင်လူ့အခွင့်အရေးအဖွဲ့အနေနှင့် သတင်းအချက်အလက်များကို ဒေသ ခုနှစ်ခုဖြစ်သည့် သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ မြိတ်-ထားဝယ်၊

ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံဒေသများမှ စုဆောင်း ရယူသည်။ ဤ ဒေသ ခုနှစ်ခုအား ခရိုင်ဟု ခေါ်ဆိုပြီး ထိုအသုံးအနှုန်းကို ကရင်အမျိုးသား

အစည်းအရုံးမှ သတ်မှတ်ထားပြီး ကရင်အမျိုးသား အစည်းအရုံးနှင့် ပါတ်သက်ဆက်နွယ်မှု ရှိသောအဖွဲ့ များနှင့် ပါတ်သက်ဆက်နွယ်မှုမရှိသော

အဖွဲ့ များကပါ သုံးနှုန်းလျက်ရှိသည်။ ကရင်လူ့အခွင့်အရေးအနေနှင့် ဤ အသုံးအနှုန်းများကို အသုံးပြုခြင်းမှာ နိုင်ငံရေးအရ

ပါတ်သက်ဆွယ်နွယ်နေခြင်းကြောင့် မဟုတ်ပဲ သမိုင်းကြောင်း အစဉ်အလာအရ အဖွဲ့ မှ တွေ့ ဆုံမေးမြန်းထားသော ဒေသခံ ပြည်သူများနှင့်

ကရင်လူ့ အခွင့်အရေးအဖွဲ့မှ လုပ်ငန်းပူးပေါင်းလုပ်ကိုင်လျက် ရှိသော အဖွဲ့ များမှ ဤကဲ့သို့ သုံးနှုန်းခြင်းကြောင့်ဖြစ်သည်။ ဤခရိုင် ခုနှစ်ခုသည်

မြန်မာအစိုးရမှ သတ်မှတ်ထားသော နယ်နိမိတ်များနှင့် မသက်ဆိုင်ပဲ အစိုးရ နှစ်ရပ်လုံးမှ သတ်မှတ်ထားသော နေရာဒေသများအားကို

လွှမ်းခြုံထားသည်။ နောင်ငူခရိုင်မှာ ကရင်ပြည်နယ် မြောက်ပိုင်းနှင့် ပဲခူးတိုင်းနှင့် နေပြည်တော်ကောင်စီ နေရာဒေသ တစ်စိတ်တစ်ပိုင်းပါဝင်သည်။

ညောင်လေးပင် ခရိုင်သည် ပဲခူးတိုင်း အရှေ့ဘက်ခြမ်းအား လွမ်းခြုံပြီး ဖာပွန်ခရိုင်သည် ကရင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်းကို ဆိုလိုသည်။

ဖားအံခရိုင်မှာ ကရင်ပြည်နယ် အလယ်ပိုင်းဖြစ်ပြီး ဖာပွန်ခရိုင်မှာ မွန်ပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ် အစိတ်အပိုင်းအချို့ပါဝင်သည်။

ဒူးပလာယာခရိုင်သည် ကရင်ပြည်နယ်တောင်ပိုင်းနှင့် မွန်ပြည်နယ်တို့ ပါဝင်ပြီး မြိတ်-ထားဝယ်ခရိုင်မှာ တနင်္သာရီတိုင်းဖြစ်သည်။ မြန်မာနိုင်ငံ

အရှေ့တောင်ပိုင်း၏ မြေပုံကို ဤထုတ်ပြန်ချက်၏ အနောက်ဘက်တွင် တွေ့နိုင်သည်။

3

လက်မှတ်ရေးထိုးခဲ့သော ၂၀၁၅ ခုနှစ် အောက်တိုဘာလပြီးနှောင်းပိုင်း ရရှိထားသော သတင်းအချက်အလက်များအား

အဓိကဇောင်းပေး ဖော်ပြထားသည်။

ဤစာစောင်အတွင်း ဖော်ပြထားသော စစ်ဘက်ဆိုင်ရာတိုးချဲ့လုပ်ဆောင်မှုများ ဆိုသည်မှာ စစ်ရေးအတွက်

ဆောင်ရွက်သည်ဟု ရွာသားများမှ ယူဆထားသော လုပ်ဆောင်မှု အားလုံးကို ဆိုလိုသည်။ ဤလုပ်ဆောင်ချက်များ

တွင် တပ်စခန်းအသစ်များ ဆောက်လုပ်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များမှ မြေသိမ်းမှုများ၊ တည်ရှိနေသော

စခန်းများအား တိုးချဲ့ခြင်းများနှင့် စစ်သင်တန်းပေးခြင်းများအပါအဝင် ကင်းလှည့်ခြင်းများ၊ ရိက္ခာနှင့် လက်နက်ခဲယမ်း

များအား တင်ပို့ခြင်းများ၊ မြေမြှုပ်မိုင်းများဆက်လက် ကျန်ရှိနေခြင်း၊ စစ်အတွင်းကျန်ခဲ့သော မပေါက်ကွဲသေးသော

လက်နက်အကြွင်းအကျန်များ၏ ပြဿနာများနှင့် လက်နက်ကိုင်အဖွဲ့များအကြား ပြန်လည်ဖြစ်ပွားလျက်ရှိသော

တိုက်ပွဲငယ်များ ပါဝင်သည်။ ဆက်လက်ဖြစ်ပွားလျက်ရှိသော နေရပ်ပြောင်းရွှေ့နေထိုင်ရမှုများနှင့် စစ်ဘက်ဆိုင်ရာ

တိုးချဲ့လုပ်ဆောင်မှုများကြောင့် ဒေသခံများ ခံစားရသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြဿနာများကိုပါ

ထည့်သွင်းဖော်ပြထားသည်။

ကျေးရွာများအတွင်းနှင့်အနီးတ၀ိုက်တွင် စစ်တပ်များတည်ရှိနေခြင်း

ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု

17 လက်မှတ်ရေးထိုးပြီးချိန်မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု

ရပ်စဲရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီ်းသည့်အချိန်ထိ ကရင်လူ့ အခွင့်အရေးအဖွဲ့၏ တွေ့ ရှိချက်အရ

ဒေသခံများနှင့် ၎င်းတို့ ပိုင်ပစ္စည်းများအား တိုက်ခိုက်ဖျက်စီးမှုများနှင့် လက်နက်ကိုင် တိုက်ပွဲများမှ

တိုက်ရိုက်ဆိုးကျိုးသက်ရောက်မှုများဖြစ်သည့် အခြားသော အခွင့်အရေး ချိုးဖောက်မှုများ အင်မတန်

လျော့နည်းသွားသည်။ ရွာသားများမှလည်း ၎င်းတို့ အနေဖြင့် ကရင်ဒေသအတွင်း လွတ်လပ်စွာ

သွားလာနိုင်ကြောင်းကို တင်ပြခဲ့ကြသည်။ ဤအရာများသည် အပေါင်းလက္ခဏာဆောင်သော

ဖွံ့ဖြိုးတိုးတက်မှုများဖြစ်သည်။ သို့ သော်လည်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ ၎င်းတို့ ၏ ကျေးရွာအတွင်းနှင့်

ကျေးရွာအနီးတွင် အများအပြား တည်ရှိနေခြင်းကြောင့် ရွာသားများအနေနှင့် ၎င်းတို့ ၏ လုံခြုံရေးအတွက်

စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်။ ဤအကြောင်းအရာကို စာစောင်၏ နောက်ဆုံးပိုင်းရှိ မြေပုံတွင် တွေ့ နိုင်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ယခင် သတင်းမှတ်တမ်းများအရ လက်နက်ကိုင်တပ်ဖွဲ့များ ဒေသအတွင်းရှိနေခြင်းဖြင့်

လွတ်လပ်စွာ သွားလာမှုကို ပိတ်ပင်စေနိုင်ခြင်း၊

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ၊

20

18

အဓမ္မခိုင်းစေမှုများ၊

19

အဓမ္မ

တပ်သားစုဆောင်းမှုများ၊

ညှင်းပမ်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများနှင့် မြေမြှုပ်မိုင်းများ၊

17 ဇန်နဝါရီလ ၁၂ရက် ၂၀၁၂ ခုနှစ်တွင် KNU နှင့်မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေးပဏာမသဘောတူညီချက်ကို ဘားအံမြို့တွင်

လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ဖွဲ့အနက်

ဆွေးနွေးညှိနိုင်းပွဲစာပွဲဝိုင်းသို့ ဖိတ်ကြားခံခဲ့ရသော တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့နှင့် မြန်မာအစိုးရတို့

တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကို တစ်ဆင့်ထပ်မံ၍ အောက်တိုဘာလ ၁၅ရက် ၂၀၁၅ ခုနှစ်တွင်

အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ Reuters မှ အောက်တိုဘာလ ၁၅ရက် ၂၀၁၅ ခုနှစ်တွင် ဖော်ပြခဲ့သော “Myanmar signs ceasefire

with eight armed groups,” ကို ကြည့်ရှုပါ။

18 မတ်လ ၂၀၁၂ခုနှစ် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် တွေ့ဆုံမေးမြန်းခန်း - Source #8 နှင့် ၂၀၁၀-၂၀၁၂ ခုနှစ် ဘားအံခရိုင်မှ မှုခင်းဖော်

ပြသည့်မှတ်တမ်းလွှာ- Source #12 ကို ကြည့်ပါ။ ၎င်းတို့ကို “Hidden Strengths, Hidden Struggles: Women’s testimonies from

southeast Myanmar. Appendix: Raw Data Testimony (January 2012 to March 2016)” KHRG သြဂုတ်လ ၂၀၁၆ ခုနှစ်

တွင်ကြည့်ရှုနိုင်ပါသည်။

19 “Hidden Strengths, Hidden Struggles: Women’s testimonies from southeast Myanmar. Appendix: Raw Data Testimony

(January 2012 to March 2016)” KHRG သြဂုတ်လ ၃ရက် ၂၀၁၆ ခုနှစ်တွင် ဖြန့်ဝေဖော်ပြသော ဖာပွန်ခရိုင်တွင်နေထိုင်သည့် နော်ပ---(မိန်းမ၊

၃၁နှစ်) နှင့် နိုဝင်ဘာလ ၂၀၁၁ ခုနှစ်တွင် တွေ့ဆုံမေးမြန်းခဲ့သည်။ ၎င်းအကြောင်းကို Source #4 ကို ကြည့်ပါ။

20

ဒူပလာယာခရိုင်တွင် နော်န---နှင့် နော်အ---တို့ကို တွေ့ဆုံမေးမြန်းခဲ့သည့်အကြောင်းကို KHRG မှ ဇန်နဝါရီလ ၂၀၁၆ခုနှစ်တွင်

လက်ခံရရှိခဲ့သည်။ ၎င်းတို့နှင့်ပတ်သက်၍ “Hidden Strengths, Hidden Struggles: Women’s testimonies from southeast Myanmar.

4

စစ်အတွင်းကျန်ရှိနေသည့် မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားခြင်း 21 တို့ 

ဖြစ်ပေါ်စေနိုင်သည်။

အောက်တွင် ဖော်ပြထားသည်မှာ ကရင်လူ့ အခွင့်အရေးအဖွဲ့မှ ကဆယ်ဒိုမြို့နယ်တွင် တွေ့ ဆုံမေးမြန်းထားသော

အမျိုးသမီးငယ်တစ်ဦးမှ တင်ပြထားမှု ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီးတဲ့  နောက်ပိုင်းမှာ အမျိုးသမီးတွေအနေနဲ့

တောထဲကိုသွားပြီး ထင်းရှာထွက်ရဲလာကြတယ်။ အရင်ကဆို စစ်သားတွေက တောထဲမှာ ပုန်းအောင်းနေပြီး

ချောင်းမြောင်းတတ်တယ်။….အကျိုးရလာဒ်တစ်ခုအနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်

ရေးထိုးပြီးတဲ့ အခါ ကျွန်မတို့  ကြိုက်သလို သွားလာလို့ရတယ်။.. ကျွန်မရွာထဲမှာဆို တစ်ယောက်ထဲပဲ

လျှောက်သွားတတ်တယ်။ ကျွန်မရဲ့ ရွာဆိုတော့ လုံခြုံတယ်လို့  ခံစားရတယ်လေ။ ဒါပေမယ့် ကျွန်မ နည်းနည်းတော့

ကြောက်တာပေါ့။ ကျွန်မတို့  အပြင်ကို လျှောက်သွားရင် ကြောက်ရတယ်။ ကျွန်မတို့  လမ်းမကြီးဘက်ထွက်ရင် လမ်းမှာ

ရဲဂိတ်တွေရှိတယ်။ သူတို့က ကျွန်မတို့ ကို စစ်ဆေးတတ်တယ်။ (မေးမြန်းသူ။ ။ရဲတွေလား စစ်သားတွေလား)

ကျွန်မခရီးသွားရင် များသောအားဖြင့် စစ်တပ်ပဲတွေ့တယ်။ အဖွဲ့ နာမည်တော့ ကျွန်မမသိဘူး။”

နော် စ---၊ (မ-၁၈နှစ်)၊ ကဆယ်ဒို မြို့နယ်၊ မြိတ်-ထားဝယ် ခရိုင်၊ တနင်္သာရီ ဒေသကြီး (၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်

တွေ့ ဆုံမေးမြန်းခဲ့သည်။ 22

ကရင်ပြည်နယ်၏ လက်နက်ကိုင်ပဋိပက္ခ သမိုင်းကြောင်းအရ စစ်သားများအနေနှင့် မည်သည့် အခွင့်အရေး

ချိုးဖောက်မှုမှ ကျူးလွန်မှုမရှသည့်တိုင်အောင် ၎င်းတို့  ဆက်လက်တည်ရှိနေခြင်းသည် ရွာသားများအား

စိတ်မသက်မသာ ဖြစ်စေပြီး မလုံခြုံခြင်းများ ခံစားစေသည်။ ရွာသူတစ်ဦးမှ ဖော်ပြထားသည်မှာ သူမအနေနှင့်

သူမကိုယ်သူမ စစ်သားများ အန္တရာယ်ပြုလာပါက ကာကွယ်ရန်အတွက် နည်းလမ်းမရှိသကဲ့သို့ သူမ၏ ကျေးရွာအနီးရှိ

တပ်စခန်းများကိုလည်း ဖယ်ရှားစေချင်သည်။

“ကျွန်မကတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ခရီးသွားတဲ့ အခါ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က

စစ်သားတွေ ဖြစ်နေလို့ ပဲ။ ကျွန်မတို့အနေနဲ့ သူတို့ကို ကြောက်တယ်။…. ကျွန်မတို့ အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့

နည်းလမ်း မရှိဘူး။ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုဘယ်လိုကာကွယ်ရမလဲ မသိဘူး။ ကျွန်မတောင်းဆိုချင်တာကတော့

ကျွန်မရွာထဲမှာ ရှိနေတဲ့ တပ်စခန်းတွေကို ဖယ်ရှားပေးဖို့ပဲ။”

နော် ပ--- (မ - ၂၉ နှစ်) က--- ကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ်တောင်ပိုင်း (၂၀၁၆

ခုနှစ် မတ်လတွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 23

Appendix: Raw Data Testimony (January 2012 to March 2016)” KHRG သြဂုတ်လ ၃ရက် ၂၀၁၆ ခုနှစ်မှ Source #158 နှင့် Source

#157 ကိုကြည့်ပါ။

21 “Hidden Strengths, Hidden Struggles: Women’s testimonies from southeast Myanmar. Appendix: Raw Data Testimony

(January 2012 to March 2016)” KHRG သြဂုတ်လ ၃ရက် ၂၀၁၆ ခုနှစ်တွင် ဖြန့်ဝေခဲ့သော ၂၀၁၀-၂၀၁၂ ခုနှစ် ဘားအံခရိုင်

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာနှင့်ပတ်သက်၍ Source #12 ကို ကြည့်ပါ။

22 Hidden Strengths, Hidden Struggles: Women’s testimonies from southeast Myanmar KHRG သြဂုတ်လ ၂၀၁၆ ခုနှစ်မှ စာမျက်နှာ

၂၂ နှင့် ၂၃ ကို ကြည့်ပါ။

23

အထက်ပါအကြောင်းအရာသည် ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်/ကရင်ပြည်နယ်တောင်ပိုင်း မတ်လ ၂၀၁၆ ခုနှစ်တွင်

မဖြန့်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

5

အထက်ပါပုံများကို ဖေဖော်ဝါရီလ ၁ရက်နေ့၊ ၂၀၁၅ခုနှစ်၊ ကရင်ပြည်နယ်မြောက်ပိုင်းရှိ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်

ရိုက်ကူးထားပါသည်။ ဘယ်ဘက်မှ ပုံသည် မြန်မာ့တပမ်တော်မှ ရွှေညောင်ပင်ရွာအနီးရှိ လမ်းမပေါ်တွင် လုံခြုံရေးယူနေသည့် ပုံဖြစ်ပါသည်။

ညာဘက်မှပုံသည် တပ်ရင်းအမှတ် (၂) မှ KNU စစ်သားများ ဒေသခံ ရွာသူရွာသားများနှင့် တွေ့ ဆုံရန် တစ်ရွာပြီးတစ်ရွာသွားသည့်

ခရီးသွားစဉ်အတွင်း လမ်းမကို ဖြတ်ကူးနေသည့်ပုံ ဖြစ်ပါသည်။ KNU စစ်သားများ ခရီးသွားရာလမ်း နှစ်ဖက်နှစ်ချက်တွင် တပ်မတော်မှ

လုံခြုံရေးချထားပြီး လှည့်လည် စောင့်ကြည့်နေခြင်းအပေါ် ဒေသခံရွာသူရွာသားများ ကြောက်လန့်နေကြကြောင်း တင်ပြခဲ့ပါသည်။

ဤဓါတ်ပုံများကို ယခင်ထုတ်ဝေပြီးသော ဓါတ်ပုံသတင်းမှ ရယူတင်ပြထားခြင်း ဖြစ်ပါသည်။ 24 (ဓါတ်ပုံ - KHRG)

ကော့ကရိတ်မြို့နယ် က--- ကျေးရွာ၏ ရွာသူကြီးမှ ကရင်လူ့ အခွင့်အရေးအဖွဲ့အား ပြောကြားခဲ့သည်မှာ အတိတ်က

တွေ့ ကြုံခဲ့ရသော အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထိုသူသူ့အနေနှင့် သူ၏ ကျေးရွာအတွင်း တည်ရှိနေသော

တပ်စခန်းများကြောင့် စိုးရိမ် ပူပန်လျက်ရှိသည်။ ထို့ အတွက်ကြောင့် ထိသူအနေနှင့် အလားတူ

အခွင့်အရေးချိုးဖောက်မှုများ နောက်တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာမည်ကို ကြောက်ရွံ့လျက်ရှိသည်။

“ကျွန်တော် တကယ်စိုးရိမ်ပါတယ် ဘာကြောင့်လဲဆိုရင် တကယ်လို့ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် ရွာသားတွေပဲ

ခံစားရမှာ။ အရင် တပ်မတော်စစ်သားတွေ ရွာထဲမှာ နေခဲ့တုန်းကဆို သူတို့ တွေက ရွာသားတွေကို ညှဉ်းပမ်းနှိပ်စက်ပြီး

သေနတ်နဲ့ပစ်ခတ်ခဲ့တယ်။ ကျွန်တော်တို့ ညဥ့်နက်သန်းခေါင် ထွက်ပြေးခဲ့ကြရတယ်။ အဲ့ဒါကြောင့် ဒီလို

အခြေအနေမျိုး နောက်တစ်ခေါက် ပြန်ဖြစ်လာမှာကို ကျွန်တော်တို့ စိုးရိမ်တယ်။ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်တော့ရင်

ကောင်းမယ်။ အခုလောလောဆယ်မှာတော့ ဘာမှမဖြစ်သေးပါဘူး။ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနေရတယ်။

ဒါပေမယ့် တကယ်လို့ လာမယ့်အနာဂတ်မှာလည်း ကျွန်တော်တို့ ဒီလို ငြိမ်းငြိမ်းချမ်းချမ်း ဆက်ပြီး

နေရရင်ကောင်းမယ်။”

