15.08.2018 Views

Studying Orchids, Enriching Lives (Burmese Version)

You also want an ePaper? Increase the reach of your titles

YUMPU automatically turns print PDFs into web optimized ePapers that Google loves.

ပန်းမန်သစ်ခွစုံလင်လှ၊ လူမှုဘဝသာယာလှ

17

ဤသစ်ခွပန်းသည် ကောင်းကင်

အရောင်ကဲ့သို့ အပြာရောင်အဆင်းရှိပြီး

ဖေါမိုလား

၎င်းသည် ကောင်းကင်ဘုံရှိ နတ်သားတို့

မှ ကမ္ဘာလောကရှိ၎င်းတို့၏သူငယ်ချင်း

လူသားတို့အားပေးခဲ့သောလက်ဆောင်

ဖြစ်သည်ဟု ရှေးလူကြီးများကယုံကြည်

ကြသည်။ ဤသစ်ခွပန်းပွင့်နေပြီကို ရှေးလူ

ကြီးများကမြင်ရလျှင် စပါးရိတ်သိမ်းချိန်

ရောက်ပြီဟု ၎င်းတို့က မှတ်ယူကြသလို

စပါးရိတ်သိမ်းစဉ်တွင် လူပျိုနှင့်အပျိုမိန်း

ကလေးများအကြားချစ်ခင်ရင်းနှီးစွာပြော

ဆိုဆက်ဆံလေ့ရှိကြသည်။ ဤသစ်ခွပန်း

သည် ခက်ခက်ခဲခဲတက်ရသောအပင်များပေါ်တွင် ပေါက်ရောက်လေ့ရှိသောကြောင့် ၎င်းကို

ခူးယူရန်အတွက် သမီးရည်းစားအချင်းချင်း ခိုင်းစေခြင်းမပြုရပေ။ အကယ်၍ခိုင်းစေမိပါက ဤပန်းကို

မရရ အောင်ခူးပေးရမည်ဟု လူကြီးများက ဆိုသည်။

ဖေါတမူအယ်

ဤသစ်ခွပန်းသည် စိုစွတ်နက်

ရှိုင်းသော တောနက်ထဲတွင်ပေါက်

ရောက်လေ့ရှိပြီး ပြိုင်တူပွင့်ကြကာ

အလွန်မွေးကြိုင်သော ရနံ့ကိုပေးသည်။

ရှေးလူကြီးများက “တူနှစ်ကိုယ် တ

မူအယ်ပန်းနှစ်ခက်လို - သူကြည်နူးဖို့

ပြိုင်တူ ပွင့်စို့” ဟူ၍ တမူအယ်ပန်းကို

သုံးကာ ကဗျာစပ်ဆိုကြသည်။ သမီး

ရည်းစားနှစ်ဦး၏ တဦးအပေါ် တဦးထား

ရှိသောအချစ်စစ်ကို ဖေါ်ကျူးထားပြီး

တဦးအပေါ်တဦးအကြားချစ်ခင်ကြင်နာ

မှုရှိသောအခါ အများအမြင်အလွန်လှ၏

ဟု အဓိပ္ပါယ်ရပါသည်။

Hooray! Your file is uploaded and ready to be published.

Saved successfully!

Ooh no, something went wrong!