05.07.2017 Views

may(latest

Create successful ePaper yourself

Turn your PDF publications into a flip-book with our unique Google optimized e-Paper software.

A[kokw / MAY 2017

28. Nita ao` ba daoyan pralau tabanau[.

၂၈။ လူ့အခွင့်အရေးကိုလေးစားရန်တာဝန်ရှိသည်။

29. Nita ao` ba daoyan ngo`n aka#ru tabanau[.

၂၉။ အခြားသူများ၏အခွင့်အရေးကိုလေးစားရန်တာဝန်ရှိသည်။

30. Nita ao` co[ba deinba\ ya#kai$ tabanau[ laprapra.

၃၀။ မည်သူမှ အခွင့်အရေးကို မချိုးဖောက်ရန်တာဝန်ရှိသည်။

လူ့အခွင့်အရေး ဖြစ်ပေါ်လာပုံသမိုင်း အကျဉ်းချုပ်

• ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သော်လည်း မအောင်မြင်ပဲ

ဒုတိယကမ္ဘာစစ် ထပ်မံဖြစ်ပွားခဲ့သည်။

• ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး (၆)သန်းကျော်အပါအဝင် အခြား

လူများအား လူသားချင်းမတရားရက်စက်၊ နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခဲ့သည်။

• စစ်အတွင်း ကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေးအရေးယူမှုသာမက အလားတူ လူသားချင်းမတရား ရက်စက်မှု၊ နှိပ်စက်

ညှင်းပမ်းသတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းရေး ထွန်းကားရေး နှင့် ပဋ္ဋိပက္ခချုပ်ငြိမ်းရေး အတွက်

နိုင်ငံအစိုးရများက ကြိုးပမ်းလုပ်ဆောင်လာခဲ့ကြသည်။

• ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၅ အောက်တိုဘာလ (၂၄)ရက်တွင် ထိုကဲ့သို့သော စစ်ပွဲအနိဌာရုံများ ထပ်မံမပေါ်ပေါက်

စေရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိရန်၊ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူ့အခွင့်အရေး ကာကွယ်

စောင့်ရှောက်ရန် ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ပေါ်ပေါက်လာခဲ့သည်။

• နိုင်ငံတကာမှ စုပေါင်းဆွေးနွေးလာပြီး ကုလသမဂ္ဂပဋ္ဋိညာဉ်စာတမ်းအပိုဒ် (၆၈)အရ လူ့အခွင့်အရေးကော်မရှင် (Human

Rights Commission) ကို ၁၉၄၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

• ထိုကော်မရှင်မှ ဦးဆောင်၍ ကုလသမဂ္ဂပဋ္ဋိညာဉ်စာတမ်းတွင် ပါဝင်သော လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဆိုသော

အဓိပ္ပာယ်များကို ဖွင့်ဆိုရှင်းလင်းပြနိုင်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းကို ပြင်ဆင်ရေးဆွဲရန်

တာဝန်ပေးခဲ့သည်။

• အမေရိကန် သမ္မတကတော် အယ်လီနာရုစဗဲ့ (Eleanor Roosevelt) ၏ ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့သော ထိုစာတမ်း အပေါ်

ကမ္ဘာံနိုင်ငံများက အထူးစိတ်ဝင်စားခဲ့ကြသည်။

• အစိုးရကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများ

လုပ်ဆောင်အပြီး ၁၉၄၈ ခု၊ ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို အပြီးသတ်ခဲ့သည်။

• ၁၉၄၈ ခု၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ

မှနေ၍ ထိုကြေညာစာတမ်းကို အတည်ပြုပြဌာန်းနိုင်ခဲ့သည်။

• အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် အပိုဒ်ပေါင်း (၃၀) ပါဝင်သည်။

- 16 -

Hooray! Your file is uploaded and ready to be published.

Saved successfully!

Ooh no, something went wrong!