စော မ--- (ကျား- ၅၈နှစ်)၊ က--- ကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ ဒူးပလယာခရိုင်၊ ကရင်ပြည်နယ် တောင်ပိုင်း

(၂၀၁၆ ခုနှစ် မေလတွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 25

ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ဟ--- ကျေးရွာ၏ အုပ်စုမှူးမှ တပ်မတော်စခန်းများ ၎င်း၏ ကျေးရွာအုပ်စုအနီး

တည်ရှိနေမှုအပေါ် ၎င်း၏ ထင်မြင်ချက်အား မေးမြန်းရာ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

24 “Toungoo Photo Set: Militarisation in Thandaunggyi Township, December 2014 to February 2015” KHRG အောက်တိုဘာလ

၂၀၁၅ ခုနှစ်ကို ကြည့်ပါ။

25

အထက်ပါအကြောင်းအရာသည် ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်/ကရင်ပြည်နယ်တောင်ပိုင်း မေလ ၂၀၁၆ ခုနှစ်တွင်

မဖြန့်ဝေရသေးသော အစီရင်ခံစာမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

6

“ရွာသားတွေအားလုံးကတော့ သူတို့တပ်စခန်းတွေကို ဖယ်ခိုင်းစေချင်တယ်။ အဲ့ဒါမှလည်း ကျွန်တော်တို့

အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်လုပ်နိုင်မှာဖြစ်တယ်။”

စောဘ--- (ကျေးရွာအုပ်စုမှူး)၊ (ကျား- ၄၃ နှစ်) တ--- ကျေးရွာ၊ ဟ--- ကျေးရွာအုပ်စု၊ လူသော မြို့နယ်၊ ဖာပွန်ခရိုင်၊

ကရင်ပြည်နယ် အရှေ့မြောက်ဘက် (၂၀၁၆ ခုနှစ် ဧပြီလတွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 26

တပ်များ ကင်းလှည့်ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ပို့ခြင်း နှင့် တည်ရှိနေသော

တပ်စခန်းများအား ခိုင်မာအောင်တိုးချဲ့ ပြုပြင်တည်ဆောက်ခြင်းများ ဆက်လက်၍ဖြစ်ပွားနေခြင်း

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကျေးရွာများအတွင်းနှင့် အနီးတ၀ိုက်တွင် စစ်တပ်များ

တည်ရှိနေမှုများနှင့်ဆက်ဆိုင်သော သတင်းအချက်အလက်များအပြင် မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့်တပ်

များသည် တပ်သားများရွှေ့ပြောင်းခြင်း နှင့် လက်နက်ခဲယမ်းများအား ပို့ဆောင်ခြင်း၊ ၎င်းတို့ ၏ တပ်စခန်းများအား

သွပ်မိုး၊ အုတ်များနှင့် သံဆူးကြိုးခွေများနှင့် ဆောက်လုပ်ခြင်း စသည့် သတင်းအချက်အလက်များကိုလည်း

ရရှိခဲ့ပါသည်။ ရွာသားများနှင့် အလှမ်းဝေးသော စားပွဲဝိုင်းများတွင် ငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး နှစ်ပေါင်းများစွာ

ဆွေးနွေးနေကြချိန်တွင် ကရင်လူ့အခွင့်အရေးအဖွဲ့အနေနှင့် တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ၏

နေရာတိုးချဲ့နေမှုများနှင့် ပါတ်သတ်ပြီး အလွန်အမင်း စိုးရိမ်စိတ်ကြီးလျက်ရှိသော ဒေသခံတစ်ဦးနှင့်

ဆွေးနွေးဖြစ်ခဲ့ကြသည်။

အထက်ပါပုံကို ဇန်နဝါရီလ ၁၆ရက်၊ ၂၀၁၅ခုနှစ်၊

ကရင်ပြည်နယ်တောင်ပိုင်း ဒူးပလာယာခရိုင်၊

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဂ---ရွာတွင် ရိုက်ကူး

ထားပါသည်။ တပ်မတော်စစ်ကားများသည် ၄င်းတို့၏

တပ်စခန်းအား ပြန်လည်အားဖြည့်ရန်အတွက် လမ်းမ

ပေါ်တွင် ခရီးသွားနေခြင်း ဖြစ်ပါသည်။ စုစုပေါင်း စစ် ကား

၁၁ စီးရှိပြီး စားနပ်ရိက္ခာနှင့် လက်နက် ခဲယမ်းများ

သယ်ယူပို့ဆောင်နေပါသည်။ စစ်ကြောင်း၏ တပ်ရင်း

အမှတ်အား မသိရှိရပါ။ 27 (ဓါတ်ပုံ - KHRG)

ရွာသားများအတွက် စစ်မှန်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအပေါ် မေးခွန်းထုတ်စရာဖြစ်စေသော

ပုံမှန်မဟုတ်သည့် လုပ်ဆောင်မှုများဖြစ်သည့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပိုမို များပြားစွာ တင်ပို့နေမှုများနှင့်

ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဧပြီလတွင် ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ဟ--- ကျေးရွာအုပ်စု၏ အုပ်စုမှူးမှ

ကရင်လူ့ အခွင့်အရေးအဖွဲ့အား ပြောကြားခဲ့သည်။

“တပ်မတော်ကနေ ပုံမှန်မဟုတ်တဲ့  လုပ်ဆောင်မှုတွေဖြစ်တဲ့  ရိက္ခာအများကြီး ပို့တာတွေကို အပစ်အခတ်ရပ်စဲရေး

နောက်ပိုင်းမှာ လုပ်လာတာကို တွေ့ ရတယ်ဆိုပြီး ရွာသားတွေက ကျွန်တော့ကို ပြောပြကြတယ်။ ကျွန်တော်တို့အနေနဲ့

သူတို့ နဲ့ ထိပ်တိုက်မတွေ့ ရသေးပေမယ့် သူတို့အနေနဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပိုပြီး ပို့ဆောင်နေတာတွေကို

အဝေးကနေ တွေ့ နေရတယ်။ ဒါကြောင့် ရွာသားတွေအနေနဲ့ ရွာကို အလုပ်လုပ်ဖို့ မပြန်ရဲဘူး။ … သူတို့က

အရင်ကလိုတော့ ကင်းလှည့်တာတွေ နေအိမ်မီးရှို့တာတွေ မလုပ်တော့ဘူး။ ရိက္ခာပို့တာတို့ လက်နက်ခဲယမ်း

26 အထက်ပါအကြောင်းအရာသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်/ကရင်ပြည်နယ်အရှ့မြောက်ပိုင်း ဧပြီလ ၂၀၁၆ ခုနှစ်တွင် မဖြန့်ဝေရသေးသော

တွေ့ဆုံမေးမြန်းမှု မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

27 “Dooplaya Field Report: Military conflict, violent abuse, and destruction caused by development projects, January to

December 2015” KHRG အောက်တိုဘာလ ၇ရက် ၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

7

ပို့တာတွေတော့ ရှိတာပေါ့။ ရွာသားတွေရဲ့ အမြင်မှာတော့ အပစ်အခတ်ရပ်စဲရေး ရှိနေပေမယ့် စစ်မှန်တဲ့  အပစ်ရပ်မှု

မဟုတ်သေးဘူး။ အဲ့ဒါကြောင့် ရွာသားတွေအနေနဲ့ သူတို့ရဲ့ ရွာမှာ ပြန်မနေရဲကြသေးဘူး။”

စောဘ--- (အုပ်စုမှူး)၊ (ကျား - ၄၃ နှစ်)၊ တ--- ကျေးရွာ၊ ဟ--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်၊

ကရင်ပြည်နယ် အရှေ့မြောက်ပိုင်း (၂၀၁၆ ခုနှစ် ဧပြီလ တွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 28

ဘူးသိုမြို့နယ်ရှိ ကရင်လူ့ အခွင့်အရေးအဖွဲ့၏ ဒေသတွင်းအဖွဲ့ဝင်မှ ပေးပို့ခဲ့သော အခြား ဥပမာတစ်ခုမှာ ၂၀၁၆ ခုနှစ်

ဧပြီလ ၂၁ ရက်မှ စတင်၍ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များမှ ထီးလာဘဲထာ တံတားတွင် ကင်းလှည့်ခဲ့ကြပြီး

ရွာသားများအား စစ်ဆေးမေးမြန်းခဲ့သည်။ ဒေသတွင်းအဖွဲ့ဝင်မှာ ၎င်းတို့ အဘယ်ကြောင့် ထိုကဲ့သို့ ပြုလုပ်ရသည်ကို

မသိပေ။ ယခင်က ဒီကေဘီအေအဖွဲ့သည် ထိုနေရာတွင် စခန်းထိုင်ခဲ့ပြီး ဆရာတော် ဦးသုဇနနှင့် အတူ

တံတားဆောက်လုပ်ခြင်းကို တာဝန်ယူခဲ့သည်။ 29

အထက်ပါပုံကို မေလ ၆ရက်နေ့၊ ၂၀၁၆ခုနှစ်တွင် ရိုက်ကူးထားပြီး ကရင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဖာပွန်ခရိုင်၊ ဘူးသိုမြိုကနယ်မှ

ထီးသဒေါ့ထ (ပုဇွန်မြောင်) ကျေးရွာအုပ်စုရှိ ထီးလဘဲထာ တံတားပုံ ဖြစ်ပါသည်။ အဆိုပါတံတားကို ဆရာတော် ဦးသုဇနနှင့်

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ဦးစီးဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်မှ ၄င်းဧရိယာမှ

ထွက်ခွာပြီးနောက် တပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF)များမှ စစ်ဆေးရေးဂိတ် ချထားခြင်း ဖြစ်ပါသည်။ 30 (ဓါတ်ပုံ - KHRG)

ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ အခြားကျေးရွာအုပ်စု၏ အုပ်စုအတွင်းရေးမှူးမှ ကရင်လူ့ အခွင့်အရေးအဖွဲ့အား ၂၀၁၆

ခုနှစ် ဧပြီလတွင် တွေ့ ဆုံစကားပြောခဲ့ပြီး တပ်မတော်မှ ၎င်းတို့၏ တပ်စခန်းများကို ဖယ်ရှားရမည့်အစား

ပိုမိုခိုင်ခံ့အောင် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ရိက္ခာများ၊ ပစ္စည်းကိရိယာများနှင့် လက်နက်ခဲယမ်းများလည်း

ပေးပို့လျက်ရှိကြောင်းဖော်ပြခဲ့သည်။

“သူတို့ ရဲ့ လက်ရှိ လုပ်ဆောင်နေမှုတွေအရ သူတို့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားပေမယ့်

အဲ့ဒီအတိုင်း မလိုက်နာကြဘူး။ ကျွန်တော်တို့ကတော့ အပစ်အခတ်ရပ်စဲရေးအပေါ် စိတ်ကျေနပ်မှုမရှိဘူး။ သူတို့ ရဲ့

လုပ်ဆောင်ချက်တွေကိုလည်း စိတ်ကျေနပ်မှုမရှိဘူး။ ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်မှု၊ သွားလာမှုနဲ့

အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအတွက် ကျွန်တော်တို့ အမြဲ စိုးရိမ်နေရတယ်။ တခြားရွာသားတွေလည်း

ကျွန်တော့်လိုပဲ သဘောထား ရှိကြတယ်။ သူတို့လည်း အပစ်အခတ်ရပ်စဲရေးအပေါ် စိတ်ကျေနပ်မှုမရှိဘူး။

28 အထက်ပါအကြောင်းအရာသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်/ကရင်ပြည်နယ်အရှ့မြောက်ပိုင်း ဧပြီလ ၂၀၁၆ ခုနှစ်တွင် မဖြန့်ဝေရသေးသော

တွေ့ဆုံမေးမြန်းမှု မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

29 “Hpapun Situation Update: Bu Tho Township, March to May 2016,”KHRG စက်တင်ဘာလ ၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

30 အထက်ပါအတိုင်းဖြစ်သည်။

8

ဥပမာအနေနဲ့ ပြောရမယ်ဆို ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့  ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေက သူတို့ ရဲ့

တပ်စခန်းတွေကို ဖယ်ရှားခိုင်းပေမယ့် သူတို့ မဖယ်ပေးဘူး။ မဖယ်ပေးတဲ့ အပြင်

ပြန်ပြီးတော့တောင်

ပြုပြင်လိုက်သေးတယ်။ အနီးဆုံး တပ်စခန်းကတော့ မ--- တပ်စခန်းဖြစ်တယ်။ အဲ့ဒီစခန်းကို ကျွန်တော်တို့

ခရီးသွားရင်းနဲ့ တွေ့ နိုင်တယ်။ အရင်ကဆိုရင် အဲ့ဒီစခန်းက ရိုးရိုးစခန်းတစ်ခုပဲ ဒါပေမယ့် အခုဆိုရင် သူတို့ ပြန်ပြီး

ပြုပြင်ထားတယ်။

အုတ်နဲ့ ပြန်ဆောက်လုပ်တဲ့ အတွက် ပိုမိုခိုင်မာပြီး ပိုပြီးလည်း ကြီးမားလာတယ်။ ၂၀၁၅

ခုနှစ်နောက်ပိုင်းမှာ သူတို့တွေ ဖုန်းတာဝါတိုင်တွေ ဆောက်ကြတယ်။ ရွာသားတွေ တွေ့ ကြတဲ့ အခါ သူတို့ 

အရမ်းစိုးရိမ်ကြတယ်။ သူတို့အခုဆိုရင် စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီး လုပ်ဆောင်လာတယ်။ အရင်ကဆို ရိက္ခာပို့ဖို့

သူတို့ အတွက် အရမ်းခက်ခဲခတယ်။ အခုဆိုရင် သူတို့ ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ ပိုပြီး တင်ပို့လာတယ်။

အရင်ကထက် သူတို့စားနပ်ရိက္ခာတွေ ပိုပြီး စုဆောင်းလာကြတယ်။ ရိက္ခာတွေ ထားဖို့အတွက် သံလွင်မြစ်ကမ်းပေါ်မှာ

နေရာသစ် နှစ်နေရာ ပိုပြီး ယူခဲ့တယ်။ အရင်က အဲ့ဒီတပ်စခန်းတွေမရှိဘူး။ အရင်ကဆို သူတို့ လမ်းမကြီးကနေ

ကုန်ကားတွေသုံးပြီး ပို့တယ်။ အခုဆို လမ်းမကြီးတွေကို ပိတ်ထားတဲ့ အတွက် သူတို့ရဲ့ အစားအသောက်တွေကို

သံလွင်မြစ်ကနေ လှေနဲ့ပို့တယ်။ ပြီးတာနဲ့  သူတို့ရဲ့ တပ်စခန်းတွေဆီကို မြင်းတွေသုံးပြီးပို့တယ်။”

စောစ--- (ကျေးရွာအုပ်စု အတွင်းရေးမှူး) (ကျား)၊ ဟ--- ကျေးရွာ၊ က--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်၊

ကရင်ပြည်နယ် အရှေ့မြောက်ဘက် (၂၀၁၆ ခုနှစ် ဧပြီလတွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 31

အထက်ပါပုံကို ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၁၄ခုနှစ်၊ ကရင်ပြည်နယ်မြောက်ပိုင်းရှိ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ရိုက်ကူးခဲ့ပါသည်။

စားနပ်ရိက္ခာများကို အရှေ့တန်းသို့ စစ်ကားဖြင့် သယ်ယူပို့ဆောင်ရာ၌ ကားလမ်း မပေါက်သောနေရာများတွင် မြင်းများအား

သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် မြန်မာ့တပ်မတော်မှ မြင်းများကို စစ်ကားများဖြင့် သယ်ယူ ပို့ ဆောင်နေပုံဖြစ်ပါသည်။ အဆိုပါ မြင်းများ

သယ်ယူပို့ဆောင်မှုအား ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့ ကရင်နှစ်သစ်ကူး ကျင်းပချိန်တွင် ဖြစ်ပေါ်သည်ဟု ဒေသခံများမှ တင်ပြပါသည်။

ပဏာမ အပစ်ခတ်ရပ်စဲရေး ကာလ ဖြစ်သည့်အလျောက် ယခုလို တပ်မတော်မှ စစ်ရေးလှုပ်ရှားမှု မြင်တွေ့ရသည့်နောက်ပိုင်း အပစ်ခတ်ရပ်စဲရေး

တည်ငြိမ်ရေးအတွက် စိုးရိမ်ကြောင်း ဒေသခံရွာသူရွာသားများမှ တင်ပြကြပါသည်။ 32 (ဓါတ်ပုံ - KHRG)

လူသောမြို့နယ်မှ လ--- ကျေးရွာအုပ်စုမှူး စောဟ--- ကလည်း အထက်တွင် ဖော်ပြထားသော စိုးရိမ်မှုများကို ထပ်မံ

အတည်ပြုပေးခဲ့ပြီး အထူးသဖြင့် တပ်မတော်ဘက်မှ အပစ်ရပ် စည်းမျဉ်းများအား မကြာခဏ ချိုးဖောက်

နေမှုများကြောင့် ရွာသားများအနေနှင့် ၎င်းတို့ အပေါ် ယုံကြည်မှု မရှိကြောင်းကိုလည်း ထောက်ပြခဲ့သည်။

31 အထက်ပါအကြောင်းအရာသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်/ကရင်ပြည်နယ်အရှ့မြောက်ပိုင်း ဧပြီလ ၂၀၁၆ ခုနှစ်တွင် မဖြန့်ဝေရသေးသော

တွေ့ဆုံမေးမြန်းမှု မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

32 “Toungoo Photo Set: Militarisation in Thandaunggyi Township, December 2014 to February 2015” KHRG အောက်တိုဘာလ

၂၀၁၅ ခုနှစ်ကို ကြည့်ပါ။

9

“ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ကေအဲန်ယူကနေ ဟ---နဲ့ လ--- မှာရှိတဲ့ တပ်မတော်ကိုရိက္ခာတွေကို ကားတွေနဲ့

မသယ်ရဘူးဆိုပြီး စည်းမျဉ်းချထားတယ်။ ဒါပေမယ့် သူတို့က သူတို့ရဲ့ ရိက္ခာတွေကို နေ့တိုင်းလိုလို သူတို့ရဲ့ ကားတွေနဲ့

တင်ပို့ နေတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သူတို့ကို မယုံကြည်နိုင်တာဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေး

ပြီးတဲ့ နောက်ပိုင်းကနေ အခုချိန်အထိဆိုရင် ဘ--- ကျေးရွာမှာရှိတဲ့ ဟ--- စခန်းဟာ သွပ်မိုးနဲ့ဖြစ်သွားပြီ။ သူတို့ ရဲ့

စခန်းကို တပ်သားသစ်ထပ်မပို့ပေမယ့် တစ်လ တစ်ကြိမ် သို့မဟုတ် နှစ်လ တစ်ကြိမ်တော့ သူတို့ 

တပ်သားအပြောင်းအလဲ လုပ်တယ်။”

စောဟ--- (ကျေးရွာအုပ်စုမှူး) (ကျား ၄၂ နှစ် မ--- ကျေးရွာ၊ လ--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်/

ကရင်ပြည်နယ် အရှေ့မြောက်ပိုင်း (၂၀၁၆ ခုနှစ် ဧပြီလတွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 33

စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကြောင့် ရွာသားများ ထိခိုက်ခံစားရသည့် လတ်တလော ဖြစ်ပွားခဲ့သော ဥပမာ တစ်ရပ်

တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၁၆ ခုနှစ် မေလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်တွင်

စစ်ကားတစ်စီးမှ ဆိုင်ကယ်စီးနင်းလာသော ရွာသားနှစ်ဦးအား တိုက်မိခဲ့ပြီး ရွာသားနှစ်ဦးလုံး ထိုနေရာတွင်ပင်

ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်။ စစ်ကားမှာ ဆက်လက် မောင်းထွက်သွားခဲ့ပြီး ထိုအမှုအား ယနေ့ထိတိုင်

စုံစမ်းစစ်ဆေးဆဲ ရှိသည်။ 34

အထက်ပါပုံကို KHRG ၏ ဒေသခံ အဖွဲ့ ဝင်တစ်ဦးမှ မေလ ၃

ရက်နေ့၊ ၂၀၁၆ ခုနှစ်၊ ကရင်ပြည်နယ် မြောက်ပိုင်းရှိ တောင်ငူခရိုင်၊

သံတောင်ကြီးမြို့နယ်တွင် ရိုက်ကူး ထားပါသည်။ ရွာသားနှစ်ဦး

စီးနှင်းလာသော မော်တော် ဆိုင်ကယ်မှ အမှတ် ၁၂၄ တပ်မတော်

ခြေမြန်တပ်ရင်းမှ စစ်ကားတစ်စီးနှင့် တိုက်မိပြီးနောက်

လမ်းမပေါ်တွင် ကျန်ရှိ နေသော ရွာသားနှစ်ဦး၏

အလောင်းဖြစ်ပါသည်။ အဆိုပါ စစ်ကားများသည် တောင်ပိုင်းတိုင်း

စစ်ဌာနချုပ်မှ တစ်လ တစ်ကြိမ်

သယ်ယူပို့ဆောင်ပို့ဆောင်လျှက်ရှိသော ရိက္ခာ များကို

သံတောင်ကြီးမြို့တွင် ရှိသော ရှေ့တန်း စစ်သားများ အတွက် မေလ

၃ရက်နေ့၊ ၂၀၁၆ခုနှစ်တွင် ရိက္ခာများ သယ်ယူပို့ဆောင်နေခြင်း

ဖြစ်ပါသည်။ 35 (ဓါတ်ပုံ - KHRG)

33 အထက်ပါအကြောင်းအရာသည် ဖာပွန်ခရိုင်၊ လူသောမြို့နယ်/ကရင်ပြည်နယ်အရှ့မြောက်ပိုင်း ဧပြီလ ၂၀၁၆ ခုနှစ်တွင် မဖြန့်ဝေရသေးသော

တွေ့ဆုံမေးမြန်းမှု မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

34 “Toungoo Photo Set: Militarisation in Thandaunggyi Township, December 2014 to February 2015” KHRG အောက်တိုဘာလ

၂၀၁၅ ခုနှစ်ကို ကြည့်ပါ။

35 “Collision between Tatmadaw military truck and a villager’s motorbike in Thandaunggyi Township, Toungoo District, May

2016,” KHRG စက်တင်ဘာလ ၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

10

အထက်ပါ ပုံများကို မတ်လ ၁ရက်၊ ၂၀၁၅ခုနှစ်တွင် ရိုက်ကူးထားပါသည်။ ကရင်ပြည်နယ်မြောက်ပိုင်းရှိ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်

တည်ရှိသော သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးတပ် အမှတ် ၉၃၀ မှ တပ်မတော် သားများသည် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်

လက်အောက်ခံတွင် ရှိသော ရှေ့ တန်း တပ်မတော် သားများနှင့် တပ်စခန်းများ ထံသို့ စားနပ်ရိက္ခာများ သယ်ယူ ပို့ဆောင်ပေးနေပုံ ဖြစ်ပါသည်။

ရိက္ခာများကို စစ်ကား ၁၀စီးမှ ၁၅စီးအထိ တစ်လတစ်ကြိမ် ပို့ဆောင်နေပါသည်။ အဆိုပါ တပ်မတော် ယာဉ်တန်းများသည် အပစ်ခတ်ရပ်စဲရေး

သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးနောက် ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းကြောင့် အဟန့်အတား တစ်စုံတစ်ရာမျှ မရင်ဆိုင်ရပေ။

ထို့ကြောင့် ၄င်းတို့၏ ကုန်ပစ္စည်းများကို လုံခြုံရေးများ ချထားစရာမလိုဘဲ သယ်ယူပို့ဆောင်နိုင်ခြင်း ဖြစ်ပါသည်။ သို့စေကာမူ ယခုကဲ့သို့

လွတ်လပ်စွာ ရိက္ခာများ သယ်ယူပို့ဆောင်နိုင်မှုအပေါ် တပ်မတော် စစ်ကားများ ဖြတ်ကျော်မှုအတွက် စိုးရိမ်ခြင်း မရှိသော်လည်း

ရွာသူရွာသားများ၏ လုံခြုံမှုအတွက် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခြင်း မပြုမှီထက် ပို၍ စိုးရိမ်ရကြောင်း ဒေသခံများမှ

တင်ပြကြပါသည်။ 36 (ဓါတ်ပုံ - KHRG)

36 “Toungoo Situation Update: Thandaunggyi Township, March to July 2015,” KHRG မတ်လ ၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

11

စစ်သင်တန်းများ၊ စစ်အတွင်း မပေါက်ကွဲသေးသော လက်နက်ခဲယမ်း အကြွင်းအကျန်များ

ဒေသခံများမှ ထပ်မံ တင်ပြလာသော စိုးရိမ်ပူပန်မှု တစ်ရပ်မှာ လယ်ကွင်းများနှင့် ကျေးရွာများအနီး

ပြုလုပ်လျက်ရှိသော စစ်သင်တန်းများပင်ဖြစ်သည်။ ဤအရာသည် ကျေးရွာအနီး သို့ မဟုတ် ကျေးရွာထဲတွင် ရှိသော

စစ်တပ်စခန်းများနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ရွာသားများအနေနှင့် ၎င်းတို့ ၏ မြေပေါ်တွင် ပြုလုပ်လျက်ရှိသော

လက်နက်ကြီးပစ်ခတ်မှု သင်တန်းများနှင့် ထိုသင်တန်းများကြောင့် ၎င်းတို့ ၏ သီးနှံနှင့် ရာဘာပင်များ

ပျက်စီးဆုံးရှုံးရပုံများကို ကရင်လူ့အခွင့်အရေးအဖွဲ့အား တင်ပြခဲ့ကြသည်။ ဥပမာတစ်ရပ်အနေနှင့် ဒူးပလာယာခရိုင်၊

ဝင်းရေးမြို့နယ်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက တပ်မတော်မှနေ၍ ဒေသခံများအား အသိပေး၊

အကြောင်းကြားခြင်းမရှိပဲ ဘုန်းကြီးကျောင်းနှင့် လယ်ကွက်များအတွင်းသို့ လက်နက်ကြီးများအား ညအချိန်ပါမကျန်

ပစ်ခတ်ခဲ့သည်။

“သူတို့ က လက်နက်ကြီးတွေကို ဘုန်းကြီးကျောင်းအနောက်ဘက်က လယ်ထဲကို ပစ်ချခဲ့တယ်။ ပြီးတော့

ရွာသားတွေကိုလည်း သူတို့ ညအချိန် ဒီလို သင်တန်းပေးမယ်ဆိုတာ အသိမပေးခဲ့ဘူး။ ‘သူတို့ အရင်ကဆို ဒီလို

သင်တန်းမျိုးကို ညအချိန် ဘယ်တော့မှ မလုပ်ခဲ့ဖူးဘူး’ လို့  ရွာသားတစ်ဦးကပြောခဲ့တယ်။ သူတို့အရင်ကလည်း ဒီလို

လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတွေ လုပ်လေ့ရှိတယ်။ ဒါပေမယ့် ပိုများလာတဲ့ စစ်သားအရေအတွက်နဲ့

ပျက်စီးဆုံးရှုံးမှု နှုန်းတွေကြောင့် ဒီတစ်ကြိမ်မှာတော့ ပိုပြီးတော့ ပြင်းထန်တယ်လို့ ပြောရမယ်။”

ကရင်လူ့ အခွင့်အရေး ဒေသတွင်း အဖွဲ့ ဝင်၊ ဝင်းရေးမြို့နယ်၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ် တောင်ပိုင်း (၂၀၁၅

ခုနှစ် ဇွန်လ) 37

အထက်ပါပုံများကို ဇန်နဝါရီလ ၁၉ ရက်နေ့၊ ၂၀၁၅ ခုနှစ်၊ ကရင်ပြည်နယ်တောင်ပိုင်းရှိ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင်

ရိုက်ကူးထားပါသည်။ ပထမပုံမှာ ခြေမြန်တပ်ရင်းအမှတ် ၃၁၀ မှ လက်နက်ကြီးပစ်ခတ်မှု သင်တန်း ပြုလုပ်နေချိန် လက်နက်ကြီး

ပစ်ခတ်လေ့ကျင့်နေသည့်ပုံကို ပြပါသည်။ ဒုတိယပုံမှာ ယခင် ၂၀၁၄ခုနှစ်တွင် ပြုလုပ်သော စက်ကွင်းပစ်ခတ်မှုမှ လက်နက်ကြီးဖြင့်

ထိခိုက်ခံထားရသေား လယ်သမားတစ်ဦး၏ ဒူးရင်းပင်နှင့် ကွမ်းပင်များ ဖြစ်ပါသည်။ ဤဓါတ်ပုံများကို ယခင်မှ ထုတ်ဝေခဲ့သော ဓါတ်ပုံသတင်းမှ

ရယူတင်ပြထားခြင်း ဖြစ်ပါသည်။ 38 ဓါတ်ပုံ - KHRG

37 “Dooplaya Photo Set: Tatmadaw conduct heavy weapons target practice in Win Yay Township, January 2015” KHRG ဇွန်လ

၂၀၁၅ ခုနှစ်ကို ကြည့်ပါ။ “Dooplaya Photo Set: Tatmadaw conduct heavy weapons target practice in Win Yay Township, January

2015” KHRG ဇွန်လ ၂၀၁၅ ခုနှစ်ကို ကြည့်ပါ။

38 “Dooplaya Photo Set: Tatmadaw conduct heavy weapons target practice in Win Yay Township, January 2015” KHRG ဇွန်လ

၂၀၁၅ ခုနှစ်ကို ကြည့်ပါ။

12

မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ ပဆော်ဦးနှင့် ပနွယ်ဖိုးကလိုးကျေးရွာများအတွင်းနှင့် အနီးအနားတွင်

ဖြစ်ပွားခဲ့သော အခြားသော စစ်သင်တန်းအကြောင်းနှင့် ပါတ်သက်သည့် အစီရင်ခံစာကိုလည်း ရရှိခဲ့သည်။

ထိုသင်တန်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအထိ သုံးလတိုင်တိုင် ပြုလုပ်ခဲ့ပြီး

ဖော်ပြပါ ကျေးရွာများအတွင်း ကင်းလှည့်ခြင်းများလည်း ပါဝင်ခဲ့သည်။ 39 ဤသင်တန်းများသည် ပြုလုပ်နေစဉ်

အချိန်အတွင်းတွင် ရွာသားများအတွက် အန္တရာယ်ရှိပြီး ရွာသားများ၏ သီးနှံများအား ပျက်စီးစေသကဲ့သို့ မပေါက်ကွဲပဲ

ကျန်ရှိနေသည့် ကျည်ဆံအကြွင်းအကျန်များနှင့် ထုတ်ပိုးထားသည့် ကျည်ခွံများမှာ ရွာသားများပိုင်ဆိုင်သော

မြေများအတွင်း ကျန်ရှိနေသောကြောင့် သင်တန်းပြီးဆုံးသည့် အချိန်တွင်လည်း ရွာသားများအတွက် အန္တရာယ်

ရှိနေသည်။

အထက်ပါပုံများကို ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၅ ခုနှစ်၊ ကရင်ပြည်နယ် တောင်ပိုင်းရှိ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ရိုက်ကူးထားပါသည်။

ပထမပုံမှာ တပ်မတော်မှ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် အလေးထားခြင်းမရှိဘဲ ကျန်ရစ်ခဲ့သော မပေါက်ကွဲသေးသည့် လက်နက်ကြီး

ကျည်ဆံပုံဖြစ်ပါသည်။ စုစုပေါင်း လက်နက်ကြီး ကျည်ဆံ ၇လုံးတွေ့ရှိခဲ့ပြီး တစ်ချို့မှာ ပစ်ခတ်ပေါက်ကွဲပြီးသော်လည်း တစ်ချို့မှာ

မပေါက်ကွဲသေးပေ။ ဒုတိယပုံမှာ ဦး မ----၏ လယ်အနီးတွင် ကျန်ရစ်ခဲ့သော ခြေမြန်တပ်ရင်း အမှတ် ၃၁၀၏ ထုပ်ထားသော

ကျည်ဆံအခွံဖြစ်ပါသည်။ ယခုလိုမျိုး ကျည်ဆံအခွံအား အထုပ်ဖြင့် ကျန်ရှိခဲ့ခြင်းသည် ပထမအကြိမ်မဟုတ်ဟု ရွာသားတစ်ဦးမှ ပြောပါသည်။ 40

(ဓါတ်ပုံ - KHRG)

စစ်သင်တန်းများမှ ကျန်ရှိနေသော မပေါက်ကွဲသေးသည့် လက်နက်ကျည်ဆံများအပြင် လက်နက်ကိုင် တပ်ဖွဲ့များ

အကြား လတ်တစ်လော ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်များကြောင့်လည်း မပေါက်ကွဲသေးသည့် လက်နက်

ကျည်ဆံများနှင့် စစ်အတွင်း ကျန်ရှိနေသော လက်နက်ခဲယမ်းများ ရွာသားများ၏ မြေပေါ်တွင် ကျန်ရှိနေကြောင်း

ကရင်လူ့ အခွင့်အရေးအဖွဲ့မှ သတင်းရရှိထားသည်။

39 “Mergui-Tavoy Situation Update: Ler Muh Lah Township, November 2015 to January 2016” KHRG သြဂုတ်လ ၂၀၁၆ ခုနှစ်ကို

ကြည့်ပါ။

40 “Dooplaya Photo Set: Tatmadaw conduct heavy weapons target practice in Win Yay Township, January 2015” KHRG ဇွန်လ

၂၀၁၅ ခုနှစ်ကို ကြည့်ပါ။

13

အထက်ပါပုံများကို KHRG ၏ ဒေသခံအဖွဲ့ ဝင်တစ်ဦးမှ မတ်လ ၂ရက်၊ ၂၀၁၅ ခုနှစ်၊ ကရင်ပြည်နယ်တောင်ပိုင်းရှိ ဒူးပယာခရိုင်၊

ကော့ကရိတ်မြို့နယ်မှ စ---ရွာတွင် ရိုက်ကူးထားပါသည်။ နယ်ခြားစောင့် (BGF)၊ ကျိုက်ဒုံမြို့မှ တပ်မတော်တပ်ရင်းနှင့် DKBA

နားမကြားအဖွဲ့ကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှ ကျန်ရစ်ခဲ့သော မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆံ၏ ပုံများ ဖြစ်ပါသည်။ ပထမပုံမှာ

ဗိုလ်နားမကြားအဖွဲ့ ပစ်ခတ်ခဲ့သော မပေါက်ကွဲသည့် လက်နက်ကြီး ကျည်ဆံ ဖြစ်ပါသည်။ 41 ဒုတိယပုံမှာ တပ်မတော်မှ ပစ်ခတ်ခဲ့သော

မပေါက်ကွဲသည့်လက်နက်ကြီး ကျည်ဆံပုံဖြစ်ပါသည်။ 42 (ဓါတ်ပုံ - KHRG)

အထက်ပါပုံမှာ KHRG၏ ဒေသခံအဖွဲ့ဝင်မှ

မတ်လ ၂၃ရက်၊ ၂၀၁၆ခုနှစ်၊ ကရင်ပြည်

နယ် တောင်ပိုင်းရှိ ဒူးပလာယာခရိုင်၊

ကော့ကရိတ် မြို့နယ်မှ ကောင်းမှုကျေးရွာ

တွင် ရိုက်ကူးထားပါသည်။ ဗိုလ်နားမကြား

အဖွဲ့  နှင့်BGF အကြား လက်ရှိ ဖြစ်ပေါ်

ခဲ့သော တိုက်ပွဲမှ မပေါက်သေးသည့်

လက်နက်ကြီး ကျည်ဆံပုံ ဖြစ်ပါသည်။ 43

(ဓါတ်ပုံ - KHRG)

41

ဤအကြောင်းအရာတွင်ပါဝင်သော နားမကြားဆိုသည်မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) မှ ခွဲထွက်ကာ

သီးခြားရပ်တည်နေသော တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA) တွင်အမှုထမ်းခဲ့သည့် ကျော်မိုး ခေါ် ဗိုလ်နားမကြားကို

ရည်ညွှန်းထားခြင်းဖြစ်သည်။ (အောက်ဖော်ပြပါ အောက်ခြေဖြေရှင်းချက် ၅၅ တွင်ကြည့်ပါ)။ ဒေသခံရွာသားများ၏ပြောဆိုချက်အရ ဤအဖွဲ့သည်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ အမိန့်ကိုသော်လည်းကောင်း ၊တာဝန်ရှိခေါင်းဆောင်များ နှင့် ဒေသခံ ရွာသားများအပေါ်

တွင်လည်းပွင့်လင်းမြင်သာမှုမရှိခြင်း ၊ အကြံပြုချက်များကို မျက်ကွယ်ပြုခြင်းများ လုပ်ဆောင်ပါသည်။ သြဂုတ်လ ၂၆ ရက် ၂၀၁၆ခုနှစ်တွင်

ဗိုလ်ကျော်မိုး ( နားမကြား) သည် နယ်ခြားစောင့်တပ် BGF မှ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ ပိုမိုသိလိုပါက DKBA Splinter Group Confirms

Leader’s Death, The Irrawaddy, August 31 st 2016 သြဂုတ်လ ၃၁ ရက်နေ့ ၂၀၁၆ ခုနှစ်၊ တွင်ကြည့်ပါ။

42 “Two separate clashes between armed actors in Kawkareik Township, Dooplaya District, February 2015” KHRG မေလ ၂၀၁၅

ခုနှစ်ကို ကြည့်ပါ။

43 အထက်ပါအတိုင်းဖြစ်သည်။

14

မြေမြှုပ်မိုင်း

မြန်မာနိုင်ငံအား ဆယ်စုနှစ်ပေါင်းများစွာ ကြီးစွာ အန္တရာယ်ပေးလျက်ရှိသည့် လူသတ်မိုင်းများသည် ယနေ့ထိတိုင်

အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိလျက် ရှိနေသေးသည်။ မြေမြှုပ်မိုင်းများအား မြှုပ်နှံခြင်းနှင့်

မြေမြှုပ်မိုင်းများအား ဖယ်ရှင်းရန်အတွက် တွန့်ဆုတ်နေခြင်းသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ

ဆက်လက်ဖြစ်ပွားနေသော စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများနှင့် တိုက်ရိုက် ဆက်နွယ်လျက်ရှိသည်။ ရွာသားများမှ

ကရင်လူ့ အခွင့်အရေးအဖွဲ့အား လက်နက်ကိုင်တပ်ဖွဲ့ အမျိုးမျိုးမှ အသုံးပြုလျက်ရှိသော မြေမြှုပ်မိုင်းနှင့် ပါတ်သက်ပြီး

၎င်းတို့ ၏ စိုးရိမ်ပူပန်မှုများကို စဉ်ဆက်မပြတ် တင်ပြလျက်ရှိသည်။

“အပစ်အခတ်ရပ်စဲရေး (၂၀၁၂ ခုနှစ်တွင် ရေးထိုးခဲ့သော ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု)ရရှိပြီး

နောက်ပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့ တွေက မြေမြှုပ်မိုင်း အသစ်မြှုပ်နှံမှုကို ရပ်တန့်ခဲ့ကြတယ်။ သူတို့ဒီလို

ရပ်တန့် လိုက်တာဟာ အရမ်းကောင်းပြီး လူတွေအတွက် လုံခြုံမှုရှိသွားတယ်။ လက်ရှိအချိန်မှာဆိုရင်

တောင်ငူခရိုင်မှာရှိတဲ့  ကေအဲန်ယူစစ်တပ်ဟာ မြေမြှုပ်မိုင်း အသစ်ထပ်ပြီး မြှုပ်နှံဖို့ အစီအစဉ်မရှိဘူးလို့ ဆိုနိုင်တယ်။

အစိုးရဘက်ကလည်း မြေမြှုပ်မိုင်း အသစ်မမြှုပ်နှံဘူး။ သို့ သော်လည်းပဲ အရင်က မြေမြှုပ်မိုင်းအဟောင်းတွေ

ရှိနေသေးပြီး မိုင်းရှင်းလင်းမှု မလုပ်ရသေးဘူး။ ရွာသားတွေအနေနဲ့ အဲ့ဒီလို မြေမြှုပ်မိုင်းရှိတဲ့ 

ခရီးမသွားရဲကြဘူး။”

နေရာတွေမှာ

ကရင်လူ့အခွင့်အရေးအဖွဲ့၏ ဒေသတွင်းအဖွဲ့ဝင်၊ တောင်ငူခရိုင်၊ သံတောင်ကြီးနှင့် ထန်းတပင် မြိ့နယ်၊ ပဲခူးတိုင်း

အရှေ့ပိုင်းနှင့် ကရင်ပြည်နယ် မြောက်ပိုင်း (၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် လက်ခံရရှိသည်။) 44

လက်ရှိ အခြေအနေနှင့် ပတ်သက်၍ လူတိုင်းထံမှ ကောင်းသော မှတ်ချက်များရရှိသည်မဟုတ်ပါ။ ဒူးပလာယာခရိုင်

ကော့ကရိတ်မြို့နယ်ရှိ ရွာသားတစ်ဦးမှ

“ကျွန်တော်တို့အနေနဲ့ လွတ်လွတ်လပ်လပ် သွားလာလို့မရသေးဘူး။ ကျွန်တော်တို့ ဒီတိုင်းလျှောက်သွားပြီး

အလုပ်လုပ်ခွင့် အဲ့လောက်မရသေးဘူး။ ကျွန်တော်တို့အနေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်ရသေးတယ်။”

စောဟ--- (ကျား၊ ၃၀ နှစ်)၊ က--- နှင့် မ--- ကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ်

တောင်ပိုင်း၊ (၂၀၁၆ ခုနှစ် မတ်လ တွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 45

ဥပမာအားဖြင့် ညောင်လေးပင် ခရိုင်/ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းတွင် တပ်မတော်အနေနှင့် ရှေ့တန်းမှ

ပြန်လည်ထွက်ခွါမှုများ မရှိသေးသည့်အတွက် ကေအဲန်ယူ/ကေအဲန်အယ်လ်အေအနေနှင့် ၎င်းတို့ ကိုယ်ကို

ကာကွယ်ရန် အတွက် ရည်ရွယ်ချက်ဖြင့် မြေမြှုပ်မိုင်းများအား ၂၀၁၄ ခုနှစ်အတွင်း ဆက်လက် အသုံးပြုလျက်ရှိသည်။

သစ်တောများ တောပြုန်းခြင်းမှ ကာကွယ်ရန်နှင့် ၎င်းတို့ ကိုယ်ကို ကာကွယ်ရန်အတွက် ဒေသခံရွာသားများ

ကိုယ်တိုင်လည်း မြေမြှုပ်မိုင်းများအား ၎င်းတို့ ၏ ကျေးရွာဝန်းကျင်တွင် မြှုပ်နှံကာ အသုံးပြုလျက်ရှိကြောင်း ကရင်လူ့အ

ခွင့် အရေးအဖွဲ့၏ ဒေသတွင်း အဖွဲ့ ဝင်မှ ယခုကဲ့ သို့ တင်ပြခဲ့သည်။ 46 ရလာဒ်အားဖြင့် ရွာသားအများအပြား

မြေမြှုပ်မိုင်း နင်းမိခဲ့ကြသည်။

44 “Toungoo Sitaution Update: Thanndaunggyi and Htantabin Townships, November 2015 to Janaury 2016” KHRG ဇူလိုင်လ

၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

45

အထက်ပါအကြောင်းအရာသည် ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်/ကရင်ပြည်နယ်တောင်ပိုင်း မတ်လ ၂၀၁၆ ခုနှစ်တွင်

မဖြန့်ဝေရသေးသော တွေ့ဆုံမေးမြန်းမှု မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

15

“မုန်းမြို့နယ်မှာဆို ကေအဲန်ယူနဲ့ အစိုးရတို့  အပစ်အခတ်ရပ်စဲရေး ပြီးတဲ့ နောက်ပိုင်း မြေမြှုပ်မိုင်းနင်းမိတာ ၂၉

ယောက်ရှိတယ်။ ဒီအရာဟာ မုန်းမြို့နယ်မှာရှိတဲ့  ဒေသခံပြည်သူတွေကို ခရီးသွားလာရာမှာ အတားအဆီးတစ်ခု

ဖြစ်စေတယ်။ မြန်မာအစိုးရတပ်မတော်က သူတို့ရဲ့ တပ်ဖွဲ့ တွေကို မဆုတ်ခွါပေးသေးတဲ့ အပြင် ရှေ့တန်းမှာတောင်

စစ်ရေးလှုပ်ရှားမှုတွေ လုပ်ကိုင်နေကြတယ်။ ကေအဲန်ယူ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ တချို့ကတော့ ကေအဲန်ယူ

တပ်သားတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် မြေမြှုပ်မိုင်း သုံးရတယ်လို့  ပြောတယ်။ အဲ့ဒီအတွက်ကြောင့်

ရွာသားတွေက အသီးအရွက်ရှာထွက်တဲ့အခါဖြစ်ဖြစ်၊ ဝါးခုတ် ထင်းရှာထွက်တဲ့ အခါ သူတို့ မြေမြှုပ်မိုင်းနင်းမိကြတယ်။”

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်းအဖွဲ့ ဝင်၊ မုန်းမြို့နယ်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးတိုင်းအရှေ့ဘက် (၂၀၁၄ ခုနှစ်

ဇူလိုင်လတွင် လက်ခံရရှိသည်။) 47

လက်တစ်လော ဖြစ်ပွားခဲ့သော ဥပမာတစ်ရပ်မှာ ညောင်လေးပင်ခရိုင် စ--- ကျေးရွာမှ မောင် အ--- ၎င်း၏

လယ်မြေအတွင်း ထင်းရှာထွက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“၂၀၁၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ စ---ရွာသား မောင် အ---ဟာ ထင်းရှာဖို့အတွက် သူ့လယ်ထဲကို

လှည်းနဲ့ဆင်းခဲ့တယ်။ လမ်းမှာ မြေမြှုပ်မိုင်း ပေါက်ကွဲတဲ့အတွက် သူ့လှည်းထိသွားပြီး နနဲ့ မောင်အ---ရဲ့ ညာခြေ

ဒဏ်ရာရခဲ့တယ်။ မောင်အ--- က ဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီး စိတ်မပျော်ပေမယ့် သူ့အနေနဲ့ ဘာမှ မလုပ်နိုင်ဘူး။

‘ဒီမြေဟာ ကျွန်တော်ပိုင်တဲ့ မြေကွက်ဖြစ်တဲ့အတွက် ဒီမြေအနီးအနားမှာတော့ လူတွေ မြေမြှုပ်မိုင်းလာပြီး

မထားနိုင်လောက်ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။’ ဟု မောင်အ--- မှ ပြောကြားခဲ့သည်။”

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်းအဖွဲ့ဝင်၊ မုန်းမြို့နယ်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးတိုင်း အရှေ့ဘက် (၂၀၁၆ ခုနှစ်

မေလတွင် လက်ခံရရှိခဲ့သည်။) 48

အထက်ပါပုံကို မေလ ၁၀ရက်၊ ၂၀၁၆ခုနှစ်၊ ပဲခူးတိုင်းဒေသ အရှေ့ပိုင်းရှိ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှ စ---ရွာတွင် ရိုက်ကူးထားပါသည်။

မောင်အ---မှ သူ၏ ခြံဘေးတွင် ထင်းသွားကောက်စဉ် မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရနေသော သူနှင့် သူ့ ၏နွားပုံ ဖြစ်ပါသည်။ 49 (ဓါတ်ပုံ - KHRG)

46 “Nyaunglebin Field Report: Changes since ceasefire, the land conflicts and local civilians concerns with military activities,

January to December 2014” KHRG ၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

47 အထက်ပါအကြောင်းအရာသည် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်/ပဲခူးတိုင်းအရှ့ပိုင်းဒေသ ဇူလိုင်လ ၂၀၁၄ ခုနှစ်တွင် မဖြန့်ဝေရသေးသော

ဒေသတွင်းအစီရင်ခံစာတင်ပြချက် မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

48 “Nyaunglebin Situation Update: Mone Township, April to May 2016” KHRG သြဂုတ်လ ၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

49 အထက်ပါအတိုင်းဖြစ်သည်။

16

မြေမြှုပ်မိုင်း ထပ်မံ နင်းမိခဲ့သော အခြားရွာသားတစ်ဦးမှာ အသက် ၄၂ နှစ်အရွယ် စ--- ကျေးရွာမှ စောဘ---ဖြစ်ပြီး

၂၀၁၆ ခုနှစ် မတ်လတွင် ဖာပွန်ခရိုင်၊ ကရင်ပြည်နယ် အရှေ့မြောက်ဘက်ရှိ ဒွဲလိုမြို့နယ် က--- နေရာ၊ စ--- ကျေးရွာ

ဒေသရှိ သူ၏ တောင်ယာတွင် ၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့က မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်း

နင်းမိခဲ့သောကြောင့် ညာခြေပြတ်သွားပြီး မြေမြှုပ်မိုင်းခွံကြောင့် နံဘေးမှလည်း ဒဏ်ရာရရှိပြီး သတိလစ်သွားခဲ့သည်။

စောဘသည် သူ၏ သူငယ်ချင်း နှစ်ယောက်နှင့်အတူ တောင်ယာရှင်းလင်းရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး သူတစ်ဦးသာ

မြေမြှုပ်မိုင်း နင်းမိခဲ့သည်။ ဒဏ်ရာရရှိနေသောသူ့အား ဖာပွန်ခရိုင်ရှိ ကမမောင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

သို့ သော် သူရရှိခဲ့သော ဒဏ်ရာမှာ ပြင်းထန်သောကြောင့် ကရင်ပြည်နယ် အလယ်ပိုင်း၊ ဖားအံခရိုင်၊

တောင်ကလေးမြို့ရှိ ကမ္ဘာ့ကြက်ခြေနီ ဆေးရုံ (အိုင်စီအာစီ) သို့  ပို့ဆောင်ခဲ့ကြသည်။ စောဘ--- သည် ထိုဆေးရုံတွင်

တစ်ပတ်ခန့် တက်ရောက်ခဲ့ရပြီး ဆေးရုံမှ ခြေတုတပ်ဆင်ပေးခဲ့ပြီး ဆေးရုံဆင်းခဲ့ရသည်။ ဆေးရုံဆင်းပြီးနောက် သူ၏

ရွာသို့  ပြန်လည်နေထိုင်နေချိန်တွင် သင်တန်းတက်ရောက်ထားသော ဆေးဝန်ထမ်းမှ ကျန်ရှိနေသော ဒဏ်ရာများအား

ကုသပေးခဲ့သည်။ စောဘ--- သည် အိမ်ထောင်သည်ဖြစ်ပြီး ကလေးငါးယောက်ရှိသည်။ သူ့အနေနှင့် တောင်ယာ

အလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး မိသားစုအတွက် စားစရာမရှိသည့်အချိန်များတွင် ကြုံရာကျပန်းအလုပ်

လုပ်ကိုင်ခဲ့သည်။ ယခုကဲ့ သို့ မြေမြှုပ်မိုင်းဒဏ်ရာ ရရှိပြီးနောက် ယခုအချိန်တွင် သူ့ မိသားစုအနေနှင့် အခက်အခဲများ

ကြုံတွေ့ ကြရမည်ဖြစ်သည်။ 51

အထက်ပါပုံကို KHRG ၏ ဒေသခံ အဖွဲ့ဝင်တစ်ဦးမှ မေလ ၂၅ ရက်၊ ၂၀၁၆

ခုနှစ်၊ ကရင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှ

လေးဖိုးထ ကျေးရွာအုပ်စု၊ စ---ရွာတွင် ရိုက်ကူး ထားပါသည်။

တောင်ယာအား ရှင်းလင်းစဉ် မြေမြုပ်မိုင်းနင်းမိသော စောဘ---မှ

ဆေးရုံသို့ ဆင်းပြီးနောက် ဆေးသင်တန်း တက်ရောက်ပြီးသော

ကျန်းမာရေး လုပ်သားတစ်ဦးထံတွင် ဆေးကုသမှုခံယူနေပုံ ဖြစ်ပါသည်။ 52

(ဓါတ်ပုံ - KHRG)

အထက်ပါပုံကို ဇွန်လ ၆ရက်၊ ၂၀၁၅ခုနှစ်၊ ကရင်ပြည်နယ်

အရှေ့မြောက်ပိုင်းရှိ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်မှ ဖာပွန်မြို့ရှိ ဖာပွန်

ကုတင်တစ်ရာဆေးရုံတွင် ရိုက်ကူး ထားပါသည်။ ဖာပွန်ခရိုင်၊ ခေါပူ

ကျေးရွာအုပ်စုရှိ ဘ---ရွာတွင် နေထိုင်သော အသက် ၄၀နှစ်ရှိ စော အ---

၏ပုံ ဖြစ်ပါသည်။ သူသည် ယ---တောနှင့် ဇ---တောအကြား အမဲလိုက်

လြိုက်စဉ်တွင် မြေမြုပ်မိုင်း နင်းမိပြီး ဆေးရုံတက်နေရခြင်း ဖြစ်ပါသည်။ 50

(ဓါတ်ပုံ - KHRG)

50 “Hpapun Short Update: Bu Tho Township, May and June 2015,” KHRG, January 2016. တွင်ကြ့ည်ပါ။

51 “Two separate landmine incidents happened in Hpapun and Nyaunglebin districts, March and April 2016” KHRG သြဂုတ်လ

၂၀၁၆ ခုနှစ်ကို ကြည့်ပါ။

52 အထက်ပါအတိုင်းဖြစ်သည်။

17

အမျိုးသမီးကြီးတစ်ဦးမှလည်း သူမကျေးရွာတွင် အဓိက စိုးရိမ်ပူပန်စရာမှာ မြေမြှုပ်မိုင်းဖြစ်ကြောင်းနှင့် ရွာသားများ၏

ကျွဲနွားများမှ မြေမြှုပ်မိုင်း နင်းမိမှုများကြောင့် သူမတို့ ၏ စားဝတ်နေရေး အခက်အခဲ တွေ့ ကြုံရကြောင်း ဖော်ပြခဲ့သည်။

“ကျွန်မတို့ အနေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်တဲ့ အတွက် လျှောက်မသွားရဲဘူး။ ကျွဲသွားရင် ကျွဲမိုင်းနင်းမိတယ်။

တကယ်လို့ နယ်ခြားစောင့်တပ်တွေနဲ့ မြေမြှုပ်မိုင်းတွေသာမရှိရင် ကျွန်မတို့ အနေနဲ့ ဘာမှကြောက်စရာမလိုဘူး။

ကျွန်မတို့  လွတ်လွတ်လပ်လပ်လျှောက်သွားလို့ရတယ်။ တကယ်လို့ စစ်ပွဲတွေသာမရှိတော့ဘူးဆိုရင်

လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ မြေမြှုပ်မိုင်းတွေနဲ့ ပါတ်သက်ပြီး ဘယ်လိုလုပ်ဆောင်သွားမလဲ သိချင်တယ်။”

နော်မ---၊ (မ-၄၆ နှစ်)၊ ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ် တောင်ပိုင်း

(မတ်လ ၂၀၁၆ ခုနှစ် တွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 53

ဆက်လက်ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တပ်ဖွဲ့ များကြား လက်နက်ကြီး ပစ်ခတ်မှုများနှင့်

ရွာသားများအပေါ် ထိခိုက်နစ်နာမှုများ

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ခရိုင်အများစုတွင် တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ဒီမိုကရေစီအကျိုးပြု

ကရင့်တပ်မတော်၊ ကေအဲန်ယူ/ကေအဲန်အယ်အေနှင့် ခွဲထွက်အဖွဲ့များဖြစ်သည့် ကေအဲန်ယူ/ ကေအဲန်အယ်အေ

(ငြိမ်းချမ်းရေးကောင်စီ) 54 တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်

55

စသည့် လက်နက်ကိုင်

53

မတ်လ ၂၀၁၆ ခုနှစ်တွင် ဤသတင်းကို မဖြန့်ဝေရသေးသော ကရင်ပြည်နယ်တောင်ပိုင်း ကော့ကရိတ်မြို့နယ်၊

ဒူးပလာယာခရိုင်မှလက်ခံရရှိခဲ့သော တွေ့ ဆုံမေးမြန်းခန်း မှကောက်နုတ်ဖော်ပြထားခြင်းသည်။

54

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (ကရင်ငြိမ်းချမ်းရေးကောင်စီ (သို့ ) KPC ဟူ၍လည်းခေါ်သည်)အဖွဲ့ သည် ဘားအံခရိုင်၊

ထို့ကောကိုဒေသတွင်အခြေစိုက်သော လက်နက်ကိုင်အဖွဲ့  ပြီး ၂၀၀၇ ခုနှစ်တွင် KNU မှခွဲထွက်ခဲ့သည်။ အကြောင်းမှာ KNU ၏ ခွင့်ပြုချက်မရှိဘဲ

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ခဲ့သောကြောင့်ပင် ဖြစ်သည်။ သို့သော် KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီသည်

နယ်ခြားစောင့်တပ်သို့ အသွင်ပြောင်းရန် လက်မခံခဲ့ပါ။ ဤအဖွဲ့သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA)

ကိုလက်မှတ်ရေးထိုးခဲ့သည်။

55 တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA သည် ယခင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA(၂၀၁၆-ယခုချိန်ထိ)

မှ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ ၁၆ရက်နေ့တွင် ခွဲထွက်ကာ သီးခြားရပ်တည်နေသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။ ၂၀၁၅ တပ်မတော်နှင့်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အကြားတိုက်ပွဲဖြစ်နေစဉ်ကာလတွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)

အဖွဲ့ တွင်းသဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး အကျိုးဆက်အနေဖြင့် ၂၀၁၅ခုနှစ် ဇွန်လိုင်လတွင် စစ်ဗိုလ်အချို့သည် ထိုအဖွဲ့ မှ ထုတ်ပယ်ခြင်း

ခံခဲ့ရသည်။ ဤယခင်စစ်ဗိုလ်ဟောင်းများသည် ၂၀၁၆ခုနှစ် ဇန်န၀ါရီလတွင် ခွဲထွက်အဖွဲ့အသစ်တခုဖွဲ့ စည်းလိုက်ပြီ ဖြစ်ကြောင်း သဘောထား

ထုတ်ပြန်ကြေငြာခဲ့သည်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) သည် ၁၉၉၉ မှစတင်ပြီး ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်

အဖြစ်အသွင်ပြောင်းခဲ့သည့်တစ်ဖွဲ့ နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) (၂၀၁၀ မှ ယနေ့အချိန်ထိသက်ဝင်လှုပ်လျားနေသောအဖွဲ့)

စသည်ဖြင့် အဖွဲ့ ကွဲခဲ့သည်။ ထို့ကြောင့် မူလအစဦးအမည်ဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဆိုသည့်အမည်ကို တဖန်

အသက်ဝင်စေရန်အတွက် ပြန်လည်ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သည်။ ဤအဖွဲ့ ကို ဗိုလ်ကျော်သက်မှ ဦးဆောင်ပြီး ဒုတိယခေါင်းဆောင်မှာ ဗိုလ်ဘိဟု

အများသိသော ဗိုလ်စောတိုင်းရွှေဖြစ်သည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ခွဲထွက်အဖွဲ့ မှ အခြားရာထူးနိမ့်သူများမှာ ဗိုလ်ဆန်းအောင်နှင့် ပြီးခဲ့သည့် သြဂုတ်လ

၂၆ရက်နေ့တွင် အသတ်ခံခဲ့ရသော ဗိုလ်နခမ်းမွှေး ခေါ် ဗိုလ်ကျော်မိုးတို့ဖြစ်ကြသည်။ ဤအဖွဲ့ သည်ယခုလက်ရှိအချိန်တွင် ကရင်ပြည်နယ်

ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်ပါသည်။ ဤ ၂၀၁၆ခုနှစ်တွင် ခွဲထွက်ဖွဲ့ စည်းခဲ့သည့် သီးခြားရပ်တည်နေသော

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)(၂၀၁၆-ယခုချိန်ထိ) ကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) (၂၀၁၀-

ယခုချိန်ထိ) နှင့် မူလအစတည်ရှိနေသော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)(၁၉၉၄-၂၀၁၀)နှင့် ထိုအဖွဲ့ မှ

၂၀၁၀ခုနှစ်တွင်

နယ်ခြားစောင့်(BGF)သို့အသွင်ပြောင်းခဲ့သောအဖွဲ့ စသည့်အဖွဲ့ များကို မရှုပ်ထွေးစေချင်ပါ။ အရေးကြီးသည်မှာ

ပဏာမအပစ်ခတ်ရပ်စဲရေးသဘောတူညီချက် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို မြန်မာအစိုးရနှင့်

ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)သည် လက်မှတ်ရေးထိုးထားသော်လည်း ဤခွဲထွက် အဖွဲ့ ဖြစ်သော တိုးတက်သော

ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA) သည်လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါ။ Mizzima, July 2015. : “DKBA sacks Brigadier

General Saw Kyaw Thet and Colonel Saw San Aung,” တွင်ကြည့်ပါ ။

18

တပ်ဖွဲ့ အမျိုးမျိုး ရှိသောကြောင့် အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း

ဤဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့ များအကြား လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

အထူးသဖြင့် ကော့ကရိတ်နှင့် မြဝတီကြားရှိ အာရှလမ်းမကြီးနေရာနှင့် ယခုလက်ရှိ ၂၀၁၆ ခုနှစ် သြဂုတ်လနှင့်

စက်တင်ဘာလအကြား ဖြစ်ပွားခဲ့သော မဲ့သဝေါ အပါအဝင် ဟတ်ကြီးရေကာတာ တည်ဆောက်မည့် ဖာပွန်နှင့်

လှိုင်းဘွ

ဲမြို့နယ်များအကြား နေရာဒေသများတွင် တိုက်ပွဲငယ်များ အထင်အရှားဖြစ်ပွားခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်

56 အဖြစ် ပြောင်းလဲခဲ့သော

ခွဲထွက်

ဒီကေဘီအေအဖွဲ့ သည် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော အာရှလမ်းမကြီး လမ်းပိုင်းအား

ထိန်းချုပ်မှုကို အကြောင်းပြုပြီး တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာပေါင်း ငါးရွာမှ ရွာသား ၁၀၀၀ ကျော်တို့ 

နေအိမ်များအားစွန့်ခွါထွက်ပြေးခဲ့ရပြီး ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံခဲ့ကြရသည်။

ရွာသားများအနေနှင့် ၎င်းတို့၏ ကျေးရွာများတွင် နေထိုင်ပါက တပ်မတော်မှ အဓမ္မ လုပ်အားပေး စေခိုင်းမည်ကို

စိုးရိမ်သည့်အတွက် ထိုဘုန်းကြီးကျောင်းများတွင် ညအိပ်ခဲ့ကြရသည်။ 57

56 အထက်ပါအတိုင်းကြည့်ပါ။

57 Fighting between Tatmadaw and DKBA soldiers along the Asian Highway displaces villagers in Dooplaya District, July 2015,”

KHRG, September 2015 တွင်ကြည့်ပါ။

19

အထက်ပါပုံများကို KHRG ၏ ဒေသခံ အဖွဲ့ဝင် တစ်ဦးမှ ကရင်ပြည်နယ်တောင်ပိုင်းရှိ ဒူးပလာယာခရိုင်တွင် ရိုက်ကူးထားပါသည်။ ပထမပုံကို

ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၅ ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး ဒူးပယာခရိုင်ရှိ ကော့ကရိတ်နှင့် မြဝတီကြားရှိ အာရှ လမ်းမပုံ ဖြစ်ပါသည်။ ဒုတိယပုံကို

ဇူလိုင်လ ၂၁ ရက်၊ ၂၀၁၅ ခုနှစ်၊ ဒူးပလာယာ ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်ကျေးရွာတွင် ရိုက်ကူးခဲ့ပြီး တပ်မတော်နှင့် DKBA ကြား

ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းပုံဖြစ်ပါသည်။ 58 (ဓါတ်ပုံ - KHRG)

၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကော့ကရိတ်မြို့ရှိ မူလတန်းကျောင်းဆောင်တစ်ခုအား လက်နက်ကြီး

ထိမှန်သောကြောင့် ပျက်စီးခဲ့ပြီး ဒီကေဘီအေ စစ်သားနှစ်ဦးမှ ပစ်ခတ်ခဲ့သည်ဟု သတင်းများအရ သိရသည်။

သို့ သော် ထိုပစ်ခတ်မှုမှာ ကျောင်းမစမီ နံနက် ၇ နာရီတွင် ဖြစ်ပွားခဲ့သောကြောင့် ကျောင်းသားကျောင်းသူများနှင့်

ဆရာတစ်ဦးယောက်မှ ထိခိုက်ခဲ့ခြင်းမရှိပါ။ ထိုရွာများတွင်ရှိသော ကျောင်းများအား ကျောင်းသားကျောင်းသူများ၏

လုံခြုံရေးအတွက် ယာယီ ပိတ်စေခဲ့ခြင်းကြောင့် ကျောင်းသူကျောင်းသားများ ကျောင်းသင်ခန်းစာများကို

မသင်ယူနိုင်တော့ပေ။ 59

အထက်ပါပုံများကို KHRG၏ ဒေသခံ အဖွဲ့ ဝင်တစ်ဦးမှ ဇူလိုင်လ ၁၁ရက်၊ ၂၀၁၅ခုနှစ်၊ ကရင်ပြည်နယ်တောင်ပိုင်းရှိ ဒူးပလာယာခရိုင်၊

ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့တွင် ရိုက်ကူးခဲ့ပါသည်။ ပထမပုံမှာ DKBA စစ်သားများမှ ပစ်လိုက်သည့် M79လောင်ချာသည်

ချောင်းတောင်ရပ်ကွက်ရှိ မူလတန်းကျောင်းအား ထိခိုက်ခဲ့ပြီး အမိုးပျက်စီးနေသော မူလတန်း ကျောင်းပုံ ဖြစ်ပါသည်။ ဒုတိယပုံမှာ

အဆိုပါကျောင်းဝင်းထဲတွင် ထိခိုက်ပေါက်ကွဲခဲ့သော အခြားလောင်ချာတစ်လုံး၏ ပုံဖြစ်ပါသည်။ လောင်ချာနှစ်လုံးစလုံး၏ ပေါက်ကွဲမှုကြောင့်

ဒဏ်ရာ ရရှိသော ကျောင်းသူကျောင်းသား တစ်ဦးမျှ မရှိပေ။ 60 (ဓါတ်ပုံ - KHRG)

58 အထက်ပါအတိုင်းဖြစ်သည်။

59 အထက်ပါအတိုင်းဖြစ်သည်။

60 အထက်ပါအတိုင်းဖြစ်သည်။

20

၂၀၁၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ဘယ်ထီးထာ ကျေးရွာမှ ပြန်လာသော ရွာသားနှစ်ဦးအား ဘွေမိုခလေးနှင့်

ဘဲထီးထာ ကျေးရွာတို့ အကြားတွင် တပ်မတော် စစ်သားများမှ ပစ်သတ်ခဲ့ကြောင်း နော်အ--- ဟုခေါ်သည့်

ရွာသူတစ်ဦးမှ ကရင်လူ့ အခွင့်အရေးအား တင်ပြခဲ့သည်။ နော်အ---၏ တင်ပြချက်အရ အသတ်ခံရသည့် ရွာသား ၂

ဦးလုံးသည် ၎င်းတို့  ပြန်လာသည့် နေ့တွင် တပ်မတော်မှ တိုက်ပွဲအတွက် နေရာယူထားသည်ကို မသိကြပါ။

အသတ်ခံရသူ နှစ်ဦးအနက် တစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး အခြားတစ်ဦးမှာ အသက်၂၁

နှစ်အရွယ် ဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ရွာသားတွင် ဇနီးသည်နှင့် ကလေးတစ်ဦး ကျန်ခဲ့သည်။ 61

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကေအဲန်ယူ/ ကေအဲန်အယ်လ်အေနှင့် တပ်မတော်ကြား

ဖာပွန်မြို့နယ် ဟတ်ကြီးရေကာတာအနီးတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သေးသည်။ ထိုတိုက်ပွဲကြောင့် တပ်မတ်ာမှ

ရွာသားတစ်ဦးအား ညှဉ်းပမ်းနှိပ်စက်ခဲ့ပြီး မိသားစု ၁၀ စုခန့် ဘားအံခရိုင် မြိုင်ကြီးငူမြို့သို့  လုံခြုံရေးအရ

ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ 62 ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ဗုဒ္ဓဘာသာ

ကရင့်အမျိုးသားတိုးတက်ရေး တပ်မတော်တို့ကြား တနေမူး ကျေးရွာတွင် တိုက်ပွဲငယ်များစွာ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်တို့မှ အိမ်ခြေ ၁၆ အိမ်ကို မီးရှို့ဖျက်စီးခဲ့ကြသည်။ 63

အထက်ပါပုံများကို KHRG၏ ဒေသခံအဖွဲ့ဝင် တစ်ဦးမှ ၂၀၁၆ခုနှစ်၊ မတ်လ၊ ကရင်ပြည်နယ်တောင်ပိုင်းရှိ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊

တ---ရွာတွင် ရိုက်ကူးထားပြီးတပ်မတော်နှင့် နယ်ခြားစောင့်တပ်များက မကြားသေးမီက မီးရှို့ဖျက်ဆီးခံရသည့် အိမ်ကိုဖော်ပြပါသည်။

ရွာသားများအနေနှင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင်သာ မိမိတို့ ရွာအတွင်းသို့ ပြန်လည် နေထိုင်နိုင်ခဲ့ကြသည်။ 64 (ဓါတ်ပုံ - KHRG)

တပ်မတော်တပ်ဖွဲ့မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ပါ အချက်အား ဖောက်ဖျက်ပြီး ဒူးပလာယာခရိုင်

ဝေါ်လေ မြို့နယ်ခွဲရှိ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်း 65 ပိုင်ဒေသ ဖြစ်သော အူကရေခီးကျေးရွာအတွင်းသို့

ဝင်ရောက်သောအခါ ၂၀၁၆ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် တိုက်ပွဲငယ်တစ်ရပ်ဖြစ်ပွားမည့်ဆဲဆဲ တင်းမာမှုများ

61 အထက်ပါအတိုင်းဖြစ်သည်။

62 “Fighting between Tatmadaw and KNLA soldiers leads to violent abuse and displacement of villagers in Bu Tho Township,

Hpapun District, October 2015,” KHRG, October 2015 တွင်ကြည့်ပါ။

63 “Beautiful Words, Ugly Actions: The Asian Highway in Karen State” KHRG/Thwee/KESAN, August 2016, စာမျက်နှာ ၃၀

တွင်ကြည့်ပါ။

64 အထက်ပါအတိုင်းဖြစ်သည်။

65

ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)ကို ၁၉၄၇ခုနှစ်တွင် ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ပြီး KNU/KNLA ၏ ရှေ့ပြေးအဖွဲ့  ဖြစ်ပါသည်။

ယနေ့ခေတ်တွင် KNDO သည် KNU/KNLA မှ လေ့ကျင့်သင်ကြားပေးထားပြီး လက်နက်တပ်ဆင်ပေးထားသော ဒေသခံ စေတနာ့ဝန်ထမ်း

တပ်ဖွဲ့ များဖြစ်ပြီး KNU/KNLA ၏ တပ်ရင်းတပ်ဖွဲ့နှင့် အမိန့်ပေးမှုအောက်တွင် ရှိပါသည်။၎င်း၏ အဖွဲ့ ဝင်များသည် သတ်မှတ်တူညီဝတ်စုံများ

ဝတ်ဆင်ပြီး အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်ရပါသည်။

21

ဖြစ်ပေါ်ခဲ့သည်။ ထိုတင်းမာမှုအပေါ် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်းမှ စစ်ဦးစီး စောနယ်ဒါးမြက

ကေအိုင်စီသို့ အောက်ပါတိုင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သူတို့ကို ဆက်မသွားဖို့ ရပ်တန့် ခဲ့ပေမယ့် သူတို့က လူထုကို ဓါးစာခံ အသုံးပြုခဲ့တယ်။ ကျွန်တော်တို့

သူတို့ ကို မပစ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ လူထုရဲ့ အသက်တွေကို ထောက်ထားရတယ်။” 66

၂၀၁၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင်လည်း ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ပျားပင် ကျေးရွာ၌ အမှတ် (၅၄၈)၊

(၅၄၉) တပ်မတော် ခြေမြန်တပ်ရင်း၊ ၎င်းတို့ အား အထောက်အကူပေးသော နယ်ခြားစောင့်တပ် အမှတ် ၁၀၁၆၊ ၁၀၁၉

နှင့် ဗုဒ္ဓဘာသာ ကရင့်အမျိုးသားတိုးတက်ရေး တပ်မတော်တို့ကြားတိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့သည်။ 67 ၂၀၁၆ ခုနှစ်

သြဂုတ်လ ၄ ရက်နေ့တွင်လည်း အာရှလမ်းမကြီးတစ်လျှောက် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး

နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေတို့အကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ရွာသားလေးဦး

ဒဏ်ရာရရှိခဲ့သည်။ 68 များမကြာမီကလည်း တပ်မတော်၊ နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ တို့ အကြား ဖာပွန်ခရိုင်၊

လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါ ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ထို့ အတွက်ကြောင့် ရွာသားပေါင်း ၄၀၀၀

ကျော် ရွှေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ 69

လက်နက်ကိုင်များမှ ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် ခြိမ်းခြောက်မှုများ

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် မရေးထိုးမီကာလများတွင် လက်နက်ကိုင်များမှ

ကိုယ်ထိလက်ရောက် လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများကို ကရင်လူ့ အခွင့်အရေးအဖွဲ့မှ

များစွာ လက်ခံရရှိခဲ့သော်လည်း အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေးနောက်ပိုင်းတွင် သိသိသာသာ လျော့နည်း

သွားခဲ့သည်။ အောက်တွင်ဖော်ပြထားသော ဥပမာဖြစ်ရပ်များမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်

စာချုပ်မရေးထိုးမီ ကာလအတွင်းဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ထီးသဒေါထာ ကျေးရွာအုပ်စု၊ ရ--- ကျေးရွာမှ

စောအ--- ဟုခေါ်သော ရွာသားတစ်ဦးသည် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၃၏ ဒုတပ်ခွဲမှူး စောဖားယူခေး၏

လက်အောက်ခံ တပ်သားတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၃၏ တပ်ရင်းမှူး

မောင်လှကြိုင်နှင့် ၎င်း၏ အခြေစိုက်စခန်းတို့သည် ဖာပွန်ခရိုင်၊ ဘုသိုမြို့နယ်၊ နို့ဖောထီးကျေးရွာအုပ်စု၊

နို့ဖောထီးကျေးရွာတွင် ရှိသည်။ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ ဝင်တစ်ဦးက ထိုအချိန်သည် ညအချိန် ဖြစ်သောကြောင့်

၎င်းတို့ အနေနှင့် စောအ--- အား ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ တပ်သားထင်၍ မတော်တဆ

ပစ်မိခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

66 “Tensions High as Burma Army Violates NCA in KNDO Territory,” KIC News, April 2016. တွင်ကြည့်ပါ။ ဤသတင်းသည်

ကရင်လူ့ အခွင့်အရေးအဖွဲ့မှ ကွင်းဆင်းလုပ်သားများကောက်ယူစုဆောင်းထားခြင်းမဟုတ်ပါသောကြောင့် ဤဖြစ်ရပ်တွင်ရွာသားများအား ဓားစာခံ

အဖြစ်အသုံပြုခဲ့ခြင်းဟုတ်သည် မဟုတ်သည်ကို အတည်မပြုနိုင်ပါ။

67 “Myanmar Army Forces Clash with DKBA Splinter Group,” KHRG, May 2016 တွင်ကြည့်ပါ။

68 ဤသတင်း အချက်အလက်ကို ကရင်ပြည်နယ်တောင်ပိုင်းရှိ ဒူးပလာယာ ခရိုင်၊ ကော့ကရိတ်မြို့နယ်မှ သြဂုတ်လ ၂၀၁၆ခုနှစ်တွင် ရရှိထားသော

မထုတ်ဝေရသေးသည့် နယ်မြေအစီရင်ခံစာ(situation update)မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။ “Karen Information Center September

2016 Newsletter,” KIC မြန်မာဘာသာ, စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ်

69 ဤသတင်း အချက်အလက်ကို ကရင်ပြည်နယ်အလယ်ပိုင်း ဖားအံ ခရိုင်၊ လိုင်းဘွဲမြို့နယ်မှ စက်တင်ဘာလ ၂၀၁၆ခုနှစ်တွင် ရရှိထားသော

မထုတ်ဝေရသေးသည့် သတင်းတို (Short Update)မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။“Displaced families in Kayin allowed to return

home after landmine clearance,” (မြန်မာတိုင်းမ်၊ စက်တင်ဘာလ ၂၀၁၆ခုနှစ်၊ “Fighting in Kayin drives 2000 from their homes,”

မြန်မာတိုင်းမ်၊ စက်တင်ဘာလ၊ ၂၀၁၆ခုနှစ်.

22

အထက်ပါပုံကို KHRG၏ ဒေသခံ အဖွဲ့ ဝင်တစ်ဦးမှ ဧပြီလ ၆ရက်၊

၂၀၁၅ခုနှစ်၊ ကရင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ဖာပွန်ခရိုင်၊

ဘူးသိုမြို့နယ်၊ ထီးသဒေါ့ထ (ပုဇွန်မြောင်) ကျေးရွာအုပ်စုမှ ဘ---

ရွာတွင် ရိုက်ကူးထားပါသည်။ သူ့ဇနီးသည်မှ ဗီဒီယို ရိုက်ကူးထားသည့်

ပုံ ဖြစ်ပါသည်။ ကျည်ဆံ အမြောက်အမြားဖြင့် ထိခိုက်ခဲ့သောကြောင့်

ခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်း ပုံပျက်ပန်းပျက်ဖြစ်နေသော သူ၏

ကိုယ်ခန္ဓာပုံ ဖြစ်ပါသည်။ 70 (ဓါတ်ပုံ - KHRG)

စောအ--- အားဖားအံမြို့ရှိ ဖားအံအထွေထွေ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း မတ်လ ၁၆ ရက်နေ့ နံနက် ၇

နာရီနှင့် ၈ နာရီကြားတွင် ဒဏ်ရာအရှိန်နှင့် အသက်ဆုံးရှုံးခဲ့သည်။ စောအ--- သေဆုံးပြီးနောက်ပိုင်းတွင် ဆရာဝန်မှ

သူ၏ ရုပ်အလောင်းအား စစ်ဆေးချက်အရ သူ၏ အတွင်းအင်္ဂါများမှာ ကျည်ဆံများကြောင့်

ပေါက်ပြဲသွားကြောင်းသိရသည်။ စောအ---အား ခေါတော်မြို့ သင်္ချိုင်းတွင် မြှုပ်နှံခဲ့သည်။ 71

ထို့ အပြင် ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဂ--- ကျေးရွာရှိ အသက် ၄၂ နှစ်အရွက်ရှိ

မောင်ဒ--- သည် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၄ မှ ဒုဗိုလ် ဖားသာဘဲ၏ ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်မှုကို

ခံစားခဲ့ရသည်။

ကရင်လူ့ အခွင့်အရေးအဖွဲ့၏ ဒေသတွင်းအဖွဲ့ ဝင်တင်ပြချက်အရ ဧပြီလ ၂၃ နှင့် ၂၄

ရက်နေ့များကြားတွင် ဒုဗိုလ် ဖားသာဘဲ၏ စစ်သားများနှင့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ စစ်သားများအကြား

တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲပြီးသောအခါ ဒုဗိုလ် ဖားသာဘဲမှ မောင်ဒ--- အား ဖမ်းဆီးခဲ့ပြီး ကေအဲန်ယူ/

ကေအဲန်အယ်လ်အေ စစ်သားများအား ဆက်သွယ်ထောက်ပံ့မှုဖြင့် စွပ်စွဲခဲ့ပြီး သူ့ အား သတိလစ်သည်အထိ ရိုက်နှက်

ကန်ကြောက်ခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ဝင်၏ ပြောကြားချက်အရ မောင်ဒ---၏ ဒဏ်ရာသည် လွန်စွာ

ဆိုးရွားလျက် ရှိသည်။ 72

၂၀၁၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ဖာပွန်ခရိုင်၌ နယ်ခြားစောင့်တပ် ၁၀၁၅ 73 မှ ဘုသိုမြို့နယ်၊ ဂ--- ကျေးရွာ၊ ပ---

နေရာအား လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့သည်။ ရွာသားများ၏ ကျွဲများ

အပစ်ခတ်ခံရပြီး

ရာဘာစိုက်ခင်းများလည်း ပျက်စီးခဲ့သည်။ ရွာသားများမှ ကြောက်ရွံ့သောကြောင့် ကျေးရွာမှ ယာယီ

70 “Hpapun Incident Report: Villager killed by Border Guard Force (BGF) Battalion #1013 in Bu Tho Township, March 2015,”

KHRG, September 2015 တွင်ကြည့်ပါ။

71 “Hpapun Incident Report: Villager killed by Border Guard Force (BGF) Battalion #1013 in Bu Tho Township, March 2015,”

KHRG, September 2015 တွင်ကြည့်ပါ။

72 “Violent abuse and killing committed by BGF soldiers in Bu Tho Township, Hpapun District, March to May 2015,” KHRG, July

2015. တွင်ကြည့်ပါ။

73

နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ်၂၀၁၅ မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာများကို KHRG

မှအများအပြားလက်ခံရရှိခဲ့ပြီး ၄င်းအစီရင်စာများတွင် လူထုများအားထင်ရာစိုင်းသတ်ဖြတ်မှုများ၊ အဓမ္မငွေကြေးကောက်ခံမှုများ၊

အခြားသောတောင်းခံမှုများ၊ အဓမ္မစေခိုင်းမှုများနှင့် အဓမ္မမြေသိမ်းယူမှုများများလည်း ပါဝင်ပါသည်။ သတင်းအသေးစိတ်ကိုသိရှိလိုပါက “Human

rights violations by BGF Cantonment Area Commander Kya Aye in Paingkyon Township, Hpa-an District, February 2013 to July

2014,” KHRG, September 2014 တွင်ကြည့်ပါ။

23

ထွက်ပြေးခဲ့ကြရသည်။ နောက်ပိုင်းတွင် နယ်ခြားစောင့်တပ်မှ ထိုကိစ္စနှင့် ပါတ်သက်၍ ၎င်းတို့အား

သရဲလိုက်သောကြောင့် ထိုသို့ ပစ်ရခြင်းဖြစ်ကြောင်း ရွာသားများအား ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။ 74

၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်တွင် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၆ မှ ဒုဗိုလ် သာဘဲနှင့် တပ်ခွဲမှူးများမှ ဖာပွန်ခရိုင်၊

ဘုသိုမြို့နယ်၊ အ--- ကျေးရွာသို့သွားရောက်ခဲ့ပြီး ရွာသား တစ်ဦး နှစ်ဦးအား သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

အကြောင်းမှာ ရွာသားများသည် ကေအဲန်ယူ/ ကေအဲန်အယ်လ်အေအား ထောက်ပံ့လျက်ရှိပြီး နယ်ခြားစောင့်တပ်မှ

အထောက်အပံ့မရသောကြောင့်ဖြစ်သည်။ 75 ရွာသားများသည် ဗိုလ်သာဘဲအားကြောက်ရွံ့ကြသည်း အထူးသဖြင့်

ဗိုလ်သာဘဲသည် ယခင်က ရွာသားများအား ညှဉ်းပမ်းနှိပ်စက်လေ့ရှိပြီး အဓမ္မလုပ်အားပေး ခိုင်းစေမှုများဖြင့်

မကောင်းသတင်းဖြင့် ကျော်ကြားသောကြောင့်ဖြစ်သည်။ 76 ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင်

ဘူးသိုမြို့နယ် ကျောပါးကျေးရွာအုပ်စု ဒါ--- ကျေးရွာတွင် တပ်မတော် အရာရှိတစ်ဦးမှ စောအာ--- အား

အကြမ်းဖက်နှိပ်စက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ 77

အထက်တွင် ဖော်ပြထားသော လုပ်ဆောင်မှုများသည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ

စာချုပ်ချုပ်ဆိုပြီးသည့်နောက်တွင် သိသိသာသာလျော့နည်းသွားသော်လည်း လက်နက်ကိုင်များမှ ကျေးရွာများ

အနီးနှင့် ကျေးရွာများအတွင်း ဆက်လက် တည်ရှိနေခြင်းက ရွာသားများ၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအပေါ်

အဆိုးဘက်မှ သက်ရောက်လျက်ရှိကြောင်း အောက်တွင် ဖော်ပြထားသော ဥပမာများမှ ဖော်ပြလျက်ရှိသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ညတွင် အသက် ၃၄ နှစ်အရွယ် စောဘ---နှင့် အသက် ၃၂ နှစ်အရွယ် စောခ---

တို့ သည် ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ်၊ ကွီးလယ်ထာ ကျေးရွာတွင် အရက်မူးနေသော

တပ်မတော် အမှတ် ၂၈၄၏ စခန်းမှူး မိုးဟိန်းနှင့် အုပ်ချုပ်ရေး တာဝန်ခံ ရာဇာဖြိုး၏ ညှဉ်းပမ်းနှိပ်စက်မှုကို

ခံစားခဲ့ရသည်။ ကရင်လူ့ အခွင့်အရေးအဖွဲ့ဝင်၏ တင်ပြချက်အရ

“သူတို့  သေနတ်တွေကို ထုတ်ပြီးတော့ စောဘ--- မျက်နှာရဲ့ ဘယ်ဘက်ခြမ်းကို သေနတ်ဒင်နဲ့ရိုက်ပြီး သုံးချက်

ထိုးခဲ့တယ်။ ပါးလည်း နှစ်ချက်ရိုက်တယ်။ သူတို့တွေဟာ ဒီရွာသားနှစ်ဦးကို ဘာမေးခွန်းမှ မမေးပဲ အကြမ်းဖက်

နှိပ်စက်ခဲ့တာဖြစ်တယ်။”

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်းအဖွဲ့ဝင်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့ နယ်၊ ဒူးပလာယာခရိုင်၊

ကရင်ပြည်နယ် တောင်ပိုင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ 78

74 “Explicit threats and the indiscriminate firing of mortars and small arms by BGF soldiers in Bu Tho Township, Hpapun

District,” KHRG, June 2015 တွင်ကြည့်ပါ။

75 အထက်ပါအတိုင်းဖြစ်သည်။

76 စောသာဘဲသည် ဘားအံခရိုင် ၊ နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၁၄ မှ ဒုဗိုလ်ဖြစ်သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့မှ စောသာဘဲကျုးလွန်သော

လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည့် အဓမ္မဖိအားပေးခိုင်းစေမှုများ ၊ အဓမ္မအခွန်ကောက်ခံမှုများ နှင့်အကြမ်းဖက်မှု စသည့်အစီရင်ခံစာကို

အများအပြားလက်ခံရရှိခဲ့ပါသည်. ပိုမိုသိရှိလိုပါက “Hpapun Incident Report: Violent abuse in Bu Tho Township, April 2014,” KHRG,

November 2014; “Violent abuse and forced labour in Hpapun District, November 2013 – January 2014,” KHRG, September

2014; “Hpapun Incident Report: Forced labour and violent abuse in Bu Tho Township, January 2014,” KHRG, August 2014;

and “Hpapun Situation Update: Bu Tho Township, November 2013 to February 2014,” KHRG, August 2014. “Violent abuse and

killing committed by BGF soldiers in Bu Tho Township, Hpapun District, March to May 2015,” KHRG, July 2015; “Hpapun

Incident Report: Forced labour and violent abuse in Bu Tho Township, January 2014,” KHRG, August 2014. See also “Explicit

threats and the indiscriminate firing of mortars and small arms by BGF soldiers in Bu Tho Township, Hpapun District,” KHRG,

June 2015.

77 “Hpapun Situation Update: Bu Tho Township, June to October 2015,” KHRG, September 2016 တွင်ကြည့်ပါ။

78 “Dooplaya Situation Update: Kyainseikgyi and Kawkareik townships, November to December 2015,” KHRG, August 2016

တွင်ကြည့်ပါ။

24

ကရင်လူ့ အခွင့်အရေးအဖွဲ့အနေနှင့် ခံရသူများထဲမှ တစ်ဦးကို တွေ့ ဆုံမေးမြန်းနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃

ရက်နေ့တွင် စောခ---အား မေးမြန်းချက်များမှာ

“ကျွန်တော့်ကို ခင်ဗျားဖြစ်ပျက်ခဲ့တာလေးနဲ့ ပါတ်သက်ပြီး ပြောပြလို ရမလား”့ 

“အဲ့ဒီညနေမှာ ကျွန်တော့်ကလေးနှစ်ယောက်နဲ့ ကျွန်တော့်အကိုနဲ့ ဆိုင်ကယ်နဲ့ သွားခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို

သေနတ်နဲ့ ချိန်ပြီး ရပ်ခိုင်းတယ်။ ကျွန်တော်တို့ ဘာမှ မသိဘူး။ ဘာမှမမေးမမြန်းပဲ ကျွန်တော့်ဆံပင်ကို

ဆောင့်ဆွဲတော့ ကျွန်တော့်ကလေးတွေက အော်ငိုကြတယ်။ ကျွန်တော့်ကလေးတွေလည်း ကျွန်တော့်အကိုဆီ

ပြေးသွားကြတယ်။ သူတို့က သူတို့က ကျွန်တော့်အကိုကို ကန်တယ် ပြီးတော့ သေနတ်နဲ့ ထိုးတဲ့ အတွက်

သူဒဏ်ရာရခဲ့တယ်။”

“ခင်ဗျားအကိုကို ချိန်ခဲ့တဲ့ သေနတ်က ပစ္စတိုလား ရိုင်ဖယ်လား။”

“သူတို့  ချိန်တဲ့  သေနတ်က ပစ္စတိုဖြစ်တယ်။ သူက ချိန်ရုံပဲ ချိန်တာမဟုတ်ဘူး။ သေနတ်ဒင်နဲ့လည်း

ခေါင်းကိုရိုက်တယ်။ သူ့ခေါင်းကွ

ဲသွားပြီးတော့ သွေးလည်းထွက်တယ်။”

စောခ--- (ကျား- ၃၂ နှစ်) ဘ--- ကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ်တောင်ပိုင်း၊

79

နိုဝင်ဘာလ ၂၀၁၅ ခုနှစ်

ကရင်လူ့ အခွင့်အရေးအဖွဲ့သို

့ တင်ပြလာသော အခြားဖြစ်ရပ်တစ်ခုမှ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် ၂၀၁၆ ခုနှစ်

ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ဖြစ်ပွားခဲ့ပြီး ယခင်က ရွာမှ တိမ်းရှောင်ခဲ့ရပြီး ယခု ပြန်လည်နေထိုင်လျက်

ရှိသော ရွာသားများအား ခြိမ်းခြောက်သည့် ဖြစ်ရပ်ဖြစ်သည်။

“၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် အမှတ် ၃၅၁ ခြေမြန်တပ်ရင်းမှ ဗိုလ်သက်နိုင်ထွန်းနှင့် သူ၏ စစ်သား

80

သုံးယောက်တို့ သည် ဖြတ်လေးဖြတ်

ခေတ်တွင် ရွာသားများ စွန့်ခွာခဲ့ကြသည့် ဘ--- ကျေးရွာဟောင်းသို့

တက်လာခဲ့သည်။ ထိုရွာအား ယခင်ကစွန့်ခွါထားခဲ့သော ရွာသားများသည် ယခုအချိန်တွင် ထိုရွာအတွင်းသို့

ပြန်လာပြီး အိမ်များပြန်လည်တည်ဆောက်ခဲ့သည်။ ဗိုလ်ကြီး သက်နိုင်ထွန်း ရောက်လာသောအခါ ရွာသားများအား

ရှေ့အပတ် (ဧပြီလ တတိယအပတ်) အတွင်း ထွက်သွားခိုင်းခဲ့သည်။ အကယ်၍ ၎င်းတို့ အနေနှင့် မထွက်သွားပါက

ရွာသားများ၏ အိမ်အား မီးရှို့ပြီး အဆောက်အအုံများအား မြေညှိစက် ဘတ်ဟိုးများဖြင့် ထိုးပစ်မည်ဟု ပြောခဲ့သည်။

ထိုလအတွင်း ၂၀၁၆ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တပ်မတော် အမှတ် ၃၅၁ ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူး ၀ဏ္ဏနှင့်

သူ၏ စစ်သား သုံးဦးသည် ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လာရောက်ခဲ့ပြီး အလားတူ စကားလုံးများကို

ပြန်လည် ပြောကြားခဲ့သည်။”

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်း အဖွဲ့ ဝင်၊ မုန်းမြို့နယ်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးတိုင်းအရှေ့ပိုင်း။ မေလ ၂၀၁၆

ခုနှစ 81်

79 “Dooplaya Interview: Saw A---, November 2015,” KHRG, September 2016 တွင်ကြည့်ပါ။

80

မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သော ဖြတ်လေးဖြတ် မူဝါဒသည် တပ်မတော်မှ ၁၉၅၀ ခုနှစ်အစောပိုင်းတွင် အသုံးပြုခဲ့သော

နည်းဗျူဟာတစ်ရပ်ဖြစ်ပြီး ထိုဗျူဟာကို ၁၉၆၀ ခုနှစ် အလယ်ပိုင်းတွင် တရားဝင် အသုံးပြုခဲ့ကြသည်။ အဓိက ရည်ရွယ်ချက်မှာ

တော်လှန်ရေးလုပ်ကိုင်သူများအတွက် ထောက်ပံ့ကြေးများ၊ အထောက်အပံ့များ၊ နည်းပညာအကူအညီများနှင့် ဒေသခံများထံမှ

တပ်သားသစ်များစုဆောင်းခြင်းကို ဖြတ်တောက်ရန်ဖြစ်သည်။ မာတင်စမစ်သ်၏ Burma: Insurgency and the Politics of Ethnicity, New

York: St. Martin's Press, 1999 pp. 258-262 ကို ကြည့်ပါ။ “Legal Memorandum: War Crimes and Crimes against Humanity in

Eastern Myanmar,” International Human Rights Clinic, Harvard Law School, November 2014, p. 25 တွင်လည်း တွေ့နိုင်သည်။

81 “Nyaunglebin Situation Update: Mone Township, April to May 2016,” KHRG, August 2016 တွင်ကြည့်ပါ။

25

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်း အဖွဲ့ ဝင်၏ ပြောကြားချက်အရ ရွာသားအားလုံး ထိုရွာမှ ထွက်သွားခြင်းမဟုတ်ပဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးမှ ရွာသားများအား ၂၀၁၆ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင်

တွေ့ ဆုံခဲ့ပြီး “ခင်ဗျားတို့  ဒီရွာကနေထွက်သွားစရာမလိုဘူး။ ကျွန်တော် တပ်မတော်ကို ချဉ်းကပ်ပြီး

စကားပြောကြည့်မယ်” ဟု ပြောခဲ့သည်။ 82 အချို့ရွာသားများမှ ထိုရွာအတွင်း၌ပင် စိုးရိမ်ကြောက်ရွံ့စွာ နေရစ်ခဲ့ပြီး

အခြေအနေများကို စောင့်ကြည့် နေခဲ့ရသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့အနေနှင့် နေအိမ်များ မီးရှို့ဖျက်စီးခံရခြင်းနှင့်

ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ရရှိမှု မရှိသေးပါ။ ကရင်လူ့ အခွင့်အရေးအဖွဲ့ဝင်မှ ထပ်မံ တင်ပြခဲ့သည်မှာ

“၂၀၁၆ ခုနှစ် မေလ ၂၁ ရက်နေ့တွင် တပ်ရင်း အမှတ် ၃၁၅ မှ ဒုတပ်ရင်းမှူး ဦးဆောင်သော စစ်သား ငါးဦး ထိုရွာသို့

ရောက်ရှိလာပြီး ‘ခင်ဗျားတို့  ထွက်သွားဖို့ မထွက်သွားဖို့ကို ကျွန်တော်တို့ ဘာမှ မပြောတော့ဘူး။ တကယ်လို့ ပြဿနာ

တစ်ခုခု တက်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဖြေရှင်းရမယ်။”

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်း အဖွဲ့ ဝင်၊ မုန်းမြို့နယ်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးတိုင်းအရှေ့ပိုင်း။ မေလ ၂၀၁၆

83

ခုနှစ်

ထိုကျေးရွာအတွင်းရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့်ပါတ်သက်ပြီး ကရင်လူ့ အခွင့်အရေးအဖွဲ့မှ တစ်စုံတစ်ရာ

သတင်းအချက်အလက် ရရှိခြင်း မရှိသေးပါ။

လက်နက်ကိုင် တပ်ဖွဲ့ များမှ မြေသိမ်းမှုများ

လက်နက်ကိုင် တပ်ဖွဲ့ များမှ တပ်စခန်းများ အသစ်ဆောက်လုပ်ခြင်း၊ တည်ရှိနေသော တပ်စခန်းများအား တိုးချဲ့ခြင်း၊

တပ်မတော်သား မိသားစုများအတွက် အိမ်ယာဆောက်လုပ်ပေးခြင်းများနှင့် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများအတွက်

ဝင်ငွေရရှိရန် စီးပွားရေးဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် စသည့်ရည်ရွယ်ချက်များဖြင့် မြေသိမ်းနေမှုများနှင့်

ပါတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့မှ အစီရင်ခံစားများ လက်ခံရရှိခဲ့သည်။ တပ်မတော်နှင့်

နယ်ခြားစောင့်တပ်များသည် မြေသိမ်းမှုအတွက် အဓိက တရားခံများဖြစ်သည်ဟု ရွာသားများမှ သုံးသပ်ထားသည်။

ကိစ္စရပ် အနည်းငယ်တွင်သာ မြေသိမ်းမှုအတွက် ကြိုတင်အသိပေးခြင်း၊ ရွာသားများမှ ထိုမြေသိမ်းမှုများကို

လက်ခံစေရန် သတင်းအချက်အလက် အမှားများကို အသုံးပြုကာ လျော်ကြေးငွေ ပေးချေခြင်းများ

ပြုလုပ်လေ့ရှိကြောင်းနှင့် ကို တင်ပြကြသည်။ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ

စာချုပ်ရေးထိုးပြီး မြေသိမ်းမှုများ လျော့နည်းသွားသော်လည်း လက်နက်ကိုင်များမှ မြေများကို ဆက်လက်

သိမ်းယူလျက်ရှိကြောင်း သတင်းအချက်အလက်များကို လက်ခံရရှိနေသေးသည်။

အထက်ပါပုံကို အောက်တိုဘာလ ၂၄ရက်၊ ၂၀၁၅ခုနှစ်၊ ကရင်ပြည်နယ်

တောင်ပိုင်းရှိ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်

မြို့နယ်တွင်ရိုက်ကူးထားပါသည်။ ဒေသခံ အများအပြား၏ မြေယာများကို

သိမ်းဆည်း ထားပြီး သင့်တင့် မျှတသော လျှော်ကြေး များ ပေးဆောင်ခြင်း

မရှိဘဲ ဖောက်လုပ် ထားသော အာရှလမ်းမ၏ ပုံ ဖြစ်ပါသည်။

မြေယာများသည် တပ်မတော်နှင့် နယ်ခြား စောင့်တပ် ထောက်ပံ့မှုဖြင့်

မြန်မာအစိုးရမှ သိမ်းဆည်းထားခြင်း ဖြစ်ပြီး မြေယာ သိမ်းဆည်းခံရသည့်

အဓိကအချက် တစ်ချက်မှာ ၂၀၁၅-၂၀၁၆ခုနှစ်အတွင်း တပ်မတော်၊ BGFနှင့်

ခွဲထွက်DKBA

အဖွဲ့ကြား ဆက်လက်ဖြစ်ပွားလျက်ရှိသော

တိုက်ပွဲများကြောင့် ဖြစ်ပါသည်။ 84 (ဓါတ်ပုံ - KHRG)

82 အထက်ပါအတိုင်းဖြစ်သည်။

83 အထက်ပါအတိုင်းဖြစ်သည်။

84 “Dooplaya Field Report: Military conflict, violent abuse, and destruction caused by development projects, January to

December 2015,” KHRG, October 2016 တွင်ကြည့်ပါ။

26

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင်

တပ်မတော်မှ ယခင်က သွားလာရန် ကန့်သတ်ခံရသည့် နယ်မြေများအတွင်း ပိုမို လွတ်လပ်စွာ သွားလာနိုင်ကြောင်း

ဟ--- ကျေးရွာအုပ်စု၏ အုပ်စုမှူးမှ ပြောကြားခဲ့သည်။ ထိုအရာက ၎င်းတို့အား တပ်စခန်းများ ပိုမိုဆောက်လုပ်လာရန်

တွန်းအားပေးနေသည်။

“အပစ်အခတ်ရပ်စဲရေးနောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ တပ်စခန်းတွေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့်

တပ်မတော်မှာက ပိုပြီးလွတ်လပ်ခွင့်ရသွားတဲ့ အခါကျတော့ တ--- နေရာမှာ သူတို့ တပ်စခန်း အသစ်တစ်ခု

ထပ်မံတိုးချဲ့လိုက်တယ်။ … ခေးပူ ကျေးရွာအုပ်စုမှာရှိတဲ့  တမေထ တပ်စခန်းဟာဆိုရင် ရွာသားတွေ အလုပ်လုပ်တဲ့ 

မြေနေရာနဲ့ နီးနီးလေးပဲ။ ရွာသားတွေက သူတို့ကို ကြောက်ကြတယ်။ သူတို့ရဲ့ တပ်စခန်းဆောက်ဖို့အတွက်

ရွာသားတွေရဲ့ သစ်ပင်တွေကို ခုတ်ယူခဲ့ကြတယ်။ သူတို့ အတင်းလုယူတယ်လို့ပြောလို့ ရတယ်။ သူတို့က

ရွာသားတွေအလုပ်လုပ်တဲ့  မြေနေရာနဲ့ နီးနီးလေးမှာ နေနေတဲ့ အတွက်ကြောင့် ရွာသားတွေက သူတို့ရဲ့ ကိုယ်ပိုင်

မြေပေါ်မှာအလုပ်မလုပ်ရဲတော့ဘူး။ ဒီလို သွားလာမှုကို ကန့်သတ်လိုက်ခြင်းဟာ ရွာသားတွေရဲ့ မြေကို

သိမ်းလိုက်တာပဲလို့ ပြောလို့ ရတယ်။”

စောဘ--- (အုပ်စုမှူး) (ကျား - ၄၃ နှစ်)၊ တ--- ကျေးရွာ၊ ဟ--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်၊

ကရင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဧပြီလ ၂၀၁၆ ခုနှစ်85

ဤအကြောင်းအရာနှင့် ပါတ်သက်ပြီး အပစ်အခတ်ရပ်ဆဲရေးနောက်ပိုင်းတွင် ကရင်လူ့ အခွင့်အရေးအဖွဲ့မှ ၂၀၁၅ ခုနှစ်

ဒီဇင်ဘာလတွင်လည်း ထပ်မံရရှိခဲ့သည်။

“၂၀၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် နယ်ခြားစောင့်တပ်မှ တပ်မတော်နှင့် ပူးပေါင်းပြီး ကော့ကရိတ်

မြို့နယ်ရှိ နေရာဒေသ အများအပြားကို ထိန်းချုပ်ခဲ့သည်။ နယ်စပ်ဒေသတစ်လျှောက်ရှိ အ--- ကျေးရွာမှ ရွာသားပိုင်

မြေများကိုလည်း သိမ်းယူခဲ့ပြီး တပ်မတော်သားများထံသို့ ၎င်းတို့ ၏ နေအိမ်များ ဆောက်လုပ်ရန်အတွက်

ရောင်းချခဲ့သည်။ တပ်မတော်မှ ထိုနေရာတွင် နေအိမ်နှင့် အဆောက်အဦးများ များစွာ ဆောက်လုပ်ခဲ့သည်။”

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်း အဖွဲ့ဝင်၊ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊

86

ကရင်ပြည်နယ်တောင်ပိုင်း။ ဒီဇင်ဘာလ ၂၀၁၅ ခုနှစ်

အခြားကျန်ရှိနေသေးသော ကိစ္စရပ်တစ်ခုမှာ လက်နက်ကိုင် တပ်ဖွဲ့များမှ ယခင်က ကျူးလွန်ထားသော

မြေသိမ်းမှုများအား ယနေ့ထိတိုင် မဖြေရှင်းရသေးခြင်းပင်ဖြစ်သည်။ မြန်မာအစိုးရမှ တပ်မတော်၏ ကျယ်ကျယ်ပြန့်ပြန့်

မြေသိမ်းမှုများအား 87 လက်ခံထားသော်လည်း သိမ်းဆည်းမြေများအတွက် အစားထိုးမြေ ပြန်လည်ပေးအပ်ခြင်းနှင့်

လျော်ကြေးငွေ

ပေးအပ်ခြင်းများ

88

အတွက် ပေးအပ်ထားသည့် ကတိကဝတ်များကို ဖြည့်ဆည်းပေးရန်

85 ဤသတင်းကို ဧပြီလ ၂၀၁၆ ခုနှစ်၊ ကရင်ပြည်နယ်အရှေ့မြောက်ပိုင်း လူသောမြို့နယ်၊ ဖာပွန်ခရိုင်မှလက်ခံရရှိခဲ့သော တွေ့ဆုံမေးမြန်းခန်း ဖြစ်ပြီး

မဖြန့်ဝေရသေးသည့် အစီရင်ခံစာမှကောက်နုတ်ဖော်ပြထားခြင်းသည်။

86 “Dooplaya Situation Update: Kyainseikgyi and Kawkareik townships, November to December 2015,” KHRG, August 2016

တွင်ကြည့်ပါ။

87 “‘With only our voices, what can we do?’: Land confiscation and local response in southeast Myanmar”, KHRG, June 2015,

စာမျက်နှာ ၆၈ တွင်ကြည့်ပါ။ “Military involved in massive land grabs: parliamentary report,” The Irrawaddy, March 2013;

တွင်လည်းကြည့်ရှုနိုင်ပါသည်။ Zarni Mann, “Only Fraction of Land Seized by Military Will be Returned: Minister,” The Irrawaddy,

July 18 th 2013 တွင်ကြည့်ပါ။

88 “MPs urge prompt return of confiscated land,” The Irrawaddy, September 26 th 2014 တွင်ကြည့်ပါ။

27

လုပ်ဆောင်မှုများ နှေးကွေးနေသေးသည့်အပြင် တပ်မတော် သိမ်းထားသော မြေအချို့အား

ပြန်လည်ပေးအပ်တော့မည် မဟုတ်ကြောင်းကိုပါ ပြောကြားခဲ့သည်။ 89

အထက်ပါပုံကို KHRG၏ ဒေသခံ အဖွဲ့ ဝင်တစ်ဦးမှ ဒီဇင်ဘာလ

၂၈ရက်၊ ၂၀၁၄ခုနှစ်တွင် ရိုက်ကူးထားပါသည်။ ကရင်ပြည်နယ်

မြောက်ပိုင်းပိုင်းရှိ တောင်ငူခရိုင်မှ သံတောင်ကြီး မြို့တွင်ရှိသော

တပ်မတော်မှ “မကျူးကျော်ရ” ဆိုင်းဘုတ်တပ်ထားသည့် ခြံစည်းရိုး

ပုံဖြစ်ပါသည်။ သံတောင်ကြီးမြို့မှ ဒေသခံများသည် ၄င်းတို့ ဘိုးဘွား

ဘီဘင် လက်ထက်ကတည်းက အမွေလက်ခံရရှိသည့်

မြေယာများဖြင့် ယနေအချိန်ထိ စိုက်ပျိုး ထွန်ယက်

လုပ်ကိုင်နေပါသည်။ သို့သော် ၂၀၀၀ ခုနှစ်တွင် တပ်မတော် ခြေမြန်

အမှတ် ၁၂၄မှ သံတောင်ကြီးမြို့သို့ ဝင်ရောက်ပြီး ရွာသူရွာသားများ

ပိုင်ဆိုင်သည့် မြေပေါ်တွင် တပ်စခန်း တည်ဆောက်ခဲ့ပါသည်။

ရွာသူရွာသားများ အသက် မွေးဝမ်းကျောင်း လုပ်ကိုင်ရန်အတွက်

အဆိုပါ နယ်မြေထဲသို့ ဝင်ရောက်ပြုလုပ်ခွင့် မရှိတော့ပေ။

ဤပုံများကို ယခင် ထုတ်ဝေခဲ့သော ဓါတ်ပုံသတင်းများမှ

ရယူတင်ပြထားခြင်း ဖြစ်ပါသည်။ 90 (ဓါတ်ပုံ - KHRG)

ကရင်လူ့ အခွင့်အရေးအဖွဲ့မှ သင်တန်းပေးထားသော ဒေသတွင်းအဖွဲ့ဝင်မှ ၎င်း၏ ဒေသအတွင်း ဖြစ်ပေါ်နေမှုများနှင့်

ပါတ်သက်ပြီး အစီရင်ခံစာ ရေးသည့်အခါတွင် အောက်ပါအတိုင်း ထည့်သွင်းရေးသားထားသည်။

“လက်ရှိအချိန် တောင်ငူခရိုင်မှာ ဖြစ်ပေါ်နေတဲ့  လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ် အများစုဟာ မြေနှင့် ပတ်သက်တဲ့

ကိစ္စများဘဲဖြစ်တယ် ဖြစ်သည်။ တပ်မတော်ကနေ ဆောက်ပြီးပြီဖြစ်တဲ့ ဘုရင့်နောင် စစ်သင်တန်း ကျောင်း

တည်ဆောက်ဖို့အတွက် မြေဧကပေါင်း ၅၀၀၀ ကို သိမ်းယူခဲ့တယ်။ အမှတ် ၁၂၄ ခြေမြန်တပ်ရင်းကလည်း

သံတောင်ကြီးဒေသမှာ မြေဧက ၁၅၀၀ ကိုသိမ်းယူခဲ့ပြီး အမှတ် ၆၀၃ ခြေမြန်တပ်ရင်းနဲ့ တပ်မ ၇၃ တို့ ကလည်း

လိပ်သိုဒေသမှာ မြေဧက ၃၀၀၀ ကို သိမ်းယူခဲ့တယ်။

ကရင်လူ့ အခွင့်အရေးအဖွဲ့ ဒေသတွင်း အဖွဲ့ ဝင်၊ သံတောင်ကြီးနှင့် ထန်းတပင်မြို့နယ်၊ တောင်ငူခရိုင်၊ ပဲခူးအရှေ့နှင့်

ကရင်ပြည်နယ် အနောက်ပိုင်း။ ဇန်နဝါရီလ ၂၀၁၆ 91

စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုများနှင့် မြေသိမ်းမှုများကြောင့် ဖြစ်ပေါ်လာသော ဆက်လက် နေရာ

ရွှေ့ပြောင်း နေရမှုများနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း အခက်အခဲများ

“ဆက်လက်ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်တပ်ဖွဲများအကြား လက်နက်ကြီး ပစ်ခတ်မှုများနှင့် ရွာသားများအပေါ်

ထိခိုက်နစ်နာမှုများ” တွင် ဖော်ပြထားသည့်အတိုင်း ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အာရှလမ်းမကြီးအတွက်

တိုက်ခိုက်မှုများကြောင့် ရွာသား ၁၀၀၀ကျော် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။ ထိုရွာသားများအနေနှင့်

ထွက်ပြေးတိမ်းရှောင်စဉ် ချန်ထားခဲ့ရသည့် ၎င်းတို့ ၏ လယ်ကွက်များနှင့် စိုက်ပျိုးမြေများနှင့် ကျွဲနွား တိရိစ္ဆာန်များအား

89 မြန်မာအစိုးရမှ စီမံကိန်းစတင်လုပ်ဆောင်စဉ်ကသိမ်းယူခဲ့သော မြေဧက ၅၀၀၀၀ အားပြန်လည်လွဲအပ်ခြင်း မပြုတော့ပါကြောင်းကြေငြာခဲ့ပြီး

မြေလွဲအပ်ခြင်းအစား လျှော်ကြေးပေးရန် စီစဉ်ပေးမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။ Shwe Aung, “Ministry Agrees to Return Meagre

Fraction of Land Confiscated by Military,” DVB, July 18 th 2013. တွင်ကြည့်ပါ။

90 “Toungoo Photo Set: Militarisation in Thandaunggyi Township, December 2014 to Janaury 2015,” KHRG, October 2015

တွင်ကြည့်ပါ။

91 “Toungoo Situation Update: Thandaunggyi and Htantabin townships, November 2015 to January 2016,” KHRG, July 2016

တွင်ကြည့်ပါ။

28

ကြည့်ရှုစောင့်ရှောက် ထိန်းသိမ်းရန်အတွက် စိုးရိမ်ပူပန်ခဲ့ကြရသည်။ 92 ၂၀၁၆ ခုနှစ် စက်တင်ဘာလ တွင် ဖားအံခရိုင်

လှိုင်းဘွဲမြို့နယ် မဲ့သဝေါဒေသတွင် ၂၀၁၆ ခုနှစ် စက်တင်ဘာအတွင်း ဖြစ်ပေါ်ခဲ့သောတိုက်ပွဲအသစ်များကြောင့်လည်း

ခန့်မှန်းခြေ ရွာသား ၄၀၀၀ ခန့် နေရပ်ရွှေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ 93

အထက်ပါ ပုံများကို KHRG၏ ဒေသခံ အဖွဲ့ ဝင်တစ်ဦးမှ အောက်တိုဘာလ ၆ရက်၊ ၂၀၁၆ခုနှစ်၊ ကရင်ပြည်နယ် ဗဟိုရှိ၊ ဘားအံခရိုင်၊

မြိုင်ကြီးငူဧရိယာရှိ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သော IDPs စခန်းတွင် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ကရင်ပြည်နယ် ဗဟိုရှိ ဘားအံခရိုင်၊

လှိုင်းဘွဲမြို့နယ်မှ မယ်သဝေါဧရိယာအတွင်း လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော (IDP) ရွာသားများ၏

ပုံဖြစ်ပါသည်။ 94 (ဓါတ်ပုံ - KHRG)

စစ်ဘက်ဆိုင်ရာ လုပ်ဆောင်မှုများ၊ မြေသိမ်းမှုများ၊ လက်နက်ကိုင်တိုက်ပွဲများနှင့် ရွှေ့ပြောင်းနေထိုင်နေရမှုများသည်

ရွာသားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်မှု ရှိစေသည်။ ဤကဲ့ သို့  လယ်မြေများ

စိုက်ပျိုးမြေများအား ပစ်ထားခဲ့ပြီး ထွက်ပြေးကြရသောကြောင့် ပုံမှန်ဝင်ငွေ မရှိတော့သည့်အတွက် ၎င်းတို့ ကိုယ်တိုင်နှင့်

၎င်း၏ မိသားစုများအား ရှာဖွေကြွေးမွေးရန်အတွက် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ကြရသည်။

“ရွာသားတွေရဲ့ ပြောဆိုချက်အရဆိုရင် တကယ်လို့ အထက်အရာရှိရဲ့ ခွင့်ပြုမိန့်မပါပဲ ရွာသားတွေအနေနဲ့ သူတို့ ရဲ့

ကိုယ်ပိုင်စိုက်ခင်းတွေမှာ အသီးအနှံသွားခူးလို့ စစ်သားတွေနဲ့တွေ့ရင် အဲ့ဒီအသီးအနှံတွေကို ချန်ထားခဲ့ခိုင်းတယ်။

အဲ့ဒီမြေဟာလည်း ရွာသားတွေနဲ့ လုံးဝ မသက်ဆိုင်တော့ဘူးဆိုပြီး ပြောတယ်။ ဒါကြောင့် ရွာသားတွေအနေနဲ့

ဖျာယက်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုရတယ်။ တကယ်လို့ ကူညီနိုင်တဲ့လူရှိရင် သူတို့ကို ကူညီပါဆိုပြီး

ရွာသားတွေက ပြောတယ်။ မြေသိမ်းခံရပြီးနောက်ပိုင်းမှာ ဒေသခံတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်သွားကြတယ်။

အဲ့ဒါတွေကြောင့် မြေသိမ်းခံရတဲ့  မြေပိုင်ရှင်တွေဟာ စီးပွားရေး၊ လူမှုရေးအပါအဝင် စားဝတ်နေရေး ပြဿနာတွေနဲ့

ရင်ဆိုင်နေရတယ်။”

ကရင်လူ့ အခွင့်အရေးအဖွဲ့  ဒေသတွင်း အဖွဲ့ ဝင်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူခရိုင်၊ ကရင်ပြည်နယ် အနောက်ပိုင်း။

95

ဇူလိုင်လ ၂၀၁၄ ခုနှစ်

92 “Fighting between Tatmadaw and DKBA soldiers along the Asian Highway displaces villagers in Dooplaya District, July 2015,”

KHRG, September 2015 တွင်ကြည့်ပါ။

93 “Displaced families in Kayin allowed to return home after landmine clearance,” The Myanmar Times, September 2016, and

“Fighting in Kayin drives 2000 from their homes,” The Myanmar Times, September 2016 တွင်ကြည့်ပါ။

94 ဤသတင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ကရင်ပြည်နယ်အလယ်ပိုင်း ဖားအံခရိုင်မှ မြိုင်ကြီးငူဒေသတွင်း

ပြည်တွင်းစစ်ပြေးစစ်ရှောင်များအကြောင်းပါဝင်သည့် မဖြန့်ဝေရသေးသော ဓာတ်ပုံသတင်း မှကောက်နုတ်ဖော်ပြထားခြင်းသည်။

95 “Toungoo Situation Update: Thandaunggyi Township, July 2014,” KHRG, December 2014 တွင်ကြည့်ပါ။

29

၂၀၁၆ ခုနှစ် ဧပြီလတွင် လ--- ကျေးရွာအုပ်စုမှူးမှ ဤကဲ့ သို့  ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒေသမှာရှိတဲ့  လယ်မြေပေါင်း ၂၀ ကျော်ဟာဆိုရင် ခုချိန်ထိ ရွာသားတွေ လုပ်ကိုင်စားသောက်လို့

မရသေးဘူး။ သူတို့ရဲ့ လယ်ယာမြေတွေက လမ်းမကြီးနဲ့နီးတယ်။အဲ့ဒါကြောင့် သူတို့အနေနဲ့ တပ်မတော်နဲ့

ရင်မဆိုင်ရဲတဲ့ အတွက် သူတို့ရဲ့ လယ်မြေတွေပေါ်မှာ အလုပ်မလုပ်ရဲသေးတာဖြစ်တယ်။ သူတို့ လမ်းဖောက်

တုန်းကဆိုရင် သစ်ပင်တွေခုတ်လှဲခဲ့တယ်။ ဒါပေမယ့် သစ်ပင်အသစ်တွေပြန်မစိုက်ပေးခဲ့ဘူး။ ဒါကြောင့် သူတို့တွေဟာ

ဒေသခံတွေရဲ့ အသက်ရှင်ရပ်တည်မှုလုပ်ငန်းနဲ့ ပတ်သက်ပြီး အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်။”

စောဟ--- (အုပ်စုမှူး)၊ (ကျား-၄၂ နှစ်)၊ မ--- ကျေးရွာ၊ လ--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်၊

ကရင်ပြည်နယ်အရှေ့မြောက်ပိုင်း၊ ဧပြီလ ၂၀၁၆ ခုနှစ် 96

အထက်ပါပုံများကို KHRG၏ ဒေသခံ အဖွဲ့ ဝင်တစ်ဦးမှ မတ်လ၃ရက်၊ ၂၀၁၅ခုနှစ် ကရင်ပြည်နယ်မြောက်ပိုင်းရှိတောင်ငူခရိုင်၊

သံတောင်ကြီးမြို့နယ်ရှိ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သော (IDP)နေရာတစ်ခု ဖြစ်ပါသည်။ ဤနေရာတွင် နေထိုင်သော ရွာသားများသည်

၁၉၉၂-၁၉၉၃ခုနှစ်တွင် တပ်မတော် တိုက်ခိုက်ခြင်းကြောင့် ၄င်းတို့ရွာမှ အတင်းအဓ္ဓမ ပြောင်းရွှေ့ နေထိုင်ခင်းခံရခြင်း ဖြစ်ပါသည်။ အဆိုပါ

ရွာသူရွာသားများသည် ဖားဝဲဒို့ခါးရွာ၊ သေယာယူးရွာနှင့် လယ်ခို့ဒို့ရွာ အပြင် တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်ရှိ အခြား ရွာပေါင်း ၃၀ရွာမှ

ရွာသားများ ဖြစ်ကြပါသည်။ ဤနေရာတွင် နေထိုင်သော သူများသည် ယာယီနေထိုင်ရန် အိမ်၎-၅လုံးစု နေထိုင်ပြီး သူတို့၏ ရွာကဲ့သို့

မိသားစုဝင်အားလုံးနှင့် အတူတကွ နေထိုင်၍မရပေ။ ၂၀၁၂ခုနှစ် ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းကြောင့်

တပ်မတော်၏ တိုက်ခိုက်မှု ရပ်စဲထားသော်လည်း ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ (IDP)များသည် မိမိတို့၏ လုံခြုံမှုအတွက် အာမခံချက်မရှိဟု

ခံစားရပြီး ၄င်းတို့အတွက် လုံခြုံရေး တည်မြဲမှုရှိမည်ကိုလည်း မထင်ကြပေ။ 97 (ဓါတ်ပုံ - KHRG)

96 ဤသတင်းကို ကရင်ပြည်နယ်အရှေ့မြောက်ပိုင်း လူသောမြို့နယ်၊ ဖာပွန်ခရိုင်မှလက်ခံရရှိခဲ့သော ဧပြီလ ၂၀၁၆ ခုနှစ်၊ မဖြန့်ဝေရသေးသည့်

တွေ့ဆုံမေးမြန်းခန်း မှကောက်နုတ်ဖော်ပြထားခြင်းသည်။

97 “Toungoo Situation Update: Thandaunggyi Township, March to July 2015,” KHRG, March 2016. တွင်ကြည့်ပါ။

30

နိဂုံးနှင့် အကြံပြုချက်များ

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ လုံခြုံရေးမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းတွင် သိသိသာသာ

တိုးတက်ကောင်းမွန်လာသော်လည်း စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး မရသေးခင် အချိန်တွင်

ရွာသားများတွင် ရှိနေသော စိုးရိမ်ပူပန်မှုများအား ဖြေရှင်းပေးရန် လိုသည်။ ရွာသားများထံမှ တိုက်ရိုက်ရရှိထားသော

အကြံပြုချက်များနှင့် ကရင်လူ့အခွင့်အရေးအဖွဲ့၏ အကြံပြုချက်များအား အောက်ပါအတိုင်း ဖော်ပြထားပါသည်။

“ကျွန်မလိုချင်တာကတော့ မြန်မာအစိုးရဟာ မိဘဖြစ်တဲ့ အလျောက် သူ့ ရဲ့ ဒေသအသီးသီးမှာရှိနေတဲ့  စစ်သားတွေကို

မူလနေရင်းအရပ်ကိုပြန်ခိုင်းစေချင်တယ်။ နယ်ခြားစောင့်တပ်နဲ့ တပ်မတော်က စစ်သားတွေကို ပြန်ဖို့ အမိန့်ပေးပါ။

တကယ်လို့ သူတို့ကို ပြန်ခေါ်လိုက်ရင် ဒေသခံ ပြည်သူတွေ အေးအေးချမ်းချမ်းနေရလိမ့်မယ်။”

နော်မ--- (မ-၄၆ နှစ်) က--- ကျေးရွာ၊ ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ်တောင်ပိုင်း၊ မတ်လ

98

၂၀၁၆ ခုနှစ်

“သူတို့ အနေနဲ့ကတော့ တပ်မတော်ကို ဖယ်ခိုင်းစေချင်တယ်။ တကယ်လို့ တပ်မတော်သာ ဖယ်သွားမယ်ဆို

သူတို့ တွေ သူတို့ရဲ့ရွာမှာ ပြန်နေနိုင်မယ်။ သူတို့အလုပ်လုပ်နေတဲ့ အချိန်တွေမှာ တပ်မတော်ကနေပြီး မနှောင့်ယှက်ဖို့နဲ့

သူတို့  လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ခရီးသွားနိုင်ဖို့ သူတို့ က ကျွန်တော်တို့ကို တပ်မတော်နဲ့

စကားပြောခိုင်းစေချင်တယ်။ တကယ်လို့လို့  တပ်မတော်သာသူတို့ဒေသမှာမရှိတော့ရင် အကောင်းဆုံးဖြစ်မယ်လို့

တင်ပြကြတယ်။”

စောစ--- (ကျေးရွာအုပ်စု အတွင်းရေးမှူး)၊ (က) ဟ-- ကျေးရွာ၊ က--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်၊

ကရင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဧပြီလ ၂၀၁၆ ခုနှစ်99

“တပ်မတော်တပ်သားနဲ့ ပါတ်သက်ပြီးပြောရမယ်ဆိုရင် ခုတော့ အခြေအနေက တော်တော်လေးကောင်းလာပါတယ်။

ကျွန်တော့်အနေနဲ့ သူတို့ရဲ့ မူရင်းနေရာမှာပဲ ပြန်နေခိုင်းစေချင်တယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ရွာထဲမှာ

မနေပါနဲ့တော့လို့ ပြောချင်တယ်။”

စောန--- ၊ (က- ၅၁ နှစ်) ဟ-- ကျေးရွာ၊ န--- ကျေးရွာအုပ်စု၊ ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊ ကရင်ပြည်နယ်

100

တောင်ပိုင်း၊ မတ်လ ၂၀၁၆ ခုနှစ်

“တကယ်လို့ တပ်မတော်က ကျွန်တော်တို့ရဲ့ အနီးအနားမှာ နေမယ်ဆိုရင် ရွာသားတွေက သူတို့ကို ကြောက်ရမယ်။

သူတို့ အနေနဲ့လည်း ဖိနှိပ်တာခံခဲ့ရတယ်။ အဲ့ဒါကြောင့်သူတို့က တပ်မတော်ကို မယုံတာ။ တကယ်လို့ တပ်မတော်သာ

အပစ်အခတ် ရပ်စဲရေး ကာလအတွင်း သူတို့ရဲ့ တပ်စခန်းတွေကို ရုပ်သိမ်းသွားမယ်ဆိုရင် ရွာသားတွေအနေနဲ့

သူတို့ ကို ယုံကြည်မှုရှိလာအုံးမယ်။ အခုတော့ သူတို့တပ်မတော်ကို လုံးဝ မယုံတဲ့အတွက်ကြောင့် တပ်စခန်းတွေ

ရုပ်သိမ်းပေးဖို့ ကျွန်တော်တို့ကို တောင်းဆိုလာတယ်။ ဒါ့ကြောင့် တပ်မတော်စခန်းတွေကို ရုပ်သိမ်းပေးဖို့အတွက်

ကူညီပြောဆိုပေးဖို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုပါတယ်။”

စောဘ--- (ကျေးရွာအုပ်စုမှူး) (က-၄၃ နှစ်) တ--- ကျေးရွာ၊ ဟ--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်၊

101

ကရင်ပြည်နယ် အရှေ့မြောက်ဘက်။ ဧပြီလ ၂၀၁၆ ခုနှစ်

98 ဤသတင်းကို မတ်လ ၂၀၁၆ ခုနှစ်၊ မဖြန့် ဝေရသေးသော ကရင်ပြည်နယ်တောင်ပိုင်း ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်မှလက်ခံရရှိခဲ့သော

တွေ့ဆုံမေးမြန်းခန်း မှကောက်နုတ်ဖော်ပြထားခြင်းသည်။

99 ဤသတင်းကို ဧပြီလ ၂၀၁၆ ခုနှစ်၊ မဖြန့် ဝေရသေးသော ကရင်ပြည်နယ်အရှေ့မြောက်ပိုင်း လူသောမြို့နယ်၊ ဖာပွန်ခရိုင်မှလက်ခံရရှိခဲ့သော

တွေ့ဆုံမေးမြန်းခန်း မှကောက်နုတ်ဖော်ပြထားခြင်းသည်။

100 ဤသတင်းကို မတ်လ ၂၀၁၆ ခုနှစ်၊ မဖြန့်ဝေရသေးသော ကရင်ပြည်နယ်တောင်ပိုင်း ကော့ပရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်မှလက်ခံရရှိခဲ့သော

တွေ့ဆုံမေးမြန်းခန်း မှကောက်နုတ်ဖော်ပြထားခြင်းသည်။

31

ကရင်လူ့အခွင့်အရေးအဖွဲ့ ၏ အကြံပြုချက်များ

မြန်မာအစိုးရ၊ တပ်မတော်၊ နယ်ခြားစောင့်တပ်များ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား

လွတ်မြောက်ရေး တပ်မတော်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ တိုးတက်သော ဗုဒ္ဓဘာသာ

ကရင်အမျိုးသားတပ်မတော်နှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရှိသော အခြား လက်နက်ကိုင်

တပ်ဖွဲ့ များအနေနှင့် ရက်စက်ကြမ်းကြုတ်သော လူ့ အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် မဖြစ်ပေါ်

စေရန်အတွက် နည်းလမ်းတစ်ခုဖြစ်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်

များအား ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် လုပ်ဆောင်ရန်နှင့် ငြိမ်းချမ်းရေး အစစ်အမှန်ရရှိရေးအတွက်

ကြိုးပမ်းဆောင်ရွက်သွားရန်လိုသည်။

ငြိမ်းချမ်းရေး လမ်းစဉ်အား ရေရှည်တည်တဲ့ ခိုင်မြဲစေရန်အတွက် လက်နက်ကိုင်များအားလုံး အထူးသဖြင့်

တပ်မတော် နှင့် နယ်ခြားစောင့်တပ်များမှ ကျေးရွာများ၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်ရာ

နေရာများ အနီးတဝိုက်ရှိ တပ်စခန်းများနှင့် တပ်ဖွဲ့များအား ဆုတ်ခွာပေးရန်လိုသည်။ ထို့ အပြင် မြန်မာနိုင်ငံ

အရှေ့တောင်ပိုင်းတွင် စစ်တပ်အတွက် တပ်စခန်းများ၊ စစ်တန်းလျားများ၊ တပ်မိသားစုများအတွက် အိမ်များ

စသည့် အဆောက်အအုံများ ဆောက်လုပ်ရန် ရည်ရွယ်၍ မြေသိမ်းခြင်းများအားနှင့် ဝင်ငွေရရှိရန်အတွက်

သိမ်းဆည်းမြေများအား ရွာသားများထံသို့ ပြန်လည် ငှားရမ်းခြင်းများကို ရပ်တန့်ပေးရန် လိုသည်။

လာမည့်အနာဂတ်တွင် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက် မဖြစ်ပွားစေရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့်

ကမ္ဘာ့ဘဏ် အပါအဝင် ပြည်တွင်းပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမည့်သူများအနေနှင့်

ရေကာတာဆောက်လုပ်ခြင်း၊ လမ်းမကြီးများ ဖောက်လုပ်ခြင်းနှင့် သတ္ထုတွင်း တူးဖော်ခြင်းကဲ့ သို့ သော စီမံကိန်း

အကြီးစားများအား ဆောင်ရွက်ခြင်း မပြုလုပ်မီ သဘာဝပတ်ဝန်းကျင်အရေး၊ လူ့ အခွင့်အရေးနှင့် လက်နက်ကိုင်

တိုက်ပွဲများ ဆိုးကျိုး သက်ရောက်လာနိုင်မှု များကို ကြိုတင် ဆန်းစစ်မှုများ ပြုလုပ်ရမည်။ ထိုကဲ့သို့သော

ဆန်းစစ်မှုများကိုလည်း ဘက်လိုက်မှုကင်းသော အဖွဲ့ များမှ ပြုလုပ်ရမည်ဖြစ်ပြီး စီမံကိန်းကြောင့်

ထိခိုက်နစ်နာမည့် ဒေသခံများနှင့် အသိပေး တိုင်ပင်မှုများပြုလုပ်ကာ လွတ်လပ်သောဆန္ဒဖြင့်

ထုတ်ဖော်ပြောကြားသည့် သဘောတူခွင့်ပြုချက်ဟူသည့် FPIC အား အလေးထားဆောင်ရွက်ပြီး ရရှိလာသည့်

သတင်းအချက်အလက်များကို ဒေသသုံး ဘာသာစကားများဖြင့် ထုတ်ဝေရမည်ဖြစ်သည်။

မြန်မာအစိုးရနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်မည့်သူများအနေနှင့် ဒေသခံ ပြည်သူများသို့  ယခင်က

သိမ်းယူထားသော မြေယာများအပါအဝင် ယခုသိမ်းယူထားသည့် မြေများအတွက်ကိုပါ သင့်တင့်ပြီး

လုံလောက်မှုရှိသည့် လျော်ကြေးငွေများကို ပြန်လည် ပေးအပ်ရန်နှင့် အနာဂတ်တွင် မြေသိမ်းမှုများကို

ရှောင်ကျဉ်ရန်လိုသည်။

မြန်မာအစိုးရ၊ တပ်မတော်၊ နယ်ခြားစောင့်တပ်များ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား

လွတ်မြောက်ရေး တပ်မတော်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ တိုးတက်သော ဗုဒ္ဓဘာသာ

ကရင်အမျိုးသားတပ်မတော်နှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရှိသော အခြား လက်နက်ကိုင်

တပ်ဖွဲ့ များအနေနှင့် ၎င်းတို့၏ လက်အောက်ခံ တပ်ဖွဲ့  တပ်သားများအနေနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ

လူ့ အခွင့်အရေးဆိုင်ရာ ဥပဒေများအား လိုက်နာပြီး တာဝန်ခံမှု ရှိစေရန်နှင့် အပြစ်ကျူးလွန်သော

တပ်သားများအား ၎င်းတို့ ကျူးလွန်ထားသည့် ပြစ်မှုများအတွက် ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှုကင်းသည့်

တရားစီရင်ရေးစနစ်ဖြင့် ချမှတ်ထားသည့် စီရင်ချက်အတိုင်း တာဝန်ယူရန်လိုသည်။

101 ဤသတင်းကို ဧပြီလ ၂၀၁၆ ခုနှစ်၊ မဖြန့်ဝေရသေးသော ကရင်ပြည်နယ်အရှေ့မြောက်ပိုင်း လူသောမြို့နယ်၊ ဖာပွန်ခရိုင်မှလက်ခံရရှိခဲ့သော

တွေ့ဆုံမေးမြန်းခန်း မှကောက်နုတ်ဖော်ပြထားခြင်းသည်။

32

မြန်မာအစိုးရ၊ တပ်မတော်၊ နယ်ခြားစောင့်တပ်များ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား

လွတ်မြောက်ရေး တပ်မတော်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ တိုးတက်သော ဗုဒ္ဓဘာသာ

ကရင်အမျိုးသားတပ်မတော်နှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် ရှိသော အခြား လက်နက်ကိုင်

တပ်ဖွဲ့ များအနေနှင့် မြေမြှုပ်မိုင်းများအားအသစ် အသုံးပြုခြင်းကို တားမြစ်ခြင်းအား သဘောတူပြီး

လိုက်နာကျင့်သုံးရန်လိုသည်။ ထို့ အပြင် မြေမြှုပ်မိုင်းများအား စနစ်တကျ ရှင်းလင်းခြင်း မပြုလုပ်မီ

လက်နက်ကိုင်တပ်ဖွဲ့များအားလုံးနှင့် အဓိပ္ပါယ်ပြည့်ဝသော ကြိုတင် အသိပေး ဆွေးနွေးတိုင်ပင်မှုများကို

လုပ်ဆောင်ရန် လိုသည်။ အဘယ်ကြောင့်ဆိုသော ကြိုတင် အသိပေးဆွေးနွေးမှု မရှိပဲ ပြုလုပ်သော

ပဋိပက္ခနယ်မြေအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးများမှ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်လာနိုင်ချေရှိသည်။

33

တပ်မတော်နှင့် နယ်ခြားစောင့်တပ်စခန်းများ၏ တည်နေရာများ

ပါဝင်သော မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၏ မြေပုံများ

34

35

အထက်ပါပုံကို KHRG ဒေသခံအဖွဲ့ ဝင်တစ်ဦးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ခလယ်လာကျေးရွာအနီး ပုလဲဝါးဟုခေါ်

သောနေရာတွင် ရိုက်ကူးထားပါသည်။ ပုံတွင် တပ်မတော်သားများ ရိပ်က္ခာအပြည့်အစုံဖြင့် မြစ်ဖြတ်ကူးနေသည်ကို တွေ့မြင်ရပါမည်။ 1 (ဓါတ်ပုံ - KHRG)

“တပ်မတော်ကနေ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့  ရိက္ခာအများကြီး ပို့တာတွေကို အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းမှာ

လုပ်လာတာကို တွေ့ ရတယ်ဆိုပြီး ရွာသားတွေက ကျွန်တော့ကို ပြောပြကြတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့နဲ့

ထိပ်တိုက်မတွေ့ ရသေးပေမယ့် သူတို့အနေနဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပိုပြီး ပို့ဆောင်နေတာတွေကို အဝေးကနေ တွေ့ နေရတယ်။ ဒါကြောင့်

ရွာသားတွေအနေနဲ့ ရွာကို အလုပ်လုပ်ဖို့ မပြန်ရဲဘူး။ … သူတို့က အရင်ကလိုတော့ ကင်းလှည့်တာတွေ နေအိမ်မီးရှို့တာတွေ မလုပ်တော့ဘူး။

ရိက္ခာပို့တာတို့ လက်နက်ခဲယမ်း ပို့တာတွေတော့ ရှိတာပေါ့။ ရွာသားတွေရဲ့ အမြင်မှာတော့ အပစ်အခတ်ရပ်စဲရေး ရှိနေပေမယ့် စစ်မှန်တဲ့ 

အပစ်ရပ်မှု မဟုတ်သေးဘူး။ အဲ့ဒါကြောင့် ရွာသားတွေအနေနဲ့ သူတို့ရဲ့ ရွာမှာ ပြန်မနေရဲကြသေးဘူး။”

စောဘ--- (အုပ်စုမှူး)၊ (ကျား - ၄၃ နှစ်)၊ တ--- ကျေးရွာ၊ ဟ--- ကျေးရွာအုပ်စု၊ လူသောမြို့နယ်၊ ဖာပွန်ခရိုင်၊ ကရင်ပြည်နယ်

အရှေ့မြောက်ပိုင်း (၂၀၁၆ ခုနှစ် ဧပြီလ တွင် တွေ့ ဆုံမေးမြန်းခဲ့သည်။) 28

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) သည် လွတ်လပ်သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့တွေ့ကြုံခံစားနေရသော

အဖြစ်အပျက်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စုစည်းမှတ်တမ်းယူနိုင်စေရန် သင်တန်းပို့ချခြင်းနှင့် လိုအပ်သည့် အထောက်ကူပစ္စည်းများ ပံ့ပိုးပေးလျက်ရှိသည်။ ထို့အပြင် ရရှိသည့်

သတင်းအချက်အလက်များကို ဖြန့်ဝေပေးခြင်းနှင့် ချိုးဖောက်မှုများကို ကာကွယ်လျက်ရှိသည့် ရွာသားများ၏ နည်းဗျူဟာများ ပိုမိုကောင်းမွန်စေရန် ၎င်းတို့နှင့်ပူးပေါင်းလုပ်ဆောင်မှုများ လုပ်ခြင်းဖြင့်

မြန်မာပြည်ရှိ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ကြိုးပမ်းလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းများကို အသေးစိတ်သိလိုပါက www.khrg.org တွင် ဖတ်ရှုနိုင်ပါသည်။

36

Hooray! Your file is uploaded and ready to be published.

Saved successfully!

Ooh no, something went wrong